ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်မကုန်ခင်ထုတ်လုပ်နိုင်မှာလား

ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်မကုန်ခင်ထုတ်လုပ်နိုင်မှာလား

၂၀၂၀ နှစ်ဦးပိုင်းမှာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာတုပ်ကွေးရောဂါကူးဆက်ပျံ့နှံနေတဲ့ သတင်းတွေထွက်လာတဲ့ အခါမှာဒီသတင်းတွေကိုအထူးအာရုံစိုက်ပြီးနားထောင်နေသူတစ်ဦးကတော့ယူကေနိုင်ငံအောက်စဖို့ဒ်တက္ကသိုလ် ဆေးဝါးဆိုင်ရာဆေးပညာပါမောက္ခ Sarah Gilbert ပါ။ ဝူဟန်တုပ်ကွေးသတင်းတွေမကြားရခင်ကထဲက ပါမောက္ခဆာရာဂေလ်ဘတ်နဲ့ သူ့ရဲ့သုတေသနအဖွဲ့ဟာကမ္ဘာပေါ်မှာ ကာကွယ်ဆေးမရှိသေးတဲ့ ဗိုင်းရပ်စ်ပိုးတွေ တားမနိုင်ဆီးမရ ကူးဆက်ပျံ့နှံ့ခဲ့ရင် ကာကွယ်နိုင်အောင်လို့ ကာကွယ်ဆေးတွေ ရှာဖွေနေပါတယ်။

ဓါတ်ခွဲခန်းမှာ ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးဖြစ်တဲ့ Middle East Respiratory Syndrome (MERS) ကာကွယ်ဆေး နဲ့ X ရောဂါလို့နာမည်ပေးထားတဲ့ ဗိုင်းရပ်စ်တွေအတွက် ကာကွယ်ဆေးစမ်းသပ် နေပါတယ်။ Xရောဂါက အမျိုးအမည်မသိတဲ့ကပ်ရောဂါတစ်ခုလို့သတ်မှတ်ထားပြီး ကပ်ရောဂါဖြစ်လာရင် အဆင်သင့်ဖြစ်အောင်ပြင်ဆင်နေကြတာပါ။

ဝူဟန်မှာ လူကနေလူကိုကူးဆက်တဲ့ တုပ်ကွေးတွေဖြစ်နေတယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက် ဇန္နဝါရီလလယ်လောက်မှာ အသက်ရှုလမ်းကြောင်းကို ဆိုးဆိုးရွားရွားထိခိုက်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ၂ ( SARS-CoV-2) ဂျီနိုမျိုးဗီဇကို သူတို့ရရှိပါတယ်။ ဒီမျိုးဗီဇကနေ ကိုရိုနာဗိုင်းရပ်စ်ပိုးကာကွယ်ဆေး စမ်းသပ်ရှာဖွေရမှာဖြစ်ပါတယ်။

ပါမောက္ခ‌ဂေလ်ဘတ်နဲ့အဖွဲ့ကသူတို့ရဲ့ရှာဖွေတွေ့ရှိချက်တွေကို လိုအပ်ရင် သုံးနိုင်အောင်လို့ စာတမ်းပြုစုဖို့သာမူလကရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ ကရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြီးက တရုတ်ပြည်နယ်နိမိတ်ကို ကျော်ပြီး အတားအဆီးမရှိတစ်ကမ္ဘာလုံးကိုပြန့်လာပြီး ပိုးကြောင့် လူတွေသောင်းချီသေဆုံးလာတဲ့အခါမှာ ပါမောက္ခဂေလ်ဘတ်နဲ့သုတေသီအဖွဲ့ ကတခြားကူးဆက်ရောဂါ ကာကွယ်ဆေးရှာတဲ့ သုတေသနလုပ်ငန်းတွေကိုဘေးဖယ်ထားပြီး ကရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးရှာဖို့ကိုပဲ အာရုံစိုက်လုပ်ပါတယ်။ ပုံမှန်အားဖြင့်အနည်းဆုံး၅နှစ်လောက် အချိန်ယူလုပ်ရတဲ့ ကာကွယ်ဆေးစမ်းသပ်မှုတွေကို လေးလထဲနဲ့စမ်းသပ်နိုင်ခဲ့ပါတယ်။

