ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှာ ဗိုင်းရပ်စ်ကူးစက်သူတွေတွေ့လို့ ခရီးသွားရှစ်သောင်းကျော် ပြန်ပို့ ဟနွိုင်း၊ ဇူလိုင်-၂၇-၂၀၂၀ မျိုးဆက် (VOM) ဗီယက်နမ်နိုင်ငံမှာ ဧပြီလနောက်ပိုင်းကတည်းက ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှု လေးခုတွေ့ရှိပြီးနောကပိုင်း ဒါနန်းမြို့ကို နိုင်ငံတကာခရီးသွားတွေ လာရောက်တာကို ပိတ်ပင်လိုက်ပါတယ်။ ၁၄ ရက်အတွင်း ဘယ်ခရီးသွားကိုမှ မြို့အတွင်းဝင်ရောက်ခွင့်ပြုမှာမဟုတ်ဘဲ လေယာဉ်ခရီးစဉ်တွေစီစဉ်ပြီး ခရီးသွား ရှစ်သောင်းကျော်ကို မြို့ထဲကနေပြန်ထွက်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ ဗီယက်နမ်နိုင်ငံဟာ ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက နယ်စပ်တွေကို အစောတလျင်ပိတ်ပစ်ခြင်း၊ ကွန်ရန်တင်းထားရှိခြင်းနဲ့ ဆက်သွယ်မှုခြေရာကောက်ခြင်းတို့ကို ဆောင်ရွက်ပြီး ကပ်ရောဂါထိန်းချုပ်မှု အောင်မြင်ခဲ့တဲ့နိုင်ငံအဖြစ် ချီးကျူးခံခဲ့ရပါတယ်။ နိုင်ငံအတွင်းမှာ ကူးစက်မှု ၄၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူမရှိခဲ့ပါဘူး။ ဒါပေမယ့် နောက်ဆုံးကူးစက်မှုတစ်ခုဖြစ်ပွားပြီးနောက် ရက်(၁၀၀)နီးပါးအကြာမှာ ကမ္ဘာ့လှည့်ခရီးသွားတွေနှစ်သက်တဲ့ ဒါနန်းမြို့မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ(၄)ဦး တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါနန်းမြို့ခံတွေအနေနဲ့ ခပ်ခွာခွာနေရေးစည်းမျဉ်းတွေကို ပြန်လည်လိုက်နာကြဖို့နဲ့ မရှိမဖြစ်မလိုအပ်တဲ့ ဝန်ဆောင်မှုတွေအားလုံးကို ပိတ်သိမ်းဖို့ ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ဆွမ်ဖွတ်က ဇူလိုင် ၂၇…
Read More
ရန်ကုန်တိုင်းမှာ ပထမအကြိမ် မဲပေးနိုင်မယ့် လူငယ် ၇ သိန်းခန့် တိုးလာ
ရန်ကုန်တိုင်းမှာ ပထမအကြိမ် မဲပေးနိုင်မယ့် လူငယ် ၇ သိန်းခန့် တိုးလာ ရန်ကုန်၊ ဇူလိုင် ၂၇-၂၀၂၀ သိင်္ဂီ (VOM) ရန်ကုန်တိုင်းမှာ ပထမအကြိမ် မဲပေးနိုင်မယ့် လူငယ်(၇)သိန်းခန့် တိုးလာတယ်လို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်ကပြောပါတယ်။ “တိုးတာက သာဘာဝပဲ ၊၂၀၁၅ နဲ့ ၂၀၂၀ဆို ကြားထဲ ၅ နှစ်တောင်ကြာတယ်။ တနှစ်နဲ့တစ်နှစ် ကလေးမွေးဖွားနူန်းကိုပဲ ကြည့်တိုးတယ်။ ကျောင်းတွေမှာလည်း မှတ်ပုံတင်တွေလုပ်ပေးတယ်။ အဲ့ဒီမှတ်ပုံတင်နဲ့ပဲ ၁၈ နှစ်ပြည့်ရင် အသစ်လုပ်ရတယ်။ အဲ့ဒါကိုပဲ အတည်ယူတယ်။”လို့ ရန်ကုန် တောင်ပိုင်းခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းလှိုင်ကပြောပါတယ်။ ရန်ကုန်တိုင်းမှာ ပြည်တွင်း ရွှေ့ပြောင်းလုပ်သားတွေများတာကြောင့် မဲစာရင်းမှာ အမည်စာရင်းမပါတာ၊ မှတ်ပုံတင် နံပါတ်မပါတာ၊ ကွဲလွဲနေတာတွေကို ပြည်သူတွေ အနေနဲ့လာရောက်ပူးပေါင်းဖို့ကိုလည်း ပြောပါတယ်။ “မဲစာရင်းပေးပိုင်ခွင့်ရှိတာက ရန်ကုန်တိုင်းမှာ ၅၆ သိန်းလောက်…
