Pacific သံရည်ကျိုစက်ရုံ အလုပ်သမားကိစ္စ NLD ဗဟိုရုံးကခုချိန်ထိ ဖြေရှင်းပေးတာမရှိလို့ အလုပ်သမားတွေအခက်အခဲဖြစ်

Pacific သံရည်ကျိုစက်ရုံ အလုပ်သမားကိစ္စ NLD ဗဟိုရုံးကခုချိန်ထိ ဖြေရှင်းပေးတာမရှိလို့ အလုပ်သမားတွေအခက်အခဲဖြစ် ရန်ကုန် မတ် ၉ -၂၀၂၀ သိင်္ဂီ(VOM) ရန်ကုန်မြို့၊ မြောင်းတကာစက်မှုဇုံ၊ Pacific သံရည်ကျိုစက်ရုံအလုပ်သမားကိစ္စကို ပြည်တွင်းပြည်ပအလုပ်သမားရေးရာကော်မတီ( NLD )ဗဟိုရုံးက ဖြေရှင်းပေးမယ်ပြောပြီး အခုချိန်ထိ လာရောက်ဖြေရှင်းပေးတာမရှိသလို တစ်စုံတစ်ရာ အကြောင်းကြားတာလည်းမရှိသေးတဲ့အတွက် အလုပ်သမားတွေ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် စက်ရုံရှေ့မှာပဲ ဆန္ဒထုတ်ဖော်တောင်းဆိုတဲ့ ထိုင်သပိတ်ကို ဆက်လက်လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ အလုပ်ရှင်၊ အလုပ်သမားပြသာနာ ဖြေရှင်းမပေးသရွေ့ သပိတ်စခန်းဆက်လက်ရှိနေမှာဖြစ်လို့ အလုပ်သမားသပိတ်ရံပုံငွေအတွက် အလှူခံမှုကို ဒီကနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။ ” ဖြေရှင်းပေးမယ်ပြောပြီး ခုထိရောက်မလာသေးပါဘူး။ မထူးခြားရင်တော့ ကျနော်တို့ ထပ်ပြီးဖိအားပေးလုပ်သွားမှာပါ။ ကျနော်တို့ဖြစ်နေတာက အလုပ်စခေါ်တုန်းက တရက် ၉၀၀၀ နဲ့ခေါ်တယ်။ နောက်တော့ အနိမ့်ဆုံးလုပ်ခလစာ ၄၈၀၀ ဆိုပြီးလုပ်လိုက်တယ်။ အဲ့ဒီမှာမှ ပလပ် တွေပေါင်းပေးတယ်၊ ၉၀၀၀…

Read More

ရက် ၉၀နေရုံနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို မဲပေးခွင့်ပြုပေးတဲ့အတွက် မြစ်ကြီးနားမှာ ဆန္ဒပြ

ရက် ၉၀နေရုံနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို မဲပေးခွင့်ပြုပေးတဲ့အတွက် မြစ်ကြီးနားမှာ ဆန္ဒပြ မြစ်ကြီးနား၊ မတ် ၉-၂၀၂၀ ရန်အောင်ထွန်း(VOM) ရုပ်သံ မြစ်ကြီးနားမြို့ ၊ စိမ်းမြဧရာ ပန်းခြံရှေ့ မှာရက်ပေါင်း ၉၀ နေရုံနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို မဲပေးခွင့်ပြုလိုက်တဲ့ အပေါ် မကျေနပ်တဲ့အတွက် ဒီကနေ့မနက်ပိုင်းက ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ အဲ့လို ခွင့်ပြုတာဟာ ပြည်နယ်က တိုင်းရင်းသားပါတီတွေ နစ်နာတယ်ဆိုပြီး လူဦီးရေ၃၀၀န်းကျင်ဟာ ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။ ” ဒါကို ပြင်ဆင်ပေးဖို့ လုပ်ဆောင်သွားမှာ ဖြစ်သလို မပြင်ဆင်ပဲ ရွေးကောက်ပွဲကျင်းပခဲ့ပါကလည်း ပြင်ဆင်နိုင်ရေးအတွက် ဆက်လုပ်သွားမယ်လို့ ဆန္ဒပြပွဲဦးဆောင်သူ Dr . M Kawn Laကပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ သန့်ရှင်းမျှတမှုရှိအောင် အပြောနဲ့သာမဟုတ် အလုပ်နဲ့ သက်သေပြပါ၊ ဒေသခံတို့ရဲ့ မဲပေးခွင့် ဝင်ရောက်စွက်ဖက်မှု ရှောင်ကျဉ်ပါ စတဲ့ဆိုင်းဘုတ်တွေနဲ့ ဗီနိုင်း ပိုစတာတွေကိုင်‌ဆောင်ထားကြပါတယ်။ အရင်ရက်ပေါင်း…

