မြောက်ဦးကိုယူနက်စ်ကိုအသိအမှတ်ပြုနိုင်ရေးအဆိုပြုလွှာမူကြမ်းတင်သွင်းလိုက်ပြီ

မြောက်ဦး၊စက်တင်ဘာ၂၉-၂၀၁၉ ခိုင်လင်းစံ(VOM)     ရခိုင်ပြည်နယ်အတွင်းကရှေးဟောင်းသမိုင်းဝင်အမွေအနှစ်တွေအများအပြားတည်ရှိနေတဲ့မြောက်ဦးမြို့ကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်လာဖို့ယူနက်စ်ကိုအသိအမှတ်ပြုနိုင်ရေးအတွက်အဆိုပြုလွှာမူကြမ်းကိုအခုလ၂၅ရက်နေ့မှာတင်သွင်းလိုက်ပြီဖြစ်ပါတယ်။   အဲ့ဒီအဆိုပြုလွှာကိုပြီးခဲ့တဲ့၂၀၁၇ခုနှစ်ကနေစတင်ပြုစုခဲ့တာဖြစ်ပြီးနှစ်နှစ်တာကာလအတွင်းပြုစုခဲ့ရတဲ့အချိန်မှာလက်ရှိဖြစ်ပွားနေတဲ့ဒေသမတည်ငြိမ်မှုတွေကြောင့်အခက်အခဲတွေလည်းရှိခဲ့တယ်လို့မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးကော်မတီဥက္ကဌဒေါ်ခင်သန်းကပြောပါတယ်။   “တိုက်ပွဲတွေမဖြစ်ခင်ယဉ်ကျေးမှုအမွေအနှစ်ပေါင်း၁၀၄၄ခုလောက်ကိုကောက်ယူပြီးစီးခဲ့ပါတယ်။စစ်ပွဲတွေဖြစ်လာတော့ရပ်တန့်သွားခဲ့ရတယ်။အဲ့ဒီကောက်ယူရရှိထဲတဲ့စာရင်းတွေနဲ့ပဲအဆိုပြုလွှာမူကြမ်းကိုရေးသားထုတ်ဝေခဲ့တာဖြစ်ပါတယ်။”လို့ဒေါ်ခင်သန်းကပြောပါတယ်။   အဲ့ဒီအဆိုပြုလွှာမှုကြမ်းမှာသမိုင်းဝင်ရှေးဟောင်းအမွေအနှစ်အမျိုးအစားပေါင်း၂၇မျိုးကိုထည့်သွင်းရေးဆွဲထားတာဖြစ်ပြီးနန်းတော်ကုန်း၊တံတိုင်း၊ကျုံး၊ပိဋကတ်တိုက်၊စဥ့်ထည်၊စဥ့်ဖိုတွေ၊ညီလာခံသဘင်ကျင်းပခဲ့တဲ့နေရာတွေနဲ့စပါးကျီတွေစတဲ့အမွေအနှစ်တွေပါဝင်တယ်လို့ကော်မတီကပြောပါတယ်။     ဒါ့အပြင်လက်ရှိမှာမြောက်ဦးမြို့တော်ဟောင်းကိုကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ်အသိအမှတ်ပြုခံရရေးအတွက်ဆောင်ရွက်နေကြတဲ့အချိန်တစ်ဖက်မှာလည်းယဉ်ကျေးမှုနယ်မြေအတွင်းကွန်ကရစ်လမ်းတွေပြုလုပ်နေတဲ့အတွက်ပျက်စီးဆုံးရှုံးမှုတွေနဲ့လည်းရင်ဆိုင်နေရတယ်လို့ဒေါ်ခင်သန်းကဆက်လက်ပြောကြားခဲ့ပါတယ်။   “ဒေသဖွံ့ဖြိုးရေးဆိုတဲ့စီမံကိန်းတွေကိုရေးဆွဲပြီးတော့မြောက်ဦးမှာကွန်ကရစ်လမ်းတွေခင်းလာတယ်။ဒီလမ်းတွေကိစ္စကိုကျွန်မတို့ဘယ်လိုဖြေရှင်းကြမလဲ။ဒါတွေနဲ့ပတ်သက်လို့စီမံခန့်ခွဲမှုစီမံကိန်းတွေရေးဆွဲထားတာမရှိတာ့မြောက်ဦးကိုဘယ်လိုထိန်းမလဲ။လူတွေနဲ့ယဉ်ကျေးမှုအမွေအနှစ်တွေသဟဇာတဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့အစီအမံတွေမရှိတဲ့အတွက်စိတ်ပူမိပါတယ်။”လို့ဒေါ်ခင်သန်းကပြောပါတယ်။   ဒါ့အပြင်အခုတင်သွင်းလိုက်တဲ့အဆိုပြုလွှာမှုကြမ်းဟာပထမပိုင်းသာဖြစ်ပြီးနောက်ကျန်ရှိနေသေးတဲ့အမွေအနှစ်တွေနဲ့ပတ်သက်လို့လည်းထပ်မံပြီးတင်သွင်းသွားဖို့ရှိနေသေးတယ်လို့သူကပြောကြားခဲ့ပါတယ်။   #voiceofmyanmar #မြောက်ဦး

