ပြည်ခိုင်ဖြိုးပါတီက စာရေးဆရာသရဝဏ်(ပြည်)ကို တရားရုံးဦးတိုက်လျှောက်ထားပြီး စာနယ်ဇင်းကောင်စီထံတိုင်ကြားစာပို့

ပြည်ခိုင်ဖြိုးပါတီက စာရေးဆရာသရဝဏ်(ပြည်)ကို တရားရုံးဦးတိုက်လျှောက်ထားပြီး စာနယ်ဇင်းကောင်စီထံတိုင်ကြားစာပို့ ရန်ကုန်၊ ဇူလိုင် ၂၁-၂၀၂၀ အေးချမ်းသူ(VOM) စာရေးဆရာသရဝဏ်(ပြည်)ကို ပြည်ခိုင်ဖြိုးပါတီကတရားစွဲဆိုဖို့အတွက် နေပြည်တော်၊ ဒက္ခိဏသီရိ တရားရုံးကို ဦးတိုက်လျှောက်ထားနေပြီဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ “စောင့်ကြည့်သတင်းဂျာနယ်မှာတဲ့ အတွဲ၁၅၊ အမှတ်-၁၇မှာပါတဲ့ စာရေးဆရာ သရဝဏ်(ပြည်)ရေးသားခဲ့တဲ့ “နစ်မြုတ်နေဆဲ သဘော်ကြီးပေါ်ကလူများ” ဆောင်းပါးပါ အချက်အလက်များဟာ မှားယွင်းနေပြီး၊ ရေးသားဖော်ပြချက်များမှာ တာဝန်ထမ်းဆောင်ခဲ့ပြီးသော အစိုးရများဆောင်ရွက်ချက်တွေကို အများပြည်သူအထင်အမြင်လွဲမှားစေတဲ့အတွက် တရားစွဲရခြင်းဖြစ်တယ်၊ သတင်းကမှန်ပါတယ်၊ တရားစွဲဆိုတာ သတင်းအမှားဖြန့်တယ်ပေါ့၊ ဒက္ခိဏသီရီတရားရုံးမှာပါ၊ တရားလိုကတော့ ပါတီရဲ့ရုံးအုပ်ကြီး ဦးအောင်ပိုင်မင်းက တရားလိုလုပ်ပြီး တရားစွဲဆိုတာပါ”လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေကပြောပါတယ်။ ဒါ့ကြောင့် တပ်မတော်အစိုးရရော၊ သမ္မတကြီးဦးသိန်းစိန်အစိုးရရော အစိုးရနှစ်ရပ်လုံးကို ပြည်သူကအထင်အမြင်လွဲမှားစေတဲ့ နိုင်ငံတော်အစိုးရတွေကို ပြည်သူလူထုက အထင်အမြင်လွဲမှားစေတာဟာ ဂုဏ်သိက္ခာကျဆင်းစေတာကြောင့် စာရေးဆရာသရဝဏ်(ပြည်)ကို နေပြည်တော်၊ဒက္ခီဏသီရီတရားရုံးမှာ ဦးတိုက်လျှောက်ထားရတာဖြစ်တယ်လို့ ဒေါ်ယဉ်မင်းမြင့်ဆွေကပြောပါတယ်။ “ဒီဆောင်းပါးမှာ အဓိကကတော့ မမှန်တဲ့သတင်းကိုရေးတာပါ…

Read More

ကချင်စစ်ဘေးရှောင် အိမ်ထောင်စု(၈၀၀)ကျော်ကို ၂၀၂၁ နွေရာသီအကုန်မှာ အပြီးပြန်ပို့သွားမယ်

