ခြိုးခြံချွေတာ ပြည်သာယာ

ZAWGYI   ခြိုးခြံချွေတာ ပြည်သာယာ   လွတ်လပ်ရေးမတိုင်ခင်နဲ့ လွတ်လပ်ရေးရပြီးစ ကာလတွေတုန်းက ဗမာနိုင်ငံ ဗမာလူမျိုးဆိုတာ အာရှမှာ ထိပ်တန်းထဲပါခဲ့ပေမယ့် မြန်မာဖြစ်ပြီးနောက်ပိုင်း တစနဲ့ တစ ချို့ယွင်းပျက်စီးလာလိုက်တာ အိမ်နီးချင်း ထိုင်းနောက် ပြတ်သတ်ကျန်ခဲ့ပြီး လာအိုလို နိုင်ငံကိုတောင် မော့ကြည့်ရမယ့် အဖြစ်ဆိုက်နေပါပြီ။   ဒါတွေဘယ်လိုဖြစ်သွားလဲဆိုတာ အလွယ် မြင်သာတဲ့ အနေအထားတွေကတော့ ပြည်တွင်းစစ်ဖြစ်နေတာ နှစ် ၇၀ကျော်ခဲ့တာ၊ အုပ်ချုပ်စီမံမှုတွေညံ့ဖျင်းခဲ့တာ ၊ သယံဇာတတွေဖင်ခုထိုင်ပြီး ဘာမှမလုပ်တတ်မကိုင်တတ် ဖြစ်ခဲ့တာတွေကိုတွေ့ရမှာပါ။   ဒါတွေညံ့ခဲ့တာကို ဝန်မခံချင်လည်းရပါတယ်။ ထားလိုက်ပါ လက်ရှိအချိန်မှာ အကြွေးပတ်လည်ဝိုင်း လင်သေကြွေးပူဖြစ်နေတဲ့ နိုင်ငံကို နလန်ထူအောင် ကျနော်တို့ ဘာတွေလုပ်သင့်သလဲလို့ မေးရင် အလွယ်ကူဆုံးက ပထမဆင့်အနေနဲ့ ကျနော်တို့အားလုံး ခြိုးခြံချွေတာကြရမှာပါ။   အိမ်တအိမ်မှာ ၀င်ငွေနည်းရင် မလိုအပ်တဲ့ အပိုသုံးငွေတွေ လျှော့ရတယ် အတတ်နိုင်ဆုံး ချွေတာခြစ်ကုတ်စုတဲ့နည်းနဲ့…

Read More

သတင်းကောင်းတပုဒ်နဲ့ သတင်းသမားကောင်း တစ်ယောက်ဖြစ်ဖို့

zawgyi   VOM ( Voice Of Myanmar ) မှာ သတင်းထောက်လုပ်တော့မယ့် သတင်းထောက်တွေအတွက် ရုံးတွင်းသင်တန်းလေးနဲ့ သိသင့်သိထိုက်တာတွေကို အရင်ဆုံးမျှဝေဖလှယ်ဖြစ်ပါတယ်။ သတင်းသမားတွေအတွက် အခြေခံသင်ခန်းစာဖြစ်သလို သတင်းဖတ်သူတွေလည်း ဘယ်ဟာကိုသတင်းလို့ခေါ်တယ် သတင်းတပုဒ်မှာ ဘယ်လို အရာတွေ ပါသင့်တယ် ၊ ဘယ်လိုလူကို သတင်းသမားလို့ခေါ်တယ်ဆိုတာ သိသင့်သိထိုက်တယ်ထင်လို့ ပြန်လည်မျှဝေလိုက်ပါတယ်။   သတင်းဆိုတာဘာလဲ?   သတင်းဆိုတာ အရှေ့၊ အနောက်၊ တောင်၊ မြောက် က လာတဲ့ ထူးခြားတဲ့ ဖြစ်စဉ်မှန်သမျှ သတင်းလို့ခေါ်တယ်လို့ အဆင့်ဆင့်လက်ဆင့်ကမ်းလာတဲ့ ဆရာ့ဆရာတွေက ပြောခဲ့တာကို မှတ်သားခဲ့ဘူးပါတယ်။   ဘယ်အရာတွေက သတင်းဖြစ်မလဲ ? သဘာဝဘေးအန္တရာယ်၊ ပဋိပက္ခ၊ နည်းပညာ၊ တိုက်ပွဲ၊ ဖျော်ဖြေရေး၊ နိုင်ငံရေး၊ မိုးလေဝသ၊ အားကစား၊ ပညာရေး၊ လူအခွင့်အရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေအပြင်…