Read More

ပုပ္ပားတောင်ဒေသကို ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ်  သတ်မှတ်ခံရဖို့အလားလာကောင်းများရှိနေ

ရန်​ကုန်​ ၊စက်​တင်​ဘာ၂၃-၂၀၁၉ သူရိန်​ ( VOM )   မြန်မာနိုင်ငံမှာ Global Geopark ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ်သတ်မှတ်ခံရဖို့အလားအလာကောင်းများပိုင်ဆိုင်တဲ့နေရာအများအပြားရှိတဲ့အနက်  မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းလေ့လာမှုအရ ပုပ္ပါးတောင်ဒေသကအလားအလာအကောင်းဆုံးဖြစ်တယ်လို့သိရပါတယ်။   အဲဒီဒေသမှာထူးခြားတဲ့ကျောက်ဖြစ်ရုပ်ကြွင်းတွေ၊ပုဂံခေတ်သံရည်ကျိုမီးဖိုတွေ၊ ထူးခြားတဲ့ဇီဝမျိုးစုံမျိုးကွဲများရှိနေတယလို့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းကပြောပါတယ်။   ဒါ့အပြင်အစွယ်(၂)ထပ်ဆင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းမေးရိုးများလည်းရှိတယ်လို့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းကဆိုပါတယ်။   UNESCO  ဟာကမ္ဘာ့ဘူမိဥယျာဉ်အစီအစဉ်ကို၂၀၀၁ခုနှစ်တွင်စတင်ခဲ့ပြီးလက်ရှိမှာ၄၁နိုင်ငံတွင်ကမ္ဘာ့ဘူမိဥယျာဉ်၁၄၇ခုရှိနေတယ်လို့သိရပါတယ်။  တရုတ်နိုင်ငံ၊အင်ဒိုနီးရှား၊ထိုင်း၊ဗီယက်နမ်နဲ့မလေးရှားနိုင်ငံတို့မှာလည်းကမ္ဘာ့ဘူမိဥယျာဉ်များရှိနေပါတယ်။   မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းရဲ့လေ့လာမှုအရမြန်မာနိုင်ငံမှာ  Global Geopark အဖြစ်သတ်မှတ်ခံရဖို့အလားအလာရှိတဲ့  နေရာအများအပြားရှိနေတယ်လို့ဆိုပါတယ်။   #voiceofmyanmar  #ပုပ္ဗါး     ဓာတ်​ပုံ…Mount Popa

