ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်မကုန်ခင်ထုတ်လုပ်နိုင်မှာလား
ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်မကုန်ခင်ထုတ်လုပ်နိုင်မှာလား ၂၀၂၀ နှစ်ဦးပိုင်းမှာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာတုပ်ကွေးရောဂါကူးဆက်ပျံ့နှံနေတဲ့ သတင်းတွေထွက်လာတဲ့ အခါမှာဒီသတင်းတွေကိုအထူးအာရုံစိုက်ပြီးနားထောင်နေသူတစ်ဦးကတော့ယူကေနိုင်ငံအောက်စဖို့ဒ်တက္ကသိုလ် ဆေးဝါးဆိုင်ရာဆေးပညာပါမောက္ခ Sarah Gilbert ပါ။ ဝူဟန်တုပ်ကွေးသတင်းတွေမကြားရခင်ကထဲက ပါမောက္ခဆာရာဂေလ်ဘတ်နဲ့ သူ့ရဲ့သုတေသနအဖွဲ့ဟာကမ္ဘာပေါ်မှာ ကာကွယ်ဆေးမရှိသေးတဲ့ ဗိုင်းရပ်စ်ပိုးတွေ တားမနိုင်ဆီးမရ ကူးဆက်ပျံ့နှံ့ခဲ့ရင် ကာကွယ်နိုင်အောင်လို့ ကာကွယ်ဆေးတွေ ရှာဖွေနေပါတယ်။ ဓါတ်ခွဲခန်းမှာ ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးဖြစ်တဲ့ Middle East Respiratory Syndrome (MERS) ကာကွယ်ဆေး နဲ့ X ရောဂါလို့နာမည်ပေးထားတဲ့ ဗိုင်းရပ်စ်တွေအတွက် ကာကွယ်ဆေးစမ်းသပ် နေပါတယ်။ Xရောဂါက အမျိုးအမည်မသိတဲ့ကပ်ရောဂါတစ်ခုလို့သတ်မှတ်ထားပြီး ကပ်ရောဂါဖြစ်လာရင် အဆင်သင့်ဖြစ်အောင်ပြင်ဆင်နေကြတာပါ။ ဝူဟန်မှာ လူကနေလူကိုကူးဆက်တဲ့ တုပ်ကွေးတွေဖြစ်နေတယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက် ဇန္နဝါရီလလယ်လောက်မှာ အသက်ရှုလမ်းကြောင်းကို ဆိုးဆိုးရွားရွားထိခိုက်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ၂ ( SARS-CoV-2) ဂျီနိုမျိုးဗီဇကို သူတို့ရရှိပါတယ်။ ဒီမျိုးဗီဇကနေ ကိုရိုနာဗိုင်းရပ်စ်ပိုးကာကွယ်ဆေး စမ်းသပ်ရှာဖွေရမှာဖြစ်ပါတယ်။ ပါမောက္ခ‌ဂေလ်ဘတ်နဲ့အဖွဲ့ကသူတို့ရဲ့ရှာဖွေတွေ့ရှိချက်တွေကို လိုအပ်ရင် သုံးနိုင်အောင်လို့ စာတမ်းပြုစုဖို့သာမူလကရည်ရွယ်ထားပါတယ်။…
Read More
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ထိရောက်စွာဆွေးနွေးနိုင်ရေးအတွက် အပစ်ရပ်သက်တမ်းတိုးတာလို့ အေအေဆို
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ထိရောက်စွာဆွေးနွေးနိုင်ရေးအတွက် အပစ်ရပ်သက်တမ်းတိုးတာလို့ အေအေဆို စစ်တွေ၊ မတ် ၁၊ ၂၀၂၀ ခိုင်လင်းစံ(VOM) လက်ရှိရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အေအေပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဒီကနေ့ မတ်လ ၁ ရက်နေ့မှာ ၂၅ ရက်ကြာ တစ်ဖက်သက်အပစ်အခတ်ရပ်ဆိုင်းရေး ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်တာပါ။ အေအေပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က မတ်လ ၁ ရက်နေ့ကနေ မတ်လ ၂၅ ရက်နေ့အထိ တစ်ဖက်သက်အပစ်ရပ်သက်တမ်းကာလ ထပ်မံတိုးရတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ထိရောက်စွာဆွေးနွေးနိုင်ရေးအတွက်ဖြစ်ကြောင်း အေအေပြန်ကြားရေးတာဝန်ခံ ခိုင်သုခက VOM သို့ပြောပါတယ်။ ” ကျနော်တို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထိထိရောက်ရောက်နဲ့ ဆွေးနွေးနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ ကျနော်တို့ဖက်က ၂၅ ရက်ထပ်ပြီးတိုးထားတာ။ အခုက ကျနော်တို့ နောက်တစ်ကြိမ်တွေ့ဆုံနိုင်ဖို့ ညှိနိုင်းနေတာတွေရှိတယ်။ ဒါပေမယ့်ဘယ်အချိန်မှာ တွေ့မယ်ဆိုတာ အတည်မပြုနိုင်သေးဘူး။” လို့ သူကပြောပါတယ်။ အေအေအပါအဝင် ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေရဲ့…
