ချေးငွေပြန်မဆပ်တဲ့ တောင်သူ ၂၀ ဦးကို အရေးယူထား

စစ်တွေ၊ ဇွန် ၁၅-၂၀၁၉ ခိုင်လင်းစံ (VOM)   မိုးစပါးစိုက်ပျိုးလုပ်ကိုင်တဲ့ တောင်သူတွေအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ စိုက်ပျိုးစရိတ်ချေးငွေတွေကို နှစ်စဉ်ထုတ်ချေးပေးနေတာမှာ တချို့တောင်သူတွေဟာ ပြန်လည်ပေးသွင်းခြင်းမရှိတဲ့အတွက် တောင်သူ ၂၀ ဦးခန့်ကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ တရားစွဲဆိုထားပါတယ်။   တရားစွဲဆိုထားတဲ့အကြောင်းကို ရခိုင်ပြည်နယ် စိုက်ပျိုးရေးမန်နေဂျာ ဦးအေးသိန်း ပြောပြတာက “ဒီလူတွေနဲ့ပတ်သက်ပြီးတော့ အရေးယူမှုကို အစောဆုံးကျန်တဲ့ကြွေးကစပြီးတော့ တကယ်ဆပ်နိုင်လျှက်နဲ့ မဆပ်ဘဲ ပေကပ်ကပ်လုပ်နေတဲ့သူတွေကို အရေးယူထားပါတယ်။ ဒါကလည်း ဥပဒေစိုးမိုးမှုကို လိုက်နာလာနိုင်အောင်အတွက် ဆောင်ရွက်ရတာဖြစ်ပါတယ်။ ရခိုင်တပြည်နယ်လုံးမှာတော့ တောင်သူ ၂၀ ဦးခန့်ကိုအရေးယူထားရှိပါတယ်။”လို့ ပြောပါတယ်။   အရေးယူထားတဲ့မြို့နယ်တွေကတော့ ကျောက်တော်မြို့နယ်အတွင်းမှာ ၁၂ ဦး၊ မြေပုံမြို့နယ်မှာ ၄ ဦးရှိပြီး တစ်ပြည်နယ်လုံးအတိုင်းအတာမှာ ၂၀ ဦးခန့်ကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ အရေးယူထားတာဖြစ်ပါတယ်။   “ပြီးခဲ့တဲ့နှစ်အထိကို ရခိုင်ပြည်နယ်မှာ ကြွေးပေါင်း ၇ ကြွေးလောက်ရှိတာပေါ့။ အကြွေးမဆပ်နိုင်တဲ့လူဦးရေ…

Read More

အသားဈေးနှုန်းတွေ လျှော့ရောင်းပေးနိုင်ဖို့ ဆောင်ရွက်နေ

ရန်ကုန်၊ ဇွန် ၆ – ၂၀၁၉ သိင်္ဂီ (VOM)   ရန်ကုန်မြို့က ဈေးတွေအားလုံးမှာ အသားဈေးနှုန်းတွေ လျှော့ရောင်းပေးနိုင်ဖို့ အသားထုတ်လုပ်သူတွေ ကိုယ်တိုင်ဆိုင်ခန်းဖွင့်ပြီး ရောင်းဖို့ ဆောင်ရွက်နေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောပါတယ်။   “အဓိက,က ပြည်သူလူထု ဈေးနှုန်းသက်သာချောင်ချိစွာနဲ့ ဝယ်ယူစားသုံးနိုင်ဖို့ ဖြစ်ပါတယ်။ လူတိုင်း အသားစားသုံးမှုက များတယ်။ ဒါကြောင့် ငါးအပြင် အသားထုတ်လုပ်နိုင်ဖို့လည်း ဝန်ကြီးဌာနကနေ ဆောင်ရွက်နေတာဖြစ်တယ်။ ဒါကြောင့် ဈေးတွေမှာ အသားထုတ်လုပ်တဲ့သူတွေ ကိုယ်တိုင်လာရောက်ပြီးတော့ ဈေးလျှော့ရောင်းနိုင်တဲ့ ဆိုင်ခန်းတွေဖွင့်နိုင်အောင် လုပ်နေပါတယ်။”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။   ရန်ကုန်တိုင်းရဲ့ အသားလိုအပ်မှုက နေ့စဉ်ပိဿချိန်  ၉၀၀၀၀ ကျော်လောက် လိုအပ်မှု ရှိနေတဲ့အတွက် တိုင်းအစိုးရအနေနဲ့ ကူညီပံ့ပိုးပေးနိုင်ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အသားတွေကို လျှော့ဈေးနဲ့ ရောင်းချနိုင်မယ့်အစီအစဉ်ကို…

