သွေးလွန်တုပ်ကွေးရောဂါကြောင့်သေဆုံးသူ ၁၂၀ကျော်ခဲ့

Unicode သွေးလွန်တုပ်ကွေးရောဂါကြောင့်သေဆုံးသူ ၁၂၀ကျော်ခဲ့ ရန်ကုန် ဒီဇင်ဘာ ၂-၂၀၁၉ သိဂီ ၤ(VOM) တစ်နိုင်ငံလုံးမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၂၃၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူပေါင်းက ၁၂၃ ဦးထိရှိခဲ့ တယ်လို့ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁ ရက်မှာထုတ်ပြန်ကြေငြာလိုက်ပါတယ်။ ဒါဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ နိုဝင်ဘာလ တတိယပတ်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနှုန်းနှင့် သေဆုံးစာရင်းဖြစ်ပါတယ်။ ကချင်ပြည်နယ် ရန်ကုန်တိုင်းဒေသကြီး ဧရာဝတီတိုင်းဒေသကြီး မန္တလေးတိုင်းနှင် စစ်ကိူင်းတိုင်းဒေသကြီးတွေမှာ အဖြစ်အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ရောဂါဖြစ်ပွားအများဆုံး တိုင်းနှင့်ပြည်နယ် ၅ ခုထဲကမှ ကချင်ပြည်နယ်က ရောဂါဖြစ်ပွားမှုနှုန်း ၄၂၂၂ ဦး သေဆုံးသူ ၃၀ ဦးနဲ့ ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးက ဒုတိယရောဂါ ဖြစ်ပွားမှုအများဆုံး ၂၈၀၄ ခု နဲ သေဆုံး ၃၃ ဦးရှိခဲ့ပါတယ်။ ” ဒီရောဂါက…

Read More

သွေးတစ်စက်အသုံးပြုပြီး ကင်ဆာ ၁၃ မျိုးစစ်ဆေးပေးနိုင်မယ့်နည်းပညာ တိုရှီဘာတီထွင်

Unicode   သွေးတစ်စက်အသုံးပြုပြီး ကင်ဆာ ၁၃ မျိုးစစ်ဆေးပေးနိုင်မယ့်နည်းပညာ တိုရှီဘာတီထွင် တိုကျို၊ ဒီဇင်ဘာ-၁-၂၀၁၉ မျိုးဆက် ( VOM) လူခန္ဓာကိုယ်က သွေးတစ်စက်ကိုအသုံးပြုပြီး ကင်ဆာရောဂါ ၁၃ မျိုးရှိမရှိ ၉၉ ရာခိုင်နှုန်း တိကျစွာ ရှာဖွေဖော်ထုတ်ပေးနိုင်တဲ့ နည်းပညာတစ်မျိုးကို ဂျပန်နိုင်ငံအခြေစိုက် တိုရှီဘာကုမ္ပဏီက တီထွင်လိုက်ပါတယ်။ တိုရှီဘာဟာ ဒီနည်းပညာနဲ့ပတ်သက်ပြီး အမျိုးသားကင်ဆာဌာနသုတေသန အင်စတီကျု၊ တိုကျိုဆေးတက္ကသလိုလ်တို့နဲ့ ပူပေါင်းဖန်တီးခဲ့တာဖြစ်ပြီး လာမယ့်နှစ်ကစလို့ ဒီနည်းပညာကို စမ်းသပ်အသုံးပြုသွားမှာဖြစ်ကာ နှစ်အနည်းငယ်အတွင်း စီးပွားဖြစ် ထုတ်လုပ်ရောင်းချဖို့် မျှော်လင့်ထားပါတယ်။ ဒီနည်းပညာကိုအသုံးပြုခြင်းအားဖြင့် ကင်ဆာရောဂါရှိမရှိ အချိန်မီသိရှိနိုင်ပြီး ရောဂါရဲ့ အစောပိုင်း အဆင့်တွေကတည်းက ကုသမှုတွေခံယူနိုင်မယ်လို့ တိုရှီဘာကဆိုပါတယ်။ ကင်ဆာဆဲလ်တွေဆီကနေ ထုတ်လုပ်လိုက်တဲ့ သွေးထဲရှိ microRNA မော်လီကျူးတွေကို ထောက်လှမ်းစိစစ်ပြီး ကင်ဆာရောဂါရှိမရှိနဲ့ ဘယ်လိုကင်ဆာအမျိုးအစားလဲဆိုတာ ခွဲခြားပေးတဲ့နည်းပညာအပေါ် အခြေခံထားတာဖြစ်ပါတယ်။ ကင်ဆာရောဂါရှိ မရှိ ထုတ်ဖော်တဲ့နည်းပညာတွေကို တိုရှီဘာအပြင်…

