COVID-19 ဗိုင်းရပ်စ် ဂယက်နဲ့ မြန်မာ့ဖရဲသခွားမွှေး ဈေးကွက်
#voiceofmyanmar #VOM #ဖရဲသခြါးေမႊး
COVID-19 ဗိုင်းရပ်စ် ဂယက်နဲ့ မြန်မာ့ဖရဲသခွားမွှေး ဈေးကွက် နန်းထက်ထက်ချစ်( VOM) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တဲ့ Corona Virus ရောဂါပိုးကူးစက်ပျံ့နှံ့မှုကြောင့် တရုတ်နိုင်ငံတွင်း ပြည်နယ်တစ်ခုနဲ့တစ်ခု၊ မြို့တစ်ခုနဲ့တစ်ခု ကူးလူးဆက်ဆံမှုတွေကို ပိတ်ဆို့ဖြတ်တောက်လိုက်ပါတယ်။ ဒီလိုနဲ့ ကုန်သွယ်မှုတွေ ရပ်ဆိုင်းသွားခဲ့ပြီး တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေး ဆောင်ရွက်လျက်ရှိတဲ့ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွေဟော်၊ ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းတွေမှာလည်း ကုန်သွယ်မှုလုပ်ငန်း အများစု ထိခိုက်နစ်နာမှုတွေ ရှိခဲ့ပါတယ်။ နှစ်စဉ် တရုတ်နှစ်သစ်ကူးကာလမှာ တရုတ်-မြန်မာ ကုန်သွယ်မှု လျော့နည်းလေ့ရှိပေမယ့် ၂၀၂၀ခုနှစ်မှာတော့ Corona Virus ရောဂါပိုး စတင်ကူးစက်မှုဟာ Global Economy အတိုင်းအတာအထိ သက်ရောက်တာကြောင့် တရုတ်-မြန်မာ ကုန်သွယ်မှုလုပ်ငန်းတွေအပေါ်မှာလည်း သက်ရောက်မှု များပြားခဲ့ပါတယ်။ ဒီသက်ရောက်ထဲမှာ မြန်မာ့ ဖရဲသခွားမွှေး စိုက်ပျိုးထုတ်လုပ်သူတွေဟာလည်း နစ်နာဆုံးရှုံးမှုကို ခံစားရတဲ့ ပြည်သူတွေထဲ ပါဝင်ခဲ့ပါတယ်။…
Read More
စားဝတ်နေရေး ကျပ်တည်းလို့ ပယင်းမှော်တွေ ပြန်ဖွင့်ပေးစေချင်
Read More
သေသည်ထိ အမှိုက်ကောက်မယ်
Read More
Unicode သေသည်ထိ အမှိုက်ကောက်မယ် ရှိုင်းအောင် (VOM) အဖြူရောင်ရှပ်အင်္ကျ ီခပ်နွမ်းနွမ်းနဲ့ ပုဆိုးတိုတိုဝတ်ထားတဲ့ အသက်ရှစ်ဆယ်ကျော်လောက်ရှိမယ့် အဘိုးအိုဟာ တုန်တုန်ယင်ယင်နဲ့ ပေတရာလမ်းပေါ်က အမှိုက်စလေးတွေကိုတစ်ခုပြီးတစ်ခု ကောက်ပြီး လေးပေလောက်မြင့်တဲ့ ဘီးနှစ်လုံးပါ အစိမ်းရောင်အမှိုက်ပုံကြီးထဲကို ထည့်လိုက်ပါတယ်။ သူဟာ အဲလိုအမှိုက်တွေကို ကောက်ထည့်ပြီး အမှိုက်ပုံးကို နောက်ပြန်ဆွဲပြီးတော့ ခြေလှမ်းကို ဖြေးညှင်းစွာ တရွေ့ရွေ့ လှမ်းကာ ဈေးကြီးရှိတဲ့ ဘက်ကို ဦးတည်ပြီးသွားနေပါတယ်။ အချိန်အားဖြင့်တော့ ဧပြီနွေရဲ့အပူချိန်မလာသေးခင် ဆောင်းအကြွင်းအကျန်အအေးဓါတ်လေးရှိသေးတဲ့ ရောင်နီလာစ၊ လမ်းတွေကို မြင်ရယုံအချိန် နေရာကတော့ စစ်ကိုင်းမြို့ရဲ့ မြို့မဈေးအနီးမှာပါ။ လမ်းပေါ်မှာ တဒုတ်ဒုတ် မြည်ပြီးလိမ့်နေတဲ့ သူ့အမှိုက်ပုံး ဘီးလုံသံ စည်းချက်ကို အဖော်ပြုပြီး ရှိသမျှအင်အားတွေစုစည်းထားတဲ့ ခြေလှမ်းတွေနဲ့ အမှိုက်တွေအများဆုံးရှိတဲ့ စစ်ကိုင်းမြို့က မြို့မဈေးလမ်းမပေါ်က အမှိုက်တွေကို ကောက်ပြီး ဈေးထောင့်မှာ အသင့်ရှိတဲ့ အမှိုက်ကားပေါ်ကို တင်ပေးဖို့ သူသွားနေတာပါ။ သူကောက်စရာတွေကောက်ထည့် တင်ပေးပြီးရင်…