Read More

မြန်မာနိုင်ငံမှာ မဏ္ဍိုင် ဘယ်နှခုရှိသင့်သနည်း

မန္တလေး၊ သြဂုတ် – ၂၄-၂၀၁၉   ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာထိန်းသိမ်းကာကွယ်ပါမည်လို့ သစ္စာပြုထားသူတွေကတော့ မဏ္ဍိုင် ၃ ရပ်ပဲရှိတယ်လို့ ဖြေကောင်း ဖြေပါလိမ့်မယ်။  တချို့ကြတော့လည်း  အရင်အစိုးရတုန်းကတော့ ပြည်သူကိုပါမဏ္ဍိုင်တစ်ရပ်အနေနဲ့ထည့်ပြီး မဏ္ဍိုင် ၅ ရပ်ရှိတယ်လို့ ပြောခဲ့တာ ကြားဖူးကြောင်း ဖြေသူလည်းရှိနိုင်သလို သတင်းသမားအတော်များများကတော့ ကျွန်တော်တို့၊ ကျွန်မတို့သည် ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်သုံးရပ်ကို စောင့်ကြည့်ထိမ်းမတ်ပေးဖို့  စတုတ္ထမဏ္ဍိုင်အဖြစ် ရှိနေတာပါလို့  ဖြေသူတွေလည်း ရှိပါတယ်။     သြဂုတ်လ ၂၃ ရက်နေ့က မီဒီယာကောင်စီရဲ့ စီစဉ်ဆောင်ရွက်ပေးမှုနဲ့  မန္တလေးတိုင်းမှာ မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲဆိုပြီး ဟိုတယ်မန္တလေးမှာ ကြီးကျယ်ခမ်းနားစွာကျင်းပပေးခဲ့ပါတယ်။ ဒီပွဲမှာ လက်ရှိ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်၊ မန္တလေးတိုင်း ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်က သူ့ရဲ့  အဖွင့်အမှာစကားမှာလည်း မဏ္ဍိုင် သုံးရပ်ကိုပဲ…

Read More

အယ်ဒီတာ့အာဘော်

သင်္ကြန်အပြီး နိုင်ငံတော်သမ္မတကြီးရဲ့ အမိန့်နဲ့ လွတ်ငြိမ်းသက်သာခွင့်အရလွှတ်တာမှာ ပထမအကြိမ် အကျဉ်းသား ၉၅၃၅ ဦး၊ ဒုတိယအကြိမ်မှာ အကျဉ်းသား ၆၉၄၈ နဲ့ တတိယအကြိမ်မှာ အကျဉ်းသား ၆၅၂၀ ဦး စုစုပေါင်း ၂သောင်း၃ထောင်ကျော်လွတ်ထားပြီးဖြစ်ပါတယ်။   အရင်တုန်းက လွတ်ငြိမ်းသက်သာခွင့်နဲ့လွှတ်တာမှာ တပြိုင်တည်း ထောင်အသီးသီးကနေ လွှတ်ပေးခဲ့ပေမယ့် ဧပြီ ၂၆ ဒုတိယအကြိမ်လွှတ်တာမှာ ပြည်နယ်ကထောင်တွေအရင်လွှတ်ပြီး ခုတတိယအကြိမ်မှာ တိုင်းဒေသတွေက ထောင်တွေကို လွှတ်ခဲ့ပါတယ်။   အဲဒီမှာစပြီး အကျဉ်းသားထောင်သားတွေအနေနဲ့  နားလည်မှုတွေလွဲပြီး တခြားထောင်တွေလွှတ်ပြီး ငါတို့ မလွှတ်ရကောင်းလားဆိုတဲ့ အတွေးနဲ့  မေလဆန်းမှာ ထောင်ဆူပူမှုတွေ ထောင်တချို့က စခဲ့ပါတယ်။ ဒီထောင်ဆူပူမှုက မေ၇ရက်နေ့က တတိယအကြိမ်လွှတ်အပြီးမှာ ပိုဆိုးလာခဲ့ပါတယ်။   ဘယ်လို့ကြောင့်ဆိုတာ ထောင်တွင်းဆန္ဒြုပသူတွေပြောစကားအရသိရတာက အကျဉ်းသားလွှတ်တာမှာ ညီမျှမှုမရှိဘူး အမှုချင်း စီရင်ချက်အမိန့်ချင်းတူတာတောင် လွတ်သူလွတ် ကျန်သူကျန်ဖြစ်တော့ သူတို့သည်းမခံနိုင်ဘဲ ဆူပူကြတာဖြစ်တယ်လို့ သိရပါတယ်။…

