အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းနှစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်နာယကကို တင်သွင်း
နေပြည်တော်၊ ဇန်နဝါရီ ၂၃-၂၀၂၀ ကိုထွန်း(VOM) အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက ပြုစုလိုက်တဲ့ ဥပဒေမူကြမ်းနှစ်ရပ်ကို ဒီကနေ့ ပြည် ထောင်စုလွှတ်တော်နာယကကို တင်သွင်းခဲ့တယ်လို့ ပူးပေါင်းကော်မတီကနေ သိရပါတယ်။ “ဒီနေ့ ထိုးပြီးတာနဲ့ နာရီပိုင်းအတွင်းမှာပဲ နာယကဆီကိုတင်ဖို့ပေါ့။ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော် မတီက ပြုစုထားတဲ့ ပုဒ်မ ၄၃၆ (က)နဲ့အကျုံးဝင်တဲ့ ဥပဒေမူကြမ်းတစ်ရပ်ရယ်၊ ပုဒ်မ ၄၃၆ (ခ)ရဲ့ အကျုံးဝင်တဲ့ ဥပဒေကြမ်းတစ်ရပ်ရယ်”လို့ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအတွင်းရေးမှုး ဒေါက်တာမြတ်ဉာဏစိုးကပြောပါတယ်။ ဥပဒေမူကြမ်းနှစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်နာယကဆီတင်သွင်းဖို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၂၀ ရာခိုင်နှုန်းလက်မှတ်တွေစုစည်းဖို့လိုအပ်ပြီး ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင် ရေးပူပေါင်းကော်မတီက ဒီကနေ့ နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာ ပါဝင်လက်မှတ်ရေးထိုးလိုတဲ့ ကိုယ်စားလှယ်တွေဆီကနေ လက်မှတ်တွေစုစည်းခဲ့တာဖြစ်ပါတယ်။ “ပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ လုပ်ငန်းစဉ်ကတော့ ပြီးသွားပြီ၊ ကော်မတီသက်တမ်းက ဒီဥပဒေမူ ကြမ်းတင်လိုက်ပြီဆိုတာနဲ့ ပြီးဆုံးသွားပြီ၊ လွှတ်တော်နာယကအနေနဲ့ ဘာဖွဲ့ပေးမလဲဆိုတော့ လေ့လာစိစစ် ရေးပူးပေါင်းကော်မတီ။ အဲ့ဒါကတော့ ပြည်သူ့လွှတ်တော်မှာရှိတဲ့ ဥပဒေကြမ်းကော်မတီဝင်…
Read More
အိုင်စီဂျေက အချက်လေးချက်နဲ့ ကြားဖြတ်အမိန့်ချ
အိုင်စီဂျေက အချက်လေးချက်နဲ့ ကြားဖြတ်အမိန့်ချ ဇန်နဝါရီ ၂၃၊ ၂၀၂၀ VOM ဒီကနေ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ အိုင်စီဂျေတရားရုံးမှာ မြန်မာနိင်ငံကို ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့အမှု အိုင်စီဂျေ တရားရုံးက ကြားဖြတ်အမိန့်အဖြစ် ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ စီမံချက်တွေ ချမှတ်ပြီး အစီရင်ခံစာတွေ တင်ပြရမယ်လို့ အချက် ၄ ချက်နဲ့ အမိန့် ချမှတ်လိုက်ပါတယ်။ ဒီအချက်တွေကတော့ – မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာအရေးကို လုပ်တဲ့အခါ ဂျီနိုဆိုက်ဒ် ကွန်ဗန်းရှင်း အပိုဒ် ၂ အတိုင်း တတ်နိုင်သမျှ စီမံလုပ်ဆောင်ပါ။ လူမျိုးတုန်း သတ်ဖြတ်မှုကျူးလွန်မှု မြောက်နိုင်တဲ့ လူတဦးတယောက်ကိုဖြစ်စေ တစုတဖွဲ့အပေါ်ကို ဖြစ်စေ လူ့အခွင့်အရေး ချိုးဖောက်တာ၊ လူသတ်မှုကျူးလွန်တာ၊ အစာရေစာ ထောက်ပံ့မှု မပြုတာ၊ ကလေးမွေးဖွားမှု ထိန်းချုပ်တားဆီးတာ၊ ခရီးသွားလာမှု ပိတ်ပင်တားဆီးတာမျိုး စတာတွေကို မလုပ်ဖို့ စီမံပါ၊…