ဒီလိုအချိန်တိုတိုအတွင်းစမ်းသပ်ထုတ်လုပ်နိုင်ဖို့ယူကေနိုင်ငံအမျိုးသားကျန်းမာရေးသုတေသနသိပ္ပံ နဲ့ ယူကေသုတေသနနှင့်တီထွင်မှုအဖွဲ့ (UK’s National Institute for Health Research and the UK Research and Innovation) ကစတာလင်ပေါင်၂.၂ သန်း(အမေရိကန်ဒေါ်လာ၂.၇သန်း) ကူညီပါတယ်။

ဧပြီလ၂၁ရက်နေ့မှာ ဗြိတိန်အစိုးရက နောက်ထပ်ပေါင်ငွေသန်း၂၀( အမေရိကန်ဒေါ်လာ ၂၅သန်းနီးပါး) ထုတ်ပေးပြီး ကိုဗစ်-၁၉ကာကွယ်ဆေးကို အမြန်ဆုံးရှာဖွေဖို့တာဝန်ပေးလိုက်ပါတယ်။ (ဗြိတိန်ကအထင်ကရတက္ကသိုလ်ကြီးဖြစ်တဲ့ Imperial College ကိုလည်းကာကွယ်ဆေးရှာဖို့ စတာလင်ပေါင် ၂၅ သန်းထုတ်ပေးလိုက်ပါတယ်)။ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖို့ အစိုးရကရက်ရက်‌ရောရော ဘတ်ဂျက်ချပေးလိုက်တာကလည်း ကိုဗစ်-၁၉ကာကွယ်ဆေးမတွေ့သေးသ၍ ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့မလွယ်တဲ့ အပြင် ဒီဗိုင်းရပ်စ်ကနောက်တကြော့ပြန်မဖြစ်ဘူးလို့ မပြောနိုင်တာကြောင့်လည်းဖြစ်ပါတယ်။

ကိုဗစ်-၁၉ကာကွယ်ဆေးသုတေသနအတွက်ဘာတွေလိုအပ်သလဲ

ပါမောက္ခဆာရာဂေလ်ဘတ်နဲ့အဖွဲ့က သူတို့တွေ့ရှိထားတဲ့စမ်းသပ်ချက်တွေကို လူတွေမှာစမ်းသပ်ဖို့ Clinical Trials တွေ မကြာမီစဖို့ပြင်ဆင်နေပါတယ်။ Clinical Trials ပထမအဆင့်မှာ အသက်၁၈နှစ်နဲ့၅၅နှစ်ကြား လူ၅၀၀ ကျော်ကိုစမ်းသပ်မှာဖြစ်ပါတယ်။ Clinical Trialမှာပါဖို့ စာရင်းပေးထားတဲ့သူတွေထဲက ကျန်းမာရေးညီညွတ်ပြီး ကရိုနာ ဗိုင်းရပ်စ်ပိုးမရှိသူတွေကိုရွေးချယ်မှာဖြစ်ပါတယ်။ သူတို့ကိုစမ်းသပ်ပြီးရင် နောက်တဆင့်မှာ အသက်အရွယ်ကြီးသူတွေကို စမ်းသပ်ရပါမယ်။ အသက်အရွယ်ရလာတာနဲ့အမျှ ကိုယ်ခံအားလည်း ယုတ်လျော့လာတာမို့ ကာကွယ်ဆေးအသစ်က လူကြီးတွေအပေါ်မှာ ဘယ်လိုသက် ရောက်မှု ရှိနိုင်သလဲဆိုတာသိ ဖို့အရေးကြီးပါတယ်။ ပါမောက္ခဂေလ်ဘတ်တို့ Clinical Trial မှာအသုံးပြုမယ့်ကာကွယ်ဆေးကိုအရင်ကလည်းအကြီမ်ပေါင်းများစွာစမ်းသပ်စစ်ဆေးတဲ့အခါမှာသုံးဘူးတဲ့ဆေးဖြစ်လို့ အစမ်းသပ်ခံမယ့်သူတွေ အတွက်အန္တရာယ် မရှိနိုင်ဘူးလို့ဆိုပါတယ်။