Read More

ပြည်သူအတွက် ပြည်သူ့မီဒီယာဖြစ်ဖို့

ဧပြီ ၂၁-၂၀၁၉   တိုင်းပြည်ရဲ့ အဓိက မဏ္ဍိုင်ကြီး ၃ခုပြီးရင် ကျနော်တို့ သတင်းမီဒီယာလုပ်ငန်းဟာလည်း အရေးကြီးတဲ့ တိုင်းပြည်တည်ဆောက်ရေးမှာပါတဲ့ လုပ်ငန်းတခုဖြစ်ပါတယ်။ ပြည်သူတွေကို ပညာပေးဖို့၊  သတင်းမှန်တွေ ထုတ်ပြန်ပေးဖို့ စိတ်ပျော်ရွှင်မှုအတွက် ဖျော်ဖြေရေးကဏ္ဍတွေ ထုတ်လွှင့်ပေးဖို့ စတာတွေလုပ်ရမယ့် တာဝန်တွေရှိပါတယ်။ အဲလိုရှိတဲ့နေရာမှာ ကျနော်တို့က ဘာကိစ္စဖြစ်ဖြစ် ခရေစေ့တွင်းကျသိဖို့ နှံ့စပ်ဖို့ ကျွမ်းကျင်လိမ္မာဖို့ အင်မတန်မှအရေးကြီးပါတယ်။ ကျနော်တို့ မသိပဲ မတတ်ဘဲ သတင်းတင်ပြမိရင် ပြည်သူရဲ့ နား၊ မျက်စေ့ထဲ အဆိပ်တွေ လောင်းထည့်မိသလိုဖြစ်သွားနိုင်ပါတယ်။   စာပေကင်ပေတိုင်ခေတ်ပြီးတော့ စပွင့်လင်းလာတယ်လို့ပြောလို့ရတဲ့  ဦးသိန်းစိန်အစိုးရတက်လာပြီးတဲ့နောက်ပိုင်းမှာ သတင်းမီဒီယာလောကဟာ တရှိန်ထိုးစိတ်ဝင်စားသူတွေများလာခဲ့ပါတယ်။ သတင်းထောက်လုပ်ငန်း သတင်းစာနဲ့ အသက်မွေးတဲ့ လုပ်ငန်းဟာ အနေအစားချောင်တယ်လို့ ထင်သူတွေလည်းပါကောင်းပါနိုင်ပါတယ်။ ၆၆ ဃ ဆိုတဲ့  မီဒီယာကို ခြိမ်းခြောက်တဲ့ လက်နက်တခု အစွယ်ငေါငေါနဲ့ ထွက်လာတဲ့ နောက်ဆွဲဆွဲမှာတော့ မီဒီယာနဲ့ စီးပွားရေးလုပ်စားရတာ…