Read More

ကမ္ဘာ့ခုခံအား ကျဆင်းမှုတိုက်ဖျက်ရေးနေ့အခမ်းအနား ကျင်းပ

ကမ္ဘာ့ခုခံအား ကျဆင်းမှုတိုက်ဖျက်ရေးနေ့အခမ်းအနား ကျင်းပ ရန်ကုန်၊ ဒီဇင်ဘာ ၁ ၊ ၂၀၁၉ အောင်ထူးနိုင်(VOM) Video News ဒီနေ့ဟာ ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Day) ဖြစ်ပါတယ်။ ဒီနေ့ရဲ့ လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့ ကျိုက္ကဆံအားကစားခန်းမမှာ အခမ်းအနား ကျင်းပနေပါတယ်။ ဒီအခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအပါအဝင် ရန်ကုန်တိုင်း‌ဝန်ကြီး၊ လွှတ်တော်မှ တာဝန်ရှိသူတွေအပြင် တခြားဌာနဆိုင်ရာဝန်ထမ်းတွေလည်း တက်ရောက်လျက်ရှိပါတယ်။ #voiceofmyanmar #world AIDS day #ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့   Zawgyi ကမ္ဘာ့ခုခံအား ကျဆင်းမှုတိုက်ဖျက်ရေးနေ့အခမ်းအနား ကျင်းပ ရန်ကုန်၊ ဒီဇင်ဘာ ၁ ၊ ၂၀၁၉ အောင်ထူးနိုင်(VOM) Video News ဒီနေ့ဟာ ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS…

Read More

အရွယ်ရောက်ပြီးသူ ၁၁ ဦးမှာတစ်ဦးနှုန်း ဆီးချိုရောဂါ ခံစားနေရ

အရွယ်ရောက်ပြီးသူ ၁၁ ဦးမှာတစ်ဦးနှုန်း ဆီးချိုရောဂါ ခံစားနေရ ပါရီ၊ နိုဝင်ဘာ-၁၅-၂၀၁၉ မျိုးဆက် (VOM) ကမ္ဘာပေါ်ရှိ အရွယ်ရောက်ပြီးသူ ၁၁ ဦးမှာ တစ်ဦးနှုန်း ဆီးချိုရောဂါခံစားနေရပြီး စုစုပေါင်း ဆီးချိုရောဂါဝေဒနာသည် သန်း ၄၆၀ ကျော်ရှိပြီး ကိုယ်လက်လှုပ်ရှားပြုလုပ်ဖို့ အချိန်နည်းပါးတဲ့ လူနေမှုပုံစံကြောင့်ဆီးချိုရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာတာဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ ဆီးချိုရောဂါအဖွဲ့ချုပ်က နိုဝင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိမှာ ဆီးချိုရောဂါဝေဒနာသည် ၄၆၃ သန်းကနေ ၂၀၃၀ ခုနှစ်မှာ ၅၇၈ သန်း၊ ၂၀၄၅ ခုနှစ်တော့ သန်း ၇၀၀ အထိရှိလာမှာဖြစ်ပြီး လူသေဆုံးစေသည့် ထိပ်တန်းရောဂါဆယ်မျိုးမှာ ပါဝင်တဲ့ ဆီးချိုရောဂါ ကုသရေးနဲ့ စီမံခန့်ခွဲရေးတို့အတွက် စိန်ခေါ်မှုတွေကြီးမားလာနေကြောင်း အပြည်ပြည်ဆိုင်ရာ ဆီးချိုရောဂါအဖွဲ့ချုပ်ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ဆီးချိုရောဂါဖြစ်ပွားမှုဟာ ၂၀၁၇ ခုနှစ်မှာပြုလုပ်ခဲတဲ့ စစ်တမ်းထက် ဖြစ်ပွားမှုနှုန်းမှာ…

