မူလအစီအစဉ်အတိုင်း တိုင်းသံဃာ့မဟာနာယကရုံးကို ဦးဝီရသူ ကြွမယ်   မန္တလေး မေ – ၃၀ -၂၀၁၉ နေလင်း (VOM)   ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဆရာတော် ဦးဝီရသူနဲ့ ဒီနေ့ မြန်မာစံတော်ချိန် မွန်းတည့် ၁၂ နာရီမှာ VOM  အဆက်အသွယ်ရခဲ့ပါတယ်။ နောက်ဆုံးအခြေအနေကို လျှောက်ထားကြည့်တော့   VOM။            ။ ဆရာတော် အခုဘယ်ရောက်နေလဲ ဘုရား။ ဦးဝီရသူ။         ။ဦးဇင်း အခုရန်ကုန်တိုင်း သံဃာ့မဟာနာယကရုံးကို ကြွဖို့စီစဉ်နေပါတယ်။     VOM။            ။သံဃာ့မဟာနာယကနဲ့တွေ့ဖို့ အစီအစဉ်က ဆိုင်းငံ့တယ်ဆိုတော့ ဘယ်လိုဖြစ်မလဲဘုရား။ ဦးဝီရသူ။          ။အဲဒီစာက အစစ်လားမသိဘူး၊ ကျောင်းကိုလည်း လာမပို့ဘူး။   လိုင်းပေါ်မှာပဲတွေ့တယ်။ တချို့ကလည်းအတုကြီးလို့ပြောတော့ ကျုပ်တို့ဘယ်လိုဆက်လုပ်ရမလဲ မသိဘူး။     VOM။            ။သာသနာရေးဝန်ကြီးဌာနကို တပည့်တော်တို့ စုံစမ်းကြည့်တော့…

Read More

အမျိုသားရေးဆရာတော် ဦးဝီရသူနဲ့ ဆက်သွယ်မေးမြန်းချက်

မန္တလေး၊ မေ – ၂၉ – ၂၀၁၉ နေလင်း(VOM)   အမျိုးသားရေဝါဒီ ဆရာတော် ဦးဝီရသူကို ဖမ်းဝရမ်း ထုတ်လိုက်ပြီဖြစ်လို့ သူ့ကို ဖမ်းဆီးထိန်းသိမ်းတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးတဲ့နောက် ဦးဝီရသူကို ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာ VOM က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို ရေးသားဖော်ပြလိုက်ပါတယ်။     မေး။    ။ ဆရာတော် အခု ဘယ်မှာရောက်နေပါလဲဘုရား။ ဖြေ။     ။ရန်ကုန်မှာ။   မေး။    ။ဆရာ့တော့်ကို ပုဒ်မ ၁၂၄ နဲ့ ဖွင့်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆရာတော် ဘာများသိထားလဲဘုရား။ ဖြေ။     ။လိုင်းပေါ်မှာတက်နေတဲ့သတင်းတွေတော့ သိထားတာပေါ့နော်။ ကျန်တာကတော့ ကျောင်းကိုလှမ်းမေးတော့ ကျောင်းတိုက်ကတော့ ဘာမှမထူးခြားဘူးလို့ ပြောတာပဲ။   မေး။    ။ဒါနဲ့ပတ်သက်ပြီးတော့ ရဲတပ်ဖွဲ့ကရော အကြောင်းကြားတာရော ရှိပြီလားဘုရား။ ဖြေ။    …

Read More

TNLA အထွေထွေအတွင်းရေးမှူးနဲ့ တွေ့ဆုံမေးမြန်းခန်း နောက်ဆုံးအပိုင်း

အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဘာကြောင့်လက်မှတ်မထိုးနိုင်သေးတာလဲ၊ ပြည်သူတွေကိုငဲ့ညှာတယ်လို့ ပြောကြပေမယ့် တကယ်လက်တွေ့မှာ စစ်သားစုဆောင်းခံရမှာ ကြောက်လို့လူငယ်တွေ၊ ဆက်ကြေးပေးရမှာစိုးလို့ အဝေးတစ်နေရာကို ရွှေ့သွားသူတွေအတွက် TNLA က ဘာလုပ်ပေးနိုင်မလဲဆိုတာ သိရနိုင်ဖို့ PSLF/TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်ကို VOM သတင်းဌာနက ကိုနေလင်းကနေ တွေ့ဆုံ မေးမြန်းထားပါတယ်။     #VoiceofMyanmar #TNLA #PSLF #NCA

Read More

TNLA အထွေထွေအတွင်းရေးမှူးနဲ့တွေ့ဆုံမေးမြန်းခန်း အပိုင်း (၂)

အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ NCA မှာ ဘယ်ဟာက အဖုအထစ်ဖြစ်နေသလဲ၊ စစ်ရေးနဲ့နိုင်ငံရေး ဘယ်ဟာကို အရေးကြီးဆွေးနွေးရမလဲ၊ NRPC ရဲ့အခန်းကဏ္ဍကရော ဘယ်လောက်အရေးပါသလဲဆိုတာ သိရနိုင်ဖို့ PSLF/TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်ကို VOM သတင်းဌာနက ကိုနေလင်းကနေ တွေ့ဆုံ မေးမြန်းထားပါတယ်။   #VoiceofMyanmar #TNLA #PSLF #NCA

Read More

TNLA အထွေထွေအတွင်းရေးမှူးနဲ့တွေ့ဆုံမေးမြန်းခန်း အပိုင်း (၁)

အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေ ဗဟိုဌာန (NRPC) နဲ့ အပစ်ခတ်ရပ်စဲရေးလက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ KIO, မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ MNTJP, ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA , ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA တို့ဟာ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့တုန်းက မူဆယ်မြို့မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။ အဲ့ဒီ ဆွေးနွေးပွဲကြောင့် ဘာတွေ အကျိုးရှိခဲ့လဲ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ရဲ့ အလားအလာ ဘယ်လိုရှိမလဲ၊ ငြိမ်းချမ်းရေးရဖို့ နီးစပ်နေပြီလား၊ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ သဘောထားက ဘယ်လိုရှိနေလဲ၊ စတာတွေနဲ့ ပတ်သက်ပြီး သိရနိုင်ဖို့ PSLF/TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်ကို VOM သတင်းဌာနက ကိုနေလင်းကနေ တွေ့ဆုံ မေးမြန်းထားပါတယ်။ #VoiceofMyanmar #TNLA #PSLF…

Read More

အစ္စလာမ်ဘာသာကိုတဖက်သတ်မုန်းတီးနေသူလား ၊ စစ်တပ်လော်ဘီလား ၊ ဦးဝီရသူနဲ့ ဗီအိုအမ် အင်တာဗျူး နောက်ဆုံးပိုင်း

  မေလဆန်းပိုင်းက ထိုင်းကိုကြွတုန်း တရားပွဲပိတ်ခံရတယ်ဆိုတဲ့ အကြောင်း၊ မြန်မာနောင်းအယ်ဒီတာ ကိုဆွေကို တရားစွဲထားတဲ့အမှု ဘာ့ကြောင့်ရုံးတော်ကိုလာပြီး မထွက်ဆိုသေးလဲ ဆိုတာအပါအဝင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ဦးဝီရသူ ဘယ်လောက်ထိ စိတ်ဝင်စားသလဲဆိုတာ ဗီအိုအမ်သတင်းဌာနက ကိုနေလင်းကနေ မစိုးရိမ်တိုက်သစ်က ဓမ္မသဟာရကျောင်းတိုက် ဆရာတော် ဦးဝိစိတ္တာဘိဝံသ ခေါ် ဦးဝီရသူကို လျှောက်ထားမေးမြန်းထားတဲ့  နောက်ဆုံးပိုင်းကို တင်ပြပေးလိုက်ပါတယ်။     #voiceofmyanmar #ဦးဝီရသူ #ဦးဝိစိတ္တာဘိဝံသ #မစိုးရိမ်တိုက်သစ် #ဓမ္မသဟာရ  

Read More

အမျိုးသားရေးဝါဒီဟာ စစ်တပ်လော်ဘီ ဖြစ်သွားတာလား ၊ ဦးဝီရသူနဲ့ ဗီအိုအမ် အင်တာဗျူး အပိုင်း(၂)

တချိန်က ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံဖို့ လှုံ့ဆော်ခဲ့တဲ့ အမျိုးသားရေးဝါဒီဟာ ဘာ့ကြောင့် စစ်တပ်လော်ဘီအဖြစ် ပြောင်းသွားခဲ့တာလဲ ၊ နိုင်ငံအတွက် လုပ်ခဲ့ကြတာချင်းအတူတူ ဘာ့ကြောင့် တပ်မတော်ကျေးဇူးပိုများတယ်ပြောပြီး အလွန်အကျူးတင်စားခဲ့တာလဲဆိုတာ ဗီအိုအမ်သတင်းဌာနက ကိုနေလင်းကနေ မစိုးရိမ်တိုက်သစ်က ဓမ္မသဟာရကျောင်းတိုက် ဆရာတော် ဦးဝိစိတ္တာဘိဝံသ ခေါ် ဦးဝီရသူကို လျှောက်ထားမေးမြန်းထားတဲ့ အပိုင်း(၂) ကို တင်ပြပေးလိုက်ပါတယ်။ #voiceofmyanmar #ဦးဝီရသူ #ဦးဝိစိတ္တာဘိဝံသ #မစိုးရိမ်တိုက်သစ် #ဓမ္မသဟာရ