Read More
စတုတ္ထမဏ္ဏိုင်ကိုကာကွယ်ကြစို့
စတုတ္ထမဏ္ဏိုင်ကိုကာကွယ်ကြစို့ ဒီရက်ပိုင်းမှာ မီဒီယာနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲတွေ အတော်တက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကThe future of News ဆိုပြီး ဒစ်ဂျစ်တယ်ခေတ်မှာ ဂုဏ်သတင်းကြီးတဲ့ သတင်းဌာနတွေ ဆက်လက်ရှင်သန်နိုင်မလား၊ ဆက်လက်ရှင်သန်နိုင်အောင် ဘာတွေလုပ်ဖို့လိုသလဲ စသဖြင့် ဆွေး‌နွေးကြတဲ့ပွဲကို တက်ဖြစ်သလို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မှာ ကမ္ဘာထိတ်တန်း နိုင်ငံရေး၊လူမှုရေး၊ စီးပွားရေး အကြံပေးအဖွဲ့ Chatham House ချက်တမ်ဟောက်စ် မှာ လုပ်တဲ့ sanction ဆန်ရှင်ကို လက်နက်သဖွယ်အသုံးပြုပြီး မီဒီယာသမားတွေကိုအကာအကွယ်ပေးနိုင်တဲ့အကြောင်း “ The use of Targeted Sanctions to Protect Journalists” အစီရင်ခံစာ မိတ်ဆက်ပွဲကိုတက်ဖြစ်ပါတယ်။ “International Bar Association’s Human Rights Institute” နဲ့ Chatham House တို့ပူးပေါင်းစီစဉ်တဲ့ ဒီပွဲရဲ့ ပဲနယ်မှာ အတွေ့အကြုံရင့်ကျက်တဲ့ဥပဒေပညာရှင်တွေ နဲ့…
Read More
မငြိမ်းချမ်းလို့ နိုင်ငံရေးပါတီတွေ ရှေ့မရောက်ဖြစ်နေ
မငြိမ်းချမ်းလို့ နိုင်ငံရေးပါတီတွေ ရှေ့မရောက်ဖြစ်နေ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ၊ ၂၀၂၀ အောင်ထူးနိုင်(VOM) ငြိမ်းချမ်းရေးမရသေးတဲ့အတွက် နိုင်ငံရေးပါတီတွေ ရှေ့မရောက်သေးဘူးလို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဋ္ဌ စိုင်းညွန့်လွင်က ပြောဆိုလိုက်ပါတယ်။ ပြည်ထောင်စုအင်စတီကျူ့က “အမျိုးသားလွှတ်တော်အခန်းကဏ္ဍနဲ့ ဖက်ဒရယ်အိမ်မက်”သုတေသနစာတမ်းမိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ဒီနေ့ ပြုလုပ်နေပြီး အမှာစကားပြောကြားရာမှာ စိုင်းညွန့်လွင်က ထည့်သွင်း ပြောဆိုခဲ့တာပါ။ “နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍက ရှေ့မှာမရှိပါဘူး။ ဘေးမှာပဲ ရှိနေတုန်းပါပဲ၊ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးမရသေးဘူးပေါ့လေ၊ ငြိမ်းချမ်းရေးမရသေးတော့ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍဟာ စောင့်ဆိုင်းနေရမယ့် အနေအထားမျိုး ရှိပါသေးတယ်”လို့ စိုင်းညွန့်လွင်က ပြောပါတယ်။ ငြိမ်းချမ်းရေးကို အစဉ်တစိုက် လက်ဆင့်ကမ်းပြီး လုပ်လာကြပေမယ့် ပန်းတိုင်ကို မရောက်ရှိသေးပါဘူး၊ မရသေးဘူးဆိုပေမယ့်လည်း ရပ်ဆိုင်းထားရမှာမျိုးမဟုတ်ဘဲ လုပ်ကိုလုပ်နေရမယ့် တာဝန်ရှိတယ်လို့ စိုင်းညွန့်လွင်က ပြောပါတယ်။ “လက်ရှိလုပ်နေတဲ့ ငြိမ်းချမ်းရေးက တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ လုပ်နေတဲ့ ငြိမ်းချမ်းရေးဟာ…
Read More
လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားမရဘူးလို့ ‌ဆိုတဲ့ ဦးအောင်မင်း
လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားမရဘူးလို့ ‌ဆိုတဲ့ ဦးအောင်မင်း ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ၊ ၂၀၂၀ အောင်ထူးနိုင်(VOM) လက်ရှိ အစိုးရသွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အားမရဘူးလို့ သမ္မတရုံးဝန်ကြီး(ငြိမ်း)ဦးအောင်မင်းက ရန်ကုန် နိုဗိုလ်တယ်ဟိုတယ်မှာလုပ်တဲ့ စာတမ်းမိတ်ဆက်ပွဲတခုမှာ သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။ “အားမရဘူးဗျာ၊ နံပတ်တစ်က peace policy တိကျပြတ်သားမှုမရှိဘူး၊ နှစ်က စုဖွဲ့မှုမှာ UPCC မရှိဘူး၊ UPWC မရှိဘူး၊ အဲဒီတော့ peace အားမကောင်းဘူး၊ အဲဒါကြောင့် စုဖွဲ့မှု မပီပြင်ဘူးလို့ ပြောလို့ရတယ်၊ တတိယအချက်ကတော့ work force အားမကောင်းဘူး”လို့ ဦးအောင်မင်းက ပြောပါတယ်။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဦးအောင်မင်းက ဆက်လက်ပြောဆိုရာမှာ နှစ်ဘက်အဖွဲ့အစည်းက လိုချင်တာပဲတောင်းနေလို့မရဘဲ ကြာချပြီး လုပ်ရမယ်လို့ ပြောပါတယ်။ “တစ်ခုတည်းကို ဆုပ်ကိုင်ပြီး လုပ်နေလို့ကတော့ တစ်သက်လုံးမပြီးဘူး၊ စာလုံးလေးတစ်လုံးပေါ်မှာ ရပ်တည်ပြီး လုပ်နေလို့ကတော့ တစ်သက်လုံးမပြီးဘူး”လို့…
Read More
ကိုရိုနာ ဗိုင်းရပ်စ်ဂယက်
ကိုရိုနာ ဗိုင်းရပ်စ်ဂယက် ဖေဖော်ဝါရီ ၉၊ ၂၀၂၀။ Voice Of Myanmar (VOM) တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ပြန့်ပွားလာနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ၊ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အရေအတွက်ဟာ တနေ့တခြား မြင့်တက်လာနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ကိန်းဂဏန်းတွေအရ၊ တရုတ်နိုင်ငံတွင်းအပါအဝင် ကမ္ဘာ့အဝှမ်း ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ဦးရေဟာ ၈၁၁ အထိ တိုးလာပြီး အများစုသေဆုံးသူတွေဟာ တရုတ်နိုင်ငံ ဝူဟန်မြို့နဲ့ ဝူဟန်မြို့ ပတ်ဝန်းကျင် ဟူဗိုင်ပြည်နယ်ထဲက မြို့တွေက ဖြစ်ပါတယ်။ တရုတ်နိုင်ငံတွင်းမှာ ဒီဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်ဟာလည်း ၃၇,၁၉၈ ယောက် အထိ တိုးလာပါတယ်။ ဒီသေဆုံးမှု အရေအတွက်ဟာ ၂၀၀၃ ခုနှစ် SARS ရောဂါ ပြန့်နှံ့လို့ ကမ္ဘာ့အနှံ့ သေဆုံးသူ အရေအတွက်ထက် ပိုကျော်လွန်လာတာကြောင့် ထိတ်လန့်မှုတွေ၊ စိုးရိမ်မှုတွေ ပိုလာနေကြတာပဲ…
Read More
ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်ဖို့လုပ်ထားတဲ့ အချက်တွေ အတော်များများအောင်မြင်နိုင်
Read More
လုပ်ကြံခံရလို့ ကွယ်လွန်သွားတဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ (၃) နှစ်ပြည့် နဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး
လုပ်ကြံခံရလို့ ကွယ်လွန်သွားတဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ (၃) နှစ်ပြည့် နဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး မန္တလေး – ဇန်နဝါရီ ၂၉ -၂၀၂၀ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အဓိကအခန်းကဏ္ဍကနေ အကြံတွေပေးခဲ့တယ်ဆိုတဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီကွယ်လွန်တာ ဒီကနေ့ ၃နှစ်ပြည့်ပြီဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာလည်း ဒုတိယအကြိမ်အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကိုပြဋ္ဌာန်းလိုက်ပါတယ်။ ဒီလိုပြင်ဆင်ချက်တွေကို ဦးကိုနီသာရှိရင် ကျေနပ်အားရမယ်ထင်သလား ၊ ဘယ်အချက်တွေဟာ အားနည်းပြီး ဘာတွေလိုအပ်ဦးမလဲဆိုတာ ဦးကိုနီနဲ့ အရင်းနှီးဆုံး လုပ်ဖေါ်ကိုင်ဖက်ဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကို ဗီအိုအမ်ရဲ့ အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ ရိုက်ကူး လင်းခိုင်(VOM) #voiceofmyanmar #vom #ဦးကိုနီ #ဦးရောဘတ်စန်းအောင် Zawgyi လုပ်ကြံခံရလို့ ကွယ်လွန်သွားတဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ (၃) နှစ်ပြည့် နဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး မန္တလေး – ဇန်နဝါရီ ၂၉ -၂၀၂၀…
