ထူးဆန်းတဲ့ အဆုတ်ရောင်ရောဂါကြောင့် တရုတ်မှာ သေဆုံးသူနှစ်ဦးရှိလာ၊ ထိုင်းနှင့်ဂျပန်နိုင်ငံတို့မှာလည်း ကူးစက်ခံရသူတွေ့ရှိ

ပေကျင်း၊ ဇန်နဝါရီ-၁၇-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ထူးဆန်းတဲ့အဆုတ်ရောင်ရောဂါကြောင့် ဒုတိယမြောက် လူနာတစ်ဦးထပ်မံ သေဆုံးသွားတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ကြေညာလိုက်ပါတယ်။ ဒီရောဂါဟာ တရုတ်နိုင်ငံအရှေ့ပိုင်း ဝူဟန်မြို့မှာ ဒီဇင်ဘာလအတွင်း စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒုတိယမြောက်လူနာသေဆုံးမှုကို မှတ်တမ်းတင်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအတောအတွင်း ထူးဆန်းတဲ့အဆုတ်ရောင်ရောဂါ ကူးစက်ခံရသူကို ထိုင်းနိုင်ငံမှာတွေ့ရှိခဲ့ပြီးနောက် ဂျပန်နိုင်ငံမှာလည်း ကူးစက်ခံရသူကိုတွေ့ရှိတယ်လို့ ပထမဆုံးအကြိမ် အတည်ပြုခဲ့ကာ တရုတ်နိုင်ငံပြင်ပမှာ ရောဂါတွေ့ရှိတဲ့ ဒုတိယမြောက်နိုင်ငံဖြစ်ပါတယ်။ ထူးဆန်းတဲ့ အဆုတ်ရောင်ရောဂါဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်လို့ အတည်ပြုနိုင်ခဲ့ပြီး ဒီဗိုင်းရပ်စ်ဟာ သာမန် အအေးမိတုပ်ကွေးရောဂါကနေ သေစေနိုင်လောက်တဲ့ ဆားစ်ရောဂါအထိ ဖြစ်ပွားစေတတ်ပါတယ်။ ဗိုင်းရပ်စ်သစ်ဟာ လူဒါဇင်များစွာကို ကူးစက်ခဲ့ပြီး အများစုကတော့ တရုတ်နိုင်ငံ ဝူဟန်မြို့က ငါးဈေးကြီးတစ်ခုနဲ့ ကူးစက်မှုကဆက်စပ်နေကာ ဒီဈေးကြီးကို ဇန်နဝါရီ ၁ ရက်မှာ ပိတ်ပစ်ခဲ့ပါတယ်။ Ref : BBC Photo: AFP…

Read More

တရုတ်နိုင်ငံရဲ့ ကလေးမွေးဖွားမှုနှုန်း နှစ် ၇၀ အတွင်းအနိမ့်ဆုံးကျဆင်း

ပေကျင်း၊ ဇန်နဝါရီ-၁၇-၂၀၂၀ မျိုးဆက်(VOM) တရုတ်နိုင်ငံမှာ တစ်အိမ်ထောင်ကလေးတစ်ဦး မူဝါဒကို ဖြေလျှော့လိုက်ပေမယ့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်တည်ထောင်ခဲ့သည့် လွန်ခဲ့တဲ့ နှစ် ၇၀ နောက်ပိုင်း ကလေးမွေးဖွားမှုနှုန်းမှာ အနိမ့်ဆုံးသို့ ကျဆင်းနေပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ကလေးမွေးဖွားမှုနှုန်းမှာ လူတစ်ထောင်လျှင် ၁၀ ဒသမ ၄၈ ရာခိုင်နှုန်းသာ ကလေးယူကြပြီး ၁၉၄၉ ခုနှစ်နောက်ပိုင်း အနည်းဆုံးဖြစ်ကြောင်း အမျိုးသားစာရင်းအင်းဗျူရိုရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံရဲ့ကလေးမွေးဖွားမှုနှုန်းမှာ နှစ်ပေါင်းများစွာကျဆင်းနေခဲ့တာဖြစ်ပြီး ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ ကလေးမွေးဖွားနှုန်းကျဆင်းနေသော်လည်း လူသေဆုံးမှုနှုန်းနှိမ့်ပါးခြင်းကြောင့် နိုင်ငံ၏လူဦးရေမှာ ၁ ဒသမ ၃၉ ဘီလီယံမှ ၁ ဒသမ ၄ ဘီလီယံအထိ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ လူဦးရေးတိုးတက်မှုနှုန်းနှေးကွေးစေဖို့အတွက် တစ်အိမ်ထောင်ကလေးတစ်ဦးမူဝါဒကို ၁၉၇၉ ခုနှစ်မှာ အစိုးရကစတင်ခဲ့ပြီး ဒီကန့်သတ်ချက်ကို ချိုးဖောက်တဲ့မိသားစုတွေကို ဒါဏ်ရိုက်တာ၊ အလုပ်လက်မဲ့ဖြစ်စေတာ၊ တစ်ခါတစ်ရံ အတင်းအကြပ် ကိုယ်ဝန်ဖျက်ချတာမျိုးတွေ…