Read More

မင်းတုန်းမြို့မှာ H1N1 ပိုး စတွေ့

မင်းတုန်း-သြဂုတ် ၁-၂၀၁၉ ဂျန်ကိုးလ်(VOM)   မကွေးတိုင်းဒေသကြီးသရက်ခရိုင်မင်းတုန်းမြို့ကကောင်းမှန်ဘော်ဒါဆောင်မှာနေတဲ့ နဝမတန်းကျောင်းသူ၂ဦးရဲ့ရောဂါကို သြဂုတ် ၁ရက်မနက်၁၁နာရီခန့်ကစစ်ဆေးတာမှာH1N1ရောဂါပိုးတွေ့လို့ မကွေးတိုင်းဆေးရုံကြီးကို ချက်ချင်းလွှဲပေးလိုက်ရတယ်လို့ ဆေးရုံအသိုင်းအဝိုင်းကသိရပါတယ်။   “ပထမစတွေ့တဲ့ ကလေးမလေးက ထန်းညှောင့်တင်ရွာကဒီမှာဘော်ဒါနေပြီး ကျောင်းတက်နေတာရောဂါပိုးတွေ့တာ၂ယောက်ဟုတ်တယ်၁၅နှစ်အရွယ်မ—- နောက်တယောက်က ထန်းညှောင့်တင်ရွာက ၉တန်းကျောင်းသူမ —”လို့ပရဟိတအဖွဲ့ကဦးမြင့်အောင်ကပြောပါတယ်။   ပို့တွေ့ကျောင်းသူ၂ဦးကိုမင်းတုန်းမြို့ကပရဟိတအဖွဲ့ကမကွေးဆေးရုံကိုနေ့လည်၁၂နာရီခန့်မှာလိုက်လံပို့ဆောင်ပေးနေတယ်လို့သိရပါတယ် ။   “ဟုတ်တယ်ပိုးတွေ့တာမှန်ပါတယ်ကိုးတန်းအရွယ်မိန်းကလေး၂ယောက်ပါပိုးတွေ့တာပါအခြေအနေမဆိုးသေးပါဘူးမကွေးကိုလွှဲလိုက်တယ်အခုအလုပ်အရမ်းများနေလို့ပါနော်” လို့မင်းတုန်းဆေးရုံအုပ် ဒေါက်တာထွန်းလင်းအောင်က အတည်ပြုဖြေကြားပေးပါတယ်။   မင်းတုန်းမြို့ဟာလူဦးရေ ၅သောင်းခန့်သာရှိပြီး ကျောင်းပညာရေးဟာလမ်းပမ်းအခက်အခဲတွေကြောင့်မြို့ပေါ်ကဘော်ဒါကျူရှင်တွေမှာ ကျောင်းအိပ်ကျောင်းစားနဲ့နေထိုင်ပြီး အထက်တန်းကျောင်းကိုတက်ကြရတာဖြစ်ပါတယ်။   လတ်တလော ဖြစ်ပွားနေတဲ့ H1N1 ရောဂါပိုးကြောင့် နိုင်ငံတဝှမ်းမှာ ၈၁ ဦး သေဆုံးပြီးဖြစ်တယ်လို့ ကျမ္မာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။   #voiceofmyanmar #မင်းတုန်း #H1N1  

Read More

H1N1 ကြောင့် သေသူ ၈၁ ဦးရှိလာ

  ဇူလိုင် ၃၀၊ ၂၀၁၉ VOM   နိုင်ငံတဝှမ်း၊ ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ စုစုပေါင်း ၈၁ ဦးရှိပြီလို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ဇန်နဝါရီလကနေ ဇူလိုင် ၂၉ ရက်နေ့အထိ နိုင်ငံတဝှမ်း၊ ရာသီတုပ်ကွေး H1N1 ကြောင့် သေတဲ့သူ ၈၁ ဦးထဲမှာ အများစုက ရန်ကုန်တိုင်းက ဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ရန်ကုန်တိုင်းဟာ လူဦးရေအထူထပ်ဆုံး ဖြစ်တာကြောင့် ရောဂါကူးစက်ခံရသူ အများဆုံးဖြစ်ပြီး သေဆုံးသူအရေအတွက် ၆၂ ဦးအထိရှိနေပါတယ်။ ပဲခူးတိုင်းမှာ ၅ဦး၊  ဧရာဝတီတိုင်းမှာ ၅ ဦး၊ မွန်ပြည်နယ်မှာ ၃ ဦးနဲ့ စစ်ကိုင်းတိုင်းမှာ ၂ ဦး H1N1 ကြောင့် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်က…

