
Zawgyi ပန်းတောင်း အောက်တိုဘာ၁၅-၂၀၁၉ ဂျန်ကိုး လ်(VOM)   ပဲခူးတိုင်းပြည်ခရိုင် ပန်းတောင်းမြို့နယ် မကျီးထုံးအုပ်စု ကွေ့ မကျေးရွာတွင်အောက်တိုဘာ၁၄ရက် ညက မိုးကြိုးထိမှန်ပြီး နွား၁၁ကောင်သေဆုံးသွားခဲ့ပါတယ်။ ဒီအကြောင်း မကျီးထုံးအုပ်စု ဥက္ကဋ္ဌ ပြောပြတာကတော့ “ကိုတင်ဝင်းလှိုင်ရဲ့မွေးနွားတွေနွားတွေက မြက်ခြံထဲမှာထားတာ လူကရွာထဲမှာနေတာ မနက်နွားလွှတ်ဘို့သွားမှ မိုးကြိုးပစ်ခံထားရမှန်းသိတာ အကြီးအသေး အထီးအမ၁၁ကောင်ပါ” ပြောပါတယ်။   ဖြစ်စဉ်နဲ့ပတ်သက်သက်ပြီး မြို့နယ်ကိုတင်ပြထားပြီး နွားတွေဟာ မွေးစားဖက်ယူ (နွားပိုင်ရှင်နဲ့ ကျွေးပေးသူ တယောက်တဝက်ပိုင်စနစ်) နဲ့ မွေးထားတာလို့ သိရပါတယ်။   ပန်းတောင်းမြို့နယ်အတွင်း မိုးကြိုးကြောင့် လူနဲ့နွားသေဆုံးမှုဖြစ်စဉ်ရှိခဲ့ဘူးပေမဲ့ ခုလိုအစုလိုက်အပြုံ လိုက်သေဆုံးဖြစ်စဉ်မရှိဘူးသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။   #voiceofmyanmar #ပန်းတောင်း #မိုးကြိုးပစ် #နွားတွေအစုလိုက်သေဆုံး Unicode မိုးကြိုးပစ်လို့ နွားတွေအစုလိုက်သေဆုံး ပန်းတောင်း အောက်တိုဘာ၁၅-၂၀၁၉ ဂျန်ကိုး လ်(VOM) ပဲခူးတိုင်းပြည်ခရိုင် ပန်းတောင်းမြို့နယ် မကျီးထုံးအုပ်စု…

Read More

အင်အားပြင်း စူပါတိုင်ဖွန်းမုန်တိုင်း ဂျပန်နိုင်ငံကို ဝင်ရောက်တိုက်ခတ်တော့မယ်

တိုကျို၊ အောက်တိုဘာ-၁၁-၂၀၁၉ မျိုးဆက် (VOM) အင်အားပြင်း စူပါတိုင်ဖွန်းမုန်တိုင်းတစ်ခုဟာ ဂျပန်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ဖို့ အောက်တိုဘာ ၁၁ ရက်မှာ ချဉ်းကပ်လာနေပြီး နှစ်ပေါင်းခြောက်ဆယ်အတွင်း စံချိန်တင်မိုးအကြီးအကျယ်ရွာသွန်းမှု တွေဖြစ်ပေါ် လာနိုင်ပါတယ်။ အမြန်နှုန်းလို့ အဓိပ္ပါယ်ရတဲ့ တိုင်ဖွန်းမုန်တိုင်း ဟာဂီဘစ်ဟာ ဟွန်ရှူးကျွန်းပေါ်ကို လာမယ့် စနေနေ့မှာ တိုက်ခိုက်လာနိုင်ပါတယ်။ ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့လကလည်း မကြာသေးမီနှစ်တွေအတွင်း အင်အား အကောင်းဆုံးလို့ သတ်မှတ်ရမယ့် တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ် ၃၀၀၀၀ ပျက်စီးပြီးလျှပ်စစ်မီးတွေအကြီးအကျယ်ပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပါတယ်။ လက်ရှိတိုက်ခတ်မယ့် တိုင်ဖွန်းမုန်တိုင်းကြောင့် စံချိန်တင်မိုးရွာသွန်းမှုနဲ့ လေပြင်းတိုက် ခတ်မှုတွေဖြစ်ပေါ်လာမယ်လို့ ဂျပန်မိုးလေဝသဌာနမှ တာဝန်ရှိသူတစ်ဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ မုန်တိုင်းဟာ ၁၉၅၈ ခုနှစ်နောက်ပိုင်း တိုကျိုကို အင်အားအကောင်းဆုံးနဲ့ တိုက်ခတ်မှာဖြစ်ပြီး ရေကြီးရေလျှံမှုတွေနဲ့ လှိုင်းကြီးတာတွေအတွက် ကြိုတင်ကာကွယ်ထားဖို့ မိုးလေ၀သဌာနက သတိပေးထားပါတယ်။ မုန်တိုင်းချဉ်းကပ်လာနေတာကြောင့် ဂျပန်ပြည်တွင်း လေယာဉ်ခရီးစဉ် ၁၅၀၀ ကျော်ကိုလည်း ဖျက်သိမ်းထားရပြီး…

