လေဖြတ်ထားသူတွေအတွက် စိတ်နဲ့ထိန်းချုပ်ပြီးလမ်းလျှောက်နိုင်မယ့် ကိရိယာတီထွင်

လန်ဒန်၊ အောက်တိုဘာ-၆-၂၀၁၉ မျိုးဆက် (VOM)   လေဖြတ်ထားသူ လူနာတွေအတွက် သူတို့ရဲ့ ဦးနောက်ကအချက်ပြလှိုင်းတွေနဲ့ ထိန်းချုပ်ပြီး လမ်းလျှောက်နိုင်မယ့် စက်ရုပ်ခြေလက်စနစ် သို့မဟုတ် Exoskeleton ကို သုတေသီတွေက အောင်မြင်စွာ တီထွင်အသုံးပြုနိုင်ပြီဖြစ်တယ်လို့ The Lancet Neurology journal ကဖော်ပြထားပါတယ်။   Exoskeleton စနစ်အတွက် နှစ်နှစ်ကြာစမ်းသပ်မှုတွေလုပ်ဆောင်ခဲ့ပြီးနောက် လေဖြတ်ထားတဲ့ လက်တွေခြေတွေကို လှုပ်ရှားသွားလာနိုင်ဖို့အတွက် ဝတ်ဆင်ထားတဲ့ စက်ရုပ်ခြေလက်တွေဆီကို အချက်ပြလှိုင်းတွေပေးဖို့အတွက် ဦးနှောက်အနီးမှာ အာရုံခံစနစ်တစ်ခုကို ထည့်သွင်းပြီး အသက် ၂၈ နှစ်အရွယ် လူနာတစ်ဦးကို ဝတ်ဆင်လမ်းလျှောက်ရာမှာ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဒီစနစ်ဟာ လေဖြတ်နေတဲ့လူနာတွေအတွက် ဦးနှောက်အချက်ပြလှိုင်းကို အသုံးပြုပြီး ကွန်ပြူတာစနစ်နဲ့ပေါင်းစပ်ကာ ကူညီနိုင်ဖို့အတွက် အလွန်နီးစပ်လာတဲ့ အဆင့်တစ်ခုဖြစ်ပြီး Exoskeleton ကရှေ့ပြေးနမူနာပုံစံတစ်ခုဖြစ်တယ်လို့ စမ်းသပ်မှုမှာဦးဆောင်ပါဝင်တဲ့ သုတေသီတွေက ပြောပါတယ်။   Exoskeleton မှာ ဦးနှောက်ကအချက်ပြလှိုင်းတွေကို အာရုံခံစုစည်းပြီး…

Read More

မြန်မာနိုင်ငံမှ ဝက်တုပ်ကွေးမကူးစက်ရေး ထိုင်းနယ်စပ်မှာစစ်ဆေးရေး စခန်း ၅၀ ဖွင့်ပြီးဆောင်ရွက်နေ

  ဗန်ကောက်၊ အောက်တိုဘာ-၄-၂၀၁၉ မျိုးဆက် (VOM)   တစ်နှစ်ကို ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံလောက်နဲ့ လည်ပတ်နေတဲ့ ထိုင်းနိုင်ငံရဲ့ ဝက်သားလုပ်ငန်းကို အိမ်နီးချင်းမြန်မာနိုင်ငံကနေ အာဖရိကဝက်တုပ်ကွေး ကူးစက်မှုကနေ ကာကွယ်ရေးလုပ်ငန်းအတွက် ထိုင်းတပ်ဖွဲ့ဝင်တွေနဲ့ အတူ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးအစားအသောက် ကုမ္ပဏီကြီးသုံးခုက ပူးပေါင်းလုပ်ဆောင်နေပါတယ်။   မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်တစ်လျှောက်က စစ်ဆေးရေးဂိတ် ၅၀ အတွက် ထိုင်းနိုင်ငံရဲ့ အကြီးဆုံးစိုက်ပျိုးမွေးမြူရေး ကုမ္ပဏီ Charoen Pokphand က ပြိုင်ဘက်ကုမ္ပဏီတွေဖြစ်တဲ့ Betagro နဲ့ Thai Food တို့နဲ့ ပူးပေါင်းပြီး ရန်ပုံငွေထူထောင်ပေးမှာဖြစ်ပါတယ်။   အဲဒီကုမ္ပဏီသုံးခုပေါင်းလိုက်ရင် ထိုင်းနိုင်ငံရဲ့ ဝက်သားထုတ်လုပ်မှု ၈၀ ရာခိုင်နှုန်းအထိရှိနေပြီး အာဖရိကဝက်တုပ်ကွေး မကူးစက်ရေးလုပ်ငန်းစဉ်မှာ နိုင်ငံရန်ပုံငွေနည်းပါးတာကြောင့် ပုဂ္ဂလိကအပိုင်းကနေ ပုံမှန်မဟုတ်တဲ့ ထည့်ဝင်ငွေနဲ့ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေ…