Read More

တရုတ်ကို အဓိကတင်ပို့နေတဲ့ ကျွဲ၊ နွားဈေးကွက် တကောင်ကို သုံးသိန်းလောက်ထိဈေးကျ

ရန်ကုန်၊ မေ ၂၉ – ၂၀၁၉ သူရိန် (VOM)   တရုတ်နိုင်ငံဈေးကွက်တခုတည်းကိုသာ အဓိကထား တင်ပို့နေရတဲ့ ကျွဲ၊ နွားဈေးကွက်က အခုချိန်မှာ အကျဈေးနဲ့သာ အရောင်းအဝယ်ပြုလုပ်နေရပြီး တကောင်ကိုကျပ်သုံးသိန်းလောက် ဈေးကျနေတယ်လို့ ကျွဲ၊ နွားကုန်သည်တွေဆီက သိရပါတယ်။   “တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ဘက်မှာ လုံခြုံရေးတင်းကြပ်ပြီး အဖမ်းအဆီးတွေ လုပ်နေတာကြောင့် တရုတ်က ကျွဲ၊ နွား ဝယ်လက် ကုန်သည်တွေ လာရောက်ဝယ်ယူမှု နည်းပါးသွားလို့ အရောင်းအဝယ် လျော့ကျနေတာ။ ဈေးကလျှော့ဈေးနဲ့ပဲ ရောင်းနေရတာ။” လို့ စစ်ကိုင်းတိုင်း ကျွဲ၊ နွားကုန်သည် တဦးဖြစ်သူ ဦးသောင်းခိုင်က ပြောပါတယ်။   အရင်က နွားတကောင်ကို ကျပ် ၂၂ ၊၂၃ သိန်းအထိ ပေါက်ဈေးရှိပေမယ့် လက်ရှိမှာ ကျပ်သိန်း ၂၀ ကနေ ၁၇ သိန်းအထိသာ ဈေးရရှိပြီး…

Read More

နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ အစိုးရကို ထိုးနှက်မှုမလုပ်ဖို့ လူမှုရေးဝန်ကြီးပြော

စစ်တွေ၊ မေ ၂၅-၂၀၁၉ ခိုင်လင်းစံ (VOM)   နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေကို စေတနာရှိရှိနဲ့ကူညီမယ်ဆိုလို့ရှိရင် ကူညီလို့ရပြီး အစိုးရကိုထိုးနှက်မှုတွေမလုပ်ကြဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောပါတယ်။   “သူတို့တကယ် ရခိုင်ပြည်သူတွေကို အကူအညီပေးချင်ရင် အချိန်မရွေးထောက်ပံ့ပေးလို့ ရပါတယ်။ သွားခွင့်မရတဲ့ နေရာတွေကိုတော့ အစိုးရပဲဖြစ်ဖြစ် တခြားနည်းနဲ့ပဲဖြစ်ဖြစ် ထောက်ပံ့ပေးပေါ့။ အစိုးရကို မယုံတဲ့အတွက် မပေးဘူးဆိုတာကတော့ ဒါသက်သက်ထိုးနှက်တာပဲဖြစ်တယ်။ သူတို့တွေက ဘင်္ဂါလီကိစ္စမှာလည်း ဒါမျိုးတွေကြုံရတယ်။ အစိုးရကို ထိုးနှက်မှုတွေ မလုပ်ကြဖို့လိုပါတယ်။”လို့ ဒေါက်တာချမ်းသာက ပြောတာပါ။   ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးရေးကိစ္စတွေမှာ အစိုးရကတားဆီးမှုတွေ ပြုလုပ်နေတဲ့အတွက် ထောက်ပံ့ကူညီပေးမှုတွေ မလုပ်နိုင်တာ ဖြစ်တယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ INGO တွေရဲ့ ပြောဆိုမှုတွေအပေါ် ခုလိုပြောကြားခဲ့တာပါ။   NGO/INGO တွေအနေနဲ့  အဲ့ဒီနေရာတွေကို…

