ေသသည္ထိ အမိွဳက္ေကာက္မယ္

#ေသသည္ထိအမိွဳက္ေကာက္မယ္

Unicode

သေသည်ထိ အမှိုက်ကောက်မယ်

ရှိုင်းအောင် (VOM)

အဖြူရောင်ရှပ်အင်္ကျ ီခပ်နွမ်းနွမ်းနဲ့ ပုဆိုးတိုတိုဝတ်ထားတဲ့ အသက်ရှစ်ဆယ်ကျော်လောက်ရှိမယ့် အဘိုးအိုဟာ တုန်တုန်ယင်ယင်နဲ့ ပေတရာလမ်းပေါ်က အမှိုက်စလေးတွေကိုတစ်ခုပြီးတစ်ခု ကောက်ပြီး လေးပေလောက်မြင့်တဲ့ ဘီးနှစ်လုံးပါ အစိမ်းရောင်အမှိုက်ပုံကြီးထဲကို ထည့်လိုက်ပါတယ်။

သူဟာ အဲလိုအမှိုက်တွေကို ကောက်ထည့်ပြီး အမှိုက်ပုံးကို နောက်ပြန်ဆွဲပြီးတော့ ခြေလှမ်းကို ဖြေးညှင်းစွာ တရွေ့ရွေ့ လှမ်းကာ ဈေးကြီးရှိတဲ့ ဘက်ကို ဦးတည်ပြီးသွားနေပါတယ်။

အချိန်အားဖြင့်တော့ ဧပြီနွေရဲ့အပူချိန်မလာသေးခင် ဆောင်းအကြွင်းအကျန်အအေးဓါတ်လေးရှိသေးတဲ့ ရောင်နီလာစ၊ လမ်းတွေကို မြင်ရယုံအချိန် နေရာကတော့ စစ်ကိုင်းမြို့ရဲ့ မြို့မဈေးအနီးမှာပါ။

လမ်းပေါ်မှာ တဒုတ်ဒုတ် မြည်ပြီးလိမ့်နေတဲ့ သူ့အမှိုက်ပုံး ဘီးလုံသံ စည်းချက်ကို အဖော်ပြုပြီး ရှိသမျှအင်အားတွေစုစည်းထားတဲ့ ခြေလှမ်းတွေနဲ့ အမှိုက်တွေအများဆုံးရှိတဲ့ စစ်ကိုင်းမြို့က မြို့မဈေးလမ်းမပေါ်က အမှိုက်တွေကို ကောက်ပြီး ဈေးထောင့်မှာ အသင့်ရှိတဲ့ အမှိုက်ကားပေါ်ကို တင်ပေးဖို့ သူသွားနေတာပါ။

သူကောက်စရာတွေကောက်ထည့် တင်ပေးပြီးရင် သတင်းစာရောင်းတဲ့ဆိုင်က သတင်းစာ တစ်စောင်ဝယ်ပြီး သူထိုင်နေကျ လဖက်ရည်ဆိုင်မှာ သူသောက်နေကျ ဖန်ချိုတစ်ခွက်ကိုမှာပြီး သတင်းစာကို အာရုံစူးစိုက်စွာ ဖက်နေတတ်ပါတယ်။

သူမှာထားတဲ့ လဖက်ရည် ရောက်လာတော့ အရေတွန့်အကြောဆိုင်းနေတဲ့ သူ့လက်ကလေးနှစ်ဖက်နဲ့ လဖက်ရည်ခွက်ကို မနိုင်တနိုင်ကိုင်ပြီး ပါးစပ်ကလေးနဲ့ ဖြေးဖြေးချင်း ကုန်းစုပ်ပါတယ်။

သူနှစ်သက်တဲ့ လဖက်ရည်သောက်ပြီးရင် သူ့လုပ်နေကြအလုပ်ပြီးပြီမို့ ဈေးသူဈေးသားတွေက ပေးလိုက်တဲ့ မုန့်ထုပ်ကလေးတွေကို သူ့အမှိုက်ပုံးကိုချိတ်ပြီး ပုံးကိုနောက်ပြန်ဆွဲ လာလမ်းအတိုင်း သူအိမ်ကို ပြန်ပါတယ်။ ဒါဟာ သူ့ရဲ့ တနေ့တာ သွေးပူလေ့ကျင့်ခန်းလည်းဖြစ်တဲ့ ကုသိုလ်ဖြစ် ဝေယျာဝစ္စဒါနအလှူဖြစ်ပါတယ်။