Read More

ပဲခူးပြည်​သူ့​ဆေးရုံမှာ H1N1 လူနာတစ်​ဦး စတင်​​တွေ့ရှိ

ပဲခူး၊ ဇူလိုင်​ ၂၅- ၂၀၁၉ မိုးယံ(VOM)   ပဲခူးပြည်​သူ့​ဆေးရုံကြီးမှာ H1N1​ ရောဂါ လူနာတစ်​ဦးစတင်တွေ့ရှိတဲ့အတွက် အထူးကြပ်​မတ်​ကုသ​ပေး​နေတယ်​လို့ ဇူလိုင် ၂၄ ရက် ​နေ့လည်​ ၁ နာရီက ကျင်းပတဲ့ ရာသီတုပ်​​ကွေးရောဂါ ကုသ​ရေးလုပ်​ငန်းများနဲ့ ပတ်​သက်​ပြီး ညှိနှိုင်းအစည်းအ​ဝေးကနေ သိရပါတယ်။   “လူနာက ​ကျောက်​တံခါးမြို့နယ်​ မြို့​ချောင်းအုပ်​စု ထန်းတပင်​​ကျေးရွာက အသက်​၂၆ နှစ်​ရှိ အမျိုးသားတစ်​ဦး ပါ။ လူနာကို စနစ်​တကျကု​နေတယ်​၊ ရိုးရိုးလူနာ​တွေနဲ့ မထားဘဲ သီးသန့်​အခန်းနဲ့ထားပြီး​ စောင့်​​ရှောက်​​နေတယ်။ အထူးကုဆရာဝန်​ကြီး​တွေ၊ သူနာပြု​တွေ အဖွဲ့လိုက်​ ကုသ​နေပြီး​တော့ ​လက်​ရှိက​တော့ စိုးရိမ်​​နေရပါတယ်​။” လို့ ပဲခူးပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာရန်​နိုင်​​မောင်​က ​ပြောပါတယ်​။   H1N1 ရောဂါဟာ ချောင်းဆိုး၊ နှာချေရာကနေ လေထဲက ကူးစက်နိုင်တဲ့အတွက် ရောဂါမကူးစက်အောင် ချောင်းဆိုးရင် လက်ကိုင်ပုဝါအသုံးပြုဖို့၊ သူတပါးက…

Read More

ပဲခူးတိုင်း အ​နောက်ခြမ်းမှာ H1N1 လူနာတစ်​ဦး​သေဆုံး

မိုးညို၊ ဇူလိုင်​ ၂၄ – ၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီခရိုင်​ မိုးညိုမြို့နယ်​ ထိန်​​တော​ကျေးရွာက အမျိုးသမီးတစ်ဦးဟာ H1N1 ရောဂါနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဇူလိုင် ၂၂ ရက် ညနေပိုင်းက သေဆုံးသွားတယ်လို့ မိုးညိုမြို့နယ် ကျန်းမာရေး ဦးစီးဌာနက သိရပါတယ်။   အသက်​ ၄၇ နှစ်​အရွယ် အဲဒီအမျိုးသမီးဟာ ဖျားနာတဲ့လက္ခဏာကို ၁၀ ရက်​ကြာ ခံစား​နေရလို့ ဇူလိုင်​ ၂၀ ရက်​ည​နေပိုင်းမှာတော့ မိုးညို​မြို့နယ် ပြည်​သူ့​ဆေးရုံကို လာ​ရောက်​ပြသခဲ့ရာ H1N1 သံသယရှိတဲ့အတွက် သာယာဝတီခရိုင်​ပြည်​သူ့​ဆေးရုံကို လွှဲ​ပြောင်းကုသ​စေခဲ့ပြီး အဲဒီကတစ်​ဆင့်​ ရန်​ကုန်​ပြည်​သူ့​ဆေးရုံကြီးမှာ တက်​​ရောက်​ကုသ​နေရင်း သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်​။   “ ​ဆေးရုံကိုသွားပြ​တော့ အဆုတ်​ပွပြီး H1N1 လက္ခဏာတွေ့တယ်​၊ စိုးရိမ်​ရ​ကြောင်း၊ ရန်​ကုန်​ပြည်​သူ့​ဆေးရုံကြီးကို ချက်​ချင်း ပြသဖို့လိုအပ်​​ကြောင်း ညွှန်​ကြားလို့…