Read More

အာဖရိကတောင်ပိုင်းရှိ လူဦးရေ ၄၅ သန်း အငတ်ဘေးဆိုက်နေ

ဂျိုဟန်နက်စဘတ်၊ ဇန်နဝါရီ-၁၇-၂၀၂၀ မျိုးဆက် (VOM) မိုးခေါင်ခြင်း၊ ရေကြီးခြင်းနဲ့ စီးပွားရေးအခက်အခဲတွေကြောင့် အာဖရိကတောင်ပိုင်းရှိ လူဦးရေ ၄၅ သန်းမှာ စားနပ်ရိက္ခာအကူအညီများ မကြုံစဖူးအရေးပေါ်လိုအပ်နေပြီး အငတ်ဘေးဆိုက်နေရတယ်လို့ ကုလသမဂ္ဂက ဇန်နဝါရီ ၁၆ ရက်မှာပြောပါတယ်။ အဲဒီငတ်မွတ်ခေါင်းပါးမှုပြသနာဟာ ယခင်ကမတွေ့ဖူးသေးဆဲ့ အတိုင်းအတာမျိုးဖြစ်နေပြီး လက်ရှိအခြေအနေတွေအရ ပိုမိုဆိုးရွားလာလိမ့်မယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ်ရဲ့ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး လိုလာကတ်စထရိုက ထုတ်ပြန်ချက်မှာ ပြောပါတယ်။ ဒီပြသနာကိုဖြေရှင်းဖို့အတွက် လိုအပ်ငွေ ဒေါ်လာ ၄၈၉ သန်းအနက် ဒေါ်လာ ၂၀၅ သန်းသာရရှိထားသေးတယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ်က သတိပေးပြောဆိုပါတယ်။ မိမိတို့မှာ လိုအပ်နေတဲ့ ရန်ပုံငွေမရရှိပါက ရွေးချယ်စရာမရှိကြောင်း၊ ဒါပေမယ့် အလိုအပ်ဆုံးသူတွေကိုတော့ ထောက်ပံ့ပြီး အခက်အခဲတွေလျော့ပါးသက်သာစေဖို့ လုပ်ဆောင်သွားမယ်လို့ ကတ်စထရိုကပြောပါတယ်။ ဒေသတွင်းရှိမိသားစုတွေဟာ အစားအစာလျှော့စားရတာတွ ပုံမှန်မစားသောက်ရတာတွေအပြင် ကလေးငယ်တွေကို ကျောင်းထုတ်ခြင်း၊ တန်ဖိုးကြီးပစ္စည်းတွေကို ရောင်းချခြင်း၊ စိုက်ပျိုးရေးဆုံးရှုံးမှုတွေကို တားဆီးဖို့် ကြွေးမြီတင်တာတွေဖြစ်ပေါ်နေပြီး အမျိုးသမီးနဲ့…

Read More

အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ပထမအဆင့်သဘောတူညီချက် လက်မှတ်ထိုး