သူ့ကို ဘယ်သူတစ်ဦးတစ်ယောက်ကမှာ ခိုင်းစေတာမဟုတ်သလို တပြားတချပ်မှ မရတဲ့ လူအများစုမလုပ်ချင်တဲ့ အမှိုက်ကောက်အလုပ်ကို နေ့စဉ်မပျက် သူလုပ်လေ့ရှိသူပါ။

သူ့နာမည်ကတော့ ဦးကြည်ဝင်း၊ အသက်သုံးဆယ်အရွယ်မှာကတည်းက စည်ပင်သာယာမှာ ဝန်ထမ်းလုပ်ခဲ့ပြီး ၁၉၇၈ ခုနှစ်မှာ သက်ပြည့်ပင်စင် ယူခဲ့သူပါ။

ပင်စင်ယူပြီးပေမယ့်လည်း စစ်ကိုင်းမြို့က အမှိုက်တွေကို လစာရသလိုမျိုးစိတ်ထားပြီး လိုက်လံကောက်သိမ်းတဲ့အလုပ်ကို စေတနာအပြည့်ထားပြီး မငြီးမငြူလုပ်နေသူဖြစ်ပါတယ်။ စကားပြောနည်းသလို အရီအပြုံးလည်း အင်မတန်နည်းသူပါ။ သူဘာ့ကြောင့် ဒီအလုပ်ကို စွဲစွဲမြဲမြဲလုပ်နေသလဲဆိုတာ စိတ်ဝင်စားတာနဲ့ သူ့နောက်ကို ကျနော်လိုက်သွားကြည့်မိပါတယ်။

စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်ကွက်က ၁၅ ပေ၊ ပေ ၆၀ ဆယ်လောက်ရှိတဲ့ ကိုယ်ပိုင်ခြံဝင်းထဲမှာ သပ်သပ်ရပ်ရပ်ဆောက်ထားတဲ့ အိမ်လေးမှာနေပါတယ်။ သူ့ခြံထဲရောက်တော့ အမှိုက်ပုံးကို ခြံဝင်းထဲက သစ်ပင်အောက်မှာ ထားပြီး အိမ်ထဲကိုဝင်ပါတယ်။ အဲဒီနောက်ရေမိုးချိုး အဝတ်အစားလဲပြီးတော့ သူ့မြေးလေး ခူးပေးထားတဲ့ ထမင်းဇလုံလေးကို ယူပြီး အားရပါးရစားနေတဲ့ မြင်ကွင်းက ကြည်နူးစရာကောင်းလွန်းပါတယ်။

သူနဲ့အတူနေတာကတော့ သူရဲ့ညီမအရင်း ဒေါ်မြမြနဲ့ ဒေါ်မြမြရဲ့ မြေးလေးနဲ့ အတူနေပါတယ်။ စားဝတ်နေရေးက မချမ်းသာပေမယ့် ပူပင်စရာမရှိတဲ့အနေအထားကို တွေ့ရပါတယ်။ ဒေါ်မြမြက အိမ်မှာ ဒိုဘီ (အဝတ်လျှော်) လုပ်ငန်းကို တည်ထောင်ထားတဲ့ အသေးစားလုပ်ငန်းရှင် တစ်ဦးဖြစ်ပြီး အဘ ဦးကြည်ဝင်းကိုယ်တိုင်လည်း နိုင်ငံတော်ကပေးတဲ့ ပင်စင်လစာနဲ့ ရပ်တည်နေနိုင်သူဖြစ်ပါတယ်။

