မြောက်ယမားဆည် ရေသောက်လယ်ဧက ၄၀၀ခန့် စပါးစိုက်ရန် အခက်တွေ့

မြောက်ယမားဆည် ရေသောက်လယ်ဧက ၄၀၀ခန့် စပါးစိုက်ရန် အခက်တွေ့ မုံရွာ၊ ဇူလိုင် ၈-၂၀၂၀ ခင်မေစန်း(VOM) စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာရှိတဲ့ မြောက်ယမားရေလှောင်တမံ ဆည်ရေသောက် လယ်ဧက ၄၀၀ခန့် ရေပေးမြောင်းပျက်စီးနေတဲ့အတွက် မိုးစပါးစိုက်ဖို့ အခက်အခဲကြုံတွေ့နေရတယ်လို့ ပိတောက်ကုန်းအုပ်စု ချင်ပြစ်ကျေးရွာ လယ်သမားတွေကပြောပါတယ်။ မြောက်ယမားဆည်အနီးမှာရှိပြီး ပိတောက်ကုန်းကွင်း၊ ကြာစီကွင်းက လယ် ဧက ၄၀၀မှာ လက်ဝဲမြောင်းတိုးချဲ့ Dy1 Mr1မှာ တေးနဲ့ ဖော့များပျက်စီးနေတာကြောင့် အရင်နှစ် မိုးစပါး ဆည်ရေမဝ ၊ စပါး အထွက်နည်းခြင်းကို ကြုံတွေ့ခဲ့ရပြီး အခုနှစ် မိုးစပါးစိုက်ချိန်ရောက်တော့မှာဖြစ်တဲ့အတွက် ဆည်ရေအတွက်စိုးရိမ်ပူပန်နေရတယ်လို့ ချင်ပြစ်ကျေးရွာမှ လယ်သမားဦးမင်းနိုင်ဦးကပြောပါတယ်။ “တေးတွေဖော့တွေ ပျက်စီးနေတယ်၊ ဆည်မြောင်းဌာနက မြောင်းသန့်ရှင်းမှု မလုပ်တာကြာပြီ၊ ရေပေးချိန်မှ လာပြင်တာမျိုးက ခဏပဲခံပြီးပြန်ပျက်သွားတယ်၊ စနစ်တကျပြင် ကြိုတင် ပြင်စေချင်တယ်”လို့ ဦးမင်းနိုင်ဦးကပြောပါတယ်။ အရင်နှစ် မိုးစပါးစိုက်အပြီး စက်တင်ဘာ…

Read More

ရွှေတိဂုံဘုရားကို အွန်လိုင်းဘိုကင်စနစ်နဲ့စာရင်းပေးပြီး ဖူးမျှော်ခွင့်ပြုဖို့စီစဉ်

ရွှေတိဂုံဘုရားကို အွန်လိုင်းဘိုကင်စနစ်နဲ့စာရင်းပေးပြီး ဖူးမျှော်ခွင့်ပြုဖို့စီစဉ် ရန်ကုန် ၊ ဇူလိုင် ၈ သိင်္ဂီ (VOM) ရွှေတိဂုံဘုရားကို Online-အွန်လိုင်းကနေ စာရင်းပေးပြီး လာရောက်ဖူးမျှော်ခွင့်ပေးတဲ့စနစ်နဲ့ ပြန်ဖွင့်နိုင်ဖို့စီစဉ်နေပြီး ဘုရားကိုပြန်ဖွင်နိုင်ဖို့အတွက် အဆင်ပြေမယ့်နည်းလမ်းကို စဉ်းစားကာ စမ်းသပ်မှုတွေလုပ်နေတာဖြစ်တယ်လို့ ရွှေတိဂုံဘုရားဂေါပကအဖွဲ့ကပြောပါတယ်။ “စက်တွေကတော့ ရောက်နေပြီ။ စမယ်ဆိုရင် စက်တွေက ခုတပတ်ထဲမှာ လာပြီးတပ်ဆင်ပေးမယ် ပြောတယ်။ စက်တပ်ပြီး အရင်ဆုံး အဆင်မပြေ ကြည့်ရမှာပေါ့။ အဆင်ပြေတယ်ဆိုရင် ဆွေးနွေး ညှိနိူင်းတာတွေလုပ်ရမှာပါ ။ “လို့ဂေါပကအဖွဲ့ဝင်ဖြစ်သူ ဒေါက်တာရဲအောင်ကပြောပါတယ်။ လက်ရှိမှာတော့ ရွှေတိဂုံဘုရားကိုဖူးမျှော်ခွင့်နဲ့ ပြန်လည်ဖွင့်လှစ်မယ့် ရက်အတိကျကို မသိရသေးသေးပေမယ့် ဖွင့်လှစ်ချိန်မှာတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်မယ့်ကိစ္စတွေကိုတော့ အဆင်သင့်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ ” ဒီကနေ့ ဖြစ်ပေါ်နေတဲ့ရောဂါအခြေအနေအရ လူပေါင်း ၁၀၀ ကနေ ၁၀၀၀ ဖြစ်သွားနိုင်တော့ ရောဂါဖြန့်ဝေရေးဌာန အဖြစ်မခံနိုင်ဘူး၊ ဘုရားပြန်လည်ဖွင့်လှစ်ချိန်မှာ ဘုရားဖူးဧည့်သည်တွေကနေ ကိုဗစ် ၁၉ရောဂါ…