Read More

အင်တာနက်နဲ့ ရုပ်မြင်သံကြားတွေမှာ လိမ်လည်လှည့်ဖျားကြော်ငြာရင် သရုပ်ဆောင်တွေကိုပါ  စားသုံးသူကာကွယ်ရေးဥပဒေနဲ့အရေးယူနိုင်

ရန်ကုန် ဇူလိုင် ၃၁-၂၀၁၉ သိဂီ င်္(VOM)   အင်တာနက် ဒါမှမဟုတ် ရုပ်မြင်သံကြားမှာ လိမ်လည်လှည့်ဖျားကြော်ငြာတာတွေဟာ စားသုံးသူအခွင့်အရေးချိုးဖာက်ခံရတာဖြစ်တာကြောင့် တိုင်ကြားနိုင်တယ်လို့  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းက သိရပါတယ်။   ဒီလို တိုင်ကြားလာမယ်ဆိုရင် ပဏာမစစ်ဆေးမှုတွေပြုလုပ်ပေးသွားမှာဖြစ်ပြီး တိုင်ကြားတဲ့အတိုင်းအမှန်တကယ် လိမ်လည်ကြော်ငြာခဲ့တာတွေ့ရှိရင် ယခု အသစ်ပြဌာန်းအတည်ပြုထားတဲ့ စားသုံးသူကာကွယ်ရေးဥပဒေနဲ့ အရေးယူတာတွေပြုလုပ်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း အတွင်းရေးမှူး ဖြစ်တဲ့ ဒေါ်စိုးကလျာထက်က ပြောပါတယ်။   “စားသုံးသူကာကွယ်ရေး ဥပဒေမှာပါပြီးသားဖြစ်တယ်။ ကြော်ငြာတဲ့အတိုင်း တကယ်ဖြစ်မလာခဲ့ရင်ပေါ့။ သူတို့က အွန်လိုင်းမှာလည်းကြော်ငြာတယ်။ တီဗွီမှာလည်းကြော်ငြာတာရှိတယ် ။ဒီအတွက်စားသုံးသူကတကယ်နစ်နာရင် ဒီကြော်ငြာနဲ့ပတ်သက်တဲ့မင်းသား မင်းသမီးကအစအရေးယူလို့ရတယ် ဒါကြောင့် အများပြည်သူနဲ့တိုက်ရိုက်ပတ်သက်တဲ့ ကြော်ငြာတွေကိုရိုက်ကူးတဲ့အခါ တာဝန်ယူစိတ်နဲ့ လုပ်ဆောင်ဖို့လိုအပ်နေပါတယ်။ ” လို့  ပြောပါတယ်။   ဒါ့အပြင် စားသောက်ဆိုင်တွေမှာ စားသုံးတဲ့အခါ အစားအစာထဲ အိုးဆေး စတီးခွေအစ ပါတာ အကောင်တွေပါတာ စတဲ့ ကျန်မာရေးအရဖြစ်စေ…

Read More

တောင်အဆင်းလမ်းကြမ်း စက်ဘီးစီးပြိုင်ပွဲ မန္တလေးမြို့မှာ ကျင်းပမယ်

မန္တလေး၊ ဇူလိုင် ၂၉-၂၀၁၉ ဟိန်းကို(VOM)   ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ စက်ဘီးစီးအဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပမယ့် Triple Hill Bike Challenge-2 ဒုတိယအကြိမ်မြောက် တောင်အဆင်း လမ်းကြမ်းစက်ဘီးစီးပြိုင်ပွဲကို မန္တလေးမြို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ ဒီနေ့ ဇူလိုင် ၂၉ ရက် နေ့လည်ပိုင်းက မန္တလေးမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။   Mountain Bike စက်ဘီးစီးပြိုင်ပွဲနဲ့ Downhill တောင်အဆင်းလမ်းကြမ်းပြိုင်ပွဲကို ၂၀၁၉ ဩဂုတ်လ ၃ ရက် မနက် ၆ နာရီမှာ ၂၆ လမ်း၊ မြို့တော်ခန်းမရှေ့ကနေ စတင်တာလွှတ်မှာဖြစ်ပြီး ရေတံခွန်တောင် ထူးမဘုန်းကြီးကျောင်းမှာ ပန်းဝင်ရမှာ ဖြစ်ပါတယ်။   ” စက်ဘီးစီးပြိုင်တဲ့ ကစားသမားဦးရေကလည်း အရမ်းများနေပါပြီ။ တစ်နိုင်ငံလုံးမှာရှိတဲ့ ကစားသမားတွေ စိတ်ဝင်စားပြီး အခက်အခဲဆုံးပြိုင်ပွဲကို ယှဉ်ပြိုင်နိုင်ဖို့ရာအတွက် ပုံမှန်ကျင်းပနေကျ တောင်တစ်လုံးတည်းကို…