Read More

တရားစီရင်ရေးပညာရပ်တွေ သင်ကြားနိုင်ဖို့ တရားစီရင်ရေးကောလိပ် လာမယ့်နှစ်မှာ စတင် တည်ဆောက်မယ်

နေပြည်တော် ၊ မေ – ၂၄  – ၂၀၁၉ သိင်္ဂီ (VOM)   တရားစီရင်ရေးပညာရပ်တွေ သင်ကြားပေးမယ့် တရားစီရင်ရေးကောလိပ်ကို လာမယ့်နှစ်မှာ စတင် တည်ဆောက်သွားမယ်လို့ ဒီကနေ့ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်မြောက် အမျိုးသားလွှတ်တော် အစည်းအဝေးက သိရပါတယ်။   “တရားရေးကောလိပ်ကို လာမယ့်၂၀၁၉ – ၂၀၂၀ မှာ စတင် ဆောက်လုပ်မယ်။ နေပြည်တော်မှာ လုပ်မှာဖြစ်တယ်။ ဘဏ္ဍာအသုံး ခန့်မှန်းခြေစာရင်းတွေမှာ ထည့်သွင်းတောင်းဆိုခဲ့ပြီးဖြစ်ပါတယ်၊ ခွဲဝေချထားပေးတဲ့ ဘတ်ဂျက်အပေါ်မူတည်တယ်။” လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က ပြောပါတယ်။   ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေနဲ့ တခြားနိုင်ငံတွေလို တရားစီရင်ရေးဆိုင်ရာ သင်တန်း စနစ်တကျပို့ချနိုင်မယ့် တရားရေးကောလိပ် ဒါမှမဟုတ် တရားရေးအကယ်ဒမီ ဖွင့်လှစ်တည်ထောင်ပေးရန် အစီအစဉ် ရှိမရှိကို ရန်ကုန်တိုင်းမဲဆန္ဒနယ် အမှတ် ( ၉ ) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေချစ်ရဲ့…

Read More

အဖေဖြစ်သူကို ဖမ်းမမိလို့ သားဖြစ်သူ ၉ တန်းကျောင်းသားကို ရဲကဖမ်း

မန္တလေး မေ – ၂၄ – ၂၀၁၉ ဖြူဖြူ (VOM)   မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးက ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်နေတဲ့ ဒေသခံတွေဟာ ဆန္ဒထုတ်ဖော်မှုတွေလုပ်ခဲ့တဲ့အတွက် အချို့ကိုပုဒ်မ အမျိုးမျိုးနဲ့ အမှုဖွင့်ထားရာ ဦးရွှေအုန်းဆိုသူလည်း အမှုဖွင့်ခံထားရပြီး   ဦးရွှေအုန်းကို ဖမ်းမမိသေးတာကြောင့်  ဒီနေ့မနက်ပိုင်းမှာ သားဖြစ်သူ ကိုးတန်းကျောင်းသားကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။   ဦးရွှေအုန်ရဲ့သားကို ဖမ်းသွားတုန်းမှာ အတူရှိနေခဲ့တဲ့ သူငယ်ချင်းတွေက “ပထမတော့ တစ်ယောက်တည်း၊သူက  ဓါတ်တိုင်နဲ့ကွယ်ပုန်းနေတာ။ ကျနော်တို့လည်းရောက်ရော ဆိုင်ကယ်ကို သော့ဖြုတ်သွားတယ်။ ဒီထဲမှာ ဦးရွှေအုန်းသားပါလားလို့မေးတယ်။ ပြီးတော့ ဘယ်သူ့ဆီမှန်းမသိဘူး သူက ဖုန်းတွေဆက်တယ်။ အစက လာကြည့်ခိုင်းတယ်၊ ပြီးမှလာမကြည့်နဲ့တော့ ပုံပဲ ပို့လိုက်ဆိုပြီး အဲဒါနဲ့ ဖမ်းသွားတယ်။” လို့ ဆိုပါတယ်။   ကျောင်းသုံးစာအုပ်နဲ့ လိုအပ်တာတွေ ၀ယ်ဖို့ သူငယ်ချင်းသုံးယောက်  ရွာအပြင်ထွက်စဉ်…