Read More

မြစ်ဆုံစီမံကိန်း လုံးဝရပ်ဆိုင်းပေးဖို့ နေပြည်တော်တရားလွှတ်တော်ချုပ်ကို တင်ပြမယ်

မြစ်ဆုံစီမံကိန်း လုံးဝရပ်ဆိုင်းပေးဖို့ နေပြည်တော်တရားလွှတ်တော်ချုပ်ကို တင်ပြမယ် ရန်ကုန် ၊မတ် ၉-၂၀၂၀ သိင်္ဂီ(VOM) မြစ်ဆုံစီမံကိန်း လုံးဝရပ်ဆိုင်းပေးဖို့အတွက် နေပြည်တော်တရားလွှတ်တော်ချုပ်မှာ ဥပဒေကြောင်းအရ တင်ပြမှုကို လာမယ့်မတ်လ ၁၃ ရက်နေ့မှာ Phoe Phyu @Associates law firm အဖွဲ့ရှေ့နေအုပ်စုနဲ့ ကချင်ပြည်နယ် မြစ်ဆုံဒေသခံတွေပူးပေါင်းပြီး လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ နေပြည်တော်တရားလွှတ်တော်ချုပ်မှာ မတင်ပြခင် မြစ်ကြီးနားခရိုင်ကို ဖေဖော်ဝါရီလက မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်စဲရေးအတွက် တရားမမှုတင်ခဲ့ရာ ခရိုင်ကပယ်ချခဲ့သလို မြစ်ကြီးနားပြည်နယ်တရားရုံကို ထပ်မံတင်ပြခဲ့ပေမယ့်လည်း လက်ခံခြင်း ၊ ပယ်ချခြင်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်းမရှိဘူးလို့ သိရပါတယ်။ ” မြစ်ဆုံစီမံကိန်းကို ဘာပဲလုပ်လုပ် ဒေသခံတွေကန့်ကွက်တယ်ဆိုတာကို ပြချင်တာဖြစ်တယ်။ ဒေသခံတွေနဲ့ ဥပဒေပညာရှင်တွေနဲ့ပူးပေါင်းလုပ်မှာဖြစ်တယ်။ ဒေသခံ ၃၀၂ ဦးလုပ်တာနဲ့ ရှေ့နေလုပ်တာအတူတူပဲ။ ပြည်သူတွေ ဒီလောက်တားနေတာတောင် မြစ်ဆုံစီမံကိန်း ဆက်လုပ်ရင် ဦးသိန်းစိန်အစိုးရလက်ထက်ကလို တစ်နိုင်ငံလုံးအင်အားနဲ့ ကန့်ကွက်မှုတွေလုပ်သွားမယ်။”…

Read More

ပဲခူးတိုင်းဝန်ကြီးချုပ်ကို အရေးယူပေးဖို့ ပဲခူးတက္ကသိုလ်ကျောင်းသားသမဂ္ဂက NLDပါတီကိုတောင်းဆိုမယ်