Read More

ရတနာပုံ တက္ကသိုလ်နဲ့ မီဒီယာ

ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေးမြို့မှာ သတင်းမီဒီယာနဲ့ ပညာရေးအဖွဲ့အစည်း နှစ်ခုကြား ပွတ်တိုက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ အတိအကျပြောရရင်တော့ မန္တလေးအခြေစိုက် သတင်းသမားတွေနဲ့ ရတနာပုံတက္ကသိုလ်က ပညာရေးဝန်ထမ်းတချို့ကြားက ပြဿနာ ဖြစ်ပါတယ်။ ဖြစ်စဉ်အကျဉ်းကို ပြောရရင် ဒီဇင်ဘာ ၂၈ ရက်က ရတနာပုံတက္ကသိုလ်မှာရှိတဲ့ ကျောင်းသားအချို့ကနေ တက္ကသိုလ်လုံခြုံရေးကိစ္စနဲ့ သန့်ရှင်းရေးကိစ္စတွေ စပ်လျဉ်းပြီး ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီဆန္ဒပြတဲ့နေရာကိုသတင်းသမားအချို့ သတင်းသွားယူခဲ့ပါတယ်။ ဆန္ဒပြသူကပြ သတင်းယူတဲ့သူကယူနေတဲ့အချိန် ဆန္ဒပြပွဲနားမှာစောင့်ကြပ်နေတဲ့ တက္ကသိုလ်ဆရာမတယောက်က  သတင်းသမားတွေကိုရည်ရွယ်ပြီး စိတ်လိုက်မာန်ပါစကားတချို့ပြောခဲ့ပါတယ်။ အဲဒီစကားကြောင့် သတင်းသမားတွေက မကျေမနပ်ဖြစ်ပြီး ဆရာမပြောခဲ့တဲ့ စကားတွေအတွက် တာဝန်ခံပြီး တောင်းပန်ပေးဖို့ စာထုတ်ပြန်တဲ့ထိဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်ရဲ့ဆရာမ ပါမောက္ခရဲ့ ပြောစကားတွေအတွက် မန္တလေးအခြေစိုက် သတင်းသမားတွေက တက္ကသိုလ်တာဝန်ရှိသူထံ ဖြေရှင်းပေးဖို့ သွားရောက်တွေ့ဆုံပြောကြားဖို့ စီစဉ်ခဲ့ပေမယ့် အဆင်မပြေခဲ့လို့ သတင်းမီဒီယာကောင်စီကို တိုင်ကြားအကူအညီတောင်းတဲ့ထိဖြစ်ခဲ့ပါတယ်။ ဒီကစပြီး အဖွဲ့အစည်းနှစ်ခုကြား ပြဿနာပုံစံကို ဦးတည်သွားခဲ့ပါတယ်။ အဖွဲ့အစည်းနှစ်ခုအကြား ပွတ်တိုက်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့…

Read More

ဗျူဟာပြောင်းသင့်တဲ့ အန်အယ်လ်ဒီ

နိုဝင်ဘာ ၄၊ ၂၀၁၈ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲဟာ  နိုဝင်ဘာ ၃ရက်နေ့က အောင်မြင်အေးချမ်းစွာနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ အောင်မြင်တယ်ဆိုတာကလည်း  မဲဆန္ဒရှင်ဘယ်လောက်လာမှ အောင်မြင်တယ်ဆိုတဲ့ သတ်မှတ်ချက် မရှိလို့သာ အောင်မြင်တယ်လို့ ပြောရတာပါ။ ဥပမာ လွှတ်တော်တို့ အစည်းအဝေးတို့မှာ စည်းဝေးတက်ရောက်ခွင့်ရှိသူ ၅၀ ရာနုန်းကျော်မှ အထမြောက်တယ်ဆိုတာမျိုးသာ သတ်မှတ်ထားရင် ဒီရွေးကောက်ပွဲ အထမမြောက်ဘူးဆိုတာ ဖြစ်လာမှာပါ။ တကယ်တမ်းလက်ရှိအခြအနေမှာ မဲရုံတွေကိုမဲလာပေးဖို့ မဲဆန္ဒရှင်တွေက စိတ်မပါဘူးဆိုတာ တွေ့ရပါတယ်။ တချို့မဲရုံတွေမှာဆို မဲပေးခွင့်ရှိသူရဲ့ ၁၀ရာနုန်းတောင် မပြည့်တာ တွေတွေ့ရပါတယ်။ မဲလာမပေးသူများတဲ့အတွက် အမာခံပါတီဝင်ရှိတဲ့ ပါတီတွေကသာ အနိုင်ရတယ်ဆိုတာတွေ့ရမှာပါ။ ခုရွေးကောက်ပွဲ ၁၃ နေရာကျင်းပတာမှာ အန်အယ်လ်ဒီဟာ ရန်ကုန်တိုင်း တာမွေ၊ မန္တလေးတိုင်း မြင်းခြံ၊ မန္တလေးတိုင်း သပိတ်ကျင်း၊ မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာ၊ ပဲခူးတိုင်းအုတ်တွင်း ၊ မကွေးတိုင်း မင်းဘူး နဲ့ ချင်းပြည်နယ် ကန်ပက်လက်မှာဘဲ…