Read More

ဆွမ်းဦးပုညရှင်စေတီတော်မှာမှန်သားခင်း(View Point) ပြုလုပ်မယ့်  အစီအစဉ်ပျက်

စစ်ကိုင်းစက်တင်ဘာ၂၂၊၂၀၁၉ မောင်တာရာ(VOM)     ဆွမ်းဦးပုညရှင်စေတီတော်ရဲ့ရင်ပြင်တော်တွေကိုတိုးချဲ့ပြီး  မှန်သားခင်း(View Point) ပြုလုပ်ရန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကစီစဉ်ခဲ့ပေမယ့် ခုတော့ ပြုလုပ်တော့မှာမဟုတ်တော့ကြောင်း  ဆွမ်းဦးပုညရှင်ဘုရားဂေါပကအဖွဲ့ကနေ သိရပါတယ်။     စစ်ကိုင်းတောင်ရိုး၊ဆွမ်းဦးပုညရှင်စေတီတော်ဂေါပကအဖွဲ့  ဥက္ကဌဦးစိုးဝင်းကပြောပြတာကတော့     ”ကျွန်တော်တို့ဒေသဖွံ့ဖြိုးရေးလုပ်ချင်တယ်၊ရှေးဟောင်းနယ်မြေဖြစ်တယ်၊ သာသနာထွန်းကားတဲ့နယ်မြေတွေဖြစ်တယ်အဲလိုလုပ်မယ်ဆိုဖွံ့ဖြိုးရေးအမြင်တစ်ခုတည်းနဲ့ကြည့်လို့မရဘူးပေါ့နော်။ သာသာနာဆိုင်ရာကိစ္စတွေ၊ယဉ်ကျေးမှုဆိုင်ရာကိစ္စတွေဒါတွေပါထည့်သွင်းစဉ်းစားပြီးတော့မလုပ်ဖြစ်တော့ဘူး”ဟု  ဆွမ်းဦးပုညရှင်ဘုရားဂေါပကအဖွဲ့ဥက္ကဌဦးစိုးဝင်းကပြောပါတယ်။     ဆွမ်းဦးပုညရှင်စေတီတော်ရဲ့ရင်ပြင်တော်တွေကိုတိုးချဲ့ပြီးမှန်သားခင်း(View Point) ပြုလုပ်ရန်အတွက်ဒီနှစ်မေလ၈ရက်နေ့ကစစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊စစ်ကိုင်းခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဦးကျော်ဝင်းလှိုင်၊ ဘုရားဂေါပကအဖွဲ့ဝင်တွေကတရုတ်နိုင်ငံမှပညာရှင်တွေနဲ့အတူလာရောက်ကွင်းဆင်းကြည့်ရှု့တိုင်းတာမှုတွေပြုလုပ်သွားခဲ့ပါတယ်။     ဒီလိုမှန်သားရင်ပြင်ခင်းရင်အောက်မှာ သာသသနိက အဆောက်အဦးတွေရှိနေတော့ အမြင်မတင့်တယ်တာတွေကြောင့် ဝေဖန်မှုတွေရှိလာခဲ့တဲ့ နောက်မှာ ခုလို မှန်သားရင်ပြင်ခင်းမယ့် အစီအစဉ် ဖျက်လိုက်တာဖြစ်ပါတယ်။   #voiceofmyanmar  #ဆွမ်းဦးပုညရှင် #မှန်သားရင်ပြင် #စစ်ကိုင်း    