ကချင်စစ်ဘေးရှောင် အိမ်ထောင်စု(၈၀၀)ကျော်ကို ၂၀၂၁ နွေရာသီအကုန်မှာ အပြီးပြန်ပို့သွားမယ် မြစ်ကြီးနား၊ဇူလိုင် ၂၁-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်စစ်ဘေးရှောင် အိမ်ထောင်စု(၈၀၀)ကျော်၊ လူဦးရေ(၃၀၀၀)ကျော်ကို နေရပ်ပြန်နိုင်ရေး ၂၀၂၁ နွေရာသီအကုန်မှာ အပြီးပြန်ပို့သွားဖို့ ဆောင်ရွက်နေတယ်လို့ ကချင်လူသားချင်း စာနာထောက်ထားမှုအဖွဲ့ (KHCC) ဒုတိယအတွင်းရေမှူး(၃) ရဲ့ ပြောကြာချက်အရ သိရပါတယ်။ လက်ရှိ နိုဝင်ဘာလမတိုင်ခင် နေရပ်ပြန်ပို့ဖို့ ချီဖွေဘက်က ၃ ရွာ၊ ဗန်းမော်ဘက်က(၈)ရွာလောက်နဲ့ ပူတာအိုဘက်ကတော့ လုံးဇွပ်ကျေးရွာက စစ်ရှောင်စခန်းအာလုံးကို ပြန်ပို့နိုင်အောင် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ စစ်ဘေးရှောင်တွေကို နိုဝင်ဘာလမတိုင်ခင် ပြန်ပို့ဖို့စီစဉ်နေပြီး (KIA)နဲ့ တပ်မတော်ဘက်ကလည်း (KHCC) ရဲ့ နေရပ်ပြန်စစ်ရှောင်တွေ နေရာချထားရေးမှာ ပူးပေါင်းဆောင်ရွက်ပေးတယ်လို့ ဒုတိယအတွင်းရေးမှူး (၃) ဦးဖော်ယမ်ခါးလီက ပြောပါတယ်။ (KHCC)က စစ်ရှောင်တွေ နေရပ်ပြန်နိုင်ဖို့ ကျေးရွာ ၂၂ ခုကိုတင်ပြပြီး တရားဥပေဒစိုးမိုးရေးနဲ့ လုံခြုံရေးအခြေအနေစိတ်မချရလို့ ၄ ရွာကို…

Read More

ပဲခူးမြို့မှာ မြန်မာနိူင်ငံအလုပ်သမားနဲ့ လယ်သမားမဟာမိတ်ပါတီကနေ ကိုယ်စားလှယ် (၇)ဦး ဝင်ရောက်ယှဉ်ပြိုင်မယ်

ပဲခူးမြို့မှာ မြန်မာနိူင်ငံအလုပ်သမားနဲ့ လယ်သမားမဟာမိတ်ပါတီကနေ ကိုယ်စားလှယ် (၇)ဦး ဝင်ရောက်ယှဉ်ပြိုင်မယ် ရန်ကုန်၊ ဇူလိုင် ၂၁-၂၀၂၀ အေးချမ်းသူ(VOM) မြန်မာနိူင်ငံအလုပ်သမားနှင့်လယ်သမားမဟာမိတ်ပါတီက၂၀၂၀ ရွေးကောက်ပွဲမှာ ပဲခူးမြို့နဲ့ သနပ္ပပင်မြို့နယ်တို့မှာ ကိုယ်စားလှယ်(၇)နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီဥက္ကဌ ဦးတင်အေးကပြောပါတယ်။ “ကျနော်တို့ပါတီက ပဲခူးမှာ(၄)နေရာ၊ သနပ္ပပင်မှာတော့ ပြည်သူလွတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်(၃)နေရာ အားလုံး(၇)ဦးဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ”လို့ ဦးတင်အေးကပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကနေ မတ်လကနေစတင်ကာ ပါတီကိုအတည်ပြုခဲ့ပြီး Covid-19ကာလဖြစ်နေတဲ့အတွက် ပါတီစည်းရုံးရေးမှာလည်း အခက်အခဲများရှိကြောင်း ပါတီဥက္ကဌဦးတင်အေးကပြောပါတယ်။ “မိမိတို့ပါတီက ဝင်ရောက်ရွေးချယ်ခံတဲ့ ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲမှာ အနိူင်ရရှိရင် အလုပ်သမားအခွင့်အရေးရရှိရေးနဲ့ လယ်သမားတွေ လက်ရှိကြုံနေရတဲ့ လယ်ယာမြေကိစွရပ်တွေကို ဆောင်ရွက်သွားမယ်”လို့ ဦးတင်အေးကပြောပါတယ်။ အခြေခံလူတန်းစားတွေရဲ့ဘဝမှာ လက်ရှိမြေသိမ်းယာသိမ်းကိစွတွေနဲ့ ရင်ဆိုင်နေရပြီး အလုပ်သမားတွေလည်း လုပ်ငန်းခွင်အတွင်း ဆုံးရှုံးနစ်နာတာတွေ ရှိနေတာကို အတက်နိူင်ဆုံး ကူညီဆောင်ရွက်သွားမယ်လို့လည်း ပါတီဥက္ကဌကပြောပါတယ်။ မြန်မာနိူင်ငံအလုပ်သမားနှင့်လယ်သမားမဟာမိတ်ပါတီဟာ၂၀၁၉ ဒီဇင်ဘာ(၁၉)ရက်နေ့မှာ ပါတီတည်ထောင်ခွင့် စတင်လျှောက်ထားခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်မှ ၂၀၂၀၊…