ပဲခူးတိုင်းဝန်ကြီးချုပ်ကို အရေးယူပေးဖို့ ပဲခူးတက္ကသိုလ်ကျောင်းသားသမဂ္ဂက NLDပါတီကိုတောင်းဆိုမယ် ရန်ကုန်၊ မတ် ၉-၂၀၂၀ သိဂီ ၤ(VOM) ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းကို အရေးယူပေးဖို့အတွက် NLD ပါတီကို ပဲခူးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက စာတင်ပြတောင်းဆိုသွားမယ်လို့ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က ကျောက်တံခါး မြို့နယ် ဒေသခံလူထုနဲ့တွေ့ဆုံပွဲမှာ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းက “တပ်မတော်အာဏာသိမ်းအောင် ပြည်သူတွေက ဖန်တီးခဲ့ကြခြင်းဖြစ်တယ် “လို့ ပြောဆိုခဲ့တဲ့အတွက် အခုလိုစတင်ပြီးတောင်းဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ” သူတို့ NLD ဒီနေရာရောက်ဖို့ ဖြတ်ခဲ့ရတဲ့ဘဝတွေမနည်းဘူး၊ သွေးတွေနဲ့ရင်းခဲ့ရတာ၊ ဒါကိုမေ့သွားတာလား၊ ရာထူးရလို့ ဒီစကားမျိုးပြောတာလား ၊ဒါဟာ မပြောသင့်တဲ့စကား၊ ပြည်သူတစ်ရပ်လုံးကို စော်ကားတဲ့စကားဖြစ်တယ်။ သူက တစ်ကြိမ်လည်းမဟုတ် အကြိမ်ကြိမ်ပြောတာ၊ ဒီတစ်ခါအဆိုးဝါးဆုံးပဲ၊ ပါတီဘက်က အရေးယူဖို့လိုတယ်၊ ပြည်သူကိုလည်း တောင်းပန်ရမယ်။” လို့ သမဂ္ဂ ဥက္ကဋ္ဌ ဖြစ်သူ ကိုအောင်ညီညီသွင်ကပြောပါတယ်။ ဒါကြောင့်ပဲခူးတိုင်း ဝန်ကြီးချုပ်ကို အရေးယူပေးဖို့အတွက် NLD…

Read More

ငဖဲမြို့နယ်နဲ့ မင်းလှမြို့နယ်တို့မှာ မြန်မာနိုင်ငံသားအထောက်အထားမဲ့သူ၁၅ဦး ဖမ်းဆီးရမိ

ငဖဲမြို့နယ်နဲ့ မင်းလှမြို့နယ်တို့မှာ မြန်မာနိုင်ငံသားအထောက်အထားမဲ့သူ၁၅ဦး ဖမ်းဆီးရမိ မင်းလှ၊ မတ် ၉-၂၀၂၀ ဂျန်ကိုးလ်(VOM) မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတိုက်နယ်နဲ့ မင်းလှမြို့နယ်၊ ရေနံမတိုက်နယ်တို့မှာ နိုင်ငံသားအထောက်အထားမဲ့သူ (၁၅)ဦးကို ဒီကနေ့မနက်အစောပိုင်းက ဖမ်းဆီးရမိတယ်လို့ ရေနံမနယ်မြေရဲစခန်းကပြောပါတယ်။ “ပဒါန်းမှာက ဘင်္ဂလီ၁၁ရောက်နဲ့ လမ်းပြ၂ယောက်မိတယ်၊ ကျနော့ဆီမှာက လမ်းပြမရဘူး ၄ဦးမိတာဟုတ်တယ်”လို့ မင်းလှမြို့နယ်၊ ရေနံမနယ်မြေစခန်းမှူး ရဲအုပ်အောင်မင်းဦးက VOMကို အတည်ပြုပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ရခိုင်ပြည်နယ်နေသူတွေဖြစ်ပြီး ခွင့်ပြုမထားတဲ့နယ်မြေတွေကို သွားလာတဲ့အတွက် အခုလိုဖမ်းဆီးခံရတာဖြစ်တယ်လို့ သိရပါတယ်။ ”ဒီလူတွေက ရခိုင်ပြည်နယ်မှာ ကျနော်သိရသလောက် မဆလခေတ်ကတည်းက ဒီထက်စောရင်လဲစောမယ် ဝင်လာပြီးအခြေချနေထိုင်ကြတာ။ ခေတ်စနစ်အရ ဥပဒေစိုးမိုးမှု့အားနည်းတာရယ်၊ အကျင့်ပျက်ချစားတာရယ်နဲ့ လွတ်လပ်စွာ လုပ်ကိုင်စားသောက် ပေါက်ဖွားနေကြတာ၊ သူတို့မသွားရမဲ့နေရာတွေ၊ ကန့်သတ်ထားတဲ့နေရာတွေရှိတယ် လူတွေပဲ ကြာရှည်ကန့်သတ်ထားတော့ ဖောက်ထွက်ကုန်ကြတာပေါ့၊ အစိုးရနဲ့အာဏာရှိသူတွေ တနည်းနည်းစဉ်းစားသင့်ပြီ၊ ရဲရော ပြည်သူရော အလုပ်တွေပိုလုပ်ရ၊ အချိန်ငွေကြေး အများကြီးပေါ့ နစ်နာဆုံးရှုံးနေရတယ်လို့မြင်တယ်၊…

