ရန်ကုန်တိုင်းမှာ တနှစ်ဆယ်လအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂၀၄ ခု ခွင့်ပြုခဲ့

ရန်ကုန် ၊ မေ ၃၀ – ၂၀၁၉ သိင်္ဂီ (VOM)   အချိန် တနှစ်ဆယ်လအတွင်း  ရန်ကုန်တိုင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၂၀၄ ခုကို ခွင့်ပြုခဲ့တယ်လို့ မနေ့ မေလ ၂၉ ရက်က ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီရုံးမှာ  ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။     “ရန်ကုန်မှာက manufacturing (ကုန်ထုတ်လုပ်မှု) ကဏ္ဍကို ရင်းနှီးမြှုပ်နှံတာ ပိုများတယ်၊ ကျန်တဲ့ စက်မှုကဏ္ဍ ၊ ဟိုတယ်ကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနဲ့ တခြားကဏ္ဍတွေမှာလည်း ရင်းနှီးမြှုပ်နှံတာတွေ ရှိနေပါတယ်။” လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီး ဦးမျိုးခိုင်ဦးက  ပြောပါတယ်။     ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှုကော်မတီကနေ စတင်ခွင့်ပြုပေးခဲ့တဲ့  ၂၀၁၇ ခုနှစ် ဩဂုတ် ကနေ ၂၀၁၉ ခုနှစ် မေ…

Read More

တရားမဝင်ကုန်စည် ဖမ်းဆီးရမိမှု ကျပ်ကိုးဘီလီယံကျော် အထိရရှိထား

ရန်ကုန်၊ မေ – ၂၃ – ၂၀၁၉ သူရိန်​ (VOM)   တိုင်းနဲ့ပြည်နယ် ကိုးခုမှာ ဖွဲ့စည်းထားတဲ့ တရားမဝင် ကုန်စည်တားဆီးနှိမ်နင်းရေး အထူးအဖွဲ့​တွေရဲ့ဖမ်းဆီးရမိမှုအနေနဲ့ ဒီနှစ်​ ဧပြီလအထိ ကျပ် ၉ ဒသမ ၁၁၃ ဘီလီယံ အထိရရှိထားတယ်​လို့ သိရပါတယ်​။   ပြည်တွင်း အသေးစားနဲ့အလတ်စား လုပ်ငန်းတွေဟာ ပြည်ပက တရားမဝင် ဝင်ရောက်လာတဲ့ ကုန်စည်တွေနဲ့ ဈေးကွက်ယှဉ်ပြိုင်ဖို့ အခက်အခဲရှိတဲ့အတွက် ဖမ်းဆီးစစ်ဆေးပေးဖို့ လုပ်ငန်းရှင်တွေက တင်ပြလာတာကြောင့် တရားမဝင် ကုန်သွယ်မှု တားဆီးနှိမ်နှင်းရေး အထူးအဖွဲ့ ဖွဲ့စည်းပြီး နယ်စပ်ဒေသများနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုး ရအဖွဲ့တွေ ညှိနှိုင်းတိုင်ပင်ပြီး စစ်ဆေးဖမ်းဆီးနေတာဖြစ်ပါတယ်။   “အထူးသဖြင့် တိုင်းနဲ့ပြည်နယ်တွေမှာ ဆောင်ရွက်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အသိဆုံးပါ။ ဘယ်နေရာ ဘယ်ဒေသ၊ ဘယ်မြို့နယ်မှာ တရားမဝင်ကုန်စည် ဝင်ရောက်နေတယ်ဆိုတာ…