Read More

ဆေးရုံဝန်ထမ်းတွေရဲ့ဆိုင်ကယ်ပျောက်ဆုံးတာများတဲ့အတွက် ကိုယ်ပိုင်သော့နဲ့ ထိန်းသိမ်းနိုင်တဲ့နေရာ စီစဉ်ထားရ

ဆေးရုံဝန်ထမ်းတွေရဲ့ဆိုင်ကယ်ပျောက်ဆုံးတာများတဲ့အတွက် ကိုယ်ပိုင်သော့နဲ့ ထိန်းသိမ်းနိုင်တဲ့နေရာ စီစဉ်ထားရ နေပြည်တော်၊ ဇူလိုင်၂၁-၂၀၂၀ ကောင်းလက်ျာ(VOM) ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ပြည်သူ့ဆေးရုံမှာ ဆိုင်ကယ်ပျောက်ဆုံးတာများတဲ့အတွက် ပျောက်ဆုံးတာတွေမဖြစ်ပေါ်စေဖို့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကိုယ်ပိုင်သော့နဲ့သိမ်း ဆည်းရပ်နားနိုင်မယ့် ဆိုင်ကယ်စတန်းကို စီစဉ်ပေးထားရတယ်လို့ ဆေးရုံအုပ်ကြီး ‌ဒေါက်တာနန္ဒဝင်းကပြောပါတယ်။ “ဒီမှာက ဆိုင်ကယ်ဝပ်သောက်စီးကြတာများတယ်။ အ‌ပျောက်အရှလည်းများတော့ အလှူရှင်တစ်ဦးရဲ့အကူညီနဲ့ သော့ထပ်ခတ်လို့ရတဲ့ ဆိုင်ကယ်ရပ်နားဖို့နေရာလေးကို ခုရက်ပိုင်းကပဲ စီစဉ်ပေးလိုက်တာပါ”လို့ ဒေါက်တာနန္ဒဝင်းကပြောပါတယ်။ မြဝတီဆေးရုံမှာ ဆိုင်ကယ်ပျောက်ဆုံးတာတွေ မကြာခဏဖြစ်ပေါ်နေတဲ့အပြင် ဆိုင်ကယ်အများစု ကလည်း လိုင်စင်မဲ့ဆိုင်ကယ်ဖြစ်တဲ့အတွက် ရဲစခန်းတိုင်ရန်အဆင်မပြေတာတွေကြောင့် ပိုင်ရှင်အများစုက ရဲစခန်းတိုင်တန်းတာမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။ မြဝတီဆေးရုံမှာ ဆိုင်ကယ်အပ်နှံခ မကောက်ခံဘဲ ဧည့်သည်နဲ့လူနာရှင်တွေအတွက် အခမဲ့ ဆိုင်ကယ်ရပ်နားဖို့နေရာ စီစဉ်ပေးထားတဲ့အပြင် ဝန်ထမ်းများရဲ့ဆိုင်ကယ်လုံခြုံရေးအတွက် ကိုယ်တိုင်သော့ခတ်သိမ်းဆည်းနိုင်မယ့် ဆိုင်ကယ်ရပ်နားတဲ့ နေရာ(၂၄)ခု စီစဉ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ အခုလက်ရှိ ဆေးရုံကြီးရဲ့လေးထပ်ဆောင်‌ရှေ့မှာ ဆိုင်ကယ် ၁၇ စီးရပ်ဖို့ နေရာ(၁)ခု၊ သုံးထပ်ရုံးရှေ့မှာ ဆိုင်ကယ်(၇)စီးရပ်ဖို့ နေရာတစ်ခု…