Clinical trial ကာကွယ်ဆေးလက်တွေ့စမ်းသပ်နည်း

အစမ်းသပ်ခံမယ့်သူတွေကိုအုပ်စုနှစ်စုခွဲလိုက်ပြီးအုပ်စုတစ်စုကိုကရိုနာဗိုင်းရပ်စ်ဆေးထိုးပေးပြီးကျန်တဲ့အုပ်စုကိုတော့ဦးနှောက်အမြှေးယောင်ရောဂါကာကွယ်ဆေး Menigitis vaccine ထိုးပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့ကာယကံရှင်တွေကိုတော့သူတို့ဘယ်ဆေးအုပ်စုထဲမှာပါတယ်ဆိုတာကိုအသိမပေးပါဘူး။ ဆေးထိုးထားတဲ့သူတွေထဲမှာ ဗိုင်းရပ်စ်ပိုးဝင်တဲ့လက္ခဏာရှိလာပြီဆိုတာနဲ့ ပိုးရှိမရှိကိုအမြန်ဆုံး စစ်မှာဖြစ်ပါတယ်။ တကယ်လို့ပိုးတွေ့တယ်ဆိုရင်သူတို့က ကရိုနာဗိုင်းရပ်စ် ဆေးထိုးထားတဲ့ အုပ်စုထဲကလား ၊ ဒါမှမဟုတ်ရင် Menigitis vaccine ထိုးထားတဲ့အုပ်စုထဲကလားဆိုတာကိုထပ်ခွဲရပါမယ်။

ဦးနှောက်အမြှေးယောင်ရောဂါ ကာကွယ်ဆေး Menigitis vaccine ထိုးထားတဲ့အုပ်စုထဲကလူတွေမှာ ရောဂါပိုးတွေ့တယ်ဆိုရင် သုတေသနလုပ်ထားတဲ့ကာကွယ်ဆေးကထိရောက်တယ်လို့ဆိုနိုင်ပါတယ်။ ဒီလိုမှမဟုတ်ပဲ ကိုရိုနာဗိုင်းရပ်စ်ဆေးထိုးထားတဲ့သူတွေမှာသာ ပိုးတွေ့တယ်ဆိုရင်တော့ စမ်းသပ်တဲ့ဆေးက မအောင်မြင်ဘူးလို့ဆိုရမှာပါ။

ပါမောက္ခဂေလ်ဘတ်ကတော့ သူတို့ရှာဖွေတွေ့ရှိထားတဲ့ကာကွယ်ဆေးကအောင်မြင်ဖို့ အလားအလာ ၈၀ရာခိုင်နှုန်းလောက်ရှိတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ မအောင်မြင်ဘူးဆိုရင်လည်း အခုလောလောဆယ် ကာကွယ်ဆေး အမျိုး၁၄၀လောက် စမ်းသပ်နေတာဖြစ်လို့ မျှော်လင့်ချက်ရှိပါတယ်လို့ဆိုပါတယ်။

သုတေသီတွေမျှော်လင့်ထားသလိုဦးနှောက်အမြှေးယောင်ရောဂါကာကွယ်ဆေးထိုးထားတဲ့အုပ်စုမှာရောဂါပိုးတွေ့တယ်ဆိုရင် Clinical Trial ကိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့လိုပါတယ်။ ဒီလိုလုပ်ဖို့လည်း ခွင့်ပြုချက်လိုင်စင် လိုပါတယ်။

ဒီနှစ်မကုန်မီကာကွယ်ဆေးထုတ်နိုင်မလား

ပါမောက္ခဂေလ်ဘတ်နဲ့အဖွဲ့က ပထမအဆင့်စမ်းသပ်တာ‌အောင်မြင်ပြီဆိုရင် ဒုတိယအဆင့်Clinical Trial တွေဆက်လုပ်ပြီး သူတို့ရဲ့ ကာကွယ်ဆေးက ဘယ်လောက်ထိရောက်သလဲဆိုတာကိုကြည့်ပါမယ်။ ဒုတိယအဆင့်မှာ အသက်၅၅ မှ ၇၀၊ နောက်ဆုံးအဆင့်မှာ အသက်၇၀ အထက် အရွယ်တွေကိုစမ်းသပ်မှာဖြစ်ပါတယ်။ စုစုပေါင်း လူ၅၀၀၀ အထိစမ်းသပ်ဖို့ ရည်ရွယ်ထားပါတယ်။ ရာသီမှာ သူတို့မျှော်လင့်သလိုရလာဒ်ကအောင်မြင်တယ်ဆိုရင်Clinical trial လုပ်နေတဲ့တချိန်တည်းမှာပဲ ကာကွယ်ဆေးတွေ အဆင်သင့် ရှိဖို့လည်းလိုပါတယ်။ ကာကွယ်ဆေး(ထိုးဆေး) တစ်သန်းနီးပါးလိုမှာဖြစ်လို့ ဗြိတိန်၊ ဥရောပ၊အိန္ဒိယနဲ့တရုတ်နိုင်ငံတွေက ဆေးဝါးထုတ်လုပ်တဲ့ကုမ္ပဏီတွေ စုပေါင်းထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။