အဘ ဦးကြည်ဝင်းဟာ ထမင်းစားပြီးတော့ အိမ်ရှေ့က ခုံလေးပေါ်မှာ ကျကျနနထိုင်ကာ သတင်းစာကို အာရုံစူးစိုက်ပြီၤး ဖတ်တတ်ပါသေးတယ်။ သူ့ကိုမေးချင်တာမေးဖို့ ကြိုးစားပေမယ့် သူ့ညီမကဖြေပြီး လိုတာကိုပဲ နောက်က ထောက်ပြောတာလောက်ပဲပြောပါတယ်။ ကိုယ်တိုင်က အကြောဆိုင်းတဲ့ ရောဂါနဲ့ အူကျတဲ့ရောဂါခံစားနေရတယ်လို့ တော့ ပြောပါတယ်။

ညီမဖြစ်တဲ့ ဒေါ်မြမြက ဈေးကပြန်လာပုံရပြီး ဈေးခြင်းကို လက်ကချိတ်ထားတာမချဘဲ ဆိုင်းမဆင့်ဗုံမဆင့်ပြောလိုက်တာက

“ လွန်ခဲ့တဲ့ သုံးနှစ်လောက်က အဘကို ဈေးက လူတွေက စေတနာရှိလို့ လ္ဘက်ရည်ဖိုးပေးတာကို လူတစ်ယောက်က ဓာတ်ပုံရိုက်ပြီး တောင်းစားနေတဲ့ သူတောင်းစားကြီးဆိုပြီး Facebook ပေါ်တင်လို့ အသိတစ်ယောက်က လာပြောတယ်လေ အန်တီတို့က အဲ့ကတည်းက စိတ်မကောင်းဖြစ်ပြီး အဘကို အမှိုက်မကောက်ဖို့ပြောတာကို သူက စကားနားမထောင်ဘူးလေ သူ့အလုပ်သူလုပ်တာပဲ လို့ အဘက ပြောတယ်။ အန်တီတို့က မျိုးရိုးနိမ့်တဲ့သူ မဟုတ်ဘူးလေ ကိုယ်ပိုင်အိမ်နဲ့နေတာပါ။သူက တစ်လကို ပင်စင် ငါးသောင်းကျော်ရတယ်။ မောင်နှမတွေကလည်း ထောက်ပံ့ပါတယ်။ သူက ဘယ်တော့မှ တောင်းမစားဘူး။ မိုးရွာလို့ မသွားနဲ့လို့ပြောလဲ မရပါဘူး မိုးစဲတာနဲ့ အမှိုက်ပုံးကို ဆွဲပြီးထွက်တာပဲ “ လို့ သူ့အကိုကို ဂရုဏာမျက်ဝန်းနဲ့ကြည့်ရင်း ပြောပြပါတယ်။

“ စစ်ကိုင်းဈေးမှာ ညစောင့်လုပ်ခိုင်းတော့ သူကစိတ်မဝင်စားတော့ စည်ပင်သန့်ရှင်းရေးဝန်ထမ်းပဲလုပ်ခဲ့တယ်။ အကိုကြီးမှာ ကျောက်ကပ်ရောဂါရှိတယ်။ ဂွမ်းကပ်စောင်နဲ့ပတ်ပြီးအိပ်မိလို့ အကြောစိုင်းတဲ့ရောဂါလည်းရှိတယ်။ သူ့ကို စေတနာနဲ့ ဆေးထိုးပေး ဆေးလှူနေတဲ့ ဆရာမလေးတစ်ယောက်လည်းရှိတယ်။ မွေချင်းရှစ်ယောက်ထဲမှာ အကိုကြီးက အကြီးဆုံးဖြစ်ပြီးတော့ လေးတန်းအထိပဲ ကျောင်းတက်ခဲ့ရတယ်။ အိမ်ထောင်လဲ မပြုခဲ့ဘူး အနေအေးတယ်။ ပင်စင်ယူပြီးကတည်းက အမှိုက်သိမ်းတာကို မလုပ်ဖို့ပြောတာ နားမထောင်တော့ စည်ပင်ဥက္ကဌက သူဆက်လုပ်နေတာကိုသိလို့ ဘီးတပ် အမှိုက်ပုံးတစ်လုံးပေးလိုက်တာပေါ့။ သူ့ရောဂါက ထိုင်နေလို့မရလို့ အမြဲတမ်းလှုပ်ရှားနေမှရတာမို့ အမှိုက်ပုံးတစ်လုံးနဲ့ လမ်းပေါ်ထွက် အမှိုက်ကောက်တာလို့ ဒေါ်မြမြက ဆက်တိုက်ပြောပြပါတယ်။
အဘဦးကြည်ဝင်းကတော့ အင်တာဗျူးတာတွေ မေးတာမြန်းတာတွေကို ဖြေချင်စိတ်ရှိပုံမပေါ်ပါဘူး။ ခဲမှန်ဘူးတဲ့စာသူငယ်လို သူ့ကို အမှိုက်ကောက်ပြီး တောင်းစားသူလို့ ဖေ့ဘုတ်ပေါ်မှာ တင်ခံရပြီးကတည်းက ဓါတ်ပုံရိုက်ခံရမှာကို ကြောက်နေဟန်တူပါတယ်။