Read More

ဟောင်ကောင်အရေး ကြားဝင်ရင် ဆိုးကျိုးတွေနဲ့ရင်ဆိုင်ရမယ်လို့ ဗြိတိန်ကို တရုတ်သတိပေး

ဟောင်ကောင်အရေး ကြားဝင်ရင် ဆိုးကျိုးတွေနဲ့ရင်ဆိုင်ရမယ်လို့ ဗြိတိန်ကို တရုတ်သတိပေး ပေကျင်း၊ ဇူလိုင်-၂၁-၂၀၂၀ မျိုးဆက် (VOM) ဗြိတိန်ဟာ ဟောင်ကောင်အရေးနဲ့ပတ်သက်ပြီး ကြားဝင်စွက်ဖက်နေမယ်ဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ တရုတ်နိုင်ငံက သတိပေးလိုက်ပါတယ်။ ဟောင်ကောင်မှာ တရုတ်အစိုးရရဲ့လုပ်ပိုင်ခွင့်ပိုမိုရရှိစေတဲ့ လုံခြုံရေးဥပဒေသစ်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ဗြိတိန်က ဟောင်ကောင်နဲ့ သဘောတူညီထားသော ပြစ်မှုကျူးလွန်သူလွဲှပြောင်းပေးရေး သဘောတူညီချက်ကို ဇူလိုင်၂၀ရက်မှာ ဆိုင်းငံ့လိုက်ပါတယ်။ လန်ဒန်ရှိ တရုတ်သံအမတ်ကြီးက ဗြိတိန်ဟာ တရုတ်ရဲ့ပြည်တွင်ရေးကို ပြောင်ပြောင်တင်းတင်း ကြားဝင်နေတာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံဟာ ဗြိတိန်ရဲ့ ပြည်တွင်းရေးရာကိစ္စတွေကို ဘယ်သောအခါမှ ကြားမဝင်ခဲ့ဖူးတာကြောင့် ဗြိတိန်အနေနဲ့လည်း ထိုနည်းတူ လုပ်ဆောင်သင့်တယ်လို့ တရုတ်သံအမတ်ကြီး လူရှောင်မင်းက ပြောပါတယ်။ တရုတ်နိုင်ငံရဲ့ လုံခြုံရေးဥပဒေပြဌာန်ပြီးနောက် ဟောင်ကောင်ဒေသခံ(၃)သန်းထိအောင် ဗြိတိန်နိုင်ငံအတွင်း အခြေချနေထိုင်ခွင့်ပေးမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ယခုလအစောပိုင်းမှာ ကတိပြုပြောဆိုထားတာ ဖြစ်ပါတယ်။ Ref : BBC Photo:…