Read More

တရုတ်သို့ သကြားတင်ပို့ရေး အစိုးရ ဖြေရှင်းပေးစေလို

ရန်ကုန် ၊ မေ ၂၃ – ၂၀၁၉ သိင်္ဂီ (VOM)   တရုတ်နိုင်ငံကို သကြားတင်ပို့မှု ရပ်ဆိုင်းနေရတာ ကြာမြင့်နေပြီဖြစ်လို့ သကြားကုန်သည်တွေ၊ စက်ရုံတွေအပါအဝင် ကြံစိုက်တောင်သူတွေပါ အခက်တွေ့နေရတဲ့အတွက် အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းက တောင်းဆိုလိုက်ပါတယ်။   တရုတ်နိုင်ငံဟာ မူဆယ်-ရွှေလီ နယ်စပ်ဂိတ်ကနေတဆင့် တရားမဝင် ကုန်စည်တင်သွင်းခွင့် တားမြစ်တာကြောင့် သကြားတင်ပို့မှု ရပ်ဆိုင်းထားရတာ ဖြစ်ပါတယ်။   “လက်ကျန်သကြားတွေကလည်း  ထားစရာ ဂိုထောင်မရှိဘူး၊ အခုနှစ်ထွက်တဲ့ သကြားတွေကလည်း နည်းနည်းမှ မရောင်းရသလောက်ဖြစ်နေတယ်၊ ဒီတော့ သကြားတွေပုံသွားတယ်၊ တရုတ်အစိုးရကနေ တရားမဝင်ကုန်စည်တွေ တင်သွင်းတာကို တားမြစ်လိုက်လို့ ခုလိုဖြစ်သွားတာ၊ သကြား တရုတ်ကို ပို့တာက တရားမဝင် ပို့ရတာဆိုတော့ သူတို့ဘက်ကလည်း သေချာစိစစ်တော့ နည်းနည်းလေးတောင် ပို့လို့မရတော့ဘူး၊ ဒီတော့ တောင်သူတွေကိုလည်း ပိုက်ဆံချမပေးနိုင်တဲ့…

Read More

မူဆယ်မှာ ကျွဲ၊နွား ဈေးကွက် ကျဆင်းပြီး အရောင်းအဝယ် ငြိမ်သက်

မန္တလေး၊ မေ – ၂၃ – ၂၀၁၉ ရဲရင့် မင်းခန့် (VOM)   မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့နေတဲ့ ကျွဲ၊နွားတင်ပို့မှုလုပ်ငန်းတွေ အရင်နှစ်ထက် ဈေးကွက် ကျဆင်းပြီး အရောင်းအဝယ် ငြိမ်သက်နေတယ်လို့ စစ်ကိုင်းတိုင်း ကျွဲ၊နွား မွေးမြူတင်ပို့ရောင်းချသူများအသင်း က သိရပါတယ်။   ” ပြည်တွင်းကျွဲ၊နွားတင်မှုနဲ့ပတ်သက်ပြီး ဈေးကွက်အေးတယ်ဆိုတာက ပြီးခဲ့တဲ့ နှစ်ထက်စာရင် လက်ရှိ ပေါက်ဈေးက ကျွဲ၊နွား တစ်ကောင်ကို နှစ်သိန်းလောက် ကျသွားတယ်။ အဓိက ပြသနာက မူဆယ်ဘက်က ဈေးကွက်မကောင်းတော့  ဈေးကွက်က အေးသွားတယ်လို့ ပြောလို့ရတယ်။” လို့ စစ်ကိုင်းတိုင်း ကျွဲ၊နွား မွေးမြူတင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးသောင်းခိုင်က ပြောပါတယ်။   နယ်စပ်ကုန်သွယ်ရေးတစ်ခုဖြစ်တဲ့ မူဆယ်မှာ ကျွဲ၊ နွားတွေကို  ဝယ်ယူမယ့် တရုတ်ကုန်သည်တွေအနေနဲ့ အဖမ်းအဆီးတွေရှိနေတာကြောင့်  လာရောက်ဝယ်ယူခြင်းမရှိဘဲဖြစ်နေရာမှာ အခုဆို…

Read More

နယ်စပ်ကနေ အိန္ဒိယနိုင်ငံ အတွင်း ကုန်စည်တင်ပို့မှု အိန္ဒိယနိုင်ငံက ပိတ်ပင်တဲ့အတွက် ကုန်ပစ္စည်းတွေ  ပိတ်မိနေ