Read More
စတုတ္ထမဏ္ဏိုင်ကိုကာကွယ်ကြစို့
စတုတ္ထမဏ္ဏိုင်ကိုကာကွယ်ကြစို့ ဒီရက်ပိုင်းမှာ မီဒီယာနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲတွေ အတော်တက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကThe future of News ဆိုပြီး ဒစ်ဂျစ်တယ်ခေတ်မှာ ဂုဏ်သတင်းကြီးတဲ့ သတင်းဌာနတွေ ဆက်လက်ရှင်သန်နိုင်မလား၊ ဆက်လက်ရှင်သန်နိုင်အောင် ဘာတွေလုပ်ဖို့လိုသလဲ စသဖြင့် ဆွေး‌နွေးကြတဲ့ပွဲကို တက်ဖြစ်သလို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မှာ ကမ္ဘာထိတ်တန်း နိုင်ငံရေး၊လူမှုရေး၊ စီးပွားရေး အကြံပေးအဖွဲ့ Chatham House ချက်တမ်ဟောက်စ် မှာ လုပ်တဲ့ sanction ဆန်ရှင်ကို လက်နက်သဖွယ်အသုံးပြုပြီး မီဒီယာသမားတွေကိုအကာအကွယ်ပေးနိုင်တဲ့အကြောင်း “ The use of Targeted Sanctions to Protect Journalists” အစီရင်ခံစာ မိတ်ဆက်ပွဲကိုတက်ဖြစ်ပါတယ်။ “International Bar Association’s Human Rights Institute” နဲ့ Chatham House တို့ပူးပေါင်းစီစဉ်တဲ့ ဒီပွဲရဲ့ ပဲနယ်မှာ အတွေ့အကြုံရင့်ကျက်တဲ့ဥပဒေပညာရှင်တွေ နဲ့…
Read More
ကိုရိုနာ ဗိုင်းရပ်စ်ဂယက်
ကိုရိုနာ ဗိုင်းရပ်စ်ဂယက် ဖေဖော်ဝါရီ ၉၊ ၂၀၂၀။ Voice Of Myanmar (VOM) တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ပြန့်ပွားလာနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ၊ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အရေအတွက်ဟာ တနေ့တခြား မြင့်တက်လာနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ကိန်းဂဏန်းတွေအရ၊ တရုတ်နိုင်ငံတွင်းအပါအဝင် ကမ္ဘာ့အဝှမ်း ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ဦးရေဟာ ၈၁၁ အထိ တိုးလာပြီး အများစုသေဆုံးသူတွေဟာ တရုတ်နိုင်ငံ ဝူဟန်မြို့နဲ့ ဝူဟန်မြို့ ပတ်ဝန်းကျင် ဟူဗိုင်ပြည်နယ်ထဲက မြို့တွေက ဖြစ်ပါတယ်။ တရုတ်နိုင်ငံတွင်းမှာ ဒီဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်ဟာလည်း ၃၇,၁၉၈ ယောက် အထိ တိုးလာပါတယ်။ ဒီသေဆုံးမှု အရေအတွက်ဟာ ၂၀၀၃ ခုနှစ် SARS ရောဂါ ပြန့်နှံ့လို့ ကမ္ဘာ့အနှံ့ သေဆုံးသူ အရေအတွက်ထက် ပိုကျော်လွန်လာတာကြောင့် ထိတ်လန့်မှုတွေ၊ စိုးရိမ်မှုတွေ ပိုလာနေကြတာပဲ…
