ရုံးချိန်းမလာတဲ့ ဂျာမဏီနိုင်ငံသား အလုပ်ရှင်ကို ဖမ်းဝရမ်းထုတ်ပေးရန် အလုပ်သမားတွေ‌တောင်းဆို

ရုံးချိန်းမလာတဲ့ ဂျာမဏီနိုင်ငံသား အလုပ်ရှင်ကို ဖမ်းဝရမ်းထုတ်ပေးရန် အလုပ်သမားတွေ‌တောင်းဆို ရန်ကုန်၊ သြဂူတ်- ၂ – ၂၀၂၀ အေးချမ်းသူ(VOM) အလုပ်သမားခုနှစ်ရာကျော်အတွက် လုပ်ခလစာရှင်းမပေးတဲ့ဂျာမနီနိူင်ငံသားကို တရားစွဲဆိုထားတဲ့ အမှုရုံးချိန်းကို လေးကြိမ်တိုင်လာရောက်ခြင်းမရှိတဲ့အတွက် ဖမ်းဝရမ်းထုတ်ပေးဖို့ တရားရုံးကိုတောင်းဆိုသွားမှာဖြစ်တယ်လို့အလုပ်သမားတွေက ပြောပါတယ်။ တောင်ဒဂုံစက်မှုဇုန်မှာရှိတဲ့ EURO Gate အထည်ချုပ်စက်ရုံပိုင်ရှင်ဂျာမနီနိူင်ငံသား Mr Fronz Koller က အလုပ်သမား ခုနှစ် ရာကျော်ကို မတ်လနဲ့ ဧပြီလ အတွက် လစာရှင်းမပေးတာကြောင့် အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးမှုး ကိုယ်တိုင် မေလ က စတင်တရားစွဲဆိုခဲ့တယ်လို့ တရားလိုပြသက်သေ အလုပ်သမားခေါင်းဆောင် မခိုင်ဝေသင်း ကပြောပါတယ်။ “အလုပ်သမားတွေကတော့ မအားတဲ့ကြားထဲက ရုံးချိန်းခဏခဏသွားတယ်၊ အလုပ်ရှင်နိူင်ငံခြားသားက တစ်ခါမှ မလာဘူး အခုလာ မဲ့ရုံးချိန်းမှာ ဖမ်းဝရမ်းထုတ်ပေးဖို့တောင်းဆိုသွားမယ်”လို့ မခိုင်ဝေသင်း ကပြောပါတယ်။ တောင်ဒဂုံမြို့နယ်တရားရုံးမှာ EURO Gate…