Read More

တရုတ်မှာ ဘတ်စ်ကားတစ်စီး ရေလှောင်တမံထဲထိုးကျ၊ လူ(၂၁)ဦးထက်မနည်းသေဆုံး

တရုတ်မှာ ဘတ်စ်ကားတစ်စီး ရေလှောင်တမံထဲထိုးကျ၊ လူ(၂၁)ဦးထက်မနည်းသေဆုံး ပေကျင်း၊ ဇူလိုင်-၈-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာ ရေလှောင်တမံတစ်ခုအတွင်းကို ဘတ်စ်ကားတစ်စီးထိုးကျသွားတာကြောင့် လူ၂၁ဦးထက်မနည်းသေဆုံးပြီး အခြားလူ၁၅ဦးလည်း ထိခိုက်ဒဏ်ရာတွေရရှိသွားပါတယ်။ အဲ့ဒီဘတ်စ်ကားဟာ ကွမ်ကျိုးပြည်နယ် အင်ရှန်မှာ ဇူလိုင်၇ရက်နေ့က တံတားတစ်စင်းပေါ် ဖြတ်သွားစဉ်မှာ လမ်းဘေးမှာရှိတဲ့ အတားအဆီးတစ်ခုနဲ့ ဝင်တိုက်မိပြီး ရေထဲကို ထိုးကျသွားတာဖြစ်ပါတယ်။ ဘတ်စ်ကားပေါ်လိုက်ပါလာသူတွေထဲမှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုဖို့ စီစဉ်ထားတဲ့ ကျောင်းသားတွေလည်းပါဝင်တယ်လို့ တရုတ်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။ လက်တလောမှာတော့ ဘတ်စ်ကားတိမ်းမှောက်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ဘတ်စ်ကားယာဉ်မောင်းတဲ့သူလည်းပါဝင်ပြီး ယာဉ်မောင်းဟာ ၁၉၉၇ခုနှစ်ကတည်းက အဲ့ဒီဘတ်စ်ကားလမ်းကြောင်းမှာ မောင်းနှင်နေသူဖြစ်တယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။ ဘတ်စ်ကားတိမ်းမှောက်ချိန်မှာ ကားပေါ်မှာ လူဘယ်လောက်ပါတယ်ဆိုတာနဲ့ ကျောင်းသားဦးရေ ဘယ်လောက်ပါတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ Ref : BBC Photo:Getty Images #voiceofmyanmar #VOM #ပေကျင်း…

Read More

လက်နက်ကိုင်ထိန်းချုပ်နယ်မြေထဲက ရွှေတူးဖော်မှုလုပ်ငန်းဟာ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဆွေးနွေးရမယ်

လက်နက်ကိုင်ထိန်းချုပ်နယ်မြေထဲက ရွှေတူးဖော်မှုလုပ်ငန်းဟာ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဆွေးနွေးရမယ် ရန်ကုန် ၊ ဇူလိုင် ၈-၂၀၂၀ သိင်္ဂီ (VOM) ဘီးလင်းမြစ်အထက်ပိုင်းက ရွှေတူးဖော်မှုလုပ်ငန်းတွေဟာ လက်နက်ကိုင်ထိန်းချုပ်နယ်မြေ ထဲမှာဖြစ်နေတာကြောင့် ငြိမ်းချမ်းရေးစကားဝိုင်းမှာသာ ဆွေးနွေးထိန်းသိမ်းရမယ့်အရာ ဖြစ်နေတယ်လို့ မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်သီရိရတနာက ပြောဆိုလိုက်ပါတယ်။ ဘီးလင်းမြစ်ထဲက ရွှေတူးဖော်မှူကို အစိုးရကနေ တရားဝင်ခွင့်ပြုပေးထားတာမရှိကြောင်း ၊ ဒါပေမယ့်လည်း တူးဖော်မှုကတော့ အရင်ကတည်းကရှိခဲ့ပြီး အခုချိန်ထိ ပပျောက်မှုမရှိသေးပါဘူး။ လက်ရှိမှာလည်း ရွှေတူးဖော်မှူက စွန့်ပစ်မြေစာတွေနဲ့ ဘီးလင်းမြစ်ထဲမှာ ရေလှောင်ကန်တွေပြုလုပ်ထားပါတယ်။ ဒါကြောင့် ဘီးလင်းမြစ်ထဲက ရွှေတူးဖော်မှူနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးတာဝန်ရှိသူတွေ၊ငြိမ်းချမ်းရေးစကားဝိုင်းဖော်ဆောင်သူတွေနဲ့သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုက်သူတွေကို အလျက်အလက်တွေတင်ပြဖို့ လုပ်နေပါတယ်။ “လက်နက်ကိုင်ထိန်းချုပ်နယ်မြေ ၊ မြစ်အထက်ပိုင်းက ရွှေတူးတဲ့လုပ်ငန်းတွေက စွန့်ပစ်မြေစာတွေကို မြစ်ထဲစွန့်ပစ်တာ အများကြီးပါနေတယ်။ ဒါတွေဟာ အရင်ထဲကရှိပြီးသား။ ဒါပေမယ့် လွန်ခဲ့တဲ့ ၃ ရက်လောက်က ကျမကိုသတင်းပေးတဲ့ပုံတွေရရှိတယ်၊ ဘီးလစ်မြစ်ကို မြေစာပုံတွေပုံပြီး…

Read More

အမြန်လမ်းမှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပြီး လူ(၁)ဦးသေဆုံး၊ (၂၃)ဦး ဒဏ်ရာရ

အမြန်လမ်းမှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပြီး လူ(၁)ဦးသေဆုံး၊ (၂၃)ဦး ဒဏ်ရာရ ပျော်ဘွယ်၊ ဇူလိုင် ၈-၂၀၂၀ ကောင်းလက်ျာ(VOM) ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင် ၂၇၁/၅ အနီးမှာ မနေ့ဇူလိုင် ၇ ရက်‌နေ့လယ်ပိုင်းက တရုတ်နိုင်ငံထုတ် ပစ်ကပ်ယာဉ်တစ်စင်း တိမ်းမှောက်ရာကနေ လူ(၁)ဦးသေဆုံးပြီး (၂၃)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ “ကားက ဖြူးဒေသခံတွေတင်ဆောင်ပြီး မန္တလေးဘက်အလာမှာ ယာဘီးပေါက်ပြီး တိမ်းမှောက်တာပါ။ ဒဏ်ရာရသူတွေထဲမှာ နှစ်ဦးဒဏ်ရာပြင်းထန်ပြီး မိတ္ထီလာဆေးရုံကို ပို့ဆောင်ကုသပေးထားတယ်”လို့ ပေပင်လေးအမြန်လမ်းရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောပါတယ်။ ယာဉ်မောင်းဆန်မဂျေး ၂၉ နှစ်၊ ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာနေသူ မောင်းနှင်လာခဲ့တဲ့ CHANA PICKUP အမျိုးအစားမော်တော်ယာဉ်သည် ယာဉ်မောင်း အပါ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၂ဦးတင်‌ဆောင်ပြီး ရန်ကုန်-မန္တလေးအမြန်လမ်းအတိုင်း နေပြည်တော်ဘက်ကနေ မန္တလေးဘက်ကို မောင်းနှင်လာစဉ် မိုင်တိုင်၂၇၁/၅ နားအရောက်မှာ ယာဘက် နောက်ဘီးပေါက်ကာ အရှိန်…

