ပန်းတနော်CBဘဏ်မှာ သေနတ်ပြပြီး လုယက်မူဖြစ်ပွား
ပန်းတနော်CBဘဏ်မှာ သေနတ်ပြပြီး လုယက်မူဖြစ်ပွား ပုသိမ်၊ သြဂုတ် ၇-၂၀၂၀ ကိုအောင်(VOM) ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြို့မအလည်ပိုင်း သီဟလမ်းနှင့် အနော်ရထာလမ်းဒေါ့င်ရှိ (CB BANK)အတွင်းမှာ သေနတ်ပြပြီးလုယက်မူ ဖြစ်ပွားခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မူးရုံးကပြောပါတယ်။ “လုယက်မူဖြစ်တာတော့မှန်ပါတယ်၊ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးဆဲပါ၊အသေးစိတ် မသိရသေးဘူး”လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ဒုတိယရဲမှုးကြီးထွန်းရွှေကပြောပါတယ်။ ဒီကနေ့မနက် ၁၀နာရီခွဲအချိန်ခန့်က မိုးကာအင်္ကျီ အဖြူဝတ်ဆင်ပြီး နှာခေါင်စီးmaskတက်ဆင်လာသူတစ်ဦးက သေနတ်လို့ယူဆရတဲ့ လက်နက်အတိုတစ်လက်ကိုင်ဆောင်လာပြီး ဘဏ်ကဝန်ထမ်းတွေကို ခြိမ်းခြောက်ကာ ငွေကျပ် သိန်း(၁၂၀)ကို လုယူထွက်ပြေးသွားတယ်လို့ ရဲတပ်ဖွဲ့ရဲ့ကနဦးဖော်ပြချက်အရသိရပါတယ်။ လက်ရှိအချိန်မှာတော့ ရဲတပ်ဖွဲ့အနေနဲ့ထွက်ပြေးသွားသူနောက်ကို လိုက်လံစုံစမ်းဖမ်းဆီးဖို့ကြိုးပမ်းနေဆဲဖြစ်တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှုးရုံးကနေသိရပါတယ်။ Photo-Min Yan Aung #voiceofmyanmar #VOM #ပန်းတနော် Zawgyi ပန်းတနော်CBဘဏ်မှာ သေနတ်ပြပြီး လုယက်မူဖြစ်ပွား ပုသိမ်၊ သြဂုတ် ၇-၂၀၂၀ ကိုအောင်(VOM) ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြို့မအလည်ပိုင်း သီဟလမ်းနှင့်…
Read More
ဘုန်းကြီးပင့်လာတဲ့ကား ကုက္ကိုပင်တိုက်မိပြီး ဘုန်းကြီးလည်းပျံတော်မူ ယာဥ်မောင်းပါသေဆုံး
ဘုန်းကြီးပင့်လာတဲ့ကား ကုက္ကိုပင်တိုက်မိပြီး ဘုန်းကြီးလည်းပျံတော်မူ ယာဥ်မောင်းပါသေဆုံး မုံရွာ၊ သြဂုတ် ၇-၂၀၂၀ ကိုတိုးကြီး (VOM) နေပြည်တော် – ရန်ကုန် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၀ နဲ့ ၉၁ ကြားမှာ မနေ့ သြဂုတ် ၆ ရက်နေ့မနက်ပိုင်းက ဘုန်းကြီးပင့်လာတဲ့ ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက ကုက္ကိုပင်ကိုတိုက်မိတာကြောင့် ယာဉ်ပေါ်ပါ ဘုန်းကြီးနဲ့ ယာဉ်မောင်းသူတို့ဟာ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ “ ကားပေါ်မှာ ဘုန်းကြီးတစ်ပါးနဲ့ အမျိုးသားနှစ်ယောက် လိုက်ပါလာတယ်၊ အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်က မြေသားလမ်းဘေးက ကုက္ကိုပင်ကို ၀င်တိုက်မိတယ် ၊ ယာဉ်မောင်းနဲ့ ဘုန်းကြီးတစ်ပါးက နေရာမှာတင်သေတယ်၊ ကျန်လူတစ်ယောက်ကလဲ အသက်အန္တရာယ် စိုးရိမ်ရတယ်၊ အဓိကကတော့ သတ်မှတ် မိုင်နှုန်းထက် ကျော်လွန်ပြီး မောင်းတာကြောင့်ဖြစ်တယ် ” မြို့ချောင်းအမြန်လမ်းမကြီး ရဲစခန်းက တာ၀န်မှူး…