ရိခေါဒါရ် မတ်လ ၂၇ မြန်မာ-အိန္ဒိယ နယ်စပ် ချင်းပြည်နယ် ရိခေါဒါရ်မြို့ နဲ့ အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာ နယ်စပ် ကနေ ပုံမှန်တင်ပို့နေကျ နယ်စပ်ကုန်ပစ္စည်းတွေကို အိန္ဒိယနိုင်ငံဖက် ကနေပြီးတော့  ပိတ်ထားတာကြောင့်  ကုန်ပစ္စည်းတွေ  ပိတ်မိနေတယ်လို့  နယ်စပ်ကုန်သည်တွေ ဆီကနေ သိရပါတယ်။ မိဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာ မှာ ရှိတဲ့ ကုန်စည်ပို့ဆောင်ရေး အဖွဲ့နဲ့ ကျန်ဖိုင်းမြို့မှာ ရှိတဲ့ ကုန်စည်ပို့ဆောင်ရေး ယာဉ်လိုင်းတို့အကြား အပြန်အလှန် အငြင်းပွားမှု ဖြစ်ပွားရာကနေ ဇိုခေါထာရ်ကျေးရွာမှာ ရှိတဲ့ ကုန်စည်ပို့ဆောင်ရေးအဖွဲ့ကနေပြီးတော့ မြန်မာဖက်ကနေ ၀င်လာတဲ့ ကုန်စည်တွေကို ဇိုခေါထာရ်ကနေ ကျန်ဖိုင်းကို ဆက်မပို့ဖို့နဲ့ ကျန်ဖိုင်းကနေ ဇိုခေါထာရ်ကို ဖြတ်ပြီး မြန်မာဖက်ခြမ်းကို ၀င်လာမယ့် ကုန်တင်ကားတွေကို ဖြတ်သန်းလာရောက်တာတွေ မလုပ်ဖို့ မတ်လ ၂၅ ရက်နေ့က စတင် တားမြစ်ခဲ့တာကြောင့် အခုလို ပိတ်သွားတာ…

Read More

ဗီဇာကဒ်တွေကို လူတန်းစားမရွေးအသုံးပြုဖို့ရည်ရွယ်ခဲ့ပေမယ့် တကယ့်လက်တွေ့မှာ အကြွေးဝယ်ကဒ်ရယူဖို့ အခက်အခဲတွေရှိနေ

ရန်ကုန် ၊ မတ် ၁၃ TGH (VOM) Visa card တွေကို လူတန်းစားမရွေးသုံးစွဲနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံမှာ ချိတ်ဆက်ခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့  Credit Card ရယူဖို့ ဘဏ်တွေကိုလျှောက်တဲ့အခါ အဆင်မပြေမှု အခက်အခဲတွေ ဖြစ်ပေါ်နေပြီး အခြေခံလူတန်းစားတွေ အသုံးမပြုနိုင်သေးဘူး လို့ ဗီဇာကဒ်လျှောက်ထားသူ အချို့ကပြောဆိုပါတယ်။ ဒီလို အကြွေးဝယ်ကဒ်လျှောက်ထားတဲ့အခါ  အဆင်မပြေတာတွေ ၊ အခက်အခဲတွေကြုံတွေ့ရတာဟာ အကြွေးဝယ်ကဒ်ဖြစ်တာအပြင် အကြွေးဝယ်ကဒ်ဖြစ်လို့  ဘဏ်အနေနဲ့ လိုအပ်တဲ့အချက် အလက်တွေကို တောင်းခံတာမျိုးရှိသလို နိုင်ငံရဲ့အခြေအနေ အရ ဥပဒေဘောင်အတွင်းကနေ ဗဟိုဘဏ်မှ ချမှတ်ထားတာတွေကို လိုက်နာရတာတွေရှိတာကြောင့် အကြွေးဝယ်ကဒ်လျှောက်ထားတဲ့ အခါ လတ်တလော အခက်အခဲရင်ဆိုင်နေရတာဖြစ်နိုင်ကြောင်းနဲ့ ၄င်းကဒ်အတွက် အခက်အခဲရှိပါက debit card ကို ရွေးချယ်သုံးစွဲနိုင်တယ်လို့  Visa Myanmar  ရဲ့ Country Manager ဖြစ်သူ Lilian…