Read More

ပြည် – အောင်လံ လမ်းမပေါ်က တိုးဂိတ်ဖျက်သိမ်းရေး ဆန္ဒထုတ်ဖော်

ပြည်၊ မေ – ၂၃ – ၂၀၁၉ ဂျန်ကိုးလ် (VOM)   ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့မှာ ပြည်-အောင်လံ လမ်းပေါ်က  တိုးဂိတ်ဖျက်သိမ်းရေး ဒီနေ့ မနက်က ယာဉ်ပိုင်ရှင်တွေ စုပေါင်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။   မြို့အဝင်က Max Myanmar High Way တိုးဂိတ် အလိုမရှိ၊ အပြီးတိုင် ဖျက်သိမ်းပေးရေး ဗီနိုင်းပိုစတာ များကိုင်ဆောင်ကာ ကြွေးကြော်ခဲ့ကြပြီး ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ စပယ်ယာ စုစုပေါင်း လူဦးရေ ၁၀၀ ကျော်နဲ့ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။   “ပြည်မြို့နဲ့ထန်းပေါက်ရွာက ကပ်လျှက်ရှိတယ်။ ကျနော့်တို့ထန်းပေါက်ကျေးရွာအနီးမှာ တည်ဆောက်ထားတဲ့တိုးဂိတ်က လမ်းကြေးကို တနေ့တနေ့ဖြတ်သန်းရတဲ့ ကားတစီးကို ၃၀၀၀ မြို့၊ဝင်ကြေးက ၅၀၀ အဲလိုပေးဆောင်ရတယ်။ မက်မြန်မာရဲ့ဂိတ်တွေကနီးကပ်လွန်းပါတယ်။ ရွှေတောင်နဲ့ပြည် တိုးဂိတ်က မိုင်၂၀ ဝန်းကျင်ဘဲရှိတယ်။ အခုတိုးဂိတ်က ဘွက်ကြီးတိုးဂိတ်နဲ့ မိုင်…

Read More

အမေရိကန် ရေတပ်ကို ဒုံးပျံတစ်စင်းနဲ့ ဖျက်စီးပစ်နိုင်တယ်လို့ အီရန်ပြော

ဝါရှင်တန်၊ မေ-၁၁-၂၀၁၉ မျိုးဆက်(VOM)   အမေရိကန်ရေနံတင်သင်္ဘောတွေအပါအ၀င် အမေရိကန်ကုန်တင်သင်္ဘောတွေကို အီရန်က ပစ်မှတ်ထားတိုက်ခိုက်လာနိုင်တယ်လို့ အမေရိကန် ရေကြောင်းအုပ်ချုပ်ရေးအဖွဲ့က မေ ၁၀ ရက်က သတိပေးပြောဆိုလိုက်ပါတယ်။     အမေရိကန်ရေတပ်ကို ဒုံးပျံတစ်စင်းတည်းနဲ့ ဖျက်ဆီးပစ်နိုင်တယ်လို့ အီရန် ထိပ်တန်း ဘာသာရေးခေါင်းဆောင်က ပြောဆိုပြီးနောက် အမေရိကန်ရေးကြောင်းအုပ်ချုပ်ရေးအဖွဲ့က ဒီလို သတိပေးလိုက်တာဖြစ်ပါတယ်။     အမေရိကန်နဲ့ အီရန်တို့အကြား အပြန်အလှန်တင်းမာမှုတွေဖြစ်ပေါ်နေပြီး အမေရိကန်နဲ့ ဆွေးနွေးညှိနှိုင်းမှုပြုမည်မဟုတ်ဘူးလို့ အီရန်တော်လှန်ရေးအစောင့်တပ်က သီးခြားထုတ်ဖော်ပြောဆိုထားပါတယ်။ ဒါဟာ အမေရိကန်ရဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းမှုကနေ  အီရန်သမ္မတရူဟာနီနဲ့ သူရဲ့ မဟာမိတ်အချို့ကို တားဆီးရန်ရည်ရွယ်တဲ့ သီးခြားရပ်တည်ချက်ကို ထုတ်ဖော်ပြသလိုက်တာဖြစ်ပါတယ်။     အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို လက်လျှော့ဖို့ နဲ့ ပတ်သက်ပြီး အီရန်ခေါင်းဆောင်တွေကို သူနဲ့ ဆွေးနွေးဖို့ မေ ၉ ရက်မှာ…

