လာမယ့်ခရီးသွားရာသီအောက်တိုဘာကနေစတင်ပြီးဥရောပနိုင်ငံ၆နိုင်ကခရီးသွားတွေကို ဗီဇာကင်းလွတ်ခွင့်နဲ့ ဝင်ရောက်ခွင့်ပြုမည်။

ရန်ကုန်၊ဇွန်၁၆-၂၀၁၉ သိင်္ဂီမ(VOM)   ဥရောပနိုင်ငံ  ၆ခုကခရီးသွားတွေကိုဗီဇာကင်းလွတ်ခွင့်စမ်းသပ်ကာလ၁နှစ်အဖြစ်လာမယ့်ခရီးသွားရာသီအောက်တိုဘာလကနေ၂၀၂၀စက်တင်ဘာအထိသတ်မှတ်ခွင့်ပြုသွားမှာဖြစ်တယ်လို့  ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ပြည်တွင်းပြည်ပဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနရဲ့ညွှန်ကြားရေးမှူးဦးခင်မောင်စိုးကပြောပါတယ်။   “ဒီနိုင်ငံ၆ခုကိုခွင့်ပြုပေးဖို့ကိစ္စနဲ့ပတ်သက်လို့စာတော့လက်ခံရပြီ၊ဒါပေမယ့်စာမှာကအချက်အလက်တွေဘာမှမပါသေးဘူး၊ အရင်ကဆိုတခါတည်းပါတယ်၊ခုအချက်အလက်တွေမပါသေးလို့ထပ်တောင်းထားတယ်၊အရင်ခွင့်ပြုတုန်းကဆိုဘယ်ဗီဇာနဲ့ခွင့်ပြုတယ်၊ ဘယ်နိုင်ငံသားတွေ၊ဘယ်မှတ်ပုံတင်ကိုင်ဆောင်သူ၊စည်းကမ်းချက်၊အသေးစိတ်ပါတယ်၊ ခုကမပါသေးတော့ထပ်တောင်းထားဆဲပါ။မြန်မာနိုင်ငံမှာကသွားခွင့်ပြုတဲ့နေရာခွင့်မပြုတဲ့နေရာရှိတယ်၊ခုထိတော့အချက်တွေချမပေးသေးဘူး။စမ်းသပ်ကာလတစ်နှစ်ခွင့်ပြုပေးရေးဆိုတာပဲပါတယ်”လို့ဆိုပါတယ်။     Visa On Arrvial ဆိုက်ရောက်ဗီဇာစနစ်ဖြင့်  တစ်နှစ်စမ်းသပ်ကာဝင်ခွင့်ပြုသွားမည်ဖြစ်ပြီးမကြာခင်ခရီးသွားဧည့်သည်နှင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများသိရှိဖို့ လိုအပ်တဲ့ အသေးစိတ်အချက်အလက်တွေကိုတရားဝင်ထုတ်ပြန်ကြေငြာပေးသွားမည်ဖြစ်ကြောင်းဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက သိရပါတယ်။   ဗီဇာကင်းလွတ်ခွင့်နဲ့ဝင်ရောက်ခွင့်ပြုမယ့်နိုင်ငံတွေကတော့  အီတလီ၊စပိန်၊သြစတေးလျ၊ဂျာမနီ၊ဆွစ်ဇာလန်၊ရှရှား၊တို့ပဲဖြစ်ပါတယ်။   ဒီနိုင်ငံတွေကိုဗီဇာကင်းလွတ်ခွင့်နဲ့တစ်နှစ်စမ်းသပ်ကာလဝင်ရောက်ခွင့်ပြုတဲ့ကိစ္စနဲ့ပတ်သက်ပြီးလာရောက်မယ့်ခရီးသွားဧည့်သည်တွေ  ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီတွေမဖြစ်မနေသိရှိဖို့လိုအပ်တဲ့အချက်အလက်၂၀ကိုဌာနခြင်းဆက်စပ်ပြီးတောင်းခံထားကြောင်း၊တောင်းခံထားတဲ့အချက်အလက်တွေရရှိတာနဲ့ပြည်သူတွေသိရှိအောင်တရားဝင်ထုတ်ပြန် ကြေငြာပေးသွားမယ်လို့ သိရပါတယ်။   ” ဒီနိုင်ငံတွေကပေးသင့်တဲ့နိုင်ငံတွေလည်းဖြစ်တယ်။ဆွေးနွေးပွဲတိုင်းမှာလည်းခွင့်ပြုပေးဖို့တောင်းဆိုခဲ့တယ်၊ခုနှစ်မှာစပေးမယ်လို့လည်းသတင်းရပ်ကွက်တွေအရတော့သိပြီးပြီ၊ တရားဝင်ထုတ်ပြန်တာတော့မရှိသေးဘူး”လို့မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးသက်လွင်တိုးကပြောပါတယ်။   လက်ရှိမှာအနောက်နိုင်ငံသားမြန်မာနိုင်ငံကိုဝင်ရောက်မှုကနည်းပါးတဲ့ပမာဏတစ်ခုသာရှိနေကြောင်း၊နောက်ပြီးမြန်မာနိုင်ငံတွင်းဖြစ်ပွားခဲ့တဲ့  ပဋိပက္ခဖြစ်ရပ်တွေ၊  သတင်းအမှားများပေါ်ထွက်ခဲ့မှုတွေကြောင့်လည်း  မြန်မာနိုင်ငံကိုအနောက်နိုင်ငံကနေခရီးသွားဧည့်သည်ဝင်ရောက်မှုသိသာစွာကျဆင်းခဲ့တယ်လို့သိရပါတယ်။   ဒါကြောင့်အနောက်နိုင်ငံသားခရီးသွားဧည့်သည်တွေဝင်ရောက်လာစေဖို့ရည်ရွယ်ပြီးဗီဇာကင်းလွတ်ခွင့်ပြုရန်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။   #voiceofmyanmar   #ဥရောပ၆နိုင်ငံ  #ဗီဇာကင်းလွတ်ခွင့် #ခရီးသွားလုပ်ငန်း ဓါတ်ပုံ- ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန

Read More

အမဲစိမ်း ဆက်တဲ့ ပြည်မြို့စောင့် ကန်တော်သခင်မောင်နှမ ကန်တော့ပွဲ

ဇွန်လ ၁၅ ရက် လမင်း (VOM)   သရေခေတ္တရာမင်းဆက် ဒုတ္တဘောင်ဘုရင်သတ်မှတ်ခဲ့တဲ့ ပြည်မြို့စောင့် ကန်တော်သခင်မောင်နှမရဲ့ နယုန်လ ကန်တော့ပွဲကို ဇွန်လ ၁၅ ရက်နေ့ကစပြီး ပြည်မြို့က ကန်တော်သခင်မနတ်နန်း မှာပြုလုပ်နေကြပါတယ် ။   “ဒွတ္တဘောင်ဘုရင်လက်ထက်က စရမှာပေါ့ ဒွတ္တဘောင်ဘုရင် သတ်မှတ်ခဲ့တဲ့ နယုန်လဆန်းကနေ နယုန်လပြည့်ကျော်တဲ့ အထိကို ဒီသခင်ကြီးနဲ့သခင်မကြီး အကိုတော်ဘုရားနဲ့ အမတော်ဘုရားကို သရက်သီးမှည့်နဲ့ ဆီထမင်းစားတော်စာကို ဒွတ္တဘောင်မင်းကိုယ်တိုင် နန်းသူနန်းသားတွေနဲ့ ဆက်လာပြီးတော့ ခေတ်အဆက်ဆက်က လုပ်လာတာဖြစ်လို့ ၇ ရက် သားသမီးအပေါင်း ပြည်မြို့သူမြို့သားအပေါင်း ဘေးအန္တရာယ်ကင်းရှင်းစေဖို့ ရည်ရွယ်ပြီး ဒီကနားပွဲကို စုပေါင်းပြီးတော့ ကန်တော့ကြတာပေါ့ ” ဟု နန်းထိန်းမိသားစုဝင်ဖြစ်တဲ့ ကိုညီက ပွဲတော်ဖြစ်ပေါ်လာရတဲ့အကြောင်းကို ရှင်းပြပါတယ် ။   ဒွတ္တဘောင်မင်း လက်ထက်ကတည်းက ကန်တော့ပွဲ မှာ ဆီထမင်းနဲ့ သရက်သီးမှည့်ကို…