ဗြိတိန်မှာဒီလိုမျိုးကာကွယ်ဆေးအမြောက်အမြားထုတ်နိုင်တဲ့ ဆေးဝါးကုမ္ပဏီများများစားစား မရှိပါဘူး။ ကာကွယ်ဆေးထုတ်ပေးမယ့်ကုမ္ပဏီတွေရှိတယ်ဆိုရင်လည်း အဲဒီကုမ္ပဏီတွေဖက်က ဖြည့်စည်းရမယ့် လိုအပ်ချက်တွေရှိပါတယ်။ ပစ္စည်းလိုအပ်ချက်တွေအပြင် ဆေးဝါးထုတ်လုပ်တဲ့ လုပ်ထုံးလုပ်နည်းတွေက အသစ်အဆန်းတွေဖြစ်လို့ ဝန်ထမ်းတွေကိုလေ့ကျင့်သင်ကြားပေးဖို့ လိုသလို အရည်အသွေးမီမမီ စစ်တဲ့နေရာမှာလည်း လေ့ကျင့်သင်ကြားပေးဖို့လိုပါတယ်။ ဆေးဝါးထုတ်လုပ်တဲ့ကုမ္ပဏီတွေဖက်ကလည်း သူတို့ထုတ်လုပ်နေတဲ့ဆေးတွေကိုခေတ္တရပ်ထားပြီး ကာကွယ်ဆေးတမျိုးထဲသာထုတ်လုပ်ဖို့လိုတာကြောင့် ဆိုတော့ ကုမ္ပဏီတွေမှာငွေကြေးအကြပ်အတည်းရှိနိုင်ပါတယ်။

ကာကွယ်ဆေးကဘယ်လောက်ကြာကြာခံမလဲ

အခုစမ်းသပ်နေတဲ့ထိုးဆေးကရောဂါခုခံအားကောင်းတဲ့ဆေးဖြစ်လို့ဆေးထိုးထားရင်တစ်နှစ်လောက်ခံမယ်လို့ပါမောက္ခဂေလ်ဘတ်ကခန့်မှန်းပါတယ်။ ကရိုနာဗိုင်းရပ်စ်ပိုးကူးပြီး ပြန်နေကောင်းသွားပေမယ့်လည်း နောက်တစ်ခါပိုးမကူးနိုင်ဘူးလို့တထစ်ချမပြောနိုင်ပါဘူး။

သိပ္ပံပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်မှာ ပိုးရှိတဲ့သူတွေ ရောဂါလုံးဝပျောက်ကင်းသွားပြီးနောက် နောက်တစ်ခါပိုးကူးဆက်ခံရတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ကရိုနာဗိုင်းရပ်စ်ပိုးဟာအလွယ်တကူကူးဆက်နိုင်သလို အသက်ရှုလမ်းကြောင်းကို ထိခိုက်စေပြီးအသက်အန္တရာယ်ပေးနိုင်တဲ့အတွက် ကာကွယ်ဆေးနဲ့တကွ ရောဂါပျောက်ဆေးကိုပါမဖြစ် မနေရှာဖို့လိုနေပါပြီ။

တင်ထားဆွေ
၂၃.၄.၂၀၂၀
ကိုးကားဆောင်းပါး
– Interview with Professor Sarah Gilbert, BBC Andrew Marr Show
– University of Oxford Covid-19 vaccine, The Telegraph
– Sarah Gilbert: Carving a path towards a COVID-19 Vaccine, The Lancet

…………….