Read More

အလုပ်သမားနဲ့လယ်သမားအဖွဲ့(၁၁)ဖွဲ့က အလုပ်သမားကိုယ်စားလှယ်လောင်းဝင်ပြိုင်မယ်

အလုပ်သမားနဲ့လယ်သမားအဖွဲ့(၁၁)ဖွဲ့က အလုပ်သမားကိုယ်စားလှယ်လောင်းဝင်ပြိုင်မယ် ရန်ကုန် ၊ ဇူလိုင် ၇-၂၀၂၀ သိင်္ဂီ (VOM) အလုပ်သမားနဲ့ လယ်သမားအဖွဲ့တွေက လာမယ့်ရွေးကောက်ပွဲမှာ အလုပ် သမားနဲ့ လယ်သမားထုကို ကိုယ်စားပြုမယ့် အလုပ်သမားကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ လက်တလောမှာ အလုပ်သမားနဲ့ လယ်သမားတွေကို ကိုယ်စားပြုပြီးဝင်ရောက်ယှဉ်ပြိုင်ဖို့ အဆိုပြုထားတဲ့ အလုပ်သမားနဲ့ လယ်သမားအဖွဲ့(၁၁)ဖွဲ့ရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။ “တကယ့်ကို အလုပ်သမားအရေး၊ လယ်သမားအရေး ထိထိရောက်ရောက် ပြောဆိုဆောင်ရွက်မယ့် ကိုယ်စားလှယ်လောင်းတွေအတွက် ကျွန်မတို့က ကန့်သတ်မထားပါဘူး။ ရွေးကောက်ပွဲကော်မရှင်ကို တင်းသွင်းရမယ့် ရက်မတိုင်ခင်ကို ကျွန်မတို့တင်သွားမှာပါ”လို့ အလုပ်သမားအချင်းချင်းရိုင်းပင်း ကူညီပေးရေးအဖွဲ့ဝင် ဒေါ်ခခ က ပြောပါတယ်။ ဒီကနေ့ ပြည်သူရွေးကောက်တင်မြောက်ထားတဲ့ အာဏာရပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အလုပ်သမားတွေဘက်က ရပ်တည်ပေးတာမရှိသလို အလုပ်သမားတွေ ရဲ့အခွင့်အရေး အကျိုးစီးပွားတွေကို စိတ်မဝင်စားတဲ့ အခြေအနေဖြစ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ယက်မှ အကြံပေးတရားလွှတ်တော်ရှေ့နေ ဦးဌေးကပြောပါတယ်။ ” အလုပ်သမားအခွင့်အရေး…

Read More

အလုပ်သမားတွေကို လုပ်ခလစာမပေးဘဲ စက်ရုံပိုင်ရှင် တရုတ်လူမျိုးထွက်ပြေး

အလုပ်သမားတွေကို လုပ်ခလစာမပေးဘဲ စက်ရုံပိုင်ရှင် တရုတ်လူမျိုးထွက်ပြေး ရန်ကုန်၊ ဇူလိုင် ၇-၂၀၂၀ သိင်္ဂီ(VOM) ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန်ထဲက ABLE GLAD Myanmar အထည်ချုပ် စက်ရုံပိုင်ရှင်တရုတ်နိုင်ငံသားဟာ အလုပ်သမားတွေကို လုပ်ခလစာမပေးဘဲ ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပြေးသွားခဲ့မှုဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် အလုပ်သမားတွေအတွက် လုပ်ခလစာကို စက်ရုံမှာကျန်ခဲ့တဲ့ Buyer တွေရဲ့ အထည်အော်ဒါတွေကို ငွေပေးချေခိုင်းပြီး ဒီကနေ့ ဇူလိုင် ၆ ရက်မှာ လစာခွဲဝေပေးနေရတယ်လို့ သိရပါတယ်။ ” ဇူလိုင် ၃ ရက်နေ့ရုံးတက်တော့ ပိုင်ရှင်တရုတ်ကို မတွေ့ရဘူး ။ ညနေ့ထိ မလာဘူး။ ဒါနဲ့ သူနေတဲ့ဆီလိုက်သွားကြတော့ အိမ်မှာလည်းမရှိတော့ဘူး။ ပတ်ဝန်းကျင်ကသိရတာက ညထဲက ကား ၂ စီးနဲ့ ပစ္စည်းတွေယူပြီးသွားတယ် သိရတယ်။ ဒါနဲ့ အလုပ်သမားဌာနကို အကြောင်းကြားတယ်။ ဝန်ကြီးလည်းပါတယ်။ အလုပ်သမားတွေကလည်း လစာမရတော့ ဆူချင်ကြတဲ့သဘောပေါ့။ ဒါနဲ့…