Read More

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးပြင်ဆင်နေမှု လုပ်ငန်း ၇၀ ရာခိုင်နှုန်းကျော် ပြီးစီး

ရန်ကုန် ၊မေ – ၂၂ – ၂၀၁၉ သိင်္ဂီ (VOM)   မြောက်ဦးယဉ်ကျေးမှု အမွေအနှစ် ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး ပြင်ဆင်နေမှု လုပ်ငန်းပမာဏ ၇၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီလို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးကြည်မင်းက  ပြောပါတယ်။   ဒီနေ့မနက်  ရန်ကုန်မြို့၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲရုံးမှာ ပြုလုပ်ခဲ့တဲ့ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် တင်သွင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာပြောခဲ့တာ ဖြစ်ပါတယ်။   ” မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသက ပုံစံမျိုးစုံတဲ့ ယဉ်ကျေးမှုအထောက်အထားတွေနဲ့ ခိုင်မာတဲ့ ယဉ်ကျေးမှုအထောက်အထားတွေကို  ခေတ်အဆက်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းသယ်ဆောင်ခဲ့တာကို ဒီနေ့တွေ့နိုင်တယ်။ ဒီလိုပြည့်စုံတဲ့ ဒေသတစ်ခုကို UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ပါဝင်ခံရနိုင်ဖို့  အချိန်မီတင်သွင်းနိုင်ရမှာဖြစ်တယ်။ ဒီလို အချိန်မီတင်သွင်းနိုင်ဖို့ကလည်း  ပညာရှင်တွေ၊…

Read More

လာမယ့် ခရီးသွားရာသီမှာ အနောက်နိုင်ငံအချို့ကို ဗီဇာကင်းလွတ်ခွင့်ပြုဖို့ မျှော်လင့်

ရန်ကုန် ၊မေ – ၂၂ – ၂၀၁၉ သိင်္ဂီ (VOM)   မြန်မာ့ နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း အခန်းကဏ္ဍကို မြှင့်တင်ဖို့ဆိုရင်  လာမယ့် ခရီးသွားရာသီမှာ အနောက်နိုင်ငံအချို့ကို ဗီဇာကင်းလွတ်ခွင့် ပြုဖို့ မျှော်လင့်တယ်လို့  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးနောင်းနောင်းဟန်က ပြောပါတယ်။   “မနှစ်ကလည်း အောက်တိုဘာမှာ ခွင့်ပြုထားတာဆိုတော့ ဒီနှစ်လည်း အောက်တိုဘာမှာခွင့်ပြုဖို့ များပါတယ်။  ပွင့်လင်းရာသီလည်းဖြစ်သလို ခရီးသွားကာလလည်းဖြစ်တော့ အဲ့ချိန်လောက်ပေးဖို့ မျှော်လင့်ထားတယ်။ ကျွန်တော်တို့တင်ပြထားတဲ့ နိုင်ငံတွေရှိတယ်။ အဲဒီနိုင်ငံတွေကို ပေးဖို့လည်း မျှော်လင့်ထားတယ်။ ရမယ်လို့လည်း ထင်ပါတယ်။ အဲဒီနိုင်ငံတွေကိုသာ ဗီဇာဖြေလျှော့ပေးလိုက်ရင် ခရီးသွားကဏ္ဍအတွက် အများကြီးဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။” လို့  ဦးနောင်းနောင်းဟန်က ပြောပါတယ်။   အနောက်ဥရောပနိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ ပြင်သစ်၊ စပိန် ၊ အီတလီ နိုင်ငံနဲ့ အရှေ့ဥရောပနိုင်ငံဖြစ်တဲ့ ပိုလန်နဲ့…