Read More
တောင်ဥက္ကလာက ပန်းထိမ် လင်မယား ၂ လောင်းပြိုင်လူသတ်မှု တရားခံဖမ်းဆီးရမိ
တောင်ဥက္ကလာက ပန်းထိမ် လင်မယား ၂ လောင်းပြိုင်လူသတ်မှု တရားခံဖမ်းဆီးရမိ ရန်ကုန်၊ သြဂုတ် ၇-၂၀၂၀ သိင်္ဂီ (VOM) ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်ထဲက ပန်းတိမ် လင်မယား နှစ်ဦး အသတ်ခံရမှုအတွက် တရားခံကို ဖမ်းဆီးရမိပြီဖြစ်တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။ “တရားခံကို မိတော့မိသွားပြီ အတိအကျမသိရသေးဘူး၊ တိုင်းရဲအဖွဲ့က ဦးဆောင်ပြီးလုပ်နေတယ်။ မိတယ်လို့ အကြမ်းဖျင်းသိရပါတယ်။ အသေးစိတ်တော့မသိရသေးပါဘူး။ တိုင်းရဲတပ်ဖွဲ့က တိုက်ရိုက်ကိုင်တွယ်နေတယ်။”လို့ တောင်ဥက္ကလာပမြို့မရဲစခန်းမှ ဒုရဲမှူး ဦးရွှေဌေးကပြောပါတယ်။ တရားခံကို မနေ့သြဂုတ်လ ၆ ရက်နေ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ခုလိုတရားခံဖမ်းဆီးရမိရေးအတွက် နာမည်ကြီး ဟက်ကာတစ်ယောက်ဖြစ်သူ ကိုသျှားထက်ပိုင်က သူ ကူညီပေးခဲ့တယ်ဆိုပြီး သူ့ဖေ့ဘုတ်စ်အကောင့်မှာရေးသားထားပါတယ်။ “၂ လောင်းပြိုင် လူသတ်မှု ယနေ့ပဲ တရားခံ ဖမ်းမိ၊ကိုယ်တက်တဲ့အပိုင်းနဲ့ တဖက်တလှမ်းက ကူညီပေးလို့ ကျေးဇူးတင်ကြောင်း တိုင်းရုံးက လှမ်းပြောတယ် “လို့ ကိုသျှားထက်ပိုင်ရဲ့ ဖေ့ဘုတ်စ်အကောင့်မှာ…
Read More
ပုသိမ်မုံရွာကားလမ်းပေါ်မှာ ရဲအရာရှိတဦး ဒဏ်ရာနဲ့ သေဆုံး
ပုသိမ်မုံရွာကားလမ်းပေါ်မှာ ရဲအရာရှိတဦး ဒဏ်ရာနဲ့ သေဆုံး ကံမ-ဩဂုတ်-၂-၂၀၂၀ ဂျန်ကိုးလ်(VOM) မကွေးတိုင်း ၊ကံမမြို့နယ် အလယ်ချောင်းကျေးရွာအနီး ပုသိမ်-မုံရွာ ကားလမ်း မိုင်တိုင်အမှတ် ၁၄၇/၆နှင့်၁၄၇/၇အကြား ရပ်ထားတဲ့အိမ်စီးကားပေါ်မှာ ရဲအရာရှိတဦး ဒဏ်ရာနဲ့ သေဆုံးနေတာကို ဇူလိုင်၁ရက်ည၇နာရီခန့်မှာတွေ့ရှိရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သေဆုံးသူဟာ ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင်ပေါင်းတလည်နယ်မြေ ရဲစခန်းမှူး ရဲအုပ်ကျော်ကျော်လင်းဖြစ်ပြီးယာဘက်နားသွေးယိုစီးဒဏ်ရာရထားပါတယ်။ သူနဲ့အတူ ဝက်ဘလေအမျိုးအစားခြောက်လုံးပြူးတလက် ကျည်၄တောင့်အခွံ၂တောင့်တွေ့ရှိရတယ်လို့မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။ အမှု့နဲ့ပတ်သက်ပြီး အလယ်ချောင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးပြောတာက “ကျနော်နွားကျောင်းအပြန်လမ်းပေါ်မှာ ဆိုင်ကယ်နဲ့သွားတဲ့ကလေးချင်းပြောသွားတာ အဲဒီကားက မနက်ကတည်းကရပ်ထားတာ အခုလည်းရပ်ထား တုန်းဘဲလို့ ပြောတာကြားလို့ အုပ်ချုပ်ရေးမှူးတာဝန်ရှိနေတော့ ရာအိမ်မှူးနဲ့အတူသွားကြည့်တာ ကားနားမကပ်ရဲဘဲ ဗိုလ်ကြီးကိုအကြောင်းကြားလိုက်တာ ရဲရောက်လာတော့ သူတို့က ခရိုင်ကိုအကြောင်းကြား ပြီးမှန်ခွဲပြီးကြည့်တော့သေနေတယ် ဆေးရုံပို့လို့ရောက်မှသေနတ်ဒဏ်ရာတွေ့ရတာ”လို့ပြောပါတယ်။ ကြို့ပင်တိုက်နယ်ကားလမ်းမရွာတချို့ကတော့ ကိုယ့်ကိုကိုယ်သတ်သေတာလား လုပ်ကြံခံရတာလား အမျိုးဝေဖန်ပြောဆိုနေမှု့တွေနဲ့ပတ်သက်လို့ကြို့ပင်နယ်မြေရဲစခန်းကိုသွားရောက်စုံစမ်းရာမှာတော့” အထက်လူကြီးအမိန့်မရှိရင်ပေးလို့မရဘူးပြောလို့မရဘူးလို့တာဝန်ကျရဲအရာရှိဟုယူဆရသူတဦးကပြောပါတယ်။ ”ကားကလော့ချထားတယ်သော့ကတန်းလန်း သော့မပါဘဲအပြင်ကလော့ချမရဘူးလို့သိရတယ်ကျည်ခွံ၂တောင့်က တတောင့်ကစမ်းတယ်နဲ့တူတယ် ကားနောက်ခန်းထဲမှာအဖူးတခုတွေ့တယ်ခေါင်းပေါက်ထွက်ပြီးမှန်ကိုမပေါက်နိုင်လို့နောက်ခန်းကိုကျတယ်နဲ့တူတယ်”လို့အုပ်ချုပ်ရေးမှူးကသုံးသပ်ပါတယ်။ သေဆုံးသူကို ကြို့ပင်တိုက်နယ်ဆေးရုံတွင် စစ်ဆေးပြီး ပေါင်းတလည်မြို့က နာရေးယာဥ်တစီး…
Read More
တောင်ဥက္ကလာပမှာ ပန်းတိမ်သည် လင်မယားနှစ်ဦးအသတ်ခံရ
တောင်ဥက္ကလာပမှာ ပန်းတိမ်သည် လင်မယားနှစ်ဦးအသတ်ခံရ ရန်ကုန်၊သြဂုတ်၊၁-၂၀၂၀ အေးချမ်းသူ(VOM) တောင်ဥက္ကလာပမြို့နယ်၊အမှတ် (၇ )ရပ်ကွက် (၆) လမ်း၊ ကန်ထရိုက်တိုက် ၅လွှာမှာ နေတဲ့ပန်းတိမ်သည် လင်မယားနှစ်ဦးဟာ ဇူလိုင်လ ၃၁ရက်နေ့ ညပိုင်းက အသတ်ခံခဲ့ရပါတယ်။ ဒီဖြစ်စဥ်မှာ CCTVမှတ်တမ်းတွေကြည့်ပြီး ပြစ်မှုကျူးလွန်သူကိုရှာဖွေဖမ်းဆီးနေကြောင်း အမှတ်၇ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးလှမြင့်က ပြောပါတယ်။ “အဲ့ဒီလင်မယားအသတ်ခံရတာကို ဦးဘတိုးဆိုသူကလာအကြောင်းကြားတယ်။ကျနော်လည်း နယ်ထိန်းကိုဖုန်းဆက်ပြီး သွားကြည့်တယ် တရားခံကိုရှာနေဆဲပါပဲ” လို့ပြောပါတယ်။ အသတ်ခံရတဲ့ လင်မယားနှစ်ဦးဟာ ကိုထွန်းနိူင်၊မလှလှတို့ဖြစ်ပြီး ပြစ်မှုကျူးလွန်သူဟာ ဆိုက်ကားနဲ့လာတာမို့ သွားခဲ့တဲ့လမ်းကြောင်းများ CCTVမှတ်တမ်းတွေအရ မကြာခင်ဖမ်းမိနိုင်တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှုးကပြောပါတယ်။ တောင်ဥက္ကလာပမြို့နယ်၊အမှတ် ၇ရပ်ကွက်ရှိ ပန်းထိမ်လုပ်တဲ့ လင်မယားနှစ်ဦးအသတ်ခံရတဲ့အမှုဟာ တရားဥပဒေစိုးမိုးရေးစိန်ခေါ်လိုက်ခြင်းဖြစ်ပြီး မကြာခင်ပြစ်မှုကျူးလွန်သူကိုဖမ်းဆီးရမိရေးအတွက် ကြိုးစားသွားမည်ဖြစ်ကြောင်း တောင်ဥက္ကလာပမြို့မရဲစခန်းက ဒုရဲမှုးရွှေဌေးကပြောပါတယ်။ ဒီလူသတ်မှုနှင့်ပါတ်သတ်ပြီး ပြစ်မှုကျူးလွန်သူကို ပုဒ်မ ၃၀၂ဖြင်အမှုဖွင့်ထားပြီး တော့ တရားခံဖမ်းမိနိုင်ရေး စစ်ဆေးဆောင်ရွက်နေကြောင်း တောင်ဥက္ကလာပ မြို့မရ ဲစခန်းက သိရပါတယ်။ #voiceofmyanmar…