Read More

စစ်ကိုင်းမြို့ မင်းကွန်းကျေးရွာအုပ်စုက မုဒိမ်းမှု ကျူးလွန်ခံရတဲ့ ကလေးငယ်ရဲ့မိခင်နဲ့ တွေ့ဆုံမေးမြန်းချက်

မင်းကွန်း   မေ  ၁-၂၀၁၉ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းမြို့နယ် မင်းကွန်းကျေးရွာအုပ်စု ဈေးဆိပ်ကျေးရွာမှာ ဧပြီလ ၃၀ ရက်နေ့ ည ၁၀ နာရီခွဲ အချိန်ခန့် က အသက်မပြည့်သေး မိန်းကလေးကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပါတယ်။     ဒီပြစ်မှူကျူးလွန်တဲ့သူဟာ ကင်းကျေးရွာအုပ်စု၊ ရှားရောင်းရွာနေထိုင်သူ ဇင်ဟန်ထက် (ခ) မှတ်ကြီး အသက် (၁၉)နှစ် ပြီး ကျုးလွန်သူ ဇင်ဟန်ထက် (ခ) မှတ်ကြီးကို မင်းကွန်းနယ်မြေခံရဲစခန်းကို(ပ)၂၀/၂၀၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့် ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပြီး သားမယားပြုကျင့်ခံရတဲ့ကလေးငယ်ကို လာခေါ်တဲ့ မပုကိုတော့ မင်းကွန်းရဲစခန်းက မေးမြန်းစရာရှိမှ ခေါ်မယ်ဆိုပြီး ပြန်လွတ်ထားတယ်လို့သိရပါတယ်။     သားမယားပြုကျင့်ခံရတဲ ကလေးငယ်ကတော့ မင်းကွန်းကျေးရွာအုပ်စု   ဈေးဆိပ်ကျေးရွာက အသက် (၁၁)နှစ်ကျော်ခန့်ရှိတဲ့ …

Read More

မုဒိမ်း(ရိုးရိုး)ထက် သက်ငယ်မုဒိမ်းဖြစ်ပွားမှုပိုများပြားနေကြောင်း ၂၀၁၈ တရားရုံးနှစ်စဉ်အ စီရင်ခံစာကဖော်ပြ

  ရန်ကုန် ၊ ဧပြီ ၂၈-၂၀၁၉ TGH(VOM)   ၂၀၁၈ ခုနှစ်ရဲ့ စစ်ဆေးဖို့ကျန်ရှိနေတဲ့ ရာဇ၀တ်မှု ပေါင်း ၁၁၂၀၁၀ မှုရှိရာ အရေးကြီးရာဇ၀တ် မှုအမျိုးအစားတွေအနေနဲ့ မုဒိမ်း(ရိုးရိုး) ၊ သက်ငယ်မုဒိမ်း ၊ လူသတ်မှု ၊ မူးယစ်ဆေးဝါး ၊ လူကုန်ကူးမှု ၊ ယာဉ်မတော်တဆမှုကြောင့်လူသေဆုံးတဲ့အမှုတွေပါဝင်နေတယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၂၀၁၈ တရားရုံးနှစ်စဉ်အ စီရင်ခံစာ မှာဖော်ပြထားပါတယ်။   အဆိုပါ ကျန်ရှိ ရာဇ၀တ်မှုတစ်သောင်းကျော်ထဲမှာ မုဒိမ်း(ရိုးရိုး)က ၈၀၂ မှု ၊ သက်ငယ်မုဒိမ်း က ၁၁၂၀ ၊ လူသတ်မှုက ၁၃၃၉ ၊ မူးယစ်ဆေးဝါးမှုက ၁၂၄၁၇ ၊ လူကုန်ကူးမှု ၁၇၉ နဲ့ ယာဉ်မတော်တဆမှုကြောင့်လူသေဆုံးမှု ၃၂၉၄ ၊ အခြားအမှုပေါင်း ၉၂၈၅၉ ပါဝင်တာတွေ့ရပါတယ်။ ၂၀၁၈…

Read More