Read More
တိုင်းပြည်တည်ဆောက်ခြင်း အနုပညာ
တိုင်းပြည်တည်ဆောက်ခြင်း အနုပညာ ခင်မမမျိုး ဖေဖေါ်ဝါရီ ၇ ရက် ၂၀၂၀ တိုင်းပြည်တည်ဆောက်ခြင်း (nation state building) မှာ နိုင်ငံရေးသမား၊ နည်းပညာရှင်၊ ဗျူရိုကရက်၊ မီဒီယာ၊ private sector ၊ အရပ်ဘက်အဖွဲ့အစည်းတွေအားလုံးပေါင်းစပ်မှ အောင်မြင်ပါတယ်။ နိုင်ငံရေးသမားက တောအုပ်တခုလုံးကိုကြည့်တဲ့အမြင် ရှိရပါတယ်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးရာအားလုံးကို ခြုံငုံသုံးသပ်ရပါတယ်။ နည်းပညာရှင်တွေက သက်ဆိုင်ရာအလိုက် ကျွမ်းကျင်ရပါတယ်။ သစ်တပင်အမြင်ကို တောအုပ်အမြင်အတွက် ထောက်ကူပြု ပေါင်းစပ်ပေးရပါတယ်။ ဗျူရိုကရက်က သစ်ကွက်အလိုက် စိုက်ပျိုး၊ ထိန်းသိမ်း၊ ထုတ်လုပ်စတဲ့ စီမံခန့်ခွဲမှုအမြင်ရှိရပါတယ်။ မီဒီယာက သစ်တော၊ သစ်ပင်၊ သစ်ရွက်တွေအကြောင်း နားလည်ရပါတယ်။ သုံးသပ်ခြင်း၊ check and balance လုပ်ခြင်းတွေရှိရပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေက ‌မြေပြင်ကျွမ်းကျင်ရပါတယ်။ တောအုပ်ဖြစ်တည်မှု၊ သစ်ပင်တပင်အရေးသာမက သစ်တော၊ သစ်ပင်၊ သစ်ရွက်အားလုံးကို…
Read More
သေလာပဗ္ဗတ သံခမောက်တောင်တော်
သေလာပဗ္ဗတ သံခမောက်တောင်တော် စစ်ကိုင်း၊ ဇန်နဝါရီ ၄-၂၀၂၀ ရှိုင်းအောင် ( VOM ) စစ်ကိုင်းတိုင်း ၊ ကသာခရိုင်၊ ကောလင်းမြို့မှ အနောက်ဘက် ၄ မိုင် ခန့်သာကွာဝေးပြီး သစ်ပင်၊ ဝါးပင် များ သိပ်သည်းထူထပ်စွာဖြင့် မြူခိုးများ ဝေသီရစ်မှိုင်းလျှက် သံခမောက်တောင်တော်ကြီးကို ရေးရေးပြပြမြင်နိုင်ပါတယ်။ ခမောက်တောင်တော်မှာ အခြေကနေစပြီး တောင်ထိပ်တိုင်အောင် အမြင့် ( ၆၀၃ )ပေရှိပြီး ပင်လယ်ရေ မျက်နှာပြင်အထက် ( ၁၂၂၁ )ပေရှိကာ ခန့်ညားထယ်ဝါမတ်စောက်စွာ ခမောက်တစ်လုံးရဲ့ ပုံသဏ္ဍာန် တည်ရှိတဲ့အတွက် မျက်မှောက်ခေတ်မှာ ခမောက်တောင်လို့ ခေါ်တွင်ခဲ့ကြတာဖြစ်ပါတယ်။ တောင်တော်အနီးနားမှာ ဂွေးချို တောင်ရွာ၊ မြောက်ရွာ၊ လွှဲမောက်ရွာ၊ ပန်းတင်ရွာ၊ သက္ကယ်ကျင်းရွာ၊ နတ်ရေတွင်းရွာ၊ ရေကန်သာရွာ နဲ့ သဖန်းကုန်ရွာ စသဖြင့် ရွာပေါင်းမြောက်များစွာ ခြံရံပြီး လုံကွဲတောင်၊ ဒုတ္တာတောင်၊…
Read More
တရုတ်သမ္မတရှီကျင့်ဖျင် မြန်မာက ဘာတွေယူသွားပြီး ဘာတွေပြန်ပေးခဲ့လဲ