Read More
NLD ပါတီ ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့ကိစ္စမကျေနပ်လို့ လာရောက်ကန့်ကွက်
Read More
ကိုဗစ်ကြောင့်ရပ်နားခဲ့ရတဲ့ ရုပ်ရှင်၊ဗီဒီယို နဲ့ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးရေးလုပ်ငန်းတွေ ပြန်လည်ရိုက်ကူးခွင့်ပြု
ကိုဗစ်ကြောင့်ရပ်နားခဲ့ရတဲ့ ရုပ်ရှင်၊ဗီဒီယို နဲ့ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးရေးလုပ်ငန်းတွေ ပြန်လည်ရိုက်ကူးခွင့်ပြု ရန်ကုန်၊ ဇူလိုင် ၂၇-၂၀၂၀ သိင်္ဂီ (VOM) ကိုဗစ်ကြောင့်ရပ်နားခဲ့ရတဲ့ ရုပ်ရှင်၊ဗီဒီယိုနဲ့ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးရေးလုပ်ငန်းတွေကို လိုက်နာရမယ့် စည်းကမ်းချက်တွေနဲ့အတူ ပြန်လည်လုပ်ကိုင်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ရိုက်ကူးရေးလုပ်ငန်း မလုပ်ဆောင်ခင် ကျန်းမာရေးပိုင်းဆိုင်ရာ လုံခြုံစိတ်ချဘေးကင်းမှု ဖြစ်စေဖို့အတွက် ရိုက်ကူးမယ့် ဇာတ်ကားအမည် ၊ ရိုက်ကူးမယ့် နေရာ၊ အချိန် ၊ပါဝင်မယ့် လူဦးရေအရေအတွက်ကို ပြန်ကြားရေးဝန်ကြီးဌာန ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲကို အနည်းဆုံး တစ်ပတ်ကြိုတင် ပေးပို့ရမှာဖြစ်ပြီး စိစစ်ပြီးတဲ့အချိန်မှ ပြန်လည်ခွင့်ပြုပေးမှာဖြစ်တယ်လို့ သိရပါတယ်။ “ရိုက်ကူးခွင့်တွေ ပြန်ခွင့်ပြုတာဟုတ်တယ်။ ဒါပေမယ့် တပတ်ကြိုတင်ရမယ်၊ ရိုက်ကူးခွင့်ပေးမယ် ၊ သက်ဆိုင်ရာကို ကြိုတင်ပြီး တပတ်ကြိုအကြောင်းကြားရမယ်။ ရိုက်ကွင်းကန့်သတ်ချက်ကတော့ လုပ်လို့မရဘူး။ ၁၀၀ ဖြစ်ရင် ဖြစ်မယ် ၊၂၀၀ ဖြစ်ရင် ဖြစ်မယ် ၊…
Read More
တပ်မတော်အနေနဲ့ တရုတ်-အမေရိကန်ကြား မိတ်ဆွေမပြတ်တဲ့ ဆက်ဆံရေးသာရှိ
တပ်မတော်အနေနဲ့ တရုတ်-အမေရိကန်ကြား မိတ်ဆွေမပြတ်တဲ့ ဆက်ဆံရေးသာရှိ နေပြည်တော်၊ ဇူလိုင် ၂၅-၂၀၂၀ စွမ်းရဲထွဋ် (VOM) အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှုဆိုတာကတော့ ကမ္ဘာပေါ်မှာ မလွဲမသွေဖြစ်တဲ့ကိစ္စဖြစ်ပြီး မည်သည့်နိုင်ငံနဲ့မှ မိတ်ဆွေမပြတ်ဆက်ဆံရေးရှိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီကနေ့ နေပြည်တော် တပ်မတော် စစ်သမိုင်းပြတိုက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ “မြန်မာနိုင်ငံအနေနဲ့က နိုင်ငံခြားရေးမူဝါဒမှာလည်း လွတ်လပ်ပြီး တက်ကြွ၊ ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒရှိတယ်။ ပြီးရင် အစဉ်အဆက်သုံးစွဲလာတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်လည်းရှိတယ်။ မည်သည့်နိုင်ငံနဲ့မှ မိတ်ဆွေမပြတ်ဆက်ဆံရေး ရှိတယ်၊ တပ်မတော်က ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ ရပ်တန့်သွားတာမျိူးမရှိဘဲ တက်ကြွစွာပါဝင်နေတယ်”လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။ ၂၁ ပင်လုံအစည်းအဝေးအတွက်လည်း တက်ရောက်မယ့် တပ်မတော်ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့လည်း ကြိုတင်ဆောင်ရွက်ထားပြီးပြီလို့ ပြောပါတယ်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြောတာက “တပ်မတော်အနေနဲ့ကတော့ ငြိမ်းချမ်းရေးကို လိုချင်ပါတယ်။ ငြိမ်းချမ်းရေးကို အလေးအနက်ထားပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး…
Read More
အခုနှစ်မိုးရာသီကာလ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၄၀၀ ကျော်အနက် (၂၇)ဦးသေဆုံး
အခုနှစ်မိုးရာသီကာလ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၄၀၀ ကျော်အနက် (၂၇)ဦးသေဆုံး နေပြည်တော် ၊ ဇူလိုင် ၂၅-၂၀၂၀ ကောင်းလက်ျာ(VOM) အခုနှစ် ဇန်နဝါရီလ(၁)ရက်‌နေ့ကနေ ဇူလိုင်လဆန်းအထိ တိုင်းနဲ့ပြည်နယ်အသီးရှိ မြို့နယ်အချို့မှာ သွေးလွန်တုပ်ကွေးရောဂါနဲ့ ‌ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ရသူ(၃၄၀၀)ကျော်ရှိခဲ့တဲ့အနက် ကျား၊ မ(၂၇)ဦး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။ နေပြည်တော်ကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တိုင်းနဲ့ပြည်နယ်(၁၄)ခုအနက် စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပွားနေပြီး ကျန်ဒေသတွေအနက် ချင်းပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။ ပဲခူးတိုင်းမှာ ဖြစ်ပွားမှုနူန်း မနှစ်ထက်စာရင် နည်းတယ်လို့ပြောလို့ရပေမယ့် သုံးယောက်သေဆုံးခဲ့ပြီးပါပြီ။ လက်တလောမှာတော့ ကျောင်းတွေမှာ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ရုံမက အသိပညာပေးလုပ်ငန်းတွေ ဆက်လုပ်နေတယ်”လို့ ပဲခူးးတိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာ ရန်နိုင်မောင်ကပြောပါတယ်။ ဇူလိုင်လ ပထမအပတ်ခန့်အထိ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၃၄၄၄) ဦးရှိပြီး သေဆုံးသူ(၁)ဦးရှိတဲ့အပြင် စစ်ကိုင်းတိုင်းနဲ့…
Read More
အိန္ဒိယနိုင်ငံကနေ တရားမဝင်ပြန်လာတဲ့အတွက် မြန်မာနိုင်ငံသား(၂)ဦးကို ဖမ်းဆီး