Read More

မြောက်ဦးကပြိုပျက်သွားတဲ့မောက်တော်တံခါးကိုပြန်လည်ထိန်းသိမ်းမှုစတင်

မြောက်ဦး၊စက်တင်ဘာ၁၉-၂၀၁၉ ခိုင်လင်းစံ(VOM)   ပြီးခဲ့တဲ့စက်တင်ဘာလ၈ရက်နေ့ညနေပိုင်း၎နာရီခန့်လောက်မှာရခိုင်ရှေးဟောင်းနယ်မြေမြောက်ဦးမြို့ရှိရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်တဲ့မောက်တော်တံခါးဟာမိုးကြီးပြီးပြိုပျက်သွားခဲ့ပါတယ်။     အဲ့ဒီတံခါးပြိုပျက်မှုဟာတံခါးအဆောက်အဦးရဲ့၄၀ရာခိုင်နှုန်းလောက်ထိပျက်စီးသွားခဲ့တာဖြစ်ပြီးအခုအခါမှာရှေးဟောင်းသုတေသနဌာနကပြန်လည်ထိန်းသိမ်းမှုလုပ်ငန်းတွေစတင်နေပြီလို့ဆိုပါတယ်။     “လွန်ခဲ့တဲ့နှစ်ရက်သုံးရက်လောက်ကနေထိန်းသိမ်းမှုလုပ်ငန်းတွေစတင်နေပါပြီ။လောလောဆယ်မှာတော့ကျောက်တွေနဲ့လိုအပ်တာတွေစုဆောင်းနေပါတယ်။ရာသီးဥတုအခြေအနေအရမိုးမရွာလိုရှိရင်တော့တစ်လကျော်လောက်ဆိုရင်ပြီးစီးမှာဖြစ်ပါတယ်။” လို့မြောက်ဦးရှေးဟောင်းသုတေသနဌာနညွှန်ကြားရေးမှူးဒေါက်တာသန်းထိုက်ကပြောပါတယ်။       အဲ့ဒီတံခါးဟာလွန်ခဲ့တဲ့နှစ်ပေါင်း၆၀၀လောက်ကနေတည်ထားခဲ့တဲ့မြို့အဝင်တခါးတစ်ခုဖြစ်ပြီးထိန်းသိမ်းကာကွယ်မှုအားနည်းတဲ့အတွက်အခုလိုပြိုပျက်သွားခဲ့ရတာဖြစ်တယ်လို့မြောက်ဦးမြို့ရှေးဟောင်းသုတေသနဌာနကပြောပါတယ်။     “ထိန်းသိမ်းတာကတော့သတ်မှတ်စံနှုန်းတွေအတိုင်းပဲထိန်းသိမ်းမှာဖြစ်ပါတယ်။ထိန်းသိမ်းမှုကုန်ကျစရိတ်ကတော့ကျပ်သိန်း၇၀လောက်ကုန်ကျခံပြုလုပ်သွားဖို့အတွက်လျာထားပါတယ်။”လို့  ဒေါက်တာသန်းထိုက်ကဆိုပါတယ်။     ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ်ယူနက်စ်ကိုအသိအမှတ်ပြုခံရရေးအတွက်ဆောင်ရွက်နေတဲ့အချိန်မှာခိုင်ခန့်မှုအားနည်းလာနေတဲ့အတွက်သဘာဝဘေးဒဏ်တွေကိုမခံနိုင်တော့တာကြောင့်ပြိုပျက်သွားခဲ့ရတာလည်းဖြစ်ပါတယ်။     ဒါ့အပြင်အခုနှစ်မိုးတွင်းရာသီမှာမိုးသည်ထန်စွာရွာသွန်းခဲ့တဲ့အတွက်အနောက်မြတန်ဆောင်းစေတီတော်မှာရှိတဲ့အရံစေတီငယ်တစ်ဆူပြိုပျက်ခဲ့တာတွေလည်းရှိနေပြီးလွန်ခဲ့တဲ့နှစ်တွေကလည်းအခုလိုမိုးတွင်းရာသီမှာပြိုပျက်မှုနဲ့ရင်ဆိုင်ခဲ့ရတဲ့ရှေးဟောင်းအမွေအနှစ်တွေအများအပြားရှိနေတာဖြစ်ပါတယ်။   #voiceofmyanmar #မြောက်ဦး #မောက်တော်တံခါး

Read More

ရန်ကုန်တက္ကသိုလ်ထဲက သစ်ပုပ်ပင်ကို သဘာဝအမွေအနှစ်အဖြစ်သတ်မှတ်ပြီး အပြာရောင်ကမ္ဗည်းပြားတပ်ဆင်