Read More
နွားတင်းကုတ်မှာ ခြင်ဆေးခွေထွန်းရာကနေ နေအိမ်(၁၅)လုံးမီးလောင်
နွားတင်းကုတ်မှာ ခြင်ဆေးခွေထွန်းရာကနေ နေအိမ်(၁၅)လုံးမီးလောင် စစ်ကိုင်း ၊ ဇူလိုင် ၂၅ -၂၀၂၀ ရှိုင်းအောင်(VOM) စစ်ကိုင်းမြို့နယ်၊ အုန်းတောနယ်မြေ၊ ရေတွင်းကောင်းကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာမှာ မနေ့က ဇူလိုင် ၂၄ ရက်နေ့ညပိုင်းက နွားတင်းကုတ်အတွင်းကို ခြင်ဆေးခွေထွန်းထားရာကနေ နွားစာတွေကတဆင့် မီးကူးစက်လောင်ကျွမ်းပြီး နေအိမ် ၁၅ လုံး မီးလောင်ခဲ့တယ်လို့ စစ်ကိုင်းခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်နိုင်ကပြောပါတယ်။ “ည ၁၁ နာရီလောက်မှာသတင်းရတော့ သန္ဓေမီးသတ်တပ်ဖွဲ့ ၂၅ ယောက် ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် အယောက် ၃၀၊ မီးသတ်ကား ၂ စီး၊ ရေသယ်ယာဉ် ၅ စီးနဲ့သွားရောက်ငြိမ်းသတ်ခဲ့ပါတယ်၊ မီးငြိမ်းသတ်ခဲ့တာကတော့ ၁ နာရီခွဲမှပါ” လို့ ဦးကျော်ကျော်နိုင်ကပြောပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် မြေစိုက် ထရံကာ၊ သွပ်မိုးထရံကာ ၊ နွားတင်းကုတ် အပါအဝင် နေအိမ်(၁၅)လုံးနဲ့ သိန်း(၁၅၀)နီးပါး မီးလောင်ပျက်စီး ဆုံးရံှုးခဲ့ပါတယ်။ အခုလို…
Read More
နမ့်စန်မြို့ ပြည်ထောင်စုလမ်းမကြီးမှာ အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ
နမ့်စန်မြို့ ပြည်ထောင်စုလမ်းမကြီးမှာ အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ နေပြည်တော်၊ဇူလိုင် ၂၄-၂၀၂၀ ကောင်းလက်ျာ(VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့ နယ်၊ ကုန်းဘုတ်ကျေးရွာလမ်းခွဲအနီး ပြည်ထောင်စုလမ်းမကြီးမှာ မနေ့ဇူလိုင်၂၃ရက်ညပိုင်းက အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတဲ့အနေထားနဲ့ သေဆုံးနေတာကိုတွေ့ရှိခဲ့ရတယ်လို့ နမ်စန်မြို့နယ် NLD ပါတီဥက္ကဌ ဦးနေဇော်နိုင်ကပြောပြပါတယ်။ “ထိုင်းကပြန်လာတာ သိပ်မကြာသေးဘူးလို့သိရတယ်။ ဒေသခံမဟုတ်ဘဲ လာလည်တာလို့ ကြားရတယ်၊ အမည်ကမနန်းဖွန်ပါ”လို့ ဦးနေဇော်နိုင်ကပြောပါတယ်။ အခုလို သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ကိစ္စကို