Read More

ကျောက်တော်မှာ ဖမ်းဆီးခံခဲ့ရတဲ့ အပေါက်ဝဒေသခံ (၅) ဦးအနက် (၂) ဦးကိုပြန်လွှတ်

ကျောက်တော်မှာ ဖမ်းဆီးခံခဲ့ရတဲ့ အပေါက်ဝဒေသခံ (၅) ဦးအနက် (၂) ဦးကိုပြန်လွှတ် မြောက်ဦး၊ ဇူလိုင် ၇- ၂၀၂၀ ထက်အောင်စိုင်း (VOM) ကျောက်တော်မြို့နယ်၊ အပေါက်ဝတိုက်နယ်က ဒေသခံ (၅)ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်ကို မိသားစုနာရေးတစ်ခုသွားစဉ် လမ်းခုလတ်မှာ တပ်မတော်စစ်ဆေးရေးဂိတ်က ဖမ်းဆီးတာခံခဲ့ရကြောင်း လွှတ်မြောက်လာသူနဲ့ မိသားစုဝင်တွေက VOMကို ပြောထားတာ ဖြစ်ပါတယ်။ အဲ့ဒီဖမ်းဆီးခံရသူတွေ (၅) ဦးထဲက ကားမောင်သူနဲ့ အခြားနှစ်ယောက်ကို ဆက်လက်ဖမ်းဆီးထားပြီး ပြန်လွှတ်လာသူ(၂)ဦးကိုတော့ အပေါက်ဝရဲစခန်းကနေတဆင့် ပြန်လွှတ်ပေးခဲ့ကြောင်း ပြန်လွှတ်လာသူတစ်ဦးကပြောပါတယ်။ ပြန်လွှတ်လာသူတွေမှာ အပေါက်ဝတိုက်နယ်က ဦးအောင်နိုင်စိုး အသက် (၃၈) နှစ်နဲ့ ဦးမြင့်ဇော် အသက် (၃၄) နှစ်အရွယ်တို့ဖြစ်ပြီး သူတို့နှစ်ယောက်ကို ဇူလိုင်လ (၅) ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ကာ ဦးအောင်နိုင်စိုးမှာ ရိုက်နှက်စစ်ဆေးခံရတဲ့ အတွင်းဒဏ်ရာတွေကြောင့် ဆေးကုသမှုခံယူနေရတယ်လို့…

Read More

စစ်ဆေးရေးဂိတ် ဆောက်လုပ်ရာမှ ရဲတပ်ဖွဲ့နဲ့ ဒေသခံများအကြား ပဋိပက္ခဖြစ်ပွားရာ ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ဖြိုခွင်း

စစ်ဆေးရေးဂိတ် ဆောက်လုပ်ရာမှ ရဲတပ်ဖွဲ့နဲ့ ဒေသခံများအကြား ပဋိပက္ခဖြစ်ပွားရာ ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ဖြိုခွင်း မုံရွာ၊ ဇူလိုင် ၇-၂၀၂၀ ရန်နိုင်စိုး(VOM) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မြကုန်းကျေးရွာမှာ သက်ဆိုင်ရာကနေ စစ်ဆေးရေးဂိတ် လာရောက်ဆောက်လုပ်မှုကြောင့် ဒီကနေ့မနက်ပိုင်းက ကျေးရွာဒေသခံတွေနဲ့ ရဲတပ်ဖွဲ့အကြား ပဋိပက္ခဖြစ်ပွားပြီး ရဲတပ်ဖွဲ့က ရာဘာကျည်တွေနဲ့ဖြိုခွင်းတဲ့အတွက် ဒေသခံတွေ ဒဏ်ရာရရှိခဲ့ပါတယ်။ သက်ဆိုင်ရာက စစ်ဆေးရေးဂိတ်ကို ကျေးရွာပိုင်စိုက်ခင်းအနီးမှာ ပြုလုပ်ဖို့ဆောင်ရွက်ရာမှာ ဒေသခံတွေက လက်မခံတဲ့အတွက် အခုလို ပဋိပက္ခဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ ” ဂိတ်ဆောက်တာကတော့ လမ်းဘေးပဲ ။ အခုက ရွာပိုင်စိုက်ခင်းကို ဖျက်လုပ်မယ့် အနေထားကြောင့် ရွာကလက်မခံဘူး။ ရွာက ထွက်တားတော့ ဒေသခံတွေကို ဖမ်းတယ်။ ရွာဘက်ကလဲ ပြန်ဆွဲရင်း ရုန်းရင်ဆန်ခတ်ဖြစ်ကြတာ။ အဲ့ဒီတော့ ရွာဘက်ကို သေနတ်နဲ့ပစ်တယ်။ ၇ ချက် မှန်သူရှိတယ် ၊ ၅ ချက်မှန်သူရှိတယ် ၊ ၂…