Read More

အထက်တန်းအဆင့် ကျောင်းတွေပြန်ဖွင့်တာနဲ့အတူ ကျောင်းသားမိဘတွေစိုးရိမ်နေ

အထက်တန်းအဆင့် ကျောင်းတွေပြန်ဖွင့်တာနဲ့အတူ ကျောင်းသားမိဘတွေစိုးရိမ်နေ ရန်ကုန် ၊ဇူလိုင် ၂၁-၂၀၂၀ သိဂိ ၤ(VOM) Photo – ယဉ်ပပထွန်း(VOM) မြန်မာတစ်နိုင်ငံလုံးမှာ အထက်တန်းကျောင်း (၆)ထောင်ကျော်ရှိတဲ့အနက် ကျောင်းပေါင်း(၃၀၀၀)ကျော်ကို ဒီကနေ့ ဇူလိုင် ၂၁ ရက်နေ့မှာ စတင်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ပါတယ်။ ကိုဗစ် ကပ်ရောဂါ ထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ အခုလို ကျောင်းတွေကိုပြန်လည်ဖွင့်လိုက်တဲ့အပေါ် ကျောင်းသားမိဘတွေကတော့ သူတို့ရဲ့ကလေးတွေအတွက် စိုးရိမ်မှုတွေဖြစ်နေပါတယ်။ ” အန်တီသားက ဆယ်တန်း တစ်နှစ်ကျပါ။ မနှစ်က အချိန်ပြည့်တက်ရတာတောင် ကျတယ်၊ ခုနှစ်က အချိန်အပိုင်းခြားနဲ့ဆိုတော့ စာကတတ်ပါ့မလားတောင် မသိဘူး။ တနှစ်နားရင်လည်း နားလိုက်စေချင်တာပေါ့။ ခုပုံစံက ရောဂါလည်းကြောက်ရ၊ စာမေးပွဲကျမှာလည်း ကြောက်နေရတယ်။ ” လို့ ပြည်မြို့က တက္ကသိုလ်ဝင်တန်းကျောင်းသားတစ်ဦးရဲ့မိဘဖြစ်သူ ဒေါ်ကြည်ခိုင်ကပြောပါတယ်။ ပညာရေးဝန်ကြီးဌာနကတော့ ဒီကနေ့ စတင်ဖွင့်လှစ်လိုက်တဲ့ကျောင်းတွေဟာ ကိုဗစ်ကာလ သတ်မှတ်ချက်ဖြစ်တဲ့ အချက်(၈၀)လုံးကို ပြင်ဆင်ထားနိုင်တဲ့ (A) အဆင့်ရှိကျောင်းတွေဖြစ်တယ်လို့ သိရပါတယ်။…

Read More

မြောက်ကိုရီးယားရန်ကိုကာကွယ်ဖို့ စစ်ဘက်သုံး ပထမဆုံးဂြိုဟ်တု တောင်ကိုရီးယားလွှတ်တင်

မြောက်ကိုရီးယားရန်ကိုကာကွယ်ဖို့ စစ်ဘက်သုံး ပထမဆုံးဂြိုဟ်တု တောင်ကိုရီးယားလွှတ်တင် ဆိုးလ်၊ ဇူလိုင် ၂၁-၂၀၂၀ မျိုးဆက် (VOM) တောင်ကိုရီးယားနိုင်ငံဟာ သူ့ရဲ့ကာကွယ်ဆေးစွမ်းရည်တိုးတက်စေဖို့ အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာ ပထမဆုံး စစ်ဘက်ဆိုင်ရာဂြိုဟ်တုတစ်လုံးကို Space X ကုမ္ပဏီရဲ့ ဒုံးပျံနဲ့ အောင်မြင်စွာလွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားအစိုးရက ဇူလိုင် ၂၁ ရက်မှာပြောပါတယ်။ ANASIS-II လို့အမည်ပေးထားတဲ့ အဲ့ဒီဂြိုဟ်တုဟာ ၁၉၅၀ခုနှစ်က စစ်ဖြစ်ခဲ့ဖူးတဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားရန်ကနေကာကွယ်ဖို့ တောင်ကိုရီးယားရဲ့ စွမ်းရည်ကို မြှင့်တင်ဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဂြိုဟ်တုကို ဖလော်ရီဒါရှိ ကိပ်ကာနီဗယ်လေတပ်စခန်းကနေ Falcon-9 ဒုံးပျံနဲ့ လွှတ်တင်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဇူလိုင် ၂၀ ရက်နေ့လယ်ပိုင်းမှာ လွှတ်တင်ပြီးနောက် ၃၂ မိနစ်အကြာမှာတော့ ဂြိုဟ်တုကို ကမ္ဘာ့ပတ်လမ်းကြောင်းမှာ ဖြန့်ကြက်နိုင်ခဲ့တယ်လို့ Space X ကုမ္ပဏီကလည်း အတည်ပြုပြောဆိုပါတယ်။ ဒီလိုလွှတ်တင်မှုကြောင့် တောင်ကိုရီးယားဟာ စစ်ဘက်သုံးဂြိုဟ်တုပိုင်ဆိုင်တဲ့(၁၀)နိုင်ငံမှာ ပါဝင်လာမယ်လို့ တောင်ကိုရီးယား…