Unicode အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ပထမအဆင့်သဘောတူညီချက် လက်မှတ်ထိုး ဝါရှင်တန်၊ ဇန်နဝါရီ-၁၆-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်နဲ့တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးစစ်ပွဲနဲ့ပတ်သက်ပြီး ပထမအဆင့်သဘောတူညီချက်ကို ဝါရှင်တန်မှာ ဒေါ်နယ်ထရန့်နဲ့ တရုတ်ဒုတိယဝန်ကြီးချုပ် လျှူဟီတို့ နှစ်ဘက်လက်မှတ်ရေးထိုးလိုက်ပါတယ်။ သဘောတူညီချက်အရ အမေရိကန်ရဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေနဲ့ အခြားပစ္စည်းတွေကို ယခုနှစ်နဲ့ လာမယ့်နှစ်မှာ ဒေါ်လာ ၂၀၀ ဘီလီယံအထိတိုးမြင့်ဝယ်ယူရမှာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ ဉာဏဆိုင်ရာ မူပိုင်ခွင့်ပြသနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ငွေကြေးလဲလှယ်မှုနှုန်းကို အသုံးချတာတွေမလုပ်ဖို့ ပါဝင်လာပါတယ်။ အမေရိကန်အနေနဲ့လည်း ပြီးခဲ့တဲ့နှစ်စက်တင်ဘာမှာ ဒေါ်လာ ၁၂၀ တန်ဖိုးရှိတရုတ်သွင်းကုန်တွေအပေါ် ထပ်ဆောင်းအခွန်ကောက်ခံတာကို တစ်ဝက်လျှော့ချပေးရမှာဖြစ်ပါတယ်။ ဒီသဘောတူညီချက်ဟာ တရုတ်နိုင်ငံနဲ့ ဘယ်တုန်းကမှမလုပ်ခဲ့ဖူးတဲ့ ကြီးမားတဲ့ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ဒေါ်နယ်ထရန့်ကပြောပါတယ်။ ဒါဟာ အမေရိကန်အလုပ်သမားတွေနဲ့ လယ်သမားတွေအတွက် စီးပွားရေးတရားမျှတမှု ရရှိစေမယ့်နည်းလမ်းဖြစ်တယ်လို့ သူကဆိုပါတယ်။ နှစ်နိုင်ငံအကြား ကွဲပြားခြားနာမှုများကို ကျယ်ပြန့်တဲ့ရှုထောင့်ကနေ ဖြေရှင်းသင့်ပြီး ပထမအဆင့်သဘောတူညီချက်ဟာ တရုတ်၊ အမေရိကန်နဲ့ ကမ္ဘာကြီးကောင်းကျိုးအတွက်ဖြစ်ကြောင်း…

Read More

ရုရှားအစိုးရတစ်ဖွဲ့လုံး ရာထူးမှနှုတ်ထွက်

ရုရှားအစိုးရတစ်ဖွဲ့လုံး ရာထူးမှနှုတ်ထွက် မော်စကို၊ ဇန်နဝါရီ-၁၆-၂၀၂၀ မျိုးဆက် (VOM) ရုရှားနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီး သမ္မတပူတင်က အဆိုပြုပြီးနောက် ရုရှားအစိုးရအဖွဲ့ရဲ့နှုတ်ထွက်မှုကို ဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒဗ်က ဇန်နဝါရီ ၁၅ ရက်မှာကြေညာလိုက်ပါတယ်။ ပူတင်ရဲ့အဆိုပြုချက်တွေဟာ ၂၀၂၄ ခုနှစ်မှာသူ့ရဲ့သမ္မတသက်တမ်းကုန်ဆုံးသွားပြီးနောက် နိုင်ငံရဲ့အာဏာကို ထပ်မံရယူလိုတဲ့သဘောဖြစ်တယ်လို့ လေ့လာသူတွေကဆိုပါတယ်။ ပူတင်ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ဖို့နဲ့ ဝန်ကြီးချုပ်နဲ့ အခြားအစိုးရအဖွဲ့ဝန်ကြီးတွေခန့်အပ်ရာမှာ အောက်လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်ကို ပိုမိုတိုးမြှင့်ပေးဖို့တွေ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အဆိုပြုချက်တွေမှာ သမ္မတပူတင်ဥက္ကဌအဖြစ်ဆောင်ရွက်နေတဲ့ အကြံပေးအဖွဲ့ဖြစ်တဲ့ နိုင်ငံတော်ကောင်စီရဲ့ အခန်းကဏ္ဍတွေကိုလည်း မြှင့်တင်ဖို့ပါဝင်နေပါတယ်။ ဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒဗ်ကိုတော့သူ့ရဲ့ လုပ်ငန်းတာဝန်ကျေပွန်မှုတွေအတွက် သမ္မတပူတင်က ချီးကျူးစကားဆိုခဲ့ပြီး သူ့ရဲ့နေရာမှာတော့ အကောက်ခွန်ဌာနအကြီးအကဲ ကို ဝန်ကြီးချုပ်အဖြစ် ပူတင်က ခန့်အပ်ခဲ့ပါတယ်။ Ref : NHK Photo: Getty Images #voiceofmyanmar #VOM ရုရှားအစိုးရတစ်ဖွဲ့လုံး ရာထူးမှနှုတ်ထွက် မော်စကို၊…