zawgyi

ကိုဗစ္-၁၉ ကာကြယ္ေဆးႏွစ္မကုန္ခင္ထုတ္လုပ္ႏိုင္မွာလား

၂၀၂၀ ႏွစ္ဦးပိုင္းမွာ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာတုပ္ေကြးေရာဂါကူးဆက္ပ်ံ႕ႏွံေနတဲ့ သတင္းေတြထြက္လာတဲ့ အခါမွာဒီသတင္းေတြကိုအထူးအာ႐ုံစိုက္ၿပီးနားေထာင္ေနသူတစ္ဦးကေတာ့ယူေကႏိုင္ငံေအာက္စဖို႔ဒ္တကၠသိုလ္ ေဆးဝါးဆိုင္ရာေဆးပညာပါေမာကၡ Sarah Gilbert ပါ။ ဝူဟန္တုပ္ေကြးသတင္းေတြမၾကားရခင္ကထဲက ပါေမာကၡဆာရာေဂလ္ဘတ္နဲ႔ သူ႔ရဲ႕သုေတသနအဖြဲ႕ဟာကမာၻေပၚမွာ ကာကြယ္ေဆးမရွိေသးတဲ့ ဗိုင္းရပ္စ္ပိုးေတြ တားမႏိုင္ဆီးမရ ကူးဆက္ပ်ံ႕ႏွံ႔ခဲ့ရင္ ကာကြယ္ႏိုင္ေအာင္လို႔ ကာကြယ္ေဆးေတြ ရွာေဖြေနပါတယ္။ ဓါတ္ခြဲခန္းမွာ ကို႐ိုနာဗိုင္းရပ္စ္တစ္မ်ိဳးျဖစ္တဲ့ Middle East Respiratory Syndrome (MERS) ကာကြယ္ေဆး နဲ႔ X ေရာဂါလို႔နာမည္ေပးထားတဲ့ ဗိုင္းရပ္စ္ေတြအတြက္ ကာကြယ္ေဆးစမ္းသပ္ ေနပါတယ္။ Xေရာဂါက အမ်ိဳးအမည္မသိတဲ့ကပ္ေရာဂါတစ္ခုလို႔သတ္မွတ္ထားၿပီး ကပ္ေရာဂါျဖစ္လာရင္ အဆင္သင့္ျဖစ္ေအာင္ျပင္ဆင္ေနၾကတာပါ။

ဝူဟန္မွာ လူကေနလူကိုကူးဆက္တဲ့ တုပ္ေကြးေတြျဖစ္ေနတယ္ဆိုတဲ့ သတင္းထြက္လာၿပီးေနာက္ ဇႏၷဝါရီလလယ္ေလာက္မွာ အသက္ရႈလမ္းေၾကာင္းကို ဆိုးဆိုး႐ြား႐ြားထိခိုက္ေစတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ၂ ( SARS-CoV-2) ဂ်ီႏိုမ်ိဳးဗီဇကို သူတို႔ရရွိပါတယ္။ ဒီမ်ိဳးဗီဇကေန ကို႐ိုနာဗိုင္းရပ္စ္ပိုးကာကြယ္ေဆး စမ္းသပ္ရွာေဖြရမွာျဖစ္ပါတယ္။

ပါေမာကၡ‌ေဂလ္ဘတ္နဲ႔အဖြဲ႕ကသူတို႔ရဲ႕ရွာေဖြေတြ႕ရွိခ်က္ေတြကို လိုအပ္ရင္ သုံးႏိုင္ေအာင္လို႔ စာတမ္းျပဳစုဖို႔သာမူလကရည္႐ြယ္ထားပါတယ္။ ဒါေပမဲ့ က႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါႀကီးက တ႐ုတ္ျပည္နယ္နိမိတ္ကို ေက်ာ္ၿပီး အတားအဆီးမရွိတစ္ကမာၻလုံးကိုျပန႔္လာၿပီး ပိုးေၾကာင့္ လူေတြေသာင္းခ်ီေသဆုံးလာတဲ့အခါမွာ ပါေမာကၡေဂလ္ဘတ္နဲ႔သုေတသီအဖြဲ႕ ကတျခားကူးဆက္ေရာဂါ ကာကြယ္ေဆးရွာတဲ့ သုေတသနလုပ္ငန္းေတြကိုေဘးဖယ္ထားၿပီး က႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးရွာဖို႔ကိုပဲ အာ႐ုံစိုက္လုပ္ပါတယ္။ ပုံမွန္အားျဖင့္အနည္းဆုံး၅ႏွစ္ေလာက္ အခ်ိန္ယူလုပ္ရတဲ့ ကာကြယ္ေဆးစမ္းသပ္မႈေတြကို ေလးလထဲနဲ႔စမ္းသပ္ႏိုင္ခဲ့ပါတယ္။

ဒီလိုအခ်ိန္တိုတိုအတြင္းစမ္းသပ္ထုတ္လုပ္ႏိုင္ဖို႔ယူေကႏိုင္ငံအမ်ိဳးသားက်န္းမာေရးသုေတသနသိပၸံ နဲ႔ ယူေကသုေတသနႏွင့္တီထြင္မႈအဖြဲ႕ (UK’s National Institute for Health Research and the UK Research and Innovation) ကစတာလင္ေပါင္၂.၂ သန္း(အေမရိကန္ေဒၚလာ၂.၇သန္း) ကူညီပါတယ္။