ဒါပေမယ့် စစ်ကိုင်းတမြို့လုံးက အဘဦးကြည်ဝင်းကို မသိသူမရှိသလောက်ရှားပါတယ်။
မြို့ထဲက လမ်းတွေဖြစ်တဲ့ တာရိုးလမ်း၊ သုဓမ္မာလမ်း၊ ရုံးကြီးလမ်း၊ ဇေယျာလမ်း၊ အပ်ချုပ်စုလမ်းမှာနေတဲ့အိမ်တွေဆီက အမှိုက်တွေကို သိမ်းယူပေးပြီး ဈေးထောင့်က အမှိုက်ကား ပေါ် တင်ပေးလေ့ရှိတော့ ဈေးသူဈေးသားတွေက စားစရာတွေပေးကြတာရှိသလို အလှူငွေသဘောနဲ့ လှူကြတာတေ အခါကြီး ရက်ကြီးတွေမှာ အဝတ်အစားတွေ နဲ့ ဆေးဝါးတွေပါ လာကန်တော့လေ့ ရှိပါတယ်။

ဒီလိုလှူတန်းပေးကမ်းကြတာကို သူကခင်တွယ်သူတော့မဟုတ်ပါဘူး ၊ သူ့ကိုပေးတဲ့ မုန့်တွေကို လမ်းမှာတွေတဲ့ ကျောင်းသားတွေကို ပြန်ဝေတာမျိုးတွေ လုပ်လေ့ရှိပါတယ်။

အဘဆီကအပြန် ကျနော်တွေးမိတာကတော့ အမှိုက်စည်းကမ်းမဲ့ပစ်သူတွေရှိနေသမျှ အဘဦးကြည်ဝင်း ဆက်ကောက်နေရဦးမယ်ဆိုတာနဲ့ အဘဦးကြည်ဝင်းလိုလူ အများကြီးလိုမလား အမှိုက်စည်းကမ်းမဲ့ပစ်သူတွေ ပပျောက်ဖို့ လိုမလားဆိုတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် အဘဦးကြည်ဝင်းကတော့ မနက်တစ်ကြိမ် ညနေတကြိမ် သူ့ ဝသီအတိုင်း သူသွားလာနိုင်သည်ထိ အမှိုက်ဆက်ကောက်နေဦးမယ်ဆိုတာတော့ အသေအချာပါဘဲ။

Zawgyi

 

ေသသည္ထိ အမိွဳက္ေကာက္မယ္

ရွိဳင္းေအာင္ (VOM)

အျဖဴေရာင္ရွပ္အက်ၤ ီခပ္ႏြမ္းႏြမ္းနဲ႕ ပုုဆိုုးတိုုတိုုဝတ္ထားတဲ႕ အသက္ရွစ္ဆယ္ေက်ာ္ေလာက္ရွိမယ့္ အဘုုိးအိုုဟာ တုန္တုန္ယင္ယင္နဲ႔ ေပတရာလမ္းေပၚက အမႈိက္စေလးေတြကိုုတစ္ခုျပီးတစ္ခုု ေကာက္ျပီး ေလးေပေလာက္ျမင့္တဲ႕ ဘီးနွစ္လုံးပါ အစိမ္းေရာင္အမႈိက္ပုံႀကီးထဲကုိ ထည့္လိုက္ပါတယ္။