Read More

ကမ္ဘာကြီးပူနွေးလာမှုငါးနှစ်တာကာလအတွင်းစံချိန်တင်

ဂျီနီဗာ၊စက်တင်ဘာ-၂၃-၂၀၁၉ မျိုးဆက်(VOM)   ကမ္ဘာကြီးပူနွေးလာမှုအရှိန်မြင့်တက်နေတဲ့လက္ခဏာတွေနဲ့  ဆိုးကျိုးသက်ရောက်မှုတွေကိုနယူးယောက်မှာကျင်းပမယ့်ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာကုလသမဂ္ဂဆွေးနွေးပွဲတွေမတိုင်မီသိပ္ပံဆိုင်ရာနောက်ဆုံးတွေ့ရှိချက်တွေကိုထုတ်ပြန်လိုက်ပါတယ်။     ကမ္ဘာကြီးပူနွေးလာမှုဟာ၂၀၁၄ခုနှစ်မှ၂၀၁၉ခုနှစ်အထိငါးနှစ်တာကာလအတွင်းအပူဆုံးအဖြစ်စံချိန်တင်ခဲ့တယ်လို့ကမ္ဘာ့မိုးလေ၀သအဖွဲ့ကပြုစုထားတဲ့အချက်အလက်တွေမှာ  ဖော်ပြထားပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့ထုတ်လွှတ်မှုဟာလည်းစံချိန်တင်မြင့်တက်ခဲ့သလိုငါးနှစ်တာကာလအတွင်းပင်လယ်ရေမျက်နှာပြင်ဟာ  သိသာထင်ရှားတဲ့အရှိန်နဲ့  မြင့်တက်လာပြီးကာဗွန်လျှော့ချတဲ့အားထုတ်မှုတွေကိုချက်ချင်းပြင်းပြင်းထန်ထန်လုပ်ဆောင်ရမယ်လို့ကမ္ဘာ့မိုးလေ၀သအဖွဲ့ကသတိပေးပြောဆိုပါတယ်။     ကမ္ဘာ့အပူချိန်သည်၁၈၅၀ခုနှစ်နောက်ပိုင်းနဲ့နှိုင်းယှဉ်ရင်၁ဒသမ၁ဒီဂရီစင်တီဂရိတ်အထိမြင့်တက်ခဲ့ပြီး၂၀၁၁ခုနှစ်နဲ့၂၀၁၅ခုနှစ်အကြားနဲ့ယှဉ်ရင်တော့သုညဒသမ၂ဒီဂရီစင်တီဂရိတ်တိုးမြင့်ခဲ့တယ်လို့ဆိုပါတယ်။     လွန်ခဲ့သည့်ငါးနှစ်တာကာလနဲ့နှိုင်းယှဉ်ရင်၂၀၁၅ခုနှစ်မှ၂၀၁၉ခုနှစ်အတွင်းလေထုထဲသို့ကာဗွန်ထုတ်လွှတ်မှုဟာ၂၀ရာခိုင်နှုန်းအထိတိုးမြင့်လာတယ်လို့ကမ္ဘာ့မိုးလေ၀သအဖွဲ့ရဲ့အစီရင်ခံစာမှာဖော်ပြပါတယ်။     ပင်လယ်ရေမျက်ပြင်မြင့်တက်မှုဟာပျမ်းမျှအားဖြင့်၁၉၉၃ခုနှစ်မှစပြီးတစ်နှစ်ကို၃ဒသမ၂မီလီမီတာမြင့်တက်ခဲ့ပါတယ်။ဒါပေမယ့်၂၀၁၄ခုနှစ်မေလမှ၂၀၁၉ခုနှစ်အကြားမှာတော့တစ်နှစ်ကို၅မီလီမီတာပင်လယ်ရေမျက်နှာပြင်မြင့်တက်လာတယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်။     Ref : BBC Photo :Getty Images    