Read More
တရုတ်-မြန်မာ နားလည်မှုစာချွန်တော်တွေ အကောင်အထည်ဖော်မယ်ဆိုရင် ပြည်သူကို ပွင့်လင်းမြင်သာစွာ ချပြသင့်
တရုတ်-မြန်မာ နားလည်မှုစာချွန်တော်တွေ အကောင်အထည်ဖော်မယ်ဆိုရင် ပြည်သူကို ပွင့်လင်းမြင်သာစွာ ချပြသင့် အောင်ထူးနိုင်(VOM) တရုတ်-မြန်မာ နားလည်မှု နားလည်မှုစာချွန်တော်တွေ အကောင်အထည်ဖော်မယ်ဆိုရင် ပြည်သူကို ပွင့်လင်းမြင်သာစွာ ချပြသင့်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။ “ဒေသခံတိုင်းရင်းသားတွေက သူတို့ဘဝဖွံ့ဖြိုးတိုးတက်ဖို့ မျှော်လင့်နေကြတယ်။ ဒါပေမယ့် ပွင့်လင်းမြင်သာဖို့တော့ လိုတယ်။ အနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ ဆိုးကျိုး ဘယ်လောက်ထိရှိလာနိုင်မယ်ဆိုတာကို သူတို့ကိုလည်း ချပြဖို့လိုမယ်။ ကောင်းကျိုးဆိုရင်လည်း ဘာတွေရှိလာမယ်ဆိုတာကို ပြောပြပေးဖို့ လိုတယ်”လို့ ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။ ရင်းနှီးမြုပ်နှံမှုက လိုအပ်ပြီး စီမံကိန်းတွေ လုပ်မယ်ဆိုရင် ပြည်သူ့အပေါ် ဘယ်လောက်ရိုက်ခတ်မှု ရှိလာမလဲ၊ ဘယ်လောက်ဆိုးကျိုး ရှိလာမလဲဆိုတာ ထည့်တွက်ရမှာဖြစ်ပြီး ကောင်းကျိုးဆိုးကျိုးအတွက် ပွင့်လင်းမြင်သာမှု ရှိဖို့ လိုအပ်တယ်လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။ မြန်မာနိုင်ငံသမ္မတဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ တရုတ်သမ္မတရှီကျင့်ဖျင်ဟာ ဇန်နဝါရီ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံကို…
Read More
တရုတ်သမ္မတရှီကျင့်ဖျင် မြန်မာက ဘာတွေယူသွားပြီး ဘာတွေပြန်ပေးခဲ့လဲ
တရုတ်သမ္မတရှီကျင့်ဖျင် မြန်မာက ဘာတွေယူသွားပြီး ဘာတွေပြန်ပေးခဲ့လဲ အောင်ထူးနိုင်(VOM) မြန်မာနိုင်ငံသမ္မတဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးလာရောက်ခဲ့တဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ ခရီးစဉ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ခရီးစဉ်အတွင်း သမ္မတရှီဟာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ ပထမဆုံးတွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံရာမှာ နှစ်ဖက်ခေါင်းဆောင်တွေက မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံမှု ခိုင်မာစေရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား တည်ရှိတဲ့ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို အေးအတူပူအမျှအဖြစ် တိုးမြှင့်သွားနိုင်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို ပူးတွဲကျင်းပသွားရေးနဲ့ နှစ်နိုင်ငံယဉ်ကျေးမှုနဲ့ ပြည်သူတွေအကြား ထိတွေ့ဆက်ဆံမှု ပိုမိုတိုးမြှင့်သွားရေး ကိစ္စရပ်တွေနဲ့စပ်လျဉ်းလို့ ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာအစိုးရဘက်က သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံခေါင်းဆောင်တွေက သက်ဆိုင်ရာနိုင်ငံတွေမှာ တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေးနဲ့ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်ရာမှာ အောင်မြင်တိုးတက်မှုတွေ…
Read More