Read More
အတန်းငယ်များ မတ်လနောက်ဆုံးပတ်ထိ စာမေးပွဲစစ်ဆေးတာကို ဖျက်သိမ်းပေးဖို့ ပခုက္ကူပညာရေးကောလိပ်မှာ တစ်ကျောင်းလုံးနီးပါး ဆန္ဒပြ
ရန်ကုန်၊ ဇန်နဝါရီ ၂၃-၂၀၂၀ စွဲ့ဝတီ(VOM) ပညာရေးဝန်ကြီးဌာနက ပြောင်းလဲသက်မှတ်လိုက်တဲ့ အတန်းငယ်များ မတ်လနောက်ဆုံးပတ်ထိ စာမေးပွဲစစ်ဆေးတာကို ဒီကနေ့မနက်ပိုင်းက ပခုက္ကူပညာရေးကောလိပ်မှာရှိတဲ့ ကျောင်းသား၊ကျောင်းသူတွေ တစ်ကျောင်းလုံးနီးပါး ဆန္ဒပြခဲ့ကြတယ်လို့ ပခုက္ကူပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂကနေ သိရပါတယ်။ “အရင်တစ်ခါလှုပ်ရှားတုန်းက ကျွန်တော်တို့သမဂ္ဂကချည်းပဲ လှုပ်ရှားတာပေါ့။ စတစ်ကာတွေကို တစ်ကျောင်းလုံးကိုလိုက်ပြီးတော့ ကပ်တာပေါ့။ ဒီဆန္ဒပြတဲ့အခါ ကျွန်တော်တို့ကျောင်းက တစ်ကျောင်းလုံးနီးပါးကို ပါခဲ့တဲ့အတိုင်းအတာရှိတယ်။ လူ ၂၀လောက်ပဲ ကျန်ခဲ့တယ်။ ကျောင်းသားကျောင်းသူ ၄၈၀မှာ ၄၆၀လောက် ကျွန်တော်တို့ဆန္ဒပြတဲ့အခါမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ် ”လို့ ပခုက္ကူပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂကဥက္ကဌ ကိုကျော်ဖြိုးဟိန်းကပြောပါတယ်။ အဲ့ဒီလို ဆန္ဒပြတောင်းဆိုတဲ့အခါမှာ ပခုက္ကူပညာရေးကောလိပ်က ကျောင်းသားကျောင်းသူများ၊ ကျောင်းသားသမဂ္ဂများ ကွန်ရက် (ပခုက္ကူ) မှ ကျောင်းသားကျောင်းသူတွေသာမက အဲ့ဒီကောလိပ်မှာ ကျောင်းပြီးသွားပြီးတော့ အခြေခံပညာမှာ ဆရာ၊ဆရာမအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ဆရာမတွေပါ ပူးပေါင်းပါဝင်ခဲ့တဲ့အတွက် လူဦးရေ ၅၀၀ကျော် ပါဝင်ဆန္ဒပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဆန္ဒပြတဲ့အခါမှာ အတန်းငယ်များအား…
Read More
ပြည်သူနဲ့နိုင်ငံရေးအမြင်ဖလှယ်တာဟာ နိုင်ငံရေးတာဝန်တစ်ခုဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
တမူး၊ ဇန်နဝါရီ ၂၃-၂၀၂၀ ဂေါင်ဂေါင်(VOM) တမူးခရိုင်၊ ကဘော်ချိုင်ဝှမ်းမြို့တော်၊ တမူးမြို့ကို ဒီကနေ့မနက်ပိုင်းက ပထမဆုံးအကြိမ်ရောက်ရှိလာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တမူးမြို့ခံပြည်သူတွေနဲ့တွေ့ဆုံချိန်မှာ နိုင်ငံရေးလုပ်နေတာဟာ ပြည်သူနဲ့နိုင်ငံရေးအမြင်ကိုဖလှယ်ဖို့ တာဝန်တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ “ကျွန်မတို့ နိုင်ငံရေးလုပ်နေတာဟာ ပြည်သူနဲ့နိုင်ငံရေးအမြင်ကိုဖလှယ်ဖို့ တာဝန်တစ်ခုဖြစ်ပြီး တာဝန်လို့ပြောတာထက် စိတ်ချမ်းသာလဲဖြစ်ပါတယ်၊ ပြည်သူနဲ့ထိတွေပြီး ပြည်သူရဲ့လိုအပ်ချက်ကို ဖြည့်စည်းနိုင်ခွင့်ရရှိပြီး ပြည်သူအတွက်တာဝန်ကို လိုလိုလားလားထမ်းဆောင်တာ ဖြစ်ပါတယ်။ တမူးမြို့က နယ်စပ်မြို့ဖြစ်တဲ့အတွက် အခြားနယ်စပ်မဟုတ်တဲ့မြို့တွေထက် တစ်ဖက်နိုင်ငံကအခြေအနေကို ပိုပြီးသိနိုင်ပြီး၊ ကောင်းတာတွေကို အတုယူနိုင်ပြီး၊ မကောင်းတာတွေကိုရှောင်နိုင်ပါတယ်။ တဖက်နိုင်ငံမှလဲ ကျွန်မတို့ဆီကနေ နမူနာယူစရာရှိပါတယ်”လို့ပြောခဲ့တာ ဖြစ်ပါတယ်။ ပြည်သူအများကြီးနဲ့ထိတွေခွင့်ရတာ ကျေနပ်စရာကောင်းပြီး လူထုနဲ့တွေ့ဆုံတဲ့ ခန်းမဆောင်အပြင်ဘက်မှာ အတိုင်ပင်ခံနဲ့တွေ့ဖို့စောင့်နေတဲ့သူများတဲ့အတွက် တတ်နိုင်ရင် ခန်းမထဲမဟုတ်ဘဲ ကွင်းပြင်လိုနေများမျိုးဆို ပိုကောင်းမယ်လို့ိလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာဖြစ်ပါတယ်။ အတိုင်ပင်ခံ နဲ့ ပြည်သူလူထုတွေ့ဆုံပွဲမှာ ခန်းမထဲဝင်ခွင့်ရတဲ့သူတွေက တင်ပြချက်တွေ တင်ပြကြတဲ့အခါမှာ အချိန်မလုံလောက်တဲ့အတွက် သက်ဆိုင်ရာဝန်ကြီးတွေက ဖြေကြားပေးခဲ့တာလည်း…
Read More
လူထုဗဟိုပြုစီမံကိန်း တိုးချဲ့ရွေးချယ်ရာ အုတ်ဖိုမြို့နယ်ရရှိ
ပဲခူး၊ ဇန်နဝါရီ ၂၃-၂၀၂၀ မိုးယံ(VOM) ပဲခူးတိုင်း၊ ပဲခူးမြို့၊ မြို့တော်ခန်းမမှာ ဒီကနေ့မနက်ပိုင်းက ပဲခူးတိုင်းအတွင်း လူထုဗဟိုပြုစီမံကိန်း တိုးချဲ့ရွေးချယ်၊ အကြံဉာဏ်ရယူတဲ့အခမ်းအနားကျင်းပရာမှာ လူထုဗဟိုပြုစီမံကိန်းတိုးချဲ့မယ့် မြို့အဖြစ် အုတ်ဖိုမြို့နယ်ကနေ ရရှိခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်တဲ့ လူထုဗဟိုပြုစီမံကိန်းကို ပဲခူးတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မြို့နယ်တွေအထဲက မြို့နယ်(၁)မြို့နယ်ကို ထပ်မံရွေးချယ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် သတ္တမနှစ်စက်မှာ လုပ်ငန်းအကောင်အထည်ဖော်နိုင်ဖို့အတွက် အကြံဉာဏ်ရယူ ဆွေးနွေးရွေးချယ်ကြရာမှာ အုတ်ဖိုမြို့နယ်က ရ ရှိခဲ့တာဖြစ်ပါတယ်။ ‟ကျွန်မတို့ လူထုဗဟိုပြုစီမံကိန်းဟာ ကမ္ဘာ့ဘဏ်ရဲ့အထောက်အပံငွေ၊ နည်းပညာ နိုင်ငံတော်ရဲ့ထောက်ပံ့မှုတွေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာ ၂၀၁၃ခုနှစ်ကစပြီး ယခုအချိန်ထိ (၆၃)မြို့နယ်ရှိပါပြီ။ ဒီနေ့ကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ ရံပုံငွေထပ်မံရရှိတဲ့အတွက် (၁၃)မြို့နယ်တိုးချဲ့မှာဖြစ်လို့ နေပြည်တော်အပါအဝင် ကယားစတဲ့ တစ်မြို့နယ်စီ တိုးသွားမှာဖြစ်လို့ မြို့နယ်ရွေးချယ်ဖို့ ကျင်းပတာဖြစ်တယ်”လို့ ပဲခူးတိုင်း ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး…