သူဟာ အဲလိုုအမိွဳက္ေတြကိုု ေကာက္ထည့္ျပီး အမိႈိက္ပုံးကုိ ေနာက္ျပန္ဆြဲၿပီးေတာ့ ေျခလွမ္းကုိ ေျဖးညွင္းစြာ တေရြ႕ေရြ႕ လွမ္းကာ ေစ်းႀကီးရွိတဲ့ ဘက္ကုိ ဦးတည္ၿပီးသြားေနပါတယ္။

အခ်ိန္အားျဖင့္ေတာ့ ဧျပီေႏြရဲ႕အပူခ်ိန္မလာေသးခင္ ေဆာင္းအၾကြင္းအက်န္အေအးဓါတ္ေလးရွိေသးတဲ႕ ေရာင္နီလာစ၊ လမ္းေတြကိုု ျမင္ရယံုုအခ်ိန္ ေနရာကေတာ့ စစ္ကိုုင္းျမိဳ႕ရဲ႕ ျမိဳ႕မေစ်းအနီးမွာပါ။

လမ္းေပၚမွာ တဒုုတ္ဒုုတ္ ျမည္ျပီးလိမ့္ေနတဲ့ သူ႕အမႈိက္ပုံး ဘီးလုံသံ စည္းခ်က္ကိုု အေဖာ္ျပဳၿပီး ရွိသမွ်အင္အားေတြစုုစည္းထားတဲ႕ ေျခလွမ္းေတြနဲ႔ အမႈိက္ေတြအမ်ားဆုံးရွိတဲ့ စစ္ကုိင္းၿမိဳ႕က ၿမိဳ႕မေစ်းလမ္းမေပၚက အမႈိက္ေတြကုိ ေကာက္ၿပီး ေစ်းေထာင့္မွာ အသင့္ရွိတဲ့ အမိႈက္ကားေပၚကို တင္ေပးဖိုု႕ သူသြားေနတာပါ။

သူေကာက္စရာေတြေကာက္ထည့္ တင္ေပးၿပီးရင္ သတင္းစာေရာင္းတဲ့ဆုိင္က သတင္းစာ တစ္ေစာင္၀ယ္ျပီး သူထုိင္ေနက် လဖက္ရည္ဆုိင္မွာ သူေသာက္ေနက် ဖန္ခ်ိဳတစ္ခြက္ကုိမွာျပီး သတင္းစာကုိ အာရုံစူးစုိက္စြာ ဖက္ေနတတ္ပါတယ္။

သူမွာထားတဲ့ လဖက္ရည္ ေရာက္လာေတာ့ အေရတြန္႕အေၾကာဆိုုင္းေနတဲ႕ သူ႕လက္ကေလးႏွစ္ဖက္နဲ႔ လဖက္ရည္ခြက္ကုိ မနိုုင္တနိုုင္ကုိင္ျပီး ပါးစပ္ကေလးနဲ႔ ေျဖးေျဖးခ်င္း ကုန္းစုပ္ပါတယ္။

သူႏွစ္သက္တဲ႕ လဖက္ရည္ေသာက္ျပီးရင္ သူ႕လုုပ္ေနၾကအလုုပ္ျပီးျပီမိုု႕ ေစ်းသူေစ်းသားေတြက ေပးလုိက္တဲ့ မုန္႔ထုပ္ကေလးေတြကုိ သူ႕အမိႈက္ပုံးကုိခ်ိတ္ၿပီး ပံုုးကိုုေနာက္ျပန္ဆြဲ လာလမ္းအတုုိင္း သူအိမ္ကုိ ျပန္ပါတယ္။ ဒါဟာ သူ႕ရဲ႕ တေန႕တာ ေသြးပူေလ့က်င္႕ခန္းလည္းျဖစ္တဲ႕ ကုုသိုုလ္ျဖစ္ ေဝယ်ာဝစၥဒါနအလွဴျဖစ္ပါတယ္။