ရန်ကုန် စက်တင်ဘာ ၆-၂၀၁၉ သိဂီ င်္(VOM)   ရန်ကုန်တက္ကသိုလ်အတွင်းက သစ်ပုပ်ပင်ကို သဘာဝအမွေအနှစ်အဖြစ် သတ်မှတ်ပြီး ရန်ကုန်မြို့ပြအမွေအနှစ်အထိမ်းအမှတ်အပြာရောင် ကမ္ဗည်းပြားကို ဒီကနေ့ စက်တင်ဘာ ၆ ရက်မှာ တပ်ဆင်ခဲ့ပါတယ်။   ရန်ကုန်မြို့ပြအမွေအနှစ်အထိမ်းအမှတ်အပြာရောင် ကမ္ဗည်းပြားတပ်ဆင်မှုအနေနဲ့ဆိုပါက  ၃၂ ခုမြောက် တပ်ဆင်ခြင်းဖြစ်ပေမယ့် သဘာဝအမွေအနှစ် အဖြစ်သတ်မှတ်တပ်ဆင်မှုက ရန်ကုန်မှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။သစ်ပုပ်ပင်ဟာ နှစ်သက်တမ်းအနေနဲ့ နှစ်ပေါင်း ၁၀၀ ကျော်ရှိပြီလို့သိရပါတယ်။   ” ရန်ကုန်တက္ကသိုလ်ထဲက မြို့ပြအမွေအနှစ်အဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အစိုးရအဖွဲ့နဲ့ ပညာရေးဝန်ကြီးဌာန ပူးပေါင်းပြီး ကြိုးစားနေပါတယ်။ ခု သစ်ပုပ်ပင်ကို အပြာရောင်ကမ္ဗည်းပြားတပ်ဆင်တာလည်း တစ်ခုပါ။ ဂုဏ်ယူပါတယ်။ နောက်ထပ်လည်း ရန်ကုန်တက္ကသိုလ်ထဲက အထင်ကရအဆောက်အဦးတွေကို အပြာရောင်ကမ္ဗည်းပြားတွေတပ်နိုင်ဖို့ ဆောင်ရွက်သွားပါမယ်”ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောပါတယ်။   ရန်ကုန်တက္ကသိုလ်ရှိ သစ်ပုပ်ပင်ကြီးဟာ  သက်တမ်းရင့် ရွက်ကြွေပင်ကြီးဖြစ်ပြီး ရန်ကုန်မြို့ရဲ့ အထင်ရှားဆုံးသစ်ပင်ကြီးတွေအနက် တစ်ခုအပါအဝင်ဖြစ်ပါတယ် ။…

Read More

မိုးရေကြောင့် သရေခေတ္တရာ ရှေးဟောင်းဇုံထဲက ဘုရားတောင် ဘုရားပြိုကျတော့မည့်အခြေအနေရှိ