Read More

ပထမဦးဆုံးအကြိမ် ပါမောက္ခချုပ်တက်ရောက်တဲ့ ရတနာပုံတက္ကသိုလ်က 7Julyအခမ်းအနား

ပထမဦးဆုံးအကြိမ် ပါမောက္ခချုပ်တက်ရောက်တဲ့ ရတနာပုံတက္ကသိုလ်က 7Julyအခမ်းအနား မန္တလေး၊ ဇူလိုင် ၇-၂၀၂၀ ဟိန်းကို(VOM) မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရတနာပုံတက္ကသိုလ်ကျောင်း၀င်းအတွင်းမှာ ဒီကနေ့မနက်ကပြုလုပ်တဲ့ (၅၈)နှစ်မြောက် 7JULY အောက်မေ့ဖွယ်အခမ်းအနားကို ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်အောင်မင်းကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ ” ကျွန်တော်တို့ 7JULYပွဲမျိုး ‌ပါမောက္ခချုပ်တက်တာ ပထမဆုံးပဲ၊ ခုလက်ရှိ ဒီပါမောက္ခချုပ်အသစ် ဒေါက်တာအောင်အောင်မင်းအနေနဲ့က ကျွန်တော်တို့နဲ့က ညှိလို့နှိုင်းလို့အဆင်ပြေတဲ့အခါကြတော့ ကျွန်တော်‌တို့ကျောင်းသားတွေရဲ့လိုအပ်ချက်ကို တက်နိုင်တဲ့ဖက်က ဖြည့်ပေးနေပါတယ် အခုလက်ရှိထိတော့၊ အခုလိုမျိုးညှိနှိုင်းပြီး ဆက်သွားမယ်ဆိုတဲ့အခါကျတော့ တောင်းဆိုတဲ့တောင်းဆိုချက်တွေ ကျောင်းသားထုအခွင့်အရေးတွေဟာ ဒီထက်ပိုပြီးရလာမယ်လို့လည်း မျှော်လင့်ပါတယ်၊ အရင်တုန်းက ပါမောက္ခတွေမှာ ဘာမှထောက်ပံ့မှုမရှိခဲ့ပါဘူး”လို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ဒု-ဥက္ကဌ ကိုဘုန်းမြင့်ကျော်ကပြောပါတယ်။ ရတနာပုံတက္ကသိုလ်ထဲမှာတော့ ရတကသ နဲ့ ဗကသဆိုကာ ကျောင်းသား(၂)ဖွဲ့ရှိတဲ့အတွက် ဗကသတွေအနေနဲ့က ကဗျာရွတ်ပွဲနဲ့ အောင်မေ့ဖွယ် အခမ်းအနားလေးလုပ်တာဖြစ်ပြီး ရတနာပုံတက္ကသိုလ်ကျောင်းသား/သူတွေလုပ်တဲ့ပွဲဖြစ်တဲ့အတွက် ကူညီထားမှုလည်းရှိတယ်လို့ ရတနာပုံတက္ကသိုလ် တာ၀န်ခံပါမောက္ခချုပ် ဒေါက်တာအောင်အောင်မင်းကပြောပြပါတယ်။ “ကျောင်းဘက်ကလည်း အခမ်းအနားပြင်တွေ…

Read More