Read More

စစ်ကိုင်းက ဆွမ်းဦးပုညရှင်စေတီမှာ မှန်သားရင်ပြင် တိုးချဲ့မယ်

စစ်ကိုင်း မေ ၁၀-၂၀၁၉ မောင်တာရာ(VOM)     စစ်ကိုင်းတောင်ပေါ်က  ဆွမ်းဦးပုညရှင်စေတီတော်ရဲ့  ရင်ပြင်တော်တွေကို တိုးချဲ့ပြီး မှန်သားခင်း (View Point)ပြုလုပ်ဖို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကနေ စီစဉ်ဆောင်ရွက်နေကြောင်း ဆွမ်းဦးပုညရှင် ဘုရားဂေါပကအဖွဲ့က သိရပါတယ်။     စေတီတော်ရဲ့ အရှေ့ဘက် ရင်ပြင်တော်နဲ့ အနောက်ဘက် ရင်ပြင်တော်တွေကို  တိုးချဲ့ပြီး မှန်သားခင်း (View Point)ပြုလုပ်ရန်အတွက် ဒီလ ၈ ရက်နေ့က  စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ နဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေက တရုတ်နိုင်ငံက ပညာရှင်တွေနဲ့အတူ လာရောက်ကွင်းဆင်းကြည့်ရှု့တိုင်းတာမှုတွေ ပြုလုပ်သွားတယ်လို့ ဆွမ်းဦးပုညရှင် ဘုရားဂေါပကအဖွဲ့ ဥက္ကဌ ဦးစိုးဝင်းက ပြောပါတယ်။   #voiceofmyanmar #စစ်ကိုင်း #ဆွမ်းဦးပုညရှင် #မှန်သားရင်ပြင်

Read More

တောင်နဝင်းဆည်မှာ ရေကစားသူတွေစည်ကားနေ

ပြည် ဧပြီ ၁၆-၂၀၁၉ ဂျန်​ကိုးလ်​ ပြည်​မြို့အနီး​တောင်​န၀င်းဆည်​က လွှတ်​​ပေးတဲ့ သာစည်​ဆည်​လို့​ခေါ်တဲ့ ဆည်​​ရေ​အေး​အေး​လေးမှာ ​ဒေသစုံကလာတဲ့ ​ရေချိုးသူတွေ အပူဒဏ်ခိုသူတွေနဲ့သင်္ကြန်​အတက်​​နေ့မှာ တိုးမ​ပေါက်​​အောင်​စည်​ကား​နေပါတယ်​။ “ဆည်​​မြောင်းက​တော့ဆည်​​ရေလွှတ်​ထားလို့ ​ရေမချိုးဘို့တားမြစ်​ထားတယ်​ဘဲဆိုပါ​တော့ သတိ​ပေးစာကဒ်​ထားတယ်​ ပြည်​မြို့အထွက်​တိုးဂိတ်​အ​ကျော်​ ဇီးအုပ်​ဆိုတဲ့အနားက၀င်​ရတာ ၀င်​ပြီးပြန်​ထွက်​ဘို့ခက်​​အောင်​ကိုစည်​တယ်​”ဟု ဥသျှစ်​ပင်​မြို့ကနေ ပြည်​သင်္ကြန်​လာရင်း ​ရေစိမ်​သူကိုမင်းမင်းက​ပြောပါတယ်​။ ယခုနှစ်​သင်္ကြန်​အခါမှာအပူရှိန်​ပြင်းထန်​လို့ ​အခြားမြို့က​နေ ပြည်​သင်္ကြန်​ကို​ရေလာကစားသူများ အပူဒဏ်​ခံနိုင်​ရန်​သာစည်​ဆည်​သို့​နေ့လယ်​ခင်းဘက်​တွေမှာ ​သွား​ရောက်​ခိုလှုံကြ​ကြောင်းသိရပါတယ်​ ။  #voiceofmyanmar. #ပြည် #တောင်နဝင်းဆည်

Read More

မန္တလေးသင်္ကြန် ဒီနှစ် ဘာတွေထူးမလဲ

မန္တလေး မတ် ၁၀ – ၂၀၁၉ နေလင်း+သွေးသစ် (VOM) မန္တလေးက စခဲ့တဲ့ လမ်းလျှောက်သင်္ကြန်ဆိုတဲ့ ယဉ်ကျေးမှုဟာ နိုင်ငံနဲ့အဝှမ်း ခေတ်စားခဲ့ပါတယ်။ အဲဒီနောက် တောသင်္ကြန်ဆိုပြီး လုပ်ခဲ့ပါသေးတယ်။ ဒီနှစ်မှာတော့  တိုင်းရင်းသားသွေးချင်းများရဲ့စုပေါင်းသင်္ကြန်ဆိုတာ စီစဉ်နေပါတယ်။  ဒီနှစ် မန္တလေးသင်္ကြန်မှာ ဘယ်လိုတွေစည်ကားအောင်လုပ်မလဲဆိုတာ မန္တလေးစည်ပင်သာယာရေးကော်မတီဝင် စာရေးဆရာ ကျော်ရင်မြင့်ကို ဗီအိုအမ်ဝိုင်းတော်သား ကိုနေလင်းက တွေ့ဆုံမေးမြန်းတင်ဆက်ထားပါတယ်။   ရိုက်ကူး သွေးသစ်   #voiceofmyanmar #သင်္ကြန် #မန္တလေးသင်္ကြန် #လမ်းလျှောက်သင်္ကြန်  