ပြည် – သြဂုတ် ၁၈-၂၀၁၉ ဂျန်ကိုးလ်(VOM)   လတ်တလောရွာခဲ့တဲ့မိုးကြောင့် ပြည်မြို့အနီးသရေခေတ္တရာ ပျူမြို့ဟောင်းထဲက စေတီတဆူဖြစ်တဲ့ ဘုရားတောင်ဘုရားမှာနံရံတွေဖောင်းလာပြီး ပတ်ကြားအက်တာတွေပေါ်လာနေပါတယ်။   ဒီစေတီပြိုကျမသွားအောင်လတ်တလောမှာအလှူရှင်တွေရဲ့အကူအညီနဲ့ထိမ်းသိမ်းမှုတွေဆောင်ရွက်နေရတယ်လို့ကမ္ဘာ့အမွေအနှစ်ဌာနခွဲသရေခေတ္တရာဌာနစုကသိရပါတယ်။   “ပြုပြင်ထိမ်းသိမ်းဖို့ တင်ထားတာ ၁နှစ်ကျော်ပြီခုထိတော့မကျသေးဘူးအလှူငွေနဲ့ရသလောက်ပြုပြင်နေတယ်၊ အလှူငွေဆိုတာကဇုံထဲကို လာလည်တဲ့ဧည့်သည်တွေထဲကတချို့ဆိုရှေးဟောင်းဘုရားပြုပြင်ချင်လို့ အလှူငွေထည့်တာတွေရှိတယ်၊အဲဒါတွေကိုစနစ်တကျထွေအုပ်တို့နဲ့တင်ပြပြီးလုပ်နိုင်သရွေ့ပေါ့၊ အပေါ်မှာအက်ရာကြီးတွေရှိတယ်အဲဒီအထဲရေဝင်ရင်ပြိုကျနိုင်လို့လုံးတော်ပြည့်တာပေါ်လင်အုပ်ထားလို့သက်သာနေတာ” လို့ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသရေခေတ္တရာဌာနစု ဒုတိယညွှန်ကြားရေးမှူးဦးကျော်မျိုးဝင်းကပြောပြပါတယ်။   သရေခေတ္တရာမြို့ဟောင်းရဲ့အကျယ်အဝန်းဟာဧကပေါင်း၁၂၀၀၀ကျော်ရှိပြီး မတူးရသေးတဲ့စေတီတွေနဲ့ မြေပေါ်မှာရှိတဲ့ ဘုရားစေတီပေါင်း ရာချီပြီးရှိပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ၂၉ရက်နေ့ကလည်းအရှေ့ဘက်နန်းမြို့ရိုးအစိတ်အပိုင်းတချို့ အချိန်မှီမထိမ်းသိမ်းနိုင်ခဲ့လို့  ပြိုကျတဲ့ဖြစ်စဉ်ရှိခဲ့ပါသေးတယ်။   #voiceofmyanamr #သရေခေတ္တရာ #ပြည် #ပျူမြို့ဟောင်း

Read More

သရေခေတ္တရာရှေးဟောင်းဇုံမှာ မိုးများလို့ မြို့ရိုးဟောင်းအပိုင်းအစတွေ ပြိုကျ

ပြည် ဇူလိုင်၃၀-၂၀၁၉ ဂျန်ကိုးလ်(VOM)   ပဲခူးတိုင်းပြည်မြို့မှာရှိတဲ့ကမ္ကာ့အမွေအနှစ်စာရင်းဝင် သခေတ္တရာပျူမြို့ဟောင်းအတွင်းက မြို့ရိုးအပိုင်းအစတခုဟာ မိုးသည်းစွာရွာလို့ ဇူလိုင်၃၀မနက်ကပြိုကျသွားတယ်လို့သတင်းရရှိပါတယ်။   ဒီမြို့ရိုးဟောင်းဟာ အရှေ့ဘက်နန်းမြို့ရိုး ဖြစ်ပြီးပေသုံးဆယ်ခန့် ပြိုကျမှုဖြစ်ပွားခဲ့ကြောင်းကို ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ကမ္ကာ့အမွေအနှစ် ဌာနခွဲ သရေခေတ္တရာဌာနစုက သိရတာဖြစ်ပါတယ်။   “မနေ့က မိုးတအားရွာတယ် တစ်ညလုံးရွာတယ် ဒီရှေးဟောင်းဇုံထဲမှာလည်းရွာတယ်။ အဲလိုရွာတဲ့အခါမှာ မနက် လေးနာရီနဲ့ ငါးနာရီကြားမှာ အရှေ့ဘက်နန်းမြို့ရိုး ပေသုံးဆယ်လောက် ကွာကျသွားတယ်။ မကွာခင်မှာလည်း ဒါကြီးက ဖောင်းနေတယ် ဒီဟာကိုလည်း ထိန်းသိမ်းဖို့ ဘတ်ဂျက် တင်တောင်းထားတာ ရှိပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းက တောင်းထားတာပေါ့နော်။ ဘတ်ဂျက်က မကျသေးဘူး မကျသေးခင်မှာလည်း ဒီလိုဖြစ်သွားတာပါ”လို့ကမ္ကာ့အမွေအနှစ် ဌာနခွဲ သရေခေတ္တရာဌာနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းကပြောပြပါတယ်။     ဒီမြို့ရိုးဟာအရှေ့ဘက်နန်မြို့ရိုးမှာ အမြင့် ၇ ပေခန့်မြင့်မားပြီး အရှည်ပေ ၅၀၀ခန့်ရှိကြောင်းနဲ့ယခုမိုးရာသီတွင် ထပ်မံ၍ မိုးရက်ဆက်ရွာသွန်းရင်…