Read More

ကနီမြို့နယ်က ကျေးရွာတချို့မှာ ဆင်တုပ်ကွေးဖျားနာသူ များလာ

ကနီ၊ ဇူလိုင် ၂၃ – ၂၀၁၉ ရန်နိုင်စိုး (VOM)   စစ်ကိုင်းတိုင်း ကနီမြို့နယ် တွင်းမကျေးရွာအုပ်စုမှာ ကလေးငယ်တွေအပါအဝင် ဆင်တုပ်ကွေးလို့ပြောဆိုနေကြတဲ့ ဖျားနာမှုတွေ အတော်များများ ဖြစ်ပေါ်နေပါတယ်။   ” ကလေး၊ လူကြီး တော်တော်များများ ဖျားနာနေတယ်။ ၁၀ ရက်လောက်ကတော့ မလှုပ်နိုင်ဘူး။ ကျေးရွာအုပ်စုမှာ ရာခိုင်နှုန်းနဲ့တွက်ရင် ၅၀ ကျော် ၆၀ ရာခိုင်နှုန်းအထိဖြစ်နေကြတာ။ အိမ်မှာ တစ်ယောက်ဖြစ်ရင် အကုန်ကူးကြတာ။ နာတာရှည်လူနာမျိုးဆို ပိုဆိုးတယ်။ ကျနော်တို့ရွာအုပ်စုမှာ ၅ ယောက်လောက် ဒီလထဲ သေဆုံးတယ်။” လို့ တွင်းမကျေးရွာနေ ဦးဝင်းက ပြောပါတယ်။   တွင်းမကျေးရွာအုပ်စုဝင် ငါးရွာရှိတဲ့အထဲမှာ ကျေးရွာ ၄ ရွာလောက်က တုပ်ကွေး ဖြစ်ပေါ်နေတာပါ။ တချို့ လူနာတွေကတော့ ကနီဆေးရုံမှာ ကုသနေရပြီး တုပ်ကွေးဖြစ်ပွားတဲ့ လူနာဦးရေစာရင်းကတော့ အတိအကျ…

Read More

Dog Bite Center ရန်ကုန်က ဆေးရုံကြီး ၄ခုမှာ ဖွင့်မယ်

ရန်ကုန် ၊ ဧပြီ  ၂၃-၂၀၁၉ TGH(VOM)   မြန်မာတစ်နိုင်ငံလုံး  ခွေးကိုက်ခံရမှုစာရင်းတွေအရ အများဆုံးဖြစ်နေတဲ့  ရန်ကုန်တိုင်းမှာ ခွေးကိုက်ခံရတဲ့လူနာတွေကို ကုသပေးမယ့် Dog Bite Center ကို ဆေးရုံကြီး လေးခုမှာ မေလ အကုန်စတင်ဖွင့်လှစ်သွား မယ်လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်က ပြောပါတယ်။   ” တိုင်းနဲ့ပြည်နယ် အားလုံးကနေ တင်ပြလာတဲ့ သတင်းအချက်အလက်တွေအရ ခွေးကိုက်ခံရမှုအများဆုံးက ရန်ကုန်နဲ့ မန္တလေးဖြစ်တယ်။ ဒါကြောင့် ဒီနေရာတွေကို အရင်းဆုံးစတင်မယ်။ လက်ရှိမှာလည်း ပြင်ဆင်မှုတွေလုပ်နေတယ်။ ဒီလို ခွေးကိုက်ခံရတဲ့လူနာတွေအတွက် ကုသရေးဌာန ဖွင့်လှစ်တာက ခုလုပ်နေတဲ့ လုပ်ငန်းတွေကိုပိုပြီး ထိထိရောက်ရောက်လုပ်ဆောင်ဖို့နဲ့ ဆေးအလေအလွင့်တွေမရှိအောင် ထိန်းသိန်းနိုင်ဖို့ဖြစ်ပါတယ်။ ရန်ကုန်မှာ ဖွင့်တာနဲ့ တစ်ပြိုင်တည်းပဲ မန္တလေးမှာလည်း ဖွင့်ဖို့ကိုလုပ်နေတယ်” လိှု့ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်ကဆိုပါတယ်။ ရန်ကုန်တိုင်းထဲမှာ လူနာတွေသွားလာရလွယ်ကူမယ့် နေရာတွေကို…