သူ႕ကိုု ဘယ္သူတစ္ဦးတစ္ေယာက္ကမွာ ခုုိင္းေစတာမဟုုတ္သလိုု တျပားတခ်ပ္မွ မရတဲ႕ လူအမ်ားစုုမလုုပ္ခ်င္တဲ႕ အမိွဳက္ေကာက္အလုုပ္ကိုု ေန႕စဥ္မပ်က္ သူလုုပ္ေလ့ရွိသူပါ။

သူ႕နာမည္ကေတာ့ ဦးၾကည္၀င္း၊ အသက္သုံးဆယ္အရြယ္မွာကတည္းက စည္ပင္သာယာမွာ ၀န္ထမ္းလုပ္ခဲ႕ျပီး ၁၉၇၈ ခုႏွစ္မွာ သက္ျပည့္ပင္စင္ ယူခဲ႕သူပါ။

ပင္စင္ယူျပီးေပမယ့္လည္း စစ္ကုိင္းၿမိဳ႕က အမိႈက္ေတြကုိ လစာရသလိုုမ်ိဳးစိတ္ထားျပီး လုိက္လံေကာက္သိမ္းတဲ့အလုုပ္ကိုု ေစတနာအျပည့္ထားျပီး မျငီးမျငဴလုုပ္ေနသူျဖစ္ပါတယ္။ စကားေျပာနည္းသလိုု အရီအျပံဳးလည္း အင္မတန္နည္းသူပါ။ သူဘာ့ေၾကာင့္ ဒီအလုုပ္ကိုု စြဲစြဲျမဲျမဲလုုပ္ေနသလဲဆိုုတာ စိတ္ဝင္စားတာနဲ႕ သူ႕ေနာက္ကိုု က်ေနာ္လုုိက္သြားၾကည့္မိပါတယ္။

စစ္ကုိင္းၿမိဳ႕၊ နႏၵ၀န္ရပ္ကြက္က ၁၅ ေပ၊ ေပ ၆၀ ဆယ္ေလာက္ရွိတဲ့ ကိုုယ္ပိုုင္ျခံဝင္းထဲမွာ သပ္သပ္ရပ္ရပ္ေဆာက္ထားတဲ႕ အိမ္ေလးမွာေနပါတယ္။ သူ႕ျခံထဲေရာက္ေတာ့ အမိွဳက္ပံုုးကိုု ျခံဝင္းထဲက သစ္ပင္ေအာက္မွာ ထားျပီး အိမ္ထဲကိုုဝင္ပါတယ္။ အဲဒီေနာက္ေရမိုုးခ်ိဳး အဝတ္အစားလဲျပီးေတာ့ သူ႕ေျမးေလး ခူးေပးထားတဲ့ ထမင္းဇလုံေလးကုိ ယူျပီး အားရပါးရစားေနတဲ့ ျမင္ကြင္းက ၾကည္ႏူးစရာေကာင္းလြန္းပါတယ္။

သူနဲ႕အတူေနတာကေတာ့ သူရဲ႕ညီမအရင္း ေဒၚျမျမနဲ႕ ေဒၚျမျမရဲ႕ ေျမးေလးနဲ႕ အတူေနပါတယ္။ စားဝတ္ေနေရးက မခ်မ္းသာေပမယ့္ ပူပင္စရာမရွိတဲ႕အေနအထားကိုု ေတြ႕ရပါတယ္။ ေဒၚျမျမက အိမ္မွာ ဒိုုဘီ (အဝတ္ေလွ်ာ္) လုုပ္ငန္းကိုု တည္ေထာင္ထားတဲ႕ အေသးစားလုုပ္ငန္းရွင္ တစ္ဦးျဖစ္ျပီး အဘ ဦးၾကည္ဝင္းကိုုယ္တုုိင္လည္း နုုိင္ငံေတာ္ကေပးတဲ႕ ပင္စင္လစာနဲ႕ ရပ္တည္ေနနိုုင္သူျဖစ္ပါတယ္။