ဧၿပီလ၂၁ရက္ေန႔မွာ ၿဗိတိန္အစိုးရက ေနာက္ထပ္ေပါင္ေငြသန္း၂၀( အေမရိကန္ေဒၚလာ ၂၅သန္းနီးပါး) ထုတ္ေပးၿပီး ကိုဗစ္-၁၉ကာကြယ္ေဆးကို အျမန္ဆုံးရွာေဖြဖို႔တာဝန္ေပးလိုက္ပါတယ္။ (ၿဗိတိန္ကအထင္ကရတကၠသိုလ္ႀကီးျဖစ္တဲ့ Imperial College ကိုလည္းကာကြယ္ေဆးရွာဖို႔ စတာလင္ေပါင္ ၂၅ သန္းထုတ္ေပးလိုက္ပါတယ္)။ကိုဗစ္-၁၉ ကာကြယ္ေဆး ရွာဖို႔ အစိုးရကရက္ရက္‌ေရာေရာ ဘတ္ဂ်က္ခ်ေပးလိုက္တာကလည္း ကိုဗစ္-၁၉ကာကြယ္ေဆးမေတြ႕ေသးသ၍ ပုံမွန္အေျခအေနကို ျပန္ေရာက္ဖို႔မလြယ္တဲ့ အျပင္ ဒီဗိုင္းရပ္စ္ကေနာက္တေၾကာ့ျပန္မျဖစ္ဘူးလို႔ မေျပာႏိုင္တာေၾကာင့္လည္းျဖစ္ပါတယ္။

ကိုဗစ္-၁၉ကာကြယ္ေဆးသုေတသနအတြက္ဘာေတြလိုအပ္သလဲ

ပါေမာကၡဆာရာေဂလ္ဘတ္နဲ႔အဖြဲ႕က သူတို႔ေတြ႕ရွိထားတဲ့စမ္းသပ္ခ်က္ေတြကို လူေတြမွာစမ္းသပ္ဖို႔ Clinical Trials ေတြ မၾကာမီစဖို႔ျပင္ဆင္ေနပါတယ္။ Clinical Trials ပထမအဆင့္မွာ အသက္၁၈ႏွစ္နဲ႔၅၅ႏွစ္ၾကား လူ၅၀၀ ေက်ာ္ကိုစမ္းသပ္မွာျဖစ္ပါတယ္။ Clinical Trialမွာပါဖို႔ စာရင္းေပးထားတဲ့သူေတြထဲက က်န္းမာေရးညီၫြတ္ၿပီး က႐ိုနာ ဗိုင္းရပ္စ္ပိုးမရွိသူေတြကိုေ႐ြးခ်ယ္မွာျဖစ္ပါတယ္။ သူတို႔ကိုစမ္းသပ္ၿပီးရင္ ေနာက္တဆင့္မွာ အသက္အ႐ြယ္ႀကီးသူေတြကို စမ္းသပ္ရပါမယ္။ အသက္အ႐ြယ္ရလာတာနဲ႔အမွ် ကိုယ္ခံအားလည္း ယုတ္ေလ်ာ့လာတာမို႔ ကာကြယ္ေဆးအသစ္က လူႀကီးေတြအေပၚမွာ ဘယ္လိုသက္ ေရာက္မႈ ရွိႏိုင္သလဲဆိုတာသိ ဖို႔အေရးႀကီးပါတယ္။ ပါေမာကၡေဂလ္ဘတ္တို႔ Clinical Trial မွာအသုံးျပဳမယ့္ကာကြယ္ေဆးကိုအရင္ကလည္းအႀကီမ္ေပါင္းမ်ားစြာစမ္းသပ္စစ္ေဆးတဲ့အခါမွာသုံးဘူးတဲ့ေဆးျဖစ္လို႔ အစမ္းသပ္ခံမယ့္သူေတြ အတြက္အႏၲရာယ္ မရွိႏိုင္ဘူးလို႔ဆိုပါတယ္။

Clinical trial ကာကြယ္ေဆးလက္ေတြ႕စမ္းသပ္နည္း

အစမ္းသပ္ခံမယ့္သူေတြကိုအုပ္စုႏွစ္စုခြဲလိုက္ၿပီးအုပ္စုတစ္စုကိုက႐ိုနာဗိုင္းရပ္စ္ေဆးထိုးေပးၿပီးက်န္တဲ့အုပ္စုကိုေတာ့ဦးေႏွာက္အေျမႇးေယာင္ေရာဂါကာကြယ္ေဆး Menigitis vaccine ထိုးေပးမွာျဖစ္ပါတယ္။ ဒါေပမဲ့ကာယကံရွင္ေတြကိုေတာ့သူတို႔ဘယ္ေဆးအုပ္စုထဲမွာပါတယ္ဆိုတာကိုအသိမေပးပါဘူး။