Read More

မြစ်ကြီးနားမြို့ကရပ်ကွက်၃ခုရေကြီးလို့  ညတွင်းချင်း အရေးပေါ် အိမ်​​ထောင်​စု ၆၀နီးပါး​ရွှေ့​ပြောင်း

မြစ်ကြီးနား ဇူလိုင် ၁၁-၂၀၁၉ ရန်အောင်ထွန်း (VOM)   မြစ်ကြီးနားမြို့ကရပ်ကွက်၃ခုမှာဧရာဝတီမြစ်ရေတက်လာလို့  ညတွင်းချင်း အိမ်​​ထောင်​စု၅၈စုကိုကယ်ဆယ်ရေးပြုလုပ်​ပြီးဇူလိုင်လ၁၀ရက်က​​ရွှေ့​ပြောင်း​နေရာချထားခဲ့ပါတယ်​။မီးသတ်တပ်ဖွဲ့တာဝန်ရှိသူတွေကတော့ကြက်ပေါင်ခြံရပ်ကွက်နဲ့လယ်ကုန်ရပ်ကွက်တို့မှာကူညီကယ်ဆယ်ရေးတွေပြုလုပ်နေတယ်လို့ဆိုပါတယ်။   ​ရေကြီးနစ်​မြုပ်​​နေတဲ့ရပ်​ကွက်​​တွေက​တော့လယ်​ကုန်းရပ်​ကွက်​၊ကြက်​​ပေါင်​ခြံရပ်​ကွက်​နှင့်​မြို့သစ်ကြီးရပ်ကွက်​တွေပါ။လယ်ကုန်းရပ်ကွက်ကအိမ်ထောင်စု၂၂စုလူဦးရေ၁၀၈တို့ကိုမြစေတီကျောင်းတိုက်၊မြို့သစ်ကြီးရပ်ကွက်ကအိမ်ထောင်စု၁၄စုလူဦးရေ၅၈ဦးတို့ကိုအောင်ဇေရန်အောင်ဘုန်းတော်ကြီးကျောင်းနှင့်​ကြက်ပေါင်ခြံရပ်ကွက်ကအိမ်ထောင်စု၂၂စုလူဦးရေ၁၁၉ဦးတို့ကိုပြည်ခိုင်ဖြိုးရုံးတို့မှာနေရာချထားပေးတယ်လို့သိရပါတယ်။ ဒီနေ့မနက်တိုင်းထွာချက်တွေအရ ဧရာဝတီမြစ်ရေဟာ တနာရီ ကို ၅စင်တီမီတာကျော်ကျော်လောက် ပုံမှန်တိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ #voiceofmyanmar #မြစ်ကြီးနား #ဧရာဝတီ #ရေကြီးရေလျှံ