Read More

ကျမ္မာရေးမှူးတွေကို စွမ်းရည်မြှင့်ပေးမယ့်စီမံကိန်း စတော့မည်

ရန်ကုန် ၊ မတ် ၃ -၂၀၁၉ TGH (VOM) သိန်းပေါင်း ၇၀၀၀ ၀န်းကျင်လောက်ကုန်ကျမယ့် ၅ နှစ်စာမဟာဗျူဟာစီမံကိန်းကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းက ဒီကနေ့မှာစတင်မိတ်ဆက်ခဲ့ပါတယ်။ ဒီစီမံကိန်းကို လာမယ့် ဇွန်လမှာစတင်လုပ်ဆောင်မှာဖြစ်ပါတယ်။ ဒီစီမံကိန်းကနေ ကျန်းမာရေးမှူးတွေရဲ့ စွမ်းရည်တွေနဲ့ ပြည်သူတွေအတွက် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေကို လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်း ၊ ဒီထဲမှာ တီဗီရောဂါ ၊ ငှက်ဖျားရောဂါ ၊ ရေနဲ့သန့်ရှင်းရေး စတဲ့ လုပ်ငန်းတွေပါဝင်ပါတယ်။ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအနေနဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီးတွေမှာရှိတဲ့ မြို့ပေါင်း ၃၀၇ ခုမှာ အသင်းဖွဲတွေစည်းထားကြောင်းနဲ့ ခုဆိုရင် အဖွဲ့ဝင်ပေါင်း ၅၀၀၀ ကျော်အပြင် နိုင်ငံတကာအလှူရှင်အဖွဲ့ ၆ ဖွဲ့ ၊ မိတ်ဖက်အဖွဲ့အစည်း ၁၁ ဖွဲ့ ရှိနေပြီလို့သိရပါတယ်။ အဲဒီအသင်းဟာဆိုရင် နိုင်ငံသားတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို စီမံချက်ရေးဆွဲလုပ်နေတဲ့အဖွဲ့တစ်ခုပဲဖြစ်ပါတယ်။ #voiceofmyanmar #ကျမ္မာရေးမှူး

Read More

ကာဒစ်ဖ်တိုက်စစ်မှူးပျောက်ဆုံးပြီးနောက် တွစ်တာမှာတင်တဲ့ဓါတ်ပုံကြောင့် ဝေဖန်ခံနေရတဲ့ ရော်နယ်ဒို

လန်ဒန်၊ ဇန်န၀ါရီ-၂၃-၂၀၁၉ ရန်နိုင်ထွန်း (VOM) ပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်တဲ့ ကာဒစ်ဖ် အသင်းကနေ စာချုပ်ချုပ်ဆိုလိုက်တဲ့ တိုက်စစ်မှူးသစ် အီမီလီယာနို ဆာလာ ပျောက်ဆုံးပြီးနောက် မကြာမီအချိန်မှာဘဲ ဂျူဗင်တပ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်မှာ ပြုံးရွှင်စွာ ရိုက်ကူးထားတဲ့ ဓါတ်ပုံတစ်ပုံကို တွစ်တာမှာ တင်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အသက် ၂၈ နှစ်အရွယ် ကာဒစ်ဖ်အသင်းကနေ ပေါင်၁၅ သန်းနဲ့ စာချုပ်ချုပ်ဆို ခေါ်ယူလိုက်တဲ့ တိုက်စစ်မှူသစ်ဆာလာဟာ အင်္ဂလန်မြေကို လေယာဉ်မှူးတစ်ဦးနဲ့အတူ ဇန်န၀ါရီ ၂၂ ရက်က လာရောက်ရာမှာ ည ၈ နာရီ ခွဲမှာ လေယာဉ်ဟာ အဆက်အသွယ်ပြတ် ပျောက်ဆုံးသွားတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အခွန်တိမ်းရှောင်မှုကြောင့် စပိန်နိုင်ငံ မက်ဒရစ်မြို့ တရားရုံးတစ်ခုက ပေါင် ၁၆ ဒသမ ၆သန်းဒါဏ်ငွေပေးဆောင်ဖို့အမိန့်ကို ဇန်န၀ါရီ ၂၂ ရက်မှာ လက်ခံပြီးနောက် အီတလီကိုပြန်လာတဲ့ ခရီးမှာ…