အဘ ဦးၾကည္ဝင္းဟာ ထမင္းစားျပီးေတာ့ အိမ္ေရွ႕က ခုံေလးေပၚမွာ က်က်နနထုိင္ကာ သတင္းစာကုိ အာရုံစူးစုိက္ၿပီၤး ဖတ္တတ္ပါေသးတယ္။ သူ႕ကိုုေမးခ်င္တာေမးဖိုု႕ ၾကိဳးစားေပမယ့္ သူ႕ညီမကေျဖျပီး လိုုတာကိုုပဲ ေနာက္က ေထာက္ေျပာတာေလာက္ပဲေျပာပါတယ္။ ကိုုယ္တုုိင္က အေၾကာဆိုုင္းတဲ႕ ေရာဂါနဲ႕ အူက်တဲ႕ေရာဂါခံစားေနရတယ္လိုု႕ ေတာ့ ေျပာပါတယ္။

ညီမျဖစ္တဲ႕ ေဒၚျမျမက ေစ်းကျပန္လာပံုုရျပီး ေစ်းျခင္းကိုု လက္ကခ်ိတ္ထားတာမခ်ဘဲ ဆိုုင္းမဆင့္ဗံုုမဆင့္ေျပာလိုုက္တာက

“ လြန္ခဲ့တဲ့ သုံးႏွစ္ေလာက္က အဘကုိ ေစ်းက လူေတြက ေစတနာရွိလုိ႔ လၻက္ရည္ဖုိးေပးတာကုိ လူတစ္ေယာက္က ဓာတ္ပုံရုိက္ၿပီး ေတာင္းစားေနတဲ့ သူေတာင္းစားႀကီးဆုိၿပီး Facebook ေပၚတင္လုိ႔ အသိတစ္ေယာက္က လာေျပာတယ္ေလ အန္တီတုိ႔က အဲ့ကတည္းက စိတ္မေကာင္းျဖစ္ၿပီး အဘကုိ အမိႈက္မေကာက္ဖုိ႔ေျပာတာကုိ သူက စကားနားမေထာင္ဘူးေလ သူ႕အလုပ္သူလုပ္တာပဲ လုိ႔ အဘက ေျပာတယ္။ အန္တီတုိ႕က မ်ိဳးရုိးနိမ့္တဲ့သူ မဟုတ္ဘူးေလ ကုိယ္ပုိင္အိမ္နဲ႔ေနတာပါ။သူက တစ္လကုိ ပင္စင္ ငါးေသာင္းေက်ာ္ရတယ္။ ေမာင္ႏွမေတြကလည္း ေထာက္ပံ့ပါတယ္။ သူက ဘယ္ေတာ့မွ ေတာင္းမစားဘူး။ မိုးရြာလုိ႔ မသြားနဲ႔လုိ႔ေျပာလဲ မရပါဘူး မုိးစဲတာနဲ႔ အမႈိက္ပုံးကုိ ဆြဲၿပီးထြက္တာပဲ “ လုိ႔ သူ႕အကုုိကိုု ဂရုုဏာမ်က္ဝန္းနဲ႕ၾကည့္ရင္း ေျပာျပပါတယ္။

“ စစ္ကုိင္းေစ်းမွာ ညေစာင့္လုပ္ခုိင္းေတာ့ သူကစိတ္မ၀င္စားေတာ့ စည္ပင္သန္႔ရွင္းေရး၀န္ထမ္းပဲလုပ္ခဲ့တယ္။ အကုိႀကီးမွာ ေက်ာက္ကပ္ေရာဂါရွိတယ္။ ဂြမ္းကပ္ေစာင္နဲ႔ပတ္ၿပီးအိပ္မိလို႔ အေၾကာစုိင္းတဲ့ေရာဂါလည္းရွိတယ္။ သူ႕ကုိ ေစတနာနဲ႔ ေဆးထုိးေပး ေဆးလွဴေနတဲ့ ဆရာမေလးတစ္ေယာက္လည္းရွိတယ္။ ေမြခ်င္းရွစ္ေယာက္ထဲမွာ အကုိႀကီးက အႀကီးဆုံးျဖစ္ၿပီးေတာ့ ေလးတန္းအထိပဲ ေက်ာင္းတက္ခဲ့ရတယ္။ အိမ္ေထာင္လဲ မျပဳခဲ့ဘူး အေနေအးတယ္။ ပင္စင္ယူၿပီးကတည္းက အမိႈက္သိမ္းတာကုိ မလုပ္ဖုိ႔ေျပာတာ နားမေထာင္ေတာ့ စည္ပင္ဥကၠဌက သူဆက္လုပ္ေနတာကုိသိလုိ႔ ဘီးတပ္ အမိႈက္ပုံးတစ္လုံးေပးလုိက္တာေပါ့။ သူ႕ေရာဂါက ထုိင္ေနလုိ႔မရလုိ႔ အၿမဲတမ္းလႈပ္ရွားေနမွရတာမုိ႔ အမိႈက္ပုံးတစ္လုံးနဲ႔ လမ္းေပၚထြက္ အမႈိက္ေကာက္တာလုိ႔ ေဒၚျမျမက ဆက္တိုုက္ေျပာျပပါတယ္။
အဘဦးၾကည္ဝင္းကေတာ့ အင္တာဗ်ဴးတာေတြ ေမးတာျမန္းတာေတြကိုု ေျဖခ်င္စိတ္ရွိပံုုမေပၚပါဘူး။ ခဲမွန္ဘူးတဲ႕စာသူငယ္လိုု သူ႕ကိုု အမိွဳက္ေကာက္ျပီး ေတာင္းစားသူလိုု႕ ေဖ့ဘုုတ္ေပၚမွာ တင္ခံရျပီးကတည္းက ဓါတ္ပံုုရိုုက္ခံရမွာကိုု ေၾကာက္ေနဟန္တူပါတယ္။