Read More

သာသနာ ဝါဝါဖျက်လေသလား

အောက်တိုဘာ ၂၁၊ ၂၀၁၈ အယ်ဒီတာ့ အာဘော်   ဒီရက်ပိုင်းအတွင်း သင်္ကန်းဝတ်ထားပြီး ရဟန်းကျင့်ဝတ်ရော လူ့စည်းကမ်းဥပဒေတွေပါ ချိုးဖေါက်တဲ့ သတင်းတွေ ဆက်တိုက်ကြားနေရပါတယ်။ မန္တလေးတိုင်းအတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကို ဖမ်းမိတော့ သင်္ကန်းဝတ်ထားတဲ့ သူ ၂ယောက်ပါနေတာကိုတွေ့ရပါတယ်။ မန္တလေး  ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက် ချမ်းမြသာစည်ရိပ်သာဝင်းထဲက တထပ်ကျောင်းဆောင်မှာ သီတင်းသုံးတဲ့ အရှင်အာစိဏ္ဏ (ခေါ်) ဦးအေးကျော် ၅၂ နှစ် ဝါတော် ၁၃ ဝါဆိုတာနဲ့ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ခြေ သတိပဋ္ဌာန်ကျောင်းတိုက်ဝန်းထဲက သီရိရတနာ ရန်အောင်မြေကျောင်းမှာ သီတင်းသုံးတဲ့ ဦးစန္ဒောဘာသ ခေါ် ဦးစိုးမိုး သက်တော် ၄၉ ဝါတော် ၁၈ ဝါ ဆိုတာမျိုး သိရပါတယ်။ သူတို့ဟာ ၁၀ ဝါအထက်ရှိနေပြီဆိုတော့ သံဃဝိနည်းတွေလည်း အတော်အသင့်တော့ နားလည်ပြီးသူတွေဖြစ်မယ်လို့ ယူဆရပါတယ်။ ဒီနေရာမှာ စဉ်းစားဖြစ်တာက…

Read More

အယ်ဒီတာ့ အာဘော်

ဒီနေ့ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေဟာ လက်ရှိအစိုးရလက်ထက်မှာ ပိုမိုကျဆင်းနေတယ်ဆိုတာ ကမ္ဘာကရော မြန်မာပြည်မှာလုပ်နေတဲ့ သတင်းမီဒီယာအသိုင်းအဝိုင်းကပါ အသံကျယ်ကျယ်နဲ့ ပြောနေကြချိန်ဖြစ်ပါတယ်။ ရိုက်တာသတင်းထောက် ၂ယောက်ကို အလုပ်နဲ့ ထောင် ၇နှစ်ချလိုက်လို့ ကမ္ဘာကြီးရဲ့ ဝေဖန်သံတွေညံနေဆဲအချိန်မှာပဲ ခု Weekly Eleven သတင်းဌာနက အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာနှင့် သတင်းထောက်ချုပ် စုစုပေါင်း ၃ယောက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပြည်သူအများက အကြည်ညိုပျက်အောင် အယုံကြည်မဲ့အောင်လုပ်လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက အရင်စစ်အစိုးရလက်ထက်မှာ နိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချလေ့ရှိတဲ့ ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်လိုက်ပြန်ပါတယ်။ ဒီပုဒ်မမှာ “အများပြည်သူအကြား အကြောက်တရား၊ သို့မဟုတ် ထိတ်လန့်မှု ဖြစ်စေရန် ရည်ရွယ်ကာ” သတင်းအချက်အလက်များ ထုတ်ဝေဖြန့်ချိသည့် ဆောင်ရွက်မှု လို့ဖွင့်ဆိုထားပြီး အာမခံမရဘဲ ထောင် ၂နှစ် ချနိုင်ပါတယ်။ ဒီပုဒ်မ ၅၀၅ (ခ) ဆိုတာ…

Read More