အိန္ဒိယနိုင်ငံကနေ တရားမဝင်ပြန်လာတဲ့အတွက် မြန်မာနိုင်ငံသား(၂)ဦးကို ဖမ်းဆီး ကလေး၊ ဇူလိုင် ၂၅-၂၀၂၀ ငြိမ်းသူမင်း(VOM) စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အိန္ဒိယနိုင်ငံကို အလုပ်သွားလုပ်နေရာကနေ မြန်မာနိုင်ငံအတွင်း တရားမဝင် ပြန်လည်ဝင်ရောက်လာတဲ့ သားအမိနှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တမူးမြို့မရဲစခန်း ကနေ သိရပါတယ်။ မုံရွာမြို့နယ်၊ သမန္တာကျေးရွာမှာ နေထိုင်တဲ့ ဒေါ်ခင်ချိုရီဆိုသူဟာ လွန်ခဲ့တဲ့ ၇ လ လောက်က အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့နယ်ထဲမှာရှိတဲ့ လမ်ကားကျေးရွာမှာ ယက္ကန်းခေတ်တဲ့လုပ်ငန်းကို လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ သားဖြစ်သူ မောင်ထက်ရှိုင်းဦးဟာ လွန်ခဲ့တဲ့ ၂ လ လောက်က မိခင်ရှိတဲ့ကျေးရွာကို သွားရောက်ပြီး သားအမိနှစ်ဦး ယက္ကန်းခေတ်တဲ့လုပ်ငန်းကို လုပ်ကိုင်နေခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို လုပ်ကိုင်နေခဲ့ရာကနေ COVID-19ကာလ လုပ်ငန်းတွေရပ်ဆိုင်းနေတာကြောင့် မြန်မာနိုင်ငံ ၊တမူးမြို့ကို ဇူလိုင်လ ၂၂ ရက်နေ့က နှစ်နိုင်ငံနယ်စပ်ကို တရားမဝင်လမ်းကြောင်းကနေ ဖြတ်သန်း ဝင်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။…
Read More
နွားတင်းကုတ်မှာ ခြင်ဆေးခွေထွန်းရာကနေ နေအိမ်(၁၅)လုံးမီးလောင်
နွားတင်းကုတ်မှာ ခြင်ဆေးခွေထွန်းရာကနေ နေအိမ်(၁၅)လုံးမီးလောင် စစ်ကိုင်း ၊ ဇူလိုင် ၂၅ -၂၀၂၀ ရှိုင်းအောင်(VOM) စစ်ကိုင်းမြို့နယ်၊ အုန်းတောနယ်မြေ၊ ရေတွင်းကောင်းကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာမှာ မနေ့က ဇူလိုင် ၂၄ ရက်နေ့ညပိုင်းက နွားတင်းကုတ်အတွင်းကို ခြင်ဆေးခွေထွန်းထားရာကနေ နွားစာတွေကတဆင့် မီးကူးစက်လောင်ကျွမ်းပြီး နေအိမ် ၁၅ လုံး မီးလောင်ခဲ့တယ်လို့ စစ်ကိုင်းခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်နိုင်ကပြောပါတယ်။ “ည ၁၁ နာရီလောက်မှာသတင်းရတော့ သန္ဓေမီးသတ်တပ်ဖွဲ့ ၂၅ ယောက် ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် အယောက် ၃၀၊ မီးသတ်ကား ၂ စီး၊ ရေသယ်ယာဉ် ၅ စီးနဲ့သွားရောက်ငြိမ်းသတ်ခဲ့ပါတယ်၊ မီးငြိမ်းသတ်ခဲ့တာကတော့ ၁ နာရီခွဲမှပါ” လို့ ဦးကျော်ကျော်နိုင်ကပြောပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် မြေစိုက် ထရံကာ၊ သွပ်မိုးထရံကာ ၊ နွားတင်းကုတ် အပါအဝင် နေအိမ်(၁၅)လုံးနဲ့ သိန်း(၁၅၀)နီးပါး မီးလောင်ပျက်စီး ဆုံးရံှုးခဲ့ပါတယ်။ အခုလို…
Read More
Quarantineမဝင်တဲ့ ပြည်ပပြန်(၂)ဦးကို အလုပ်နဲ့ထောင်ဒဏ်(၃)လချ
