ဦးကိုနီကိုသတ်တဲ့အမှု နေပြည်တော်တရားလွှတ်တော်ချုပ်က ပလပ်လိုက်တဲ့အတွက် အောက်ရုံးကချထားတဲ့ပြစ်ဒဏ်အတိုင်းမို့ အထူးအယူခံဆက်တက်မည်

ဦးကိုနီကိုသတ်တဲ့အမှု နေပြည်တော်တရားလွှတ်တော်ချုပ်က ပလပ်လိုက်တဲ့အတွက် အောက်ရုံးကချထားတဲ့ပြစ်ဒဏ်အတိုင်းမို့ အထူးအယူခံဆက်တက်မည် နေပြည်တော် ဇန်နဝါရီ ၁၀-၂၀၂၀ ကိုထွန်း (VOM) တရားလွှတ်တော်ရှေ့နေဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်းတို့ကို သတ်တဲ့အမှု စီရင်ချက်ကို နေပြည်တော်တရားလွှတ်တော်မှာ ပြင်ဆင်မိန်. တက်ထားတဲ့အမှုကို ဒီကနေ့ ဆုံးဖြတ်တာမှာ အောက်ရုံးဆုံးဖြတ်ချက်အတိုင်းအတည်လို့ ဆုံးဖြတ်လိုက်တဲ့အတွက် အထူးအယူခံ ဆက်တက်မယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကပြောပါတယ်။ ဦးကိုနီနဲ့ ဦးနေဝင်းဟာ ၂၉/၁/၂၀၁၇ တနင်္ဂနွေနေ့ညနေ ၅ နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်သမား ကြည်လင်းရဲ့ လက်ချက်နဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး သေနတ်သမား ကြည်လင်းနဲ့ ပူးပေါင်း ကြံစည်သူ အောင်ဝင်းဇော်တို့ နှစ်ဦးကို မသေမချင်း ကြိုးကွင်းစွပ် သတ်ရန် ၂၀၁၉ ဖေဖေါ်ဝါရီ ၁၅ ရက်က ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။ ဒီအမှုမှာ ပါဝင်ပတ်သက်တဲ့ တခြားတရားခံ ဇေယျာဖြိုး ကိုတော့…

Read More

ရှေ့နေကြီး ဦးကိုနီကိုသတ်တဲ့အမှု နေပြည်တော်တရားလွှတ်တော်ချုပ်က အပြီးသတ် အမိန့်ချမယ်

ရှေ့နေကြီး ဦးကိုနီကိုသတ်တဲ့အမှု နေပြည်တော်တရားလွှတ်တော်ချုပ်က အပြီးသတ် အမိန့်ချမယ် နေပြည်တော် ဇန်နဝါရီ ၁၀-၂၀၂၀ တရားလွှတ်တော်ရှေ့နေဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်းတို့ကို သတ်တဲ့အမှု စီရင်ချက်ကို နေပြည်တော်တရားလွှတ်တော်မှာ ပြင်ဆင်မိန်. တက်ထားတဲ့ကိစ္စ ၁၀/၁/၂၀၂၀ မနက် ၉း၃၀နာရီ မှာ နေပြည်တော်တရားလွှတ်တော်ချုပ်မှာ အပြီးသတ်အမိန့်ချမှတ်မှာဖြစ်တယ်လို့ ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။ ဦးကိုနီနဲ့ ဦးနေဝင်းဟာ ၂၉/၁/၂၀၁၇ တနင်္ဂနွေနေ့ညနေ ၅ နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်သမား ကြည်လင်းရဲ့ လက်ချက်နဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး သေနတ်သမား ကြည်လင်းနဲ့ ပူးပေါင်း ကြံစည်သူ အောင်ဝင်းဇော်တို့ နှစ်ဦးကို မသေမချင်း ကြိုးကွင်းစွပ် သတ်ရန် ၂၀၁၉ ဖေဖေါ်ဝါရီ ၁၅ ရက်က ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။ ဒီအမှုမှာ ပါဝင်ပတ်သက်တဲ့ တခြားတရားခံ ဇေယျာဖြိုး ကိုတော့…

Read More

ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပျောက်ဆုံးနေ

ပလက်ဝ၊ နိုဝင်ဘာ ၃-၂၀၁၉ မင်းရန်နိုင်(VOM) နိုဝင်ဘာလ ၃ ရက်(ယနေ့) နံနက် ၈ နာရီမှာ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းက နေပြည်တော်မှာ ပြုလုပ်မယ့် လွှတ်တော်ပုံမှန်အစည်းအဝေးသို့ တက်ရောက်ရန် ကုလားတန်စီမံကိန်း (ပလက်ဝ-ဇိုရမ်ပွီလမ်းပိုင်း) မှ အိန္ဒိယနိုင်ငံသားဝန်ထမ်း ၄ ဦး၊ စကားပြန် ၂ ဦး၊ စပိဘုတ်မောင်းသူ ၂ ဦး လိုက်ပါလျက် စပိဘုတ်နှစ်စီးနဲ့ ပလက်ဝမှ ကျောက်တော်သို့ ထွက်ခွာလာခဲ့ရာ ဦးဝှေ့တင်းအပါ ၉ ဦးစလုံး လမ်းမှာ ပျောက်ဆုံးလျက်ရှိတယ်လို့ အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးထံမှ သိရပါတယ်။ ခရီးကြာချိန် သတ်မှတ်ချက်အရ ကျောက်တော်သို့ နံနက် ၁၀ နာရီမှာ ရောက်ရှိရမှာဖြစ်‌ပေမယ့် ညနေ ၄ နာရီအချိန်အထိ ရောက်ရှိလာခြင်း မရှိတာ‌ကြောင့် သက်ဆိုင်ရာသို့ သတင်းပေးပို့ခဲ့ရာ တာဝန်ရှိသူတွေက…

Read More

ကြားဖြတ် စက်ရပ် သတင်း

မန္တ​လေးမြို့၊ပြည်​ကြီးတံခွန်​မြို့နယ်​၊ ကျန်​စစ်​သားလမ်းနဲ့ ၇၂လမ်း​ထောင့်​က `ငါးနီ´ပဲခွဲစက်​ရုံမှာ မီး​လောင်​နေပါတယ်။ မီး​လောင်​မှုအဆင့်​ Level2ဖြင့်​ မီးငြိမ်းသတ်​​နေတယ်​လို့ သိရပါတယ်​။

Read More