စုံစမ်းနေဆဲဖြစ်တဲ့အတွက် အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ပေးလို့မရသေးကြောင်း နမ့်စန်မြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူး စိုးမိုးထွန်းကပြောပါတယ်။ အမှုနှင့်ပတ်သက်ပြီး နမ့်စန်မြို့မရဲစခန်းမှာ လူသတ်မှုနဲ့အမှုဖွင့်စစ်ဆေးနေကာ အခုနှစ် ဇန်နဝါရီလကလည်း နမ့်စန်မြို့မှာ ဆိုင်ကယ်နဲ့မောင်းနင်လာသူ(၂)ဦးက သေနတ်နဲ့အကြောင်း မဲ့ပတ်ခတ်မှု ဖြစ်ပွားခဲ့သေးတယ်လို့ မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ Photo – မဲခေါင်သတင်းဌာန #voiceofmyanmar #VOM #နမ့်စန် Zawgyi နမ့်စန်မြို့ ပြည်ထောင်စုလမ်းမကြီးမှာ အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ…
Read More
ဘားအံမြို့မှာ ဈေးရောင်းနေတဲ့အမျိုးသမီးတစ်ဦး သေနတ်နဲ့အပစ်ခံရ
ဘားအံမြို့မှာ ဈေးရောင်းနေတဲ့အမျိုးသမီးတစ်ဦး သေနတ်နဲ့အပစ်ခံရ ကလေး ဇူလိုင် ၂၀-၂၀၂၀ ငြိမ်းသူမင်း(VOM) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မဲဘောင်အပိုင်း(၁)ရပ်ကွက်မှာရှိတဲ့ ဘားအံ-လှိုင်ဘွဲ့သွားတဲ့ ကားလမ်းဘေးက ဆန်ရောင်းတဲ့ဆိုင်မှာ ဆန်ရောင်းနေတဲ့ အမျိုးသမီးတစ်ဦးကို လူနှစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ် မနေ့ဇူလိုင်လ(၁၉)ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ စုံစမ်း သိရပါတယ်။ အခင်းမဖြစ်ခင်အချိန်က အမျိုးသားနှစ်ဦး ဈေးဆိုင်ကိုရောက်လာပြီး ဝက်စာအတွက် ဆန်ကွဲ ဝယ်ချင်တယ်လို့ မေးတဲ့အတွက် သေနတ်နဲ့အပစ်ခံရတဲ့ အမျိုးသမီးက သူ့ဆိုင်မှာမရှိကြောင်း ရောင်းတဲ့ဆိုင်ကိုလမ်းညွှန်ပေးဖို့ ဆိုင်အမည်ကိုရေးပေးနေတဲ့အချိန်မှာ အမျိုးသားနှစ်ဦးထဲက တစ်ဦးဟာ ပစ္စတိုသေနတ်ထုတ်ပြီး ပစ်ခတ်ခံခဲ့ရတာကြောင့် အမျိုးသမီးရဲ့လက်ပြင်မှာ သေနတ်ရှပ်ထိ မှန်ထားတဲ့ ဒဏ်ရာရရှိကာ ဆေးရုံမှာဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ် နဲ့ ပတ်သက်လို့ သေနတ်ဒဏ်ရာရရှိခဲ့တဲ့ ဒေါ်မရင်သန်း ပြောပြတာက “သေနတ်နဲ့ ချိန်လိုက်တဲ့အခါမှာ ကျွန်မက လက်ထဲကဘောင်ချာစာအုပ်နဲ့ လက်ကို လှမ်းရိုက်လိုက်တော့ ပထမတစ်ချက်က ချော်သွားတယ်။…
Read More
အိမ်ထောင်ရှိအမျိုးသားက (၁၄)နှစ်အရွယ်မိန်းကလေးကို ခိုးယူပေါင်းသင်းတဲ့အတွက် ပုဒ်မနှစ်ခုနဲ့ဖမ်းစီး