Read More

ပဲခူးတိုင်းမှာ H1N1 သံသယလူနာ ရှစ်​ဦး​ရှိပြီး တစ်ဦးသေဆုံး

ပဲခူး၊ ဇူလိုင်​ ၄ -၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်းမှာ  H1N1 သံသယလူနာ ရှစ်ဦးအထိ ရှိလာပြီး တစ်ဦးသေဆုံးသွားပြီလို့ ပဲခူးတိုင်း ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။   “ပဲခူးတိုင်းအတွင်း ​ဆေးရုံ၊ ဆေးခန်း​တွေမှာ H1N1 သံသယလူနာ ရှစ်ဦးရှိပါတယ်​။ ရောဂါပိုးတွေ့ထားတာကတော့ ခြောက်ဦးပါ။ ပြည်ဆေးရုံကြီးမှာ နှစ်ဦး၊ သူတို့က အခြေအနေကောင်းပါတယ်။ ကျန်လေးဦးက ပဲခူးတိုင်းကနေ တခြားမှာ ကုနေတဲ့သူတွေပါ။ ဆက်သွယ်ချိတ်ဆက်လို့ရတဲ့ ကွန်ယက်တွေကနေ ထုတ်ပြန်ပေးလို့ သိရတာပါ။ အဲဒီလေးဦးထဲက တစ်ဦးသေဆုံးသွားပါပြီ။”လို့ ပဲခူးတိုင်း ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်းလှိုင်က ပြောပါတယ်။   အဲဒီခြောက်ဦးဟာ ပဲခူးတိုင်းမှာနေထိုင်သူတွေဖြစ်ပြီး ပဲခူးမြို့နယ်မှာ တစ်ဦး၊ ဝေါမြို့နယ်မှာ တစ်ဦး၊ အုတ်ဖိုမြို့နယ်မှာ တစ်ဦး၊ ပြည်မြို့နယ်မှာ နှစ်ဦး၊ ရန်ကုန်မှာ ကုသနေတာ တစ်ဦးရှိ အသီးသီးကုသမှုခံယူနေရာမှာ ရန်ကုန်မြို့…

Read More

ပြည် ကုတင် ၅၀၀ ဆေးရုံကြီးမှာ သွေးလိုအပ်မှုတွေရှိနေ

ပြည်၊ ဇူလိုင် ၃ – ၂၀၁၉ လမင်း (VOM)   ပဲခူးတိုင်း ပြည်မြို့မှာရှိတဲ့ ကုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးမှာ လာရောက်ကုသနေတဲ့ လူနာတွေအတွက် သွေးလိုအပ်မှုတွေ ရှိနေတယ်လို့ အဲဒီဆေးရုံကြီးက သိရပါတယ်။   “ပုံမှန် တာဝန်ကျတဲ့အတိုင်း ခွဲလို့၊ စိတ်လို့ လိုတဲ့လူနာတွေအပြင် နေ့စဉ်နေ့တိုင်း ဘယ်လိုမှတားဆီးလို့မရနိုင်တဲ့ ကားမှောက်၊ ဆိုင်ကယ်တိုက်တာ အဲ့လိုမတော်တဆမှုမျိုးစုံနဲ့ တော်တော်များများ ရောက်လာတာကြောင့် တနေ့ကို သုံးစွဲတဲ့သွေးပမာဏတွေ အများဆုံးသုံးစွဲနေရတာကြောင့် လိုအပ်နေတာ။” လို့ အဲဒီဆေးရုံရဲ့ ရောဂါဗေဒ ဆရာဝန်ကြီး ဒေါက်တာအောင်ငြိမ်းဝင်းက ရှင်းပြပါတယ်။     ပြည်ကုတင် ၅၀၀ ဆေးရုံကြီးကို စတည်ဆောက်စဉ်က ကုတင် ၂၀၀ ဆံ့ကနေ ၂၀၁၅ ခုနှစ်မှာ ကုတင် ၅၀၀ ဆံ့အဖြစ် တိုးမြှင့်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကတည်းက သွေးလိုအပ်မှုတွေ ရှိခဲ့ရာကနေ…

Read More