Read More

ပခုက္ကူမြို့နယ်မှာ စည်းကမ်းကိုက်ညီတဲ့ အစိုးရကျောင်း(၁၉)ကျောင်းသာ ကျောင်းဖွင့်ခွင့်ရ

ပခုက္ကူမြို့နယ်မှာ စည်းကမ်းကိုက်ညီတဲ့ အစိုးရကျောင်း(၁၉)ကျောင်းသာ ကျောင်းဖွင့်ခွင့်ရ ပခုက္ကူ၊ ဇူလိုင် ၂၁-၂၀၂၀ နေလင်းဖြူ(VOM) မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဇူလိုင်(၂၁)ရက်နေ့ ကျောင်းတွေစဖွင့်တဲ့နေ့မှာ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကထုတ်ပြန်ထားတဲ့ စည်းကမ်းချက် အချက်(၈၀)နဲ့ကိုက်ညီတဲ့ အစိုးရကျောင်း(၁၉)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁၄)ကျောင်းကိုသာ ကျောင်းပြန်လည်ဖွင့်ခွင့်ရရှိခဲ့တယ်လို့ ပခုက္ကူမြို့နယ်ပညာရေးမှူးရုံးကနေ သိရပါတယ်။ “နိုင်ငံတော်က ဇူလိုင်လ(၂၁)ရက်နေ့မှာ အထက်တန်းအဆင့်ကျောင်းတွေဖွင့်ရမယ်၊ ဒါပေမယ့် COVID-19ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ထုတ်ပြန်ထားတဲ့ စည်ကမ်းချက်(၈၀)နဲ့ကိုက်ညီပြီး (A)အဆင့်ရတဲ့ကျောင်းတွေပဲ ဖွင့်ခွင့်ပေးရမယ်လို့ ထုတ်ပြန်ထားတယ်၊ အဲဒါကြောင့် ပခုက္ကူမြို့နယ်မှာ (A)အဆင့်ရရှိတဲ့ နယ်ကျောင်း(၁၉)ကျောင်းကို ဒီနေ့မှာ ကျောင်းဖွင့်ခွင့်ပေးပြီး မြို့ပေါ် အထက်တန်းကျောင်း(၅)ကျောင်းကိုတော့ စည်းကမ်းချက်နဲ့မကိုက်ညီလို့ ကျောင်းဖွင့်ခွင့်မပေးဘူး၊ ဒါ့အပြင် ပခုက္ကူမြို့နယ်မှာ ကိုယ်ပိုင်းကျောင်း(၁၄)ကျောင်းရှိတာ အားလုံးဖွင့်ခွင့်ရရှိတယ်”လို့ မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ကျန်းမားရေးနဲ့အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့စည်းကမ်းတွေမှာ အဓိက မဖြစ်မနေရှိကိုရှိရမယ့်အချက်တွေကို စတားပြထားပြီး အဲ့ဒီအချက်တွေမပြည့်စုံရင် (B)နဲ့(C)လို့သတ်မှတ်ပေးရတာဖြစ်ပါတယ်။ (B)နဲ့(C)အဆင့်ကတော့ ခုရက်ပိုင်း လိုအပ်ချက်တွေကို…

Read More