Read More

နျူကလီယားစာချုပ်ကို အီရန်ချိုးဖောက်နေတယ်လို့ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့ တရားဝင်စွပ်စွဲ

လန်ဒန်၊ ဇန်နဝါရီ-၁၅-၂၀၂၀ မျိုးဆက် (VOM) အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်ဖို့ပြုလုပ်ထားတဲ့ ၂၀၁၅ နျူကလီးယားသဘောတူစာချုပ်ပါ စည်းကမ်းချက်တွေကို အီရန်ကချိုးဖောက်နေတယ်လို့ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့က တရားဝင်စွပ်စွဲလိုက်ပြီး ဒီသဘောတူညီချက်အောက်မှာ ရုပ်သိမ်းခဲ့တဲ့ ကုလသမဂ္ဂရဲ့အရေးယူပိတ်ဆို့မှုတွေကို နောက်ဆုံးမှာ ပြန်လည်ချမှတ်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ ထိပ်တိုက်ရင်ဆိုင်တင်းမာမှုတွေကို ပိုမိုဆိုးရွားလာစေမယ့် နျူကလီးယားပြန့်ပွားမှု ထပ်မံဖြစ်ပေါ်လာမယ့်ပြသနာကို ကျော်လွှားဖို့ လုပ်ဆောင်နေတယ်လို့ ဥရောပအင်အားကြီး သုံးနိုင်ငံကပြောပါတယ်။ အီရန်အနေနဲ့စာချုပ်ကို ချိုးဖောက်စရာအကြောင်းမရှိကြောင်း ၊ စာချုပ်ချိုးဖောက်ခြင်းဟာ မဟာဗျူဟာအမှားအဖြစ် အီရန်ကပယ်ချထားတယ်လို့ နျူကလီးယား စာချုပ်ကိုလက်မှတ်ရေးထိုးရာမှာ ပါဝင်တဲ့ ရုရှားနိုင်ငံကပြောပါတယ်။ အီရန်နဲ့အတူ နျူကလီးယားသဘောတူစာချုပ်ကို အောင်မြင်ဖို့လိုလားကြောင်း၊ ဒါ့အပြင် ၂၀၁၈ ခုနှစ်မှာ စာချုပ်ကနေနှုတ်ထွက်ပြီး အီရန်အပေါ်အရေးယူပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်ခဲ့တဲ့ အမေရိကန်အစိုးရရဲ့ အမြင့်ဆုံးဖိအားပေးတဲ့မူဝါဒမှာ ပူးပေါင်းပါဝင်မှာမဟုတ်ဘူးလို့ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့ကပြောပါတယ်။ နျူကလီးယားသဘောတူစာချုပ်ပါ စည်းကမ်းချက်တွေကို အီရန်ကချိုးဖောက်နေတယ်လို့ တရားဝင်စွပ်စွဲမှုဟာ သဘောတူညီချက်နဲ့ပတ်သက်ပြီး…

Read More

ကက်ရှမီးယားဒေသမှာ ရာသီဥတုဆိုးရွားမှုကြောင့် လူ ၆၂ ဦးသေဆုံး

အစ္စလာမ္မာဘတ်၊ ဇန်နဝါရီ-၁၅-၂၀၂၀ မျိုးဆက် (VOM) ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှမီးယားဒေသမှာ လွန်ခဲ့တဲ့သုံးရက်က ဆီးနှင်းတွေပြိုကျပြီး မြေပြိုမှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက် လူ ၆၂ ဦးထက်မနည်းသေဆုံးသွားပြီး အများအပြားပျောက်ဆုံးနေပါတယ်။ အထူးသဖြင့် ကက်ရှမီးယားဒေသရှိ နီးလမ်တောင်ကြားဒေသမှာ ရာသီဥတုဒါဏ်ကို အပြင်းအထန်ခံစားခဲ့ရပြီး လူများအပြားလည်း အကူအညီမဲ့နေကြပါတယ်။ အဲဒီဒေသဟာ ရာသီဥတုဘေးအန္တရာယ် ကျရောက်လွယ်တဲ့နေရာဖြစ်ပြီး လက်ရှိသေဆုံးမှုတွေဟာ မကြာသေးမှီနှစ်တွေအတွင်း လူအသေအပျောက်အများဆုံးဖြစ်ပါတယ်။ ဆိုးရွားတဲ့ လက်ရှိရာသီဥတုကြောင့် ပါကစ္စတန်အပြင် အိန္ဒိယနဲ့ အာဖဂန်နစ္စတန်နိုင်ငံတို့မှာလည်း လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။ ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှမီးယားဒေသကတော့ အဆိုးရွားဆုံးခံစားခဲ့ရပြီး လူ ၆၂ ဦးသေဆုံးကာ အများအပြား ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ပါကစ္စတန် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အာဏာပိုင်တွေက ပြောပါတယ်။ အိန္ဒိယနိုင်ငံက အုပ်ချုပ်ထားတဲ့ ဂျမူးနဲ့ ကက်ရှမီးယားဒေသမှာလည်း ရာသီဥတုဆိုးရွားမှုကြောင့် လူရှစ်ဦးသေဆုံးခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံမှာတော့ လွန်ခဲ့တဲ့သီတင်းနှစ်ပတ်ကြာကာလအတွင်း သေဆုံးသူ ၂၄ ဦးနဲ့ ဒါဏ်ရာရရှိသူ ၄၀ ဦးရှိနေကာ သေဆုံးမှုအများစုဟာ…