Read More

အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်နေ့တည်း လူ ၂၀၀ ကျော် သေဆုံး

အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်နေ့တည်း လူ ၂၀၀ ကျော် သေဆုံး ရောမ၊ မတ်-၉-၂၀၂၀ မျိုးဆက် (VOM) အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်နေ့တည်း လူ ၂၀၀ ကျော်သေဆုံးသွားတာကြောင့် သေဆုံးသူဦးရေဟာ ၁၃၃ဦးကနေ ၃၆၆ဦးအထိ တစ်ဟုန်ထိုးမြင့်တက်သွားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ရောဂါကူးစက်ခံရသူအရေအတွက်ဟာလည်း ၅၈၈၃ဦးမှ ၇၃၇၅ဦးအထိ ရှိနေပြီလို့ မြို့ပြကာကွယ်ရေး အေဂျင်စီက ပြောပါတယ်။ ရောဂါတားဆီးရေး အစီအမံတစ်ခုအဖြစ် ဒေသတွင်းရှိ အဓိကမြို့ မီလန်တည်ရှိတဲ့ လူဦးရေ ၁၀သန်းနေထိုင်တဲ့ လွမ်ဘာဒီဒေသမှာ အရေးပေါ်အခြေအနေကလွဲပြီး ဝင်ရောက်ခွင့်ပိတ်ထားကာ ဗင်းနစ်၊ ပါးမားနှင့် မိုဒီနာအပါအဝင် အခြား ပြည်နယ် ၁၄ ခုမှာလည်း အလားတူ အစီအမံများချမှတ်ထားကာ အဲဒီဒေသက လူဦးရေ ၁၆ သန်းကိုလည်း ရောဂါကူးစက်မှုရှိမရှိ သီးခြားထား စောင့်ကြည့်မှုတွေလုပ်ဆောင်နေပါတယ်။ ဒါ့အပြင်စာသင်ကျောင်းတွေ၊ အားကစားခန်းမတွေ၊ ပြတိုက်တွေ၊ ညကလပ်တွေနဲ့ နိုင်ငံတစ်ဝန်း…

Read More

ကျောက်တော်မှာ လက်နက်ကြီးကျဉ်ကျပြီး ပြိုင်းတိုင်းရွာသား ၁ ဦးသေဆုံး

ကျောက်တော်မှာ လက်နက်ကြီးကျဉ်ကျပြီး ပြိုင်းတိုင်းရွာသား ၁ ဦးသေဆုံး ကျောက်တော်၊ မတ် ၉- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပြိုင်းတိုင်းကျေးရွာထဲကို မနေ့ မတ်လ ၈ ရက် ည၈ နာရီခွဲလောက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အသက် ၆၈ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးကာ ကျေးရွာတွင်းက နေအိမ် ၂ ဆောင် မီးလောင်ပျက်စီးသွားတယ်လို့ သတင်းရရှိပါတယ်။ သေဆုံးသွားတဲ့ အသက် ၆၈ နှစ်အရွယ် ဦးဦးကျော်လှ ဟာ မိမိနေအိမ်တွင်း ထိုင်နေစဉ် အိမ်အနီး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသံကြောင့် နှလုံးရပ်သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ” လက်နက်ကြီးကျည်က ဦးကျော်လှရဲ့ နေအိမ်အနီးမှာ လာပြီးပေါက်ကွဲတာ။ ဒါကြောင့် သူကအသက်လည်းကြီးနေပြီဆိုတော့ နှလုံးရပ်ပြီးသေသွားတယ်။ သူက ကိုယ့်အိမ်မှာထိုင်နေတာ။ နှလုံးရပ်ပြီးသေသွားတာ သူတစ်ယောက်ပဲ အခြားမိသားစုတွေ ဒဏ်ရာရတာမရှိဘူး။ လက်နက်ကြီးက ငန်းတောင်ဖက်ကလာတာ။”…

Read More