Read More

မန္တလေးမဟာမုနိဘုရားမှာ နိုင်ငံခြားသားတစ်ဦးကို ငွေကျပ်ငါးထောင် ဝင်ကြေးသတ်မှတ်

မတ် ၉ -၂၀၁၉ သွေးသစ်(VOM)   လာမယ့် ဇွန်လ ၁ရက်နေ့ကနေ စတင်ပြီး မန္တလေး မဟာမုနိ ဘုရားကြီးကို လာရောက် ဖူးမျှော်တဲ့ နိုင်ငံခြားသားတွေ ကို ဝင်ကြေးအဖြစ် တစ်ဦးကို ငွေကျပ်ငါးထောင်နူန်း သတ်မှတ်သွားတော့မယ်လို့ မဟာမုနိဘုရားကြီးရဲ့ ဂေါပကအဖွဲ့ဆီက သိရပါတယ်။ အခုလို ဝင်ကြေးသတ်မှတ်ကောက်ခံတဲ့အခါမှာ ဧည့်ခရီးသွားတွေအတွက် ဝန်ဆောင်မှုတွေကိုလည်း ထားရှိပေးသွားမယ်လို့ မဟာမုနိဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောပါတယ်။ “ဆရာတော်တွေရဲ့ လမ်းညွှန်မှုနဲ့အခုလို ကောက်ခံရတာပါ။ “နိုင်ငံတကာမှာလည်း အဲ့လိုကောက်ခံနေတာရှိပါတယ်။အခုလိုကောက်ခံတဲ့အတွက်လည်း သန့်ရှင်းသပ်ရပ်မှုတွေလုပ်ပေးသွားမယ်။အဆင်ပြေပြေဖိနပ်ချွတ်နိုင်ဖို့ဖိနပ်စဉ်လေးတွေကနေ ရေသန့်ဗူးတွေအထိလည်းဝန်ဆောင်မှုပေးသွားမှာပါ။အဲ့ဒီအတွက်လည်း နိုင်ငံခြားသားဝင်ပေါက်တွေကို အနည်းဆုံးနှစ်ပေါက်တော့ထားရှိပေးသွားမယ် “လို့ သူက ပြောပါတယ်။   လက်ရှိအချိန်မှာ မဟာမုနိဘုရားကြီးကို လာရောက်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေအနေနဲ့ ဓာတ်ပုံရိုက်တဲ့အခါမှာပဲငွေကျပ် တစ်ထောင်ပေးဆောင်နေရတာပါ။ ဒါ့အပြင် လာမယ့် မတ်လ ၁၁ရက်နေ့ကနေစတင်ပြီး ရွှေဆိုင်း ဈေးတွေကိုလည်း ငါးချပ်ပါ ရွှေဆိုင်း တစ်ဆိုင်းကို…