အိမ်ထောင်ရှိအမျိုးသားက (၁၄)နှစ်အရွယ်မိန်းကလေးကို ခိုးယူပေါင်းသင်းတဲ့အတွက် ပုဒ်မနှစ်ခုနဲ့ဖမ်းစီး နေပြည်တော်၊ ဇူလိုင်၂၀-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ သီရိဟေမာရပ်ကွက်မှာနေတဲ့ အသက်၁၄ နှစ်အရွယ်မိန်းကလေးကို ဇူလိုင်လ ၁၄ ရက်နေ့က မိဘအုပ်ထိန်းသူတွေမသိဘဲ ခိုးယူပေါင်းသင်းခဲ့တဲ့အမျိုးသားကို ပုဒ်မနှစ်ခုနဲ့ဖမ်းစီးအမှုဖွင့်လှစ်ထားတယ်လို့ ထန်းတပင်မြို့မရဲစခန်းကနေ သိရပါတယ်။ “မနေ့ကမှ ညောင်လေးပင်ကနေ သွားရောက်ခေါ်ဆောင် ဖမ်းဆီးလာရတာပါ။ ကလေးမလေးကို ခိုးယူပေါင်းတဲ့သူက အိမ်ထောင်နဲ့ဖြစ်ပါတယ်”လို့ ထန်းတပင်မြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူးနေလင်းအောင်ကပြောပါတယ်။ ဖြစ်စဉ်ဖြစ်တဲ့ မနက် ၅ နာရီခန့်က ထန်းတပင်မြို့နယ်၊ သီရိဟေမာရပ်ကွက်မှာနေထိုင်တဲ့ အသက် ၁၄ နှစ် ၇ လအရွယ်ရဲ့ မိခင်ဖြစ်သူက သမီးဖြစ်သူကို ဆွမ်းချက်ဖို့နိုးရာ အိပ်ယာကနေထပြီး ဆွမ်းချက်နေတယ်လို့ထင်ခဲ့ပြီး သမီးဖြစ်သူကိုတွေ့ရှိခြင်းမရှိတဲ့အတွက် လိုက်လံစုံစမ်းရာ တစ်ရွာတည်းနေသူ ဦးရဲမင်းအောင်(ခ)မင်းအောင်(၃၈ နှစ်)အိမ်ထောင်ရှိသူက သွေးဆောင်ဖျာယောင်းခေါ်သွားတာကို သိရှိခဲ့ရတာဖြစ်ပါတယ်။ လိုက်လံစုံစမ်းတဲ့အခါ ကျောက်တံခါးမြို့ တည်းခိုခန်းမှာ တစ်ကြိမ်၊ ညောင်လေးပင်မြို့ တည်းခိုခန်းမှာ တစ်ကြိမ်…
Read More
ဂျုံးဂျုံးကျ ရေတံခွန်မှာ လူငယ်တစ်ဦး ရေနစ်သေဆုံး
ဂျုံးဂျုံးကျ ရေတံခွန်မှာ လူငယ်တစ်ဦး ရေနစ်သေဆုံး နေပြည်တော်၊ဇူလိုင် ၁၉ -၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြို့မ‌ဈေးရပ်ကွက်ရှိ ဂျုံးဂျုံးကျရေတံခွန်မှာ ဒီကနေ့နေလယ်ပိုင်းက လူငယ်တစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ မုဒုံမြို့နယ် အရေးပေါ်ကူညီရေးအဖွဲ့ဝင် ဦးဆန်းလင်းဦးက ပြောပါတယ်။ “အဖွဲ့လိုက်ရေသွားကူးကြရင်းနဲ့ ရေနစ်တာလို့သိရတယ်။ အလောင်းကိုသိပ်မကြာခင် ပြန်လည်ဆယ်ယူပြီးလို့ မုဒုံဆေးရုံပို့လိုက်ပါပြီ”လို့ ဦးဆန်းလင်းဦးက ပြောပါတယ်။ မုဒုံမြို့နယ်၊ မြို့မ အမှတ်(၁)ရပ်ကွက်နေ မောင်ဇေယျာဟိန်းနဲ့ သူငယ်ချင်းအချို့ ရေသွားကူးကြရာကနေ ရေနစ်ခဲ့ခြင်းဖြစ်ပြီး ပြန်လည်ဆယ်ယူနိုင်ခဲ့ပေမယ့် အသက်မရှိတော့ကြောင်း မုဒုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ အမှုနဲ့ပတ်သက်လို့ မုဒုံမြို့မရဲစခန်းမှာ သေမှုသေခင်းအမှတ် ၁၂/၂၀၂၀နဲ့ အမှုဖွင့်လှစ်ထားကာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။ မွန်ပြည်နယ်အတွင်းက ရေတံခွန်တွေကို လာရောက်လည်ပတ်ခွင့် ပိတ်သိမ်းထားပေမယ့်လည်းအချို့နေရာတွေမှာ သွားလာလည်ပတ်နေကြဆဲဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ Photo-ဆန်းလင်းဦး #voiceofmyanmar #VOM #မုဒုံ Zawgyi ဂ်ဳံးဂ်ဳံးက်…
Read More