ေဆးထိုးထားတဲ့သူေတြထဲမွာ ဗိုင္းရပ္စ္ပိုးဝင္တဲ့လကၡဏာရွိလာၿပီဆိုတာနဲ႔ ပိုးရွိမရွိကိုအျမန္ဆုံး စစ္မွာျဖစ္ပါတယ္။ တကယ္လို႔ပိုးေတြ႕တယ္ဆိုရင္သူတို႔က က႐ိုနာဗိုင္းရပ္စ္ ေဆးထိုးထားတဲ့ အုပ္စုထဲကလား ၊ ဒါမွမဟုတ္ရင္ Menigitis vaccine ထိုးထားတဲ့အုပ္စုထဲကလားဆိုတာကိုထပ္ခြဲရပါမယ္။

ဦးေႏွာက္အေျမႇးေယာင္ေရာဂါ ကာကြယ္ေဆး Menigitis vaccine ထိုးထားတဲ့အုပ္စုထဲကလူေတြမွာ ေရာဂါပိုးေတြ႕တယ္ဆိုရင္ သုေတသနလုပ္ထားတဲ့ကာကြယ္ေဆးကထိေရာက္တယ္လို႔ဆိုႏိုင္ပါတယ္။ ဒီလိုမွမဟုတ္ပဲ ကို႐ိုနာဗိုင္းရပ္စ္ေဆးထိုးထားတဲ့သူေတြမွာသာ ပိုးေတြ႕တယ္ဆိုရင္ေတာ့ စမ္းသပ္တဲ့ေဆးက မေအာင္ျမင္ဘူးလို႔ဆိုရမွာပါ။

ပါေမာကၡေဂလ္ဘတ္ကေတာ့ သူတို႔ရွာေဖြေတြ႕ရွိထားတဲ့ကာကြယ္ေဆးကေအာင္ျမင္ဖို႔ အလားအလာ ၈၀ရာခိုင္ႏႈန္းေလာက္ရွိတယ္လို႔ဆိုပါတယ္။ ဒါေပမဲ့ မေအာင္ျမင္ဘူးဆိုရင္လည္း အခုေလာေလာဆယ္ ကာကြယ္ေဆး အမ်ိဳး၁၄၀ေလာက္ စမ္းသပ္ေနတာျဖစ္လို႔ ေမွ်ာ္လင့္ခ်က္ရွိပါတယ္လို႔ဆိုပါတယ္။

သုေတသီေတြေမွ်ာ္လင့္ထားသလိုဦးေႏွာက္အေျမႇးေယာင္ေရာဂါကာကြယ္ေဆးထိုးထားတဲ့အုပ္စုမွာေရာဂါပိုးေတြ႕တယ္ဆိုရင္ Clinical Trial ကိုက်ယ္က်ယ္ျပန႔္ျပန႔္ လုပ္ဖို႔လိုပါတယ္။ ဒီလိုလုပ္ဖို႔လည္း ခြင့္ျပဳခ်က္လိုင္စင္ လိုပါတယ္။

ဒီႏွစ္မကုန္မီကာကြယ္ေဆးထုတ္ႏိုင္မလား

ပါေမာကၡေဂလ္ဘတ္နဲ႔အဖြဲ႕က ပထမအဆင့္စမ္းသပ္တာ‌ေအာင္ျမင္ၿပီဆိုရင္ ဒုတိယအဆင့္Clinical Trial ေတြဆက္လုပ္ၿပီး သူတို႔ရဲ႕ ကာကြယ္ေဆးက ဘယ္ေလာက္ထိေရာက္သလဲဆိုတာကိုၾကည့္ပါမယ္။ ဒုတိယအဆင့္မွာ အသက္၅၅ မွ ၇၀၊ ေနာက္ဆုံးအဆင့္မွာ အသက္၇၀ အထက္ အ႐ြယ္ေတြကိုစမ္းသပ္မွာျဖစ္ပါတယ္။ စုစုေပါင္း လူ၅၀၀၀ အထိစမ္းသပ္ဖို႔ ရည္႐ြယ္ထားပါတယ္။ ရာသီမွာ သူတို႔ေမွ်ာ္လင့္သလိုရလာဒ္ကေအာင္ျမင္တယ္ဆိုရင္Clinical trial လုပ္ေနတဲ့တခ်ိန္တည္းမွာပဲ ကာကြယ္ေဆးေတြ အဆင္သင့္ ရွိဖို႔လည္းလိုပါတယ္။ ကာကြယ္ေဆး(ထိုးေဆး) တစ္သန္းနီးပါးလိုမွာျဖစ္လို႔ ၿဗိတိန္၊ ဥေရာပ၊အိႏၵိယနဲ႔တ႐ုတ္ႏိုင္ငံေတြက ေဆးဝါးထုတ္လုပ္တဲ့ကုမၸဏီေတြ စုေပါင္းထုတ္လုပ္ေပးမွာ ျဖစ္ပါတယ္။