Read More

တရုတ်မှာဖြစ်ပွားနေတဲ့ ထူးဆန်းတဲ့တုပ်ကွေးရောဂါကူးစက်ခံရသူ ထိုင်းလေဆိပ်မှတွေ့ရှိ

တရုတ်မှာဖြစ်ပွားနေတဲ့ ထူးဆန်းတဲ့တုပ်ကွေးရောဂါကူးစက်ခံရသူ ထိုင်းလေဆိပ်မှတွေ့ရှိ ဘန်ကောက်၊ ဇန်နဝါရီ-၁၄-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံ ဝူဟန်မြို့မှာဖြစ်ပွားနေတဲ့ ထူးဆန်းတဲ့တုပ်ကွေးရောဂါ ကူးစက်ခံထားရသူအမျိုးသမီးတစ်ဦးကို ဘန်ကောက်လေဆိပ်မှာ တွေ့ရှိခဲ့တယ်လို့ ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အသက် ၆၁ နှစ်အရွယ်အမျိုးသမီးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထိုင်းလေဆိပ်ကိုရောက်ရှိချိန်မှာ ကိုယ်အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်ကိုကျော်နေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာပြသနာတွေလည်း ဖြစ်ပွားနေခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ သူမဟာ တရုတ်နိုင်ငံ ဟူဘိုင်ပြည်နယ်ရှိ မြို့ကနေပြန်လာတဲ့ ခရီးသွားအဖွဲ့တွေထဲက တစ်ဦးဖြစ်ပြီးလက်ရှိမှာတော့ ကျန်းမာရေးအခြေအနေတည်ငြိမ်နေတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ဝူဟန်မြို့မှာဖြစ်ပွားနေတဲ့ ထူးဆန်းတဲ့ တုပ်ကွေးရောဂါဟာ ကူးစက်ပိုးကြောင့် ဖြစ်ဖွယ်ရှိနေပါတယ်။ ထိုင်းနိုင်ငံလေဆိပ်တွေမှာ လူ့ခန္ဓာကိုယ်အပူချိန်ကို သိရှိထောက်လှမ်းနိုင်တဲ့ အထူးပုံရိပ်ကိရိယာတွေ တပ်ဆင်ထားပါတယ်။ တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ထူးဆန်းတဲ့တုပ်ကွေးရောဂါနဲ့ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေဟာ ဇန်နဝါရီ ၃ ရက်ကစပြီး ဝူဟန်မြို့ကပြန်လာတဲ့ ခရီးသွားတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်။ Ref : NHK Photo:…

Read More

လေတပ်စခန်းမှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုအပြီး ဆော်ဒီတပ်ဖွဲ့ဝင် ၂၁ ဦးကိုအမေရိကန်နှင်ထုတ်