တရုတ်သမ္မတရှီကျင့်ဖျင် မြန်မာက ဘာတွေယူသွားပြီး ဘာတွေပြန်ပေးခဲ့လဲ အောင်ထူးနိုင်(VOM) မြန်မာနိုင်ငံသမ္မတဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးလာရောက်ခဲ့တဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ ခရီးစဉ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ခရီးစဉ်အတွင်း သမ္မတရှီဟာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ ပထမဆုံးတွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံရာမှာ နှစ်ဖက်ခေါင်းဆောင်တွေက မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံမှု ခိုင်မာစေရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား တည်ရှိတဲ့ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို အေးအတူပူအမျှအဖြစ် တိုးမြှင့်သွားနိုင်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို ပူးတွဲကျင်းပသွားရေးနဲ့ နှစ်နိုင်ငံယဉ်ကျေးမှုနဲ့ ပြည်သူတွေအကြား ထိတွေ့ဆက်ဆံမှု ပိုမိုတိုးမြှင့်သွားရေး ကိစ္စရပ်တွေနဲ့စပ်လျဉ်းလို့ ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာအစိုးရဘက်က သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံခေါင်းဆောင်တွေက သက်ဆိုင်ရာနိုင်ငံတွေမှာ တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေးနဲ့ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်ရာမှာ အောင်မြင်တိုးတက်မှုတွေ…
Read More
စစ်ကိုင်း ကျောက်တာမှာ ကျောက်ပြင်ထုတ်တဲ့ ကုန်ကြမ်းကျောက်ရှားပါးလာ
စစ်ကိုင်း ကျောက်တာမှာ ကျောက်ပြင်ထုတ်တဲ့ ကုန်ကြမ်းကျောက်ရှားပါးလာ စစ်ကိုင်း ဇန်နဝါရီ ၁၅-၂၀၂၀ မောင်တာရာ (VOM) စစ်ကိုင်းမြို့နယ် ကျောက်တာရွာက ကျောက်ပျဉ်ထုတ်လုပ်ရောင်း ချနေသူတွေဟာ ယခင်က အနီးအနားပတ်ဝန်းကျင် မင်းဝံတောင်ရိုးကနေထွက်တဲ့ ကုန်ကြမ်းသဲကျောက်တွေနဲ့ ထုတ်လုပ် လုပ်ကိုင်ခဲ့ရာကနေ ကုန်ကြမ်းသဲကျောက်တွေ မရရှိနိုင်တော့တဲ့အတွက် ကောလင်းမြို့နယ်ကနေ အဓိကထားမှာယူ လုပ်ကိုင်နေရတယ်လို့ သိရပါတယ်။ မိုးတွင်းကာလမှာတော့ ကုန်ကြမ်းထုတ်တဲ့တွင်းတွေထဲ ရေတွေဝင်ရောက်ပြီး တွင်းတွေ ပိတ်မှုဖြစ်ပေါ်တဲ့ အတွက် ကုန်ကြမ်းဝယ်ယူရရှိမှု အခက်အခဲတွေ ရှိတာကြောင့် မိုးတွင်းကာလမှာ ထုတ်လုပ်ရောင်းချရာမှာတော့ တွင်ကျယ်မှု မရှိဘူးလို့ သိရပါတယ်။ ကျောက်တာရွာက ထွက်တဲ့ ကျောက်ပျဉ်တွေကို ရန်ကုန် ၊ ပြည် ၊မကွေး၊ စတဲ့ မြို့နယ်တွေကို တင်ပို့ရောင်းချကြပါတယ်။ တင်ပို့ရောင်းချရာမှာ (၁၂) လက်မ ကျောက်ပျဉ်တစ်ချပ်ကို ငွေကျပ် (၁၄၀၀)ကျပ် ( ၉) လက်မ ကျောက်ပျဉ်တချပ်ကို ငွေကျပ်…
Read More