Read More

မြောက်​ဦး​ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်​ဖို့ အစီအစဉ်​တွေ အပြီးသတ်ရေးစွဲနေ

ရန်​ကုန်​၊ ဇူလိုင်​ ၁၇ – ၂၀၁၉ သူရိန် (VOM)   ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသတစ်ခုဖြစ်တဲ့ မြောက်ဦးကို ဒီနှစ်ကုန်ပိုင်းမှာ ကမ္ဘာ့အမွေအနှစ်စာရင်း တင်​သွင်းနိုင်​ဖို့ အစီအစဉ်​​တွေ ရေးဆွဲ​နေတယ်​လို့​ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ အထွေထွေအတွင်းရေးမှူး ဦးနောင်းနောင်းဟန်က ပြောပါတယ်​။   မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းဖို့ ပြင်ဆင်နေပြီး လက်ရှိမှာ မြောက်ဦးဒေသအတွင်း စီမံခန့်ခွဲရေး အစီအစဉ်တွေ ရေးဆွဲတာ၊ စောင့်ကြည့်အကဲခတ်ရေး ဆောင်ရွက်တာ​တွေကို နိုင်ငံတကာပညာရှင်တွေနဲ့ ပြည်တွင်းပညာရှင်တွေ ပူးပေါင်းညှိနှိုင်းရေးဆွဲ​နေပြီး အခုနှစ်ကုန်ပိုင်း ဒါမှမဟုတ် ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းမှာ တင်သွင်းသွားမယ်​လို့ သိရပါတယ်​။   “ဒီဒေသတစ်ခုလုံးကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းဖို့အတွက် လက်ရှိမှာ စီမံခန့်ခွဲမှုအပိုင်းကို ရေးဆွဲနေပါတယ်။ မူကြမ်းအားဖြင့်တော့ တော်တော်လေး ပြီးနေပါပြီ။ အစည်းအဝးကတော့ နောက်ထပ် နှစ်ကြိမ်၊သုံးကြိမ်လောက်တော့ လုပ်ရဦးမှာပါ။ ဒီနှစ်ထဲ အပြီးသတ်ရေးဆွဲပြီးတော့ တင်သွားဖို့ရှိတယ်​။” လို့…

Read More

လက်​ပံတန်းမြို့နယ်​အတွင်းက ဘုန်း​​​ကြီး​ကျောင်းနဲ့ ​စေတီ​တော်​တွေမှာရှိတဲ့ စိန်​ဖူး​တော်​ ၃၀​ ကျော်​ ခိုးယူခံရ