Read More

တိုင်းအစိုးရကနေ ​မြေ​နေရာ​ပေးရင် တန်​ဖိုးနည်းအိမ်​ရာတွေ ဆောက်​လုပ်​​ပေးမယ်

မတ် ၁၂-၂၀၁၉ သစ်တော် ရန်​ကုန်​တိုင်း​ဒေသကြီးအစိုးရအဖွဲ့က ​မြေ​နေရာစီစဉ်​​ပေးရင် ​ဆောက်​လုပ်​​ရေး လုပ်​ငန်းရှင်​တွေအ​နေနဲ့ တန်​ဖိုးနည်း အိမ်​ရာတွေကို ​ဆောက်​လုပ်​​ပေးမယ်လို့ လုပ်​​ရေးလုပ်​ငန်းရှင်​အချို့က​ပြောပါတယ်။တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက်မယ်ဆိုရင် အစိုးရအနေနဲ့ မြေတန်ဖိုးကို သုညရာခိုင်နှုန်းအထိ ချပေးနိုင်တယ်လို့ (၂၄) ကြိမ်မြောက် ဒုတိယသမ္မတ(၁) နှင့် စီးပွား ရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားတာရှိပါတယ်။ ၊ရန်​ကုန်​မြို့​တော်​ည်​ပင်​သာယာ​ရေး​ကော်​မတီ ၊ ​ကော်​မတီဝင်​​လောင်း ဦးစိုးမင်းဦးပြောပြတာကတော့ ​”အိုးမဲ့အိမ်​မဲ့ ၊ ကျုး​ကျော်​​တွေအတွက်​ဆို အစိုးရက ​မြေ​နေ ရာခွင့်​ပြု​ပေးဖို့ဘဲလိုတာ။ ကျွန်​​တော်​ကိုယ်​တိုင်​လဲ ကန်​ထ ရိုက်​ဖြစ်​တဲ့အတွက်​ ကျွန်​​တော်​တို့လို အိမ်​ရာ​ဆောက်​လုပ်​ မယ့်​ ကန်​ထရိုက်​​တွေအများကြီးရှိတယ်​။ လုပ်​ချင်​တဲ့သူ ​တွေအများကြီး ၊အစိုးရက​မြေသာ​ပေးလိုက်​။ ကျွန်​​တော်​တို့ ကအိမ်​ယာ​ဖော်​​ဆောင်​ဖို့အလွယ်​တကူ ဖြစ်​သွားမယ်​။ ဒီလို ​ဖော်​​ဆောင်​လိုက်​ရင်​ အိုးမဲ့အိမ်​မဲ့ ​တွေကင်းသွားမယ်​။ အနည်းဆုံး​တော့​နေထိုင်​ဖို့ ကအဆင်​​ပြေမှာပါ။ ရန်​ကုန်​တိုင်း​ဝန်​ကြီးချုပ်​က​မြေ​နေရာကို ဇီးရိုး အထိ​တောင်​ချ​ပေး…

Read More

ချေးငွေ ဘီလီလျှံ ၅၀ ကိစ္စနဲ့ပတ်သတ်ပြီး ဧရာဝတီ ဘက်နဲ့ Omini Focus ကုမ္ပဏီ တို့ ကြေငြာချက် အသီးသီးထုတ်ပြန်

ရန်ကုန် ၊ မတ် ၈ TGH(VOM)   ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ လူမှုကွန်ယက်စာမျက်နှာမှာပြန်နံ့ခဲ့တဲ့ ချေးငွေဘီလီလျှံ ငါးဆယ် ကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်ချက် တစ်စုံတစ်ရာမရှိသေးပေမယ့် ဧရာဝတီ ဘဏ်နဲ့ Omini Focus ကုမ္ပဏီတို့ က ဒီကနေ့မှာ ရှင်းလင်းချက်အသီးသီးကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။   ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက YBS ကားသစ်များဝယ်ယူဖို့ ဦးကျော်နေ၀င်းတို့အတွက် ဧရာဝတီဘဏ်က တာဝန်ခံချေးပေးထားတဲ့ ဘီလျံ ၅၀ ကို ဦးကျော်နေ၀င်းတို့ဘက်မှ အတိုးရော အရင်းပါ လုံးဝပြန်မဆပ်ဘဲနေတာ ၁ နှစ်ကျော်ကြာပြီဖြစ်တဲ့အတွက် ဧရာဝတီ ဘဏ်အနေနဲ့ တရားစွဲဆိုတော့မယ်ဆိုပြီး လူမှုကွန်ယက်မှာ သတင်းတွေ ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။   ဒီလိုထွက်ပေါ်ခဲ့ပြီးနောက် ဦးကျော်နေ၀င်း ( Omini Focus )ဘက်က အဲ့ဒီသတင်းဟာ ခိုင်မာမှု မရှိတဲ့…