Quarantineမဝင်တဲ့ ပြည်ပပြန်(၂)ဦးကို အလုပ်နဲ့ထောင်ဒဏ်(၃)လချ ရန်ကုန်၊ ဇူလိုင် ၂၄-၂၀၂၀ သိင်္ဂီ(VOM) ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်က ကွာရန်တင်းမဝင်တဲ့ ပြည်ပပြန် ၂ ဦးကို မနေ့ဇူလိုင်လ ၂၃ ရက်နေ့က အုတ်ဖိုမြို့နယ်တရားရုံးကနေ ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးဥပဒေအရ အလုပ်နဲ့ ထောင်ဒဏ် ၃ လ ချမှတ်လိုက်ပါတယ်။ သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ဇွန်လက ထိုင်းနဲ့ လာအိုကနေ ပြန်ရောက်လာသူတွေဖြစ်ပါတယ်။ အုတ်ဖိုကိုပြန်ရောက်စဉ် ရပ်ကျေးအုပ်ချုပ်ရေးနဲ့ သက်ဆိုင်ရာမြို့နယ်ကျန်းမာရေးဌာနကို အသိမပေးခဲ့သလို ကွာရန်တင်းဝင်ရောက်ပြီး သီးခြားနေထိုင်ခြင်းမရှိတာကြောင့် ခုလို အရေးယူကာ ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့ ၂ ဦးကို သာယာဝတီအကျဉ်းထောင်ကို ရွှေ့ပြောင်းပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ အစည်းအဝေး ထိုင်တယ်၊ သူတို့၂ ဦးကို တရားဥပဒေအရ တရားစွဲသင့်၊မစွဲသင့် စဉ်းစားတဲ့အခါ မြို့နယ်ကိုဗစ်ကော်မတီရဲ့ဆုံးဖြတ်ချက်အရ တရားစွဲသင့်တယ် ယူဆလို့ တရားစွဲတာဖြစ်ပါတယ်။”လို့ အုတ်ဖိုမြို့နယ်…
Read More
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို မသင့်တော်ဘူးလို့ယူဆရင် အထောက်အထားနဲ့ကန့်ကွက်နိုင်တယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို မသင့်တော်ဘူးလို့ယူဆရင် အထောက်အထားနဲ့ကန့်ကွက်နိုင်တယ် မန္တလေး၊ ဇူလိုင် – ၂၄ – ၂၀၂၀ VOICEOFMYANMAR အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ မနေ့က ထုတ်ပြန်လိုက်တဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခြင်းခံထားရတဲ့ ပုဂ္ဂိုလ်များစာရင်းမှာ ပါတီရဲ့မှုဝါဒနဲ့ မကိုက်ညီတဲ့ ဒေသခံတွေ လက်မခံနိုင်တဲ့သူတွေပါရင် အထောက်အထားနဲ့ အချိန်မှီ တင်ပြတိုင်ကြားနိုင်တယ်လို့ NLD ဗဟိုအောင်နိုင်ရေးအဖွဲ့က ပြောပါတယ်။ NLD ဗဟိုအောင်နိုင်ရေး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ပြောပြတာက”အချိန်မီတင်ပြလာမယ် ၊တင်ပြမယ့်အထောက်အထားတွေက ခိုင်လုံတယ်ဆိုရင်တော့ အပြောင်းအလဲလုပ်ဖို့ စဉ်းစားမှာပေါ့ ။ ရက်နဲ့တော့ပြောလို့မရဘူး၊ ထောက်ခံစာတွေပို့ပြီးပြီ၊ အမြန်ဆုံးတော့ ကန့်ကွက်ဖို့ိုလိုတာပေါ့၊ မြို့မိမြို့ဖကရွေးချယ်ခဲ့ပြီး တိုင်းကရွေးခွင့်မရှိဘူးဆိုတာ မဟုတ်ဘူးလေ၊ တိုင်းနဲ့ပြည်နယ်ကို မစဉ်းစားလို့မရဘူး၊ ကျွန်တော်တို့က အကုန်လုံးကို ချုံုပြီးစဉ်းစားရပါတယ်။ အောင်နိုင်ရေးအတွက် အသင့်တော်ဆုံးကို ရွေးရတာပါ။ မပါတဲ့လူနဲ့ပတ်သက်လို့ကတော့ ကိုယ်ကိုယ်တိုင်ရဲ့ခံစားချက်ရော ပတ်ဝန်းကျင်ရဲ့လှုံ့ဆော်ချက်အရရော ဖြစ်မှာပဲခင်ဗျ၊ အဓိကကတော့ ကိုယ်ပါဖို့၊မပါဖို့ထက် ပါတီအောင်နိုင်ရေးက ပိုအရေးကြီးပါတယ်၊…
Read More