Read More

ကနီ တွင်းမ အပန်းဖြေနေရာမှာ ပြည်တွင်းခရီးသွားဝင်ရောက်မှုများလာ

ကနီ၊ ဖေဖော်ဝါရီ ၂၃-၂၀၁၉ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ တွင်းမတွင်းရှိ အများပြည်သူအပန်းဖြေနေရာမှာ ပြည်တွင်းခရီးသွားဝင်ရောက်မှုများလာတယ်လို့  ဒေသခံတွေကပြောပါတယ်။   အဲဒီ တွင်းမတွင်းဟာ ကနီမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝလမ်းဘေး မှာရှိပြီး အရင်က စိမ်းပြာရေညှိ စပီယူလိုင်းနား ထုတ်လုပ်ခဲ့တဲ့တွင်းမတွင်းဖြစ်ပြီး   ၂၀၁၇ခုနှစ်ကစပြီး စိမ်းပြာရေညှိမထွက်ရှိတော့တာကြောင့် ဒေသခံများကလုပ်ထားတဲ့ တွင်းမတွင်းပတ်ပတ်လည် အပန်းဖြေနေရာတွေမှာ ပြည်တွင်းခရီးသွားများဝင်ရောက်အပန်းဖြေမှုများလာတယ်လို့ ဒေသခံ ကိုဇော်မျိုးမောင်က ပြောပါတယ်။     တွင်းဧရိယာမှာ ၆မိုင်ရှိပြီး ရေမိုင် ၂မိုင်ခွဲရှိတဲ့ တွင်းမတွင်း ပတ်ပတ်လည်မှာ တွင်းထဲမှာရှိတဲ့အိမ်ခြေ ၉၀ခန့်ရှိကာ သဘာဝအတိုင်း တွင်းထဲမှာပေါက်နေတဲ့အုန်းပင်များ အုန်းသီးများခူးကာရောင်းချခြင်း၊ ကွမ်းစိုက်ခြင်း၊ တွင်းပိုးပြုလုပ်ရောင်းခြခြင်းများနဲ့ အသက်မွေးဝမ်းကြောင်းပြုလုပ်နေတယ်လို့သိရပါတယ်။   #voiceofmyanmar#တွင်းမ#ကနီ      

Read More

ကောင်းမှုတော်စေတီ အဖြူရောင်ဆေးသင်္ကန်းကပ်လှူခြင်း ၇၅ရာခိုင်နှုန်းပြီးစီး

စစ်ကိုင်း  ဖေဖော်ဝါရီ ၂၁-၂၀၁၉ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းမြို့၊ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီး အဖြူရောင်ဆေးသင်္ကန်းကပ်လှူဖို့ လုပ်နေတာမှာ ၇၅ရာခိုင်နှုန်းပြီးစီးနေပြီလို့ ကောင်းမှုတော်စေတီတော် ဂေါပကအဖွဲ့ကပြောပါတယ်။ စေတီတော်ကြီးရဲ့ အောက်ခြေကနေစပြီး ဆေးဖြူသင်္ကန်းကို စသုတ်နေပြီး၊ စေတီတော် လုံးတော်မှာတော့ ရွှေဆေးတွေ ခွာချတုန်းက ကွာသွားတဲ့နေရာ၊ ချိုင့်ဖြစ်နေတဲ့နေရာတွေကို အင်္ဂတွေဖြည့်တဲ့လုပ်ငန်းတွေ ပြီးစီလုဖြစ်နေပြီလို့ ဆိုပါတယ်။ စေတီတော်လုံးတော်မှာ အင်္ဂတေဖြည့်တဲ့ လုပ်ငန်းတွေ ပြီးတာနဲ့ တပတ်အတွင်း လုံးတော်ပြည့် ဆေးဖြူသင်္ကန်းကပ်တော့မှာဖြစ်တယ်လို့ ကောင်းမှုတော် စေတီတော် ဂေါပကအဖွဲ့က ပြောပါတယ်။ လာမယ့်တပေါင်းလပြည့်နေ့မှာတော့ အဖြူရောင်ဆေးသင်္ကန်းကပ်လှူပြီးသွားတဲ့ ကောင်းမှုတော်စေတီတော်မြတ်ကြီးကို စစ်ကိုင်းမြို့မှ ပင့်သံဃာ အပါး ၁၀၀၀ တို့နဲ့ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာသဘင် ဆင်ယင်ကျင်းပခြင်း၊ သံဃာအပါး ၁၀၀၀ အား ဆွမ်းကြီးလောင်းလှူ ပြီး ကမ္ဘာ့အကြီးဆုံးစည်တော်ကြီး ဖွင့်လှစ်ခြင်း အခမ်းအနားများ ကျင်းပသွားမှာလို့ ဂေါပက ဥက္ကဋ္ဌ ဦးနီတင်က VOM ကို ပြောပါတယ်။     #ကောင်းမှုတော် #ကောင်းမှုတော်စေတီတော် #စစ်ကိုင်း

Read More