Read More
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ဖို့ ဝူဟန်မြို့ဝင်ထွက်ခွင့်ကို ပိတ်ပင်
ပေကျင်း၊ ဇန်နဝါရီ-၂၃-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ဖို့အတွက် ရောဂါစတင်ဖြစ်ပွားရာ လူဦးရေ ၁၁ သန်းနေထိုင်တဲ့ ဝူဟန်မြို့ရဲ့သယ်ယူပို့ဆောင်ရေးစနစ်တွေကို ယာယီပိတ်သိမ်းလိုက်ပြီး မြို့ဝင်ထွက်ခွင့်ကိုလည်း ပိတ်ပင်လိုက်ပြီဖြစ်ပါတယ်။ တရုတ်နှစ်သစ်ကူးကာလမှာ တရုတ်နိုင်ငံသားသန်းပေါင်းများစွာ ခရီးသွားလာကြမယ့် သီတင်းပတ်အတွင်း ဝူဟန်မြို့မှာနေထိုင်သူတွေကို မြို့ပြင်ထွက်သွားလာတာတွေမပြုဖို့ကိုလည်း တာဝန်ရှိသူတွေက အကြံပြုထားပါတယ်။ အဆုတ်ရောင်ရောဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံရှိ အခြားဒေသတွေကိုလည်း ကူးစက်ပျံ့နှံ့နေပြီး အမေရိကန်နိုင်ငံနဲ့ အခြားနိုင်ငံအချို့မှာလည်း ဖြစ်ပွားနေကာ လက်ရှိမှာတော့ ရောဂါကူးစက်ခံရသူ ၅၀၀ ကျော်ရှိနေပြီး လူ ၁၇ ဦးသေဆုံးသွားပြီဖြစ်ပါတယ်။ အဲဒီဗိုင်းရပ်စ်ပိုးဟာ အရင်ကလူသားတွေဆီမှာ မဖော်ထုတ်နိုင်သေးတဲ့ ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားအသစ်ဖြစ်ပါတယ်။ ၂၀၀၂-၂၀၀၃ ခုနှစ်တွေအတွင်း ကမ္ဘာတစ်ဝန်းမှာ လူ ၈၀၀ နီးပါးသေဆုံးမှုကို ဖြစ်ပေါ်စေခဲ့တဲ့ ဆားစ်ရောဂါဟာလည်း ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ ဒီအတောအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အရေးပေါ်ကော်မတီအစည်းအဝေးကို ဂျီနီဗာမှာ တစ်ရက်ကြာကျင်းပပြီးနောက် ဗိုင်းရပ်စ်သစ်နဲ့ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ…
Read More
ဦးနေမျိုးကျော်(ခ) ဦးနေဘုန်းလတ်ရဲ့ ဆွေးနွေးချက်
“စာရင်းစစ်ချုပ်ရဲ့ အသေးစိတ်အစီရင်ခံစာက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဥပဒေက ပေးထားတဲ့ ရပိုင်ခွင့်ဖြစ်ပြီး ကိုယ်စားလှယ်တွေကို ဝေမျှခြင်း၊ မဝေမျှခြင်းနဲ့ပတ်သက်လို့ ဝန်ကြီးချုပ်မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး” ဇန်နဝါရီ ၂၃၊ ၂၀၂၀ အောင်ထူးနိုင်(VOM) ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရဲ့ ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးစစ်ဆေးတွေ့ရှိချက်အစီရင်ခံစာအပေါ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဆွေးနွေးနေကြပါပြီ၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်(၁)က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ) ဦးနေဘုန်းလတ်ရဲ့ ဆွေးနွေးချက်ကို ကြည့်ရှုနိုင်ပါပြီ။ #VOM #voiceofmyanmar #ရန်ကုန်လွှတ်တော် #စာရင်းစစ်ချုပ်#အစီရင်ခံစာ Zawgyi “စာရင်းစစ်ချုပ်ရဲ့ အသေးစိတ်အစီရင်ခံစာက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဥပဒေက ပေးထားတဲ့ ရပိုင်ခွင့်ဖြစ်ပြီး ကိုယ်စားလှယ်တွေကို ဝေမျှခြင်း၊ မဝေမျှခြင်းနဲ့ပတ်သက်လို့ ဝန်ကြီးချုပ်မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး” ဇန်နဝါရီ ၂၃၊ ၂၀၂၀ အောင်ထူးနိုင်(VOM) ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရဲ့ ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးစစ်ဆေးတွေ့ရှိချက်အစီရင်ခံစာအပေါ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဆွေးနွေးနေကြပါပြီ၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်(၁)က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ) ဦးနေဘုန်းလတ်ရဲ့ ဆွေးနွေးချက်ကို…
Read More
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲပြုလုပ်
Read More
ရန်ကုန်စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာအပေါ် တိုင်းလွှတ်တော် အမျိုးသမီးကိုယ်စားလှယ်တွေ ပြင်းပြင်းထန်ထန် ထောက်ပြဆွေးနွေး
ရန်ကုန်စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာအပေါ် တိုင်းလွှတ်တော် အမျိုးသမီးကိုယ်စားလှယ်တွေ ပြင်းပြင်းထန်ထန် ထောက်ပြဆွေးနွေး ရန်ကုန်၊ ဇန်နဝါရီ ၂၃၊ ၂၀၂၀ အောင်ထူးနိုင်(VOM) ရန်ကုန်တိုင်းဒေသကြီးစာရင်းစာချုပ်ရဲ့ ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေက ပြင်းပြင်းထန်ထန် ထောက်ပြဆွေးနွေးနေကြပါတယ်။ “ကျပ် ဘီလီယံ ၃၀ နဲ့ လစ်မစ်တစ်တင်ဒါ ခေါ်ယူထားတဲ့ ၂၅ မဂ္ဂါဝပ် မီးစက်ဝယ်ယူထားတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်ပြီးတော့ တစ်ဦးတစ်ယောက်ကို အခွင့်အရေးပေးခြင်းဟာလည်း ပြည်သူ့ဘဏ္ဍာငွေ ဆုံးရှုံးနစ်နာမှုဖြစ်ကြောင်း တင်ပြလိုပါတယ်”လို့ ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ်(၁)မှ ဒေါ်စန္ဒာမင်းက ပြောပါတယ်။ စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာအရ စစ်ဆေးတွေ့ရှိချက်တွေကို တစ်နှစ်လုံးအနေနဲ့ ပြောရရင် နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်တွေလျော့နည်း ရရှိနေတယ်၊ ကိုယ်ပိုင်အဆောက်အဦ ငှားရမ်းခြင်းမှ ရရှိတာတွေ၊ ပစ္စည်းခွန်ကောက်ခံရရှိတာတွေ၊ မြေငှားရမ်းမှုတွေအပေါ် ကာလပေါက်ဈေးနဲ့ကိုက်ညီမှုမရှိတာတွေ၊ စက်သုံးဆီဇယားတွေကနေ ပစ္စည်းခွန်စည်းကြပ်ကောက်ခံမှု လျော့နေတဲ့…
Read More