Read More

အမျိုးသားရေးဝါဒီ ဦးဝီရသူနဲ့ လျှောက်ထားမေးမြန်းချက် အပိုင်း(၁)

မန္တလေး မေ ၁၀-၂၀၁၉   ပြီးတဲ့ရက်ပိုင်းက မြိတ်မြို့နဲ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ အမျိုးသားရေးဝါဒီလို့ သိထားကြတဲ့ ဆရာတော် ဦးဝိစိတ္တာဘိဝံသ ခေါ် ဦးဝီရသူဟာ နို်င်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ရည်ညွန်းပုတ်ခတ်တဲ့ စကားလုံးတွေနဲ့ ဟောပြောခဲ့တာကြောင့် သာသနာရေးဝန်ကြီးဌာနက တရားစွဲဖို့ပြင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ တရားစွဲမယ့် အဖွဲ့အစည်းက ဆရာတော်ဦးဝီရသူဆီကို အကြောင်းကြားပြီလား ဘာလို့ဒီလိုပုဂ္ဂိုလ်ရေး တိုက်ခိုက်တဲ့စကားလုံးတွေနဲ့ ဟောပြောခဲ့သလဲ ၊ ဒီဟောပြောချက်တွေကိုရော သံဃာတပါးအနေနဲ့ ပြန်လည်ဆန်းစစ်တဲ့အခါ ဝိနည်းအရ အပြစ်သင့်တယ်လို့ဆင်ခြင်မိလားဆိုတာတွေကို VOM (Voice Of Myanmar ) သတင်းဌာနက ကိုနေလင်းကနေ သွားရောက်လျှောက်ထားမေးမြန်းထားတဲ့ အပိုင်း (၁)ကို တင်ပြလိုက်ပါတယ်။ #voiceofmyanmar #ဦးဝီရသူ #ဦဝိစိတ္တာဘိဝံသ #မစိုးရိမ် #အမျိုးသားရေးဝါဒီ 

Read More

ဒီဇိုင်နာမျိုးမင်းစိုးရယ်လို့ ဘယ်လိုဖြစ်လာသလဲ

နာမည်ကြီးဒီဇိုင်နာ မျိုးမင်းစိုးနဲ့ အင်တာဗျူး ဒီဇိုင်နာမျိုးမင်းစိုးကို Voice Of Myanmar က တွေ့ဆုံမေးမြန်းတဲ့အခါမှာ သူက နာမည်ကြီးတွေရဲ့ ဝတ်စုံတွေကို ဖန်တီးဖူးပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဝတ်စုံကို မလုပ်ဘူးသေးလို့ ဖန်တီးပေးချင်တယ်ဆိုတာအပါအဝင် ခုသီတင်းကျွတ်ရာသီမှာ မျိုးမင်းစိုး ဘာတွေဖန်တီးထားသလဲ ဒီဇိုင်နာမျိုးမင်းစိုးဆိုတဲ့နာမည်တလုံးကို ဘယ်လိုရအောင်ကြိုးစားခဲ့ရသလဲဆိုတာ အပြည့်အစုံ ရှုစားနိုင်ပါပြီ။ ၂၀၁၈ အောက်တိုဘာလဆန်းက ဗီအိုအမ်နဲ့ ကိုမျိုးမင်းစိုး အင်တာဗျူးကို ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်။ #voiceofmyanmar #ဒီဇိုင်နာမျိုးမင်းစိုး

Read More

NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် နဲ့ VOM သတင်းဌာန အင်တာဗျူး အပိုင်း (၃)

  မကြာခင်မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံကို သွားရောက်မှာမို့ ဒီခရီးစဉ်မှာ တရုတ်မြန်မာ ဘယ်လိုစီမံကိန်းတွေ ဘယ်လိုသဘောတူညီမှုတွေ လုပ်နိုင်သလဲ? မြစ်ဆုံစီမံကိန်းအပေါ် ဘယ်လိုသဘောထားတွေရှိမလဲဆိုတာနဲ့ နိုင်ငံခြားရေးရာမူဝါဒကိစ္စတွေနဲ့ပတ်သက်ပြီး NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို Voice Of Myanmar (VOM) သတင်းဌာနက မသိင်္ဂီထွန်း ကနေ NLD ပါတီရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။ ရိုက်ကူး နေလင်း တည်းဖြတ် သွေးသစ် #voiceofmyanmar #NLD #ဒေါက်တာမျိုးညွန့် #ပါတီဆောင်ရွက်ချက် #မြစ်ဆုံစီမံကိန်း #ဒေါ်အောင်ဆန်းစုကြည် #တရုတ်ခရီးစဉ် #နိုင်ငံခြားရေးမူဝါဒ

Read More