Read More

စပါးတရားမဝင်တင်ပို့မှု တားဆီးရေး အခက်ခဲများ ရှိနေသေး

(ပြည်ပနိုင်ငံတွေကို ဆန်စပါး တရားမဝင် တင်ပို့နေတာတွေကို ဘယ်လိုစီမံမလဲလို့ မန္တလေးတိုင်း၊ မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့ပါတယ်။) ရန်ကုန် ၊ မတ် ၆၊ ၂၀၁၉ TGH ( VOM)   နယ်စပ်လမ်းကြောင်းတွေကနေ တရုတ်နိုင်ငံကို စပါး တရားမဝင် တင်ပို့ရောင်းချနေတာတွေကို ထိထိရောက်ရောက် တားဆီးဖို့ အခက်အခဲတွေ ရှိနေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအောင်ထူးက ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ စပါးကို ပြည်ပသို့ တိုက်ရိုက်တင်သွင်းခွင့် ပိတ်ထားတဲ့ကြားကနေ တရုတ်နိုင်ငံကို နယ်စပ်လမ်းကြောင်းကတဆင့်  တရားမ၀င်တင်ပို့မှုတွေ ရှိနေတဲ့အတွက် နစ်နာမှုနဲ့ ဆိုးကျိုးတွေ ရှိနေတာကို ဘယ်လိုစီမံမလဲဆိုတာနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး  မဲဆန္ဒနယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦး ရဲ့…

Read More

ငါး၊ ပုစွန် မွေးမြူရေး၊ အစိုးရပိုင်းက ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုအပ်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၁၉ TGH( VOM)   ယနေ့ မြန်မာနိုင်ငံငါးလုပ်ငန်းကဏ္ဍရဲ့ ငါး ၊ ပုစွန် မွေးမြူရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး အစိုးရပိုင်းကနေ ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုအပ်နေတဲ့ အချက် ငါးချက်ရှိနေတယ်လို့  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးဦးဝင်းကြိုင်က ပြောပါတယ်။   ငါး၊ ပုစွန် မွေးမြူရေး လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ဒီလုပ်ငန်းကို အထောက်အပံ့ကောင်း ပေးနိုင်မယ့် မြေယာအသုံးပြုမှုဆိုင်ရာ မူဝါဒတွေ ချမှတ်ပေးခြင်းနဲ့ အမျိုးသားအဆင့် မြေအသုံးပြုမှု မူဝါဒဆိုင်ရာ ဆွေးနွေးပွဲတွေမှာပါ  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အပါအဝင် မြေယာကိုအသုံးချ၍ လုပ်ငန်းဆောင်ရွက်ရတဲ့ အသင်းအဖွဲ့အားလုံးကို ပါဝင်ဆွေးနွေးခွင့်ပြုဖို့ လိုအပ်တယ်လို့ သူကပြောပါတယ်။   “အားလုံးကို ဆွေးနွေးခွင့်ပြုမှသာ ဘာတွေလိုအပ်တယ်၊ မလိုအပ်ဘူး၊ ဘယ်အရာတွေက အရေးတကြီး လုပ်ဆောင်ရမယ်ဆိုတာ သိမယ်။ အားလုံးပူးပေါင်း ဆောင်ရွက်လို့ရမယ်။ ဒုတိယကတော့ မန္တလေး တိုင်းနဲ့…

Read More