ဒါေပမယ့္ စစ္ကိုုင္းတျမိဳ႕လံုုးက အဘဦးၾကည္ဝင္းကိုု မသိသူမရွိသေလာက္ရွားပါတယ္။
ၿမိဳ႕ထဲက လမ္းေတြျဖစ္တဲ့ တာရိုးလမ္း၊ သုဓမၼာလမ္း၊ ရုံးႀကီးလမ္း၊ ေဇယ်ာလမ္း၊ အပ္ခ်ဳပ္စုလမ္းမွာေနတဲ႕အိမ္ေတြဆီက အမႈိက္ေတြကုိ သိမ္းယူေပးၿပီး ေစ်းေထာင့္က အမႈိက္ကား ေပၚ တင္ေပးေလ့ရွိေတာ့ ေစ်းသူေစ်းသားေတြက စားစရာေတြေပးၾကတာရွိသလိုု အလွဴေငြသေဘာနဲ႕ လွဴၾကတာေတ အခါႀကီး ရက္ႀကီးေတြမွာ အ၀တ္အစားေတြ နဲ႔ ေဆး၀ါးေတြပါ လာကန္ေတာ့ေလ့ ရွိပါတယ္။

ဒီလိုုလွဴတန္းေပးကမ္းၾကတာကိုု သူကခင္တြယ္သူေတာ့မဟုုတ္ပါဘူး ၊ သူ႕ကိုုေပးတဲ႕ မုုန္႕ေတြကိုု လမ္းမွာေတြတဲ႕ ေက်ာင္းသားေတြကိုု ျပန္ေဝတာမ်ိဳးေတြ လုုပ္ေလ့ရွိပါတယ္။

အဘဆီကအျပန္ က်ေနာ္ေတြးမိတာကေတာ့ အမိွဳက္စည္းကမ္းမဲ႕ပစ္သူေတြရွိေနသမွ် အဘဦးၾကည္ဝင္း ဆက္ေကာက္ေနရဦးမယ္ဆိုုတာနဲ႕ အဘဦးၾကည္ဝင္းလိုုလူ အမ်ားၾကီးလိုုမလား အမိွဳက္စည္းကမ္းမဲ႕ပစ္သူေတြ ပေပ်ာက္ဖိုု႕ လိုုမလားဆိုုတာပါ။

ဘယ္လိုုပဲျဖစ္ျဖစ္ အဘဦးၾကည္ဝင္းကေတာ့ မနက္တစ္ၾကိမ္ ညေနတၾကိမ္ သူ႕ ဝသီအတိုုင္း သူသြားလာနုုိင္သည္ထိ အမိွဳက္ဆက္ေကာက္ေနဦးမယ္ဆုုိတာေတာ့ အေသအခ်ာပါဘဲ။

Related posts

Leave a Comment