Read More

ပုသိမ်မုံရွာကားလမ်းပေါ်မှာ ရဲအရာရှိတဦး ဒဏ်ရာနဲ့ သေဆုံး

ပုသိမ်မုံရွာကားလမ်းပေါ်မှာ ရဲအရာရှိတဦး ဒဏ်ရာနဲ့ သေဆုံး ကံမ-ဩဂုတ်-၂-၂၀၂၀ ဂျန်ကိုးလ်(VOM) မကွေးတိုင်း ၊ကံမမြို့နယ် အလယ်ချောင်းကျေးရွာအနီး ပုသိမ်-မုံရွာ ကားလမ်း မိုင်တိုင်အမှတ် ၁၄၇/၆နှင့်၁၄၇/၇အကြား ရပ်ထားတဲ့အိမ်စီးကားပေါ်မှာ ရဲအရာရှိတဦး ဒဏ်ရာနဲ့ သေဆုံးနေတာကို ဇူလိုင်၁ရက်ည၇နာရီခန့်မှာတွေ့ရှိရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သေဆုံးသူဟာ ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင်ပေါင်းတလည်နယ်မြေ ရဲစခန်းမှူး ရဲအုပ်ကျော်ကျော်လင်းဖြစ်ပြီးယာဘက်နားသွေးယိုစီးဒဏ်ရာရထားပါတယ်။ သူနဲ့အတူ ဝက်ဘလေအမျိုးအစားခြောက်လုံးပြူးတလက် ကျည်၄တောင့်အခွံ၂တောင့်တွေ့ရှိရတယ်လို့မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။ အမှု့နဲ့ပတ်သက်ပြီး အလယ်ချောင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးပြောတာက “ကျနော်နွားကျောင်းအပြန်လမ်းပေါ်မှာ ဆိုင်ကယ်နဲ့သွားတဲ့ကလေးချင်းပြောသွားတာ အဲဒီကားက မနက်ကတည်းကရပ်ထားတာ အခုလည်းရပ်ထား တုန်းဘဲလို့ ပြောတာကြားလို့ အုပ်ချုပ်ရေးမှူးတာဝန်ရှိနေတော့ ရာအိမ်မှူးနဲ့အတူသွားကြည့်တာ ကားနားမကပ်ရဲဘဲ ဗိုလ်ကြီးကိုအကြောင်းကြားလိုက်တာ ရဲရောက်လာတော့ သူတို့က ခရိုင်ကိုအကြောင်းကြား ပြီးမှန်ခွဲပြီးကြည့်တော့သေနေတယ် ဆေးရုံပို့လို့ရောက်မှသေနတ်ဒဏ်ရာတွေ့ရတာ”လို့ပြောပါတယ်။ ကြို့ပင်တိုက်နယ်ကားလမ်းမရွာတချို့ကတော့ ကိုယ့်ကိုကိုယ်သတ်သေတာလား လုပ်ကြံခံရတာလား အမျိုးဝေဖန်ပြောဆိုနေမှု့တွေနဲ့ပတ်သက်လို့ကြို့ပင်နယ်မြေရဲစခန်းကိုသွားရောက်စုံစမ်းရာမှာတော့” အထက်လူကြီးအမိန့်မရှိရင်ပေးလို့မရဘူးပြောလို့မရဘူးလို့တာဝန်ကျရဲအရာရှိဟုယူဆရသူတဦးကပြောပါတယ်။ ”ကားကလော့ချထားတယ်သော့ကတန်းလန်း သော့မပါဘဲအပြင်ကလော့ချမရဘူးလို့သိရတယ်ကျည်ခွံ၂တောင့်က တတောင့်ကစမ်းတယ်နဲ့တူတယ် ကားနောက်ခန်းထဲမှာအဖူးတခုတွေ့တယ်ခေါင်းပေါက်ထွက်ပြီးမှန်ကိုမပေါက်နိုင်လို့နောက်ခန်းကိုကျတယ်နဲ့တူတယ်”လို့အုပ်ချုပ်ရေးမှူးကသုံးသပ်ပါတယ်။ သေဆုံးသူကို ကြို့ပင်တိုက်နယ်ဆေးရုံတွင် စစ်ဆေးပြီး ပေါင်းတလည်မြို့က နာရေးယာဥ်တစီး…

Read More

ရသေ့တောင်မြို့နယ်မှာ ပေါက်ကွဲမှုကြောင့် ကလေး (၂) ဦးသေပြီး (၄) ဦးဒဏ်ရာပြင်းထန်

#yathaetaung

ရသေ့တောင်မြို့နယ်မှာ ပေါက်ကွဲမှုကြောင့် ကလေး (၂) ဦးသေပြီး (၄) ဦးဒဏ်ရာပြင်းထန် ရသေ့တောင်၊ သြဂုဏ် ၁- ၂၀၂၀ ထက်အောင်စိုင်း (VOM) သြဂုဏ်လ ၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်လောက်က ရသေ့တောင်မြို့နယ် မိုးစဲကျွန်း ကပ်ချောင်းကျေးရွာအနီးမှာ မိုင်းပေါက်ကွဲမှု ဖြစ်ပြီး ကပ်ချောင်းကျေးရွာက ဒေသခံ ၂ ဦးသေဆုံးပြီး ၄ ယောက် ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သိရပါတယ်။ သေဆုံး ဒဏ်ရာရရှိသူတွေဟာ အသက် ၉ နှစ်အရွယ်နဲ့ ၁၂ နှစ်အရွယ် ကလေးတွေဖြစ်ပါတယ်။ လူငယ် (၆) ယောက်ဟာ ကျေးရွာအနီးက သစ်ပင်အောက်မှာ ကျနေတဲ့ လက်နက်ကြီးကျည်ကို ရိုက်ခွဲကြည့်တဲ့အခါမှာ နေပူပြင်းတဲ့အတွက် ပေါက်ကွဲသွားတာဖြစ်ကြောင်း ကပ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက VOM ကို ပြောပါတယ်။ အဲဒီ ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူတွေမှာ…

Read More