Read More

အာဆင်နယ်နောက်ခံလူ ဘယ်လာရင် ဒူးဒါဏ်ရာကြောင့် ရာသီကုန်အထိ နားရတော့မည်

လန်ဒန်၊ ဇန်န၀ါရီ-၂၂ ရန်နိုင်ထွန်း (VOM) အာဆင်နယ်အသင်းက စပိန်ညာနောက်ခံကစားသမာ ဘယ်လာရင်ဟာ ချယ်ဆီးကို နှစ်ဂိုးပြတ်အနိုင်ရခဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒူးဒါဏ်ရာရရှိခဲ့တာကြောင့် ရာသီကုန်အထိ အနားယူရတော့မှာဖြစ်ပါတယ်။ ဘယ်လာရင်ရဲ့ ဒူးဒါဏ်ရာနဲ့ပတ်သက်ပြီး နောက်ထပ်ဆေးစစ်မှုတွေ လုပ်သွားမှာပါ။ ဒါပေမယ့် အခြေအနေက သိပ်တော့မကောင်းဘူးလို့ အသင်းတာဝန်ရှိသူတစ်ဦးက ပြောဆိုပြီး အနည်းဆုံ ကိုးလလောက်အထိ အနားယူရနိုင်တယ်လို့ ဆိုပါတယ်။ ဘယ်လာရင်ဟာ ဇန်န၀ါရီ ၂၀ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ ပွဲကစားချိန် ၇၀ မိနစ်မှာ ချယ်ဆီးကွင်းလယ်လူ ရို့ဘာကလေကြောင့် ၎င်းရဲ့ဒူးမှာ ဒါဏ်ရာရရှိပြီး လူစားလဲခဲ့ရပါတယ်။ အသင်းရဲ့ပွဲစဉ်တွေကို ရာသီကုန်အထိ လွဲချော်တော့မှာဖြစ်တဲ့အတွက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ထိပ်ဆုံးလေးသင်းနေရာ ရာသီကုန်မှာ ရပ်တည်နိုင်ဖို့ ကြိုးစားနေတဲ့အာဆင်နယ်အသင်းအတွက်တော့ ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။ အသင်းရဲ့ ညာနောက်ခံလူနေရာအတွက် ဘယ်လာရင်အစား အိန်စလေကို အစားထိုးအသုံးပြုဖွယ်ရှိတယ်လို့ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက ထုတ်ဖော်ပြောဆိုပါတယ်။ Ref: The…

Read More

ပထမဆုံးအကြိမ်လူထုစက်ဘီးစီးပြိုင်ပွဲကိုပြည်မြို့တွင်ကျင်းပ

ပြည် ဇန်နဝါရီ ၂၀-၂၀၁၉ လမင်း (ပြည် VOM)   ပဲခူးတိုင်း ၊ ပြည်ခရိုင် ၊ ပြည်မြို့တွင် ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်က ပထမဆုံးအကြိမ်လူထုစက်ဘီးစီးပြိုင်ပွဲ နှင့်အတူ ၁၆ နှစ်အောက်လူငယ်လူသစ်တန်းစက်ဘီးစီးပြိုင်ပွဲ ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။   ၁၆ နှစ်အောက်လူငယ်လူသစ်တန်းစက်ဘီးစီးပြိုင်ပွဲကို ပြည်မြို့ရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်းမှာ စုရပ်ထားပြီးကျင်းပပြုလုပ်ခဲ့ကာ မနက် ၅ နာရီခွဲတွင် လွတ်လပ်ရေးကျောက်တိုင်ကွင်းရှေ့မှတာလွတ်၍ လမ်းရှည်လမ်း ၊ လမ်းမတော်လမ်း ၊ ဗိုလ်ချုပ်လမ်း ၊ တာဂွထိ စီးနင်းခဲ့ကြပြီး တာဂွမှတစ်ဆင့် စတင်ထွက်ခွာရာလမ်းကြောင်းအတိုင်းပြန်လည်ပန်းဝင်ခဲ့ပါတယ်။   လူထုစက်ဘီးစီးပြိုင်ပွဲကို မနက် ၆ နာရီခွဲတွင် လွတ်လပ်ရေးကျောက်တိုင်ကွင်းရှေ့၌စတင်တာလွှတ်ခဲ့ပြီး ထိုမှတဆင့် လမ်းရှည်လမ်း ၊ နဝင်းလမ်း ၊ ဇရစ်ချောင်လမ်း ၊ အောင်လံ – ပြည်လမ်းမကြီး ၊ ဗိုလ်ချုပ်လမ်း…

Read More