Read More

ခန္တီးမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေမြင့်တက်လာ

ခန္တီး၊ ဇူလိုင် ၁၀ – ၂၀၁၉ အောင်ဆန်းမြင့်(VOM)   စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ ဇူလိုင် ၆ ရက်ကတည်းက မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် ချင်းတွင်းမြစ်ရေ မြင့်တက်လာပြီး အခုလိုမိုးဆက်တိုက်ရွာဦးမယ်ဆို စိုးရိမ်ရေအမှတ်ကို ရောက်ရှိနိုင်တယ်လို့ ဒေသခံအချို့ထံက သိရပါတယ်။   ခန္တီးမြို့ရဲ့ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ်ဟာ ၁၃၆၀ စင်တီမီတာ ဖြစ်ပြီး ဒီနေ့ မနက် ၆ နာရီခွဲအချိန်က မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ တိုင်းတာချက်တွေအရကတော့ စိုးရိမ်ရေအမှတ်  ၁၁၄၀ စင်တီမီတာအထိ ရောက်နေပြီလို့ သိရပါတယ်။ ဒါဟာ စိုးရိမ်ရေအမှတ်ရောက်ဖို့ ၂၂ဝ စင်တီမီတာသာလိုတော့တဲ့ အခြေအနေဖြစ်ပါတယ်။   “မိုးတွေက ရွာနေသေးတယ်။ မြစ်ရေက တစ်နာရီကို တစ်ပေနှုန်းတက်နေတယ်။ ဒီလိုမိုးရွာတာ အဆက်မပြတ်ဘူးဆိုရင် ချင်းတွင်းမြစ်ရေ ကြီးနိုင်တယ်။” လို့ ခန္တီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက…

Read More

မေလအထိ အယ်နီညိုရာသီ ဖြစ်ပေါ်နိုင်ပြီး ကဏ္ဍအသီးသီးမှာ ကြိုတင်ပြင်ဆင်ထားဖို့ မိုးဇလထုတ်ပြန်

နေပြည်တော်၊ဇန်န၀ါရီ ၁၅-၂၀၁၉ ဒီပ(နေပြည်တော် VOM) ၂၀၁၉ခုနှစ် ဇန်န၀ါရီလအတွင်း အီကွေတာအနီးမှာရှိတဲ့ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ အရှေ့အလယ်ပိုင်း (East Central Tropical Pacific Ocean)ရဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်ဟာ ပုံမှန်ထက် အနည်းငယ်မြင့်တက်နေပြီး အားအနည်းငယ်ရှိသော အယ်နီညိုဖြစ်စဉ်ကို ရောက်ရှိနေကြောင်း မိုးဇလက ထုတ်ပြန်ထားပါတယ်။ နိုင်ငံတကာ ပစိဖိတ်သမုဒ္ဒရာ ပင်လယ်ရေမျက်နှာပြင် အပူချိန် လေ့လာစောင့်ကြည့်ရေး ဗဟိုဌာနတွေက ထုတ်ပြန်ထားတဲ့ အယ်နီညိုရာသီဥတု ဖြစ်စဉ်နှင့်ပတ်သက်ပြီး  ၂၀၁၉ခုနှစ်မေလအထိ ဖြစ်ပေါ်နိုင်သလို မိမိတို့ရဲ့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်စဉ်ကြရန် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဇန်န၀ါရီ(၁၃)ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အယ်နီညိုရာသီဟာ ၂၀၁၉ခုနှစ်မေလအထိ ဆက်လက်ဖြစ်ပေါ်နိုင်ကာ တဖြည်းဖြည်း အားလျော့သွားနိုင်ကြောင်း နိုင်ငံတကာ မိုးလေ၀သနဲ့ရာသီဥတုခန့်မှန်းရေး ဗဟိုဌာနက ထုတ်ပြန်ထားကြောင်းလည်း မိုးဇလက ထုတ်ပြန်ထားပါတယ်။ “၂၀၁၈ခုနှစ် နိုဝင်ဘာလကတည်းက ဖြစ်ပေါ်ခဲ့တဲ့ အယ်နီညိုဖြစ်စဉ်ဟာ ယနေ့ထက်တိုင် အထက်လေထုနဲ့…

Read More