လေတပ်စခန်းမှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုအပြီး ဆော်ဒီတပ်ဖွဲ့ဝင် ၂၁ ဦးကိုအမေရိကန်နှင်ထုတ် ဝါရှင်တန်၊ ဇန်နဝါရီ-၁၄-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်လေတပ်စခန်းတစ်ခုမှာ ပြီးခဲ့တဲ့လကဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုပြီးနောက် ဆော်ဒီတပ်ဖွဲ့ဝင် ၂၁ ဦးကို အမေရိကန်ကနေ နှင်ထုတ်လိုက်ပါတယ်။ အဲဒီတပ်ဖွဲ့ဝင် ၂၁ ဦးဟာ ပစ်ခတ်တိုက်ခိုက်မှုကိုကျူးလွန်ခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ဆော်ဒီလေတပ်က ဒုဗိုလ်မှူးကို ကူညီပေးခဲ့တယ်လို့တော့ စွပ်စွဲခြင်းမခံရပါဘူး။ ဒါပေမယ့် သူတို့ရဲ့ပိုင်ဆိုင်မှုပစ္စည်းတွေထဲမှာ ဂျီဟတ်ဆိုင်ရာ ပစ္စည်းတွေနဲ့ ကလေးငယ်တွေရဲ့ မဖွယ်မရာဓါတ်ပုံတွေ တွေ့ရှိခဲ့တယ်လို့ အမေရိကန်ရှေ့နေချုပ် ဝီလီယံဘားလ်က ပြောပါတယ်။ ဒီဇင်ဘာ ၆ ရက်ကဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုမှာ သင်္ဘောသားသုံးဦးသေဆုံးပြီး ရှစ်ဦးဒါဏ်ရာရရှိခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအပြီးမှာတော့ အမေရိကန်မှာ ဆော်ဒီတပ်ဖွဲ့ဝင်တွေအတွက် လေ့ကျင့်သင်တန်းပေးတာတွေကို ဆိုင်းငံ့ထားခဲ့ပါတယ်။ နာဗယ်လေတပ်အခြေစိုက်စခန်းမှာဖြစ်ပွားခဲ့တဲ့ ဆော်ဒီတပ်ဖွဲ့ဝင်ရဲ့ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ ဇန်နဝါရီ ၁၃ ရက်ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ မစ္စတာဘားလ်က ပြောပါတယ်။ Ref : BBC…

Read More

ဖိလစ်ပိုင်မီးတောင်ပေါက်ကွဲမှု ဒေသခံထောင်ပေါင်းများစွာ ဘေးလွတ်ရာပြောင်းရွှေ့

မနီလာ၊ ဇန်နဝါရီ-၁၃-၂၀၂၀ မျိုးဆက် (VOM) ဖိလစ်ပိုင်နိုင်ငံရှိ မီးတောင်တစ်ခုဟာ ပြာမှုန့်နဲ့ ချော်ရည်တွေတွေမှုတ်ထုတ်နေပြီး နာရီပိုင်းအတွင်း ဒါမှမဟုတ် ရက်ပိုင်းအတွင်း ပေါက်ကွဲနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ Taal လို့အမည်ရတဲ့ အဲဒီမီးတောင်ဟာ မြို့တော်မနီလာတောင်ဘက် ၄၅ မိုင်အကွာမှာတည်ရှိနေတာဖြစ်ပြီး ဇန်နဝါရီ ၁၃ ရက် မနက်အစောပိုင်းကတည်းက ပေါက်ကွဲဖို့အတွက် လှုပ်ရှားနေတာဖြစ်ပါတယ်။ မီးတောင်ပြာတွေ အကြီးကျယ်ထုတ်လွှတ်နေတဲ့အတွက် အနီးဝန်းကျင်မှာနေထိုင်တဲ့ ဒေသခံပြည်သူ ၈၀၀၀ကျော်ကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးထားရပါတယ်။ အဲဒီမီးတောင်ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အလှုပ်ရှားဆုံးမီးတောင်တစ်လုံးဖြစ်ပြီး ရေလယ်ကျွန်း တစ်ခုပေါ်မှာတည်ရှိကာ ကမ္ဘာ့အသေးငယ်ဆုံးမီးတောင်တွေထဲက တစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၄၅၀ အတွင်း ပေါက်ကွဲမှုပေါင်း ၃၄ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပါတယ်။ မီးတောင်ပြာတွေမှုတ်ထုတ်နေမှုကြောင့် မနီလာနိုင်ငံတကာလေဆိပ်မှာ လေယာဉ်ခရီးစဉ်တွေကို ဆိုင်းငံ့ထားရပြီး အနီးဝန်းကျင်မှာနေထိုင်သူတွေအနေနဲ့ မီးတောင်ဆူနာမီလှိုင်းတွရိုက်ခတ်ခံရနိုင်တယ်လို့ ဖိလစ်ပိုင်မီးတောင်နဲ့မြေငလျင်တိုင်းထွာရေးဌာနက သတိပေးထားပါတယ်။ Ref : BBC Photo: Phivolcs #VOM…

Read More