ၿဗိတိန္မွာဒီလိုမ်ိဳးကာကြယ္ေဆးအေျမာက္အျမားထုတ္ႏိုင္တဲ့ ေဆးဝါးကုမၸဏီမ်ားမ်ားစားစား မရွိပါဘူး။ ကာကြယ္ေဆးထုတ္ေပးမယ့္ကုမၸဏီေတြရွိတယ္ဆိုရင္လည္း အဲဒီကုမၸဏီေတြဖက္က ျဖည့္စည္းရမယ့္ လိုအပ္ခ်က္ေတြရွိပါတယ္။ ပစၥည္းလိုအပ္ခ်က္ေတြအျပင္ ေဆးဝါးထုတ္လုပ္တဲ့ လုပ္ထုံးလုပ္နည္းေတြက အသစ္အဆန္းေတြျဖစ္လို႔ ဝန္ထမ္းေတြကိုေလ့က်င့္သင္ၾကားေပးဖို႔ လိုသလို အရည္အေသြးမီမမီ စစ္တဲ့ေနရာမွာလည္း ေလ့က်င့္သင္ၾကားေပးဖို႔လိုပါတယ္။ ေဆးဝါးထုတ္လုပ္တဲ့ကုမၸဏီေတြဖက္ကလည္း သူတို႔ထုတ္လုပ္ေနတဲ့ေဆးေတြကိုေခတၱရပ္ထားၿပီး ကာကြယ္ေဆးတမ်ိဳးထဲသာထုတ္လုပ္ဖို႔လိုတာေၾကာင့္ ဆိုေတာ့ ကုမၸဏီေတြမွာေငြေၾကးအၾကပ္အတည္းရွိႏိုင္ပါတယ္။

ကာကြယ္ေဆးကဘယ္ေလာက္ၾကာၾကာခံမလဲ

အခုစမ္းသပ္ေနတဲ့ထိုးေဆးကေရာဂါခုခံအားေကာင္းတဲ့ေဆးျဖစ္လို႔ေဆးထိုးထားရင္တစ္ႏွစ္ေလာက္ခံမယ္လို႔ပါေမာကၡေဂလ္ဘတ္ကခန႔္မွန္းပါတယ္။ က႐ိုနာဗိုင္းရပ္စ္ပိုးကူးၿပီး ျပန္ေနေကာင္းသြားေပမယ့္လည္း ေနာက္တစ္ခါပိုးမကူးႏိုင္ဘူးလို႔တထစ္ခ်မေျပာႏိုင္ပါဘူး။ သိပၸံပညာရွင္ေတြရဲ႕ေလ့လာေတြ႕ရွိခ်က္မွာ ပိုးရွိတဲ့သူေတြ ေရာဂါလုံးဝေပ်ာက္ကင္းသြားၿပီးေနာက္ ေနာက္တစ္ခါပိုးကူးဆက္ခံရတာကို ေတြ႕ရတယ္လို႔ ဆိုပါတယ္။

က႐ိုနာဗိုင္းရပ္စ္ပိုးဟာအလြယ္တကူကူးဆက္ႏိုင္သလို အသက္ရႈလမ္းေၾကာင္းကို ထိခိုက္ေစၿပီးအသက္အႏၲရာယ္ေပးႏိုင္တဲ့အတြက္ ကာကြယ္ေဆးနဲ႔တကြ ေရာဂါေပ်ာက္ေဆးကိုပါမျဖစ္ မေနရွာဖို႔လိုေနပါၿပီ။

တင္ထားေဆြ
၂၃.၄.၂၀၂၀
ကိုးကားေဆာင္းပါး
– Interview with Professor Sarah Gilbert, BBC Andrew Marr Show
– University of Oxford Covid-19 vaccine, The Telegraph
– Sarah Gilbert: Carving a path towards a COVID-19 Vaccine, The Lancet

Related posts