မြောက်ကိုရီးယားရန်ကိုကာကွယ်ဖို့ စစ်ဘက်သုံး ပထမဆုံးဂြိုဟ်တု တောင်ကိုရီးယားလွှတ်တင်

မြောက်ကိုရီးယားရန်ကိုကာကွယ်ဖို့ စစ်ဘက်သုံး ပထမဆုံးဂြိုဟ်တု တောင်ကိုရီးယားလွှတ်တင်

ဆိုးလ်၊ ဇူလိုင် ၂၁-၂၀၂၀
မျိုးဆက် (VOM)

တောင်ကိုရီးယားနိုင်ငံဟာ သူ့ရဲ့ကာကွယ်ဆေးစွမ်းရည်တိုးတက်စေဖို့ အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာ ပထမဆုံး စစ်ဘက်ဆိုင်ရာဂြိုဟ်တုတစ်လုံးကို Space X ကုမ္ပဏီရဲ့ ဒုံးပျံနဲ့ အောင်မြင်စွာလွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားအစိုးရက ဇူလိုင် ၂၁ ရက်မှာပြောပါတယ်။

ANASIS-II လို့အမည်ပေးထားတဲ့ အဲ့ဒီဂြိုဟ်တုဟာ ၁၉၅၀ခုနှစ်က စစ်ဖြစ်ခဲ့ဖူးတဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားရန်ကနေကာကွယ်ဖို့ တောင်ကိုရီးယားရဲ့ စွမ်းရည်ကို မြှင့်တင်ဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။

ဂြိုဟ်တုကို ဖလော်ရီဒါရှိ ကိပ်ကာနီဗယ်လေတပ်စခန်းကနေ Falcon-9 ဒုံးပျံနဲ့ လွှတ်တင်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၂၀ ရက်နေ့လယ်ပိုင်းမှာ လွှတ်တင်ပြီးနောက် ၃၂ မိနစ်အကြာမှာတော့ ဂြိုဟ်တုကို ကမ္ဘာ့ပတ်လမ်းကြောင်းမှာ ဖြန့်ကြက်နိုင်ခဲ့တယ်လို့ Space X ကုမ္ပဏီကလည်း အတည်ပြုပြောဆိုပါတယ်။

ဒီလိုလွှတ်တင်မှုကြောင့် တောင်ကိုရီးယားဟာ စစ်ဘက်သုံးဂြိုဟ်တုပိုင်ဆိုင်တဲ့(၁၀)နိုင်ငံမှာ ပါဝင်လာမယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ကပြောပါတယ်။

Ref : CNA
Photo:AFP
#voiceofmyanmar #VOM #ဆိုးလ်

Zawgyi


ဆိုးလ်၊ ဇူလိုင် ၂၁-၂၀၂၀
မျိုးဆက် (VOM)






Ref : CNA
Photo:AFP

Related posts

Leave a Comment