လက်​ပံတန်း၊ ဇွန်​ ၂၆ – ၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်း သာယာဝတီခရိုင်​ လက်​ပံတန်းမြို့နယ်​အတွင်းက ဘုန်းကြီးကျောင်းနဲ့ စေတီတော်တွေမှာရှိတဲ့ စိန်ဖူးတော် ၃၀ ကျော် မနေ့ညနေပိုင်းက ခိုးယူခံရတယ်လို့ အဲဒီကျေးရွာတွေက သိရပါတယ်။   “ချမ်းသာကုန်းဘုန်းတော်ကြီးကျောင်းမှာ မနေ့ညနေ ငါးနာရီဝန်းကျင်လောက်က ဘုရားမီးပူဇော်တဲ့အချိန်မှာ စိန်ဖူးတော် အခိုးခံရတာကို သိရတာပါ။ ကွမ်းခြံကုန်းအုပ်စုက စေတီတော်တွေက အရံစေတီတော်တွေရဲ့စိန်ဖူးတော်တွေပါ အခိုးခံရတယ်။ နောက်ကျေးနီကျေးရွာက ကိုးနဝင်းကပ်ကျော် စေတီတော်ကစိန်ဖူးတော်၊ အားလုံးခန့်မှန်းခြေ ၃၀ကျော်ခိုးယူခံရပါတယ်။”လို့ ချမ်းသာကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ငွေက ပြောပါတယ်။   ချမ်းသာကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း တည်ထားတဲ့ လာဘမုနိ ကမ္ဘာ့ချမ်းသာရစေတီတော်နဲ့  ချမ်းသာကုန်းဘုန်းကြီး​ကျောင်းစေတီ​တော်​၊ ကွမ်းခြံကုန်းအုပ်​စုမှ ​စေတီ​တော်​​၊ ကျေးနီကျေးရွာရှိ ကိုးနဝင်းကပ်​​ကျော် ​​စေတီ​တော်​တို့က စိန်​ဖူး​တော်​တွေ တစ်​​နေ့တည်း ခိုးယူခံခဲ့ရတာ ဖြစ်ပြီး အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မြို့နယ်အထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာနကိုလည်း…

Read More

အမဲစိမ်း ဆက်တဲ့ ပြည်မြို့စောင့် ကန်တော်သခင်မောင်နှမ ကန်တော့ပွဲ

ဇွန်လ ၁၅ ရက် လမင်း (VOM)   သရေခေတ္တရာမင်းဆက် ဒုတ္တဘောင်ဘုရင်သတ်မှတ်ခဲ့တဲ့ ပြည်မြို့စောင့် ကန်တော်သခင်မောင်နှမရဲ့ နယုန်လ ကန်တော့ပွဲကို ဇွန်လ ၁၅ ရက်နေ့ကစပြီး ပြည်မြို့က ကန်တော်သခင်မနတ်နန်း မှာပြုလုပ်နေကြပါတယ် ။   “ဒွတ္တဘောင်ဘုရင်လက်ထက်က စရမှာပေါ့ ဒွတ္တဘောင်ဘုရင် သတ်မှတ်ခဲ့တဲ့ နယုန်လဆန်းကနေ နယုန်လပြည့်ကျော်တဲ့ အထိကို ဒီသခင်ကြီးနဲ့သခင်မကြီး အကိုတော်ဘုရားနဲ့ အမတော်ဘုရားကို သရက်သီးမှည့်နဲ့ ဆီထမင်းစားတော်စာကို ဒွတ္တဘောင်မင်းကိုယ်တိုင် နန်းသူနန်းသားတွေနဲ့ ဆက်လာပြီးတော့ ခေတ်အဆက်ဆက်က လုပ်လာတာဖြစ်လို့ ၇ ရက် သားသမီးအပေါင်း ပြည်မြို့သူမြို့သားအပေါင်း ဘေးအန္တရာယ်ကင်းရှင်းစေဖို့ ရည်ရွယ်ပြီး ဒီကနားပွဲကို စုပေါင်းပြီးတော့ ကန်တော့ကြတာပေါ့ ” ဟု နန်းထိန်းမိသားစုဝင်ဖြစ်တဲ့ ကိုညီက ပွဲတော်ဖြစ်ပေါ်လာရတဲ့အကြောင်းကို ရှင်းပြပါတယ် ။   ဒွတ္တဘောင်မင်း လက်ထက်ကတည်းက ကန်တော့ပွဲ မှာ ဆီထမင်းနဲ့ သရက်သီးမှည့်ကို…

Read More