(၂၀၂၀)သင့်မြတ်ခြင်းနဲ့ ငြိမ်းချမ်းရေးကြိုဆိုပွဲကျင်းပပြုလုပ်
Read More
အခြေခံပညာသင်ကာလ မတ်လကုန်အထိ တိုးမြှင့်သတ်မှတ်တာကို ကန့်ကွက်တဲ့ လှုပ်ရှားမူ ကော်မတီ သုံးခု ပေါင်းပြီး အရှိန်မြှင့် လုပ်ဆောင်သွားမယ်
အခြေခံပညာသင်ကာလ မတ်လကုန်အထိ တိုးမြှင့်သတ်မှတ်တာကို ကန့်ကွက်တဲ့ လှုပ်ရှားမူ ကော်မတီ သုံးခု ပေါင်းပြီး အရှိန်မြှင့် လုပ်ဆောင်သွားမယ် ရန်ကုန်-ဇန်နဝါရီ ၁၄-၂၀၂၀ စွဲ့ဝတီ(VOM) အခြေခံပညာသင်ကာလ မတ်လကုန်အထိ တိုးမြှင့်သတ်မှတ်တာကို ကန့်ကွက်တဲ့ လှုပ်ရှားမူ ကို ဖဲကြိုးစိမ်း လှုပ်ရှားမူ ဦးဆောင်ကော်မတီ၊ အခြေခံပညာ ပညာရေးလုပ်သား သမဂ္ဂများ ၊ ဗဟို အလုပ်အမူဆောင်ကော်မတီ၊ တက္ကသိုလ် ဆရာသမဂ္ဂ ကိုယ်စားပြုကော်မတီ တို့ပူးပေါင်းကာ ကော်မတီသုံးခုပေါင်းပြီး အရှိန်မြှင့် လုပ်ဆောင် သွားမယ်လို့ သိရပါတယ်။ အခြေခံပညာကဏ္ဍ၌ မတ်လကုန်အထိ စာသင်ကာလ သတ်မှတ်ခြင်းနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို သထုံလမ်း၊ မဟော်သဓာဆောင် ၊ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ရုံးခန်း မှာ ဒီနေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့အနေနဲ့ အခု ဇန်နဝါရီ ၁၄ရက်ကနေ ၂၄ရက်အတွင်းမှာ ဖဲကြိုးစိမ်း…
Read More
ဖျာပုံ ကျားဖောင်‌လုပ်ငန်းအတွက် ရောင်းစားခံရတဲ့ လူငယ် ၇ ဦးထပ်မံပေါ်ထွက်၊ ၁ ဦးသေဆုံး ၊၅ ဦးပျောက်ဆုံးနေ
ဖျာပုံ ကျားဖောင်‌လုပ်ငန်းအတွက် ရောင်းစားခံရတဲ့ လူငယ် ၇ ဦးထပ်မံပေါ်ထွက်၊ ၁ ဦးသေဆုံး ၊၅ ဦးပျောက်ဆုံးနေ ဖျာပုံ ဇန်နဝါရီ ၁၄ သိင်္ဂီ(VOM) ဖျာပုံ ကျားဖောင်‌လုပ်ငန်းအတွက် ရောင်းစားခံရတဲ့ လူငယ် ၇ ဦးထပ်မံပေါ်ထွက်လာပြီး ယင်း၇ဦးအနက် တစ်ဦးသာပြန်လည်လွတ်မြောက်ပြီး ၅ ဦးပျောက်ဆုံးကာ တစ်ဦးကတော့ သေဆုံးသွားပြီလို့ ဒီကိစ္စကို ကူညီ ဆောင်ရွက်နေသူ ဒေါ်ယမင်း ပြောဆိုချက်အရသိရပါတယ်။ ပဲခူးက လူငယ် ၇ ဦးဟာ ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာဘက်က ကျားဖောင်လုပ်ငန်းမှာ ရောင်းစားခံခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာ ကျော်မင်းထွန်းတစ်ယောက်သာ လွတ်မြောက်လာပြီး သေဆုံးသွားတဲ့လူအတွက်ကိုတော့ လျော်ကြေးငွေသဘော ၈၀၀၀၀၀ ကျပ်ရရှိခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်ညိမ်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာပဲ တွေ့ဆုံခဲ့တယ်။ အဲ့မှာစာချုပ်ပြတော့ အလုပ်ရှင်အလုပ်သမားစာချုပ်မဟုတ်ဘူး ငွေချေးငွေငှား သဘောမျိုးတွေ့ရတယ်။ အဲ့ဒီမှာအခြေအတင်ဖြစ်ပြီး ကလေးကိုထားခဲ့ဖို့လုပ်တယ်။ လူကုန်ကူးနဲ့စကားပြောမယ် ဆိုပြီး ဖြစ်တယ်။ဒါပေမယ့် ကလေးကထားမခဲ့ပါနဲ့ ငိုပါတယ်…
Read More
တရုတ်မှာဖြစ်ပွားနေတဲ့ ထူးဆန်းတဲ့တုပ်ကွေးရောဂါကူးစက်ခံရသူ ထိုင်းလေဆိပ်မှတွေ့ရှိ
တရုတ်မှာဖြစ်ပွားနေတဲ့ ထူးဆန်းတဲ့တုပ်ကွေးရောဂါကူးစက်ခံရသူ ထိုင်းလေဆိပ်မှတွေ့ရှိ ဘန်ကောက်၊ ဇန်နဝါရီ-၁၄-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံ ဝူဟန်မြို့မှာဖြစ်ပွားနေတဲ့ ထူးဆန်းတဲ့တုပ်ကွေးရောဂါ ကူးစက်ခံထားရသူအမျိုးသမီးတစ်ဦးကို ဘန်ကောက်လေဆိပ်မှာ တွေ့ရှိခဲ့တယ်လို့ ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အသက် ၆၁ နှစ်အရွယ်အမျိုးသမီးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထိုင်းလေဆိပ်ကိုရောက်ရှိချိန်မှာ ကိုယ်အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်ကိုကျော်နေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာပြသနာတွေလည်း ဖြစ်ပွားနေခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ သူမဟာ တရုတ်နိုင်ငံ ဟူဘိုင်ပြည်နယ်ရှိ မြို့ကနေပြန်လာတဲ့ ခရီးသွားအဖွဲ့တွေထဲက တစ်ဦးဖြစ်ပြီးလက်ရှိမှာတော့ ကျန်းမာရေးအခြေအနေတည်ငြိမ်နေတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ဝူဟန်မြို့မှာဖြစ်ပွားနေတဲ့ ထူးဆန်းတဲ့ တုပ်ကွေးရောဂါဟာ ကူးစက်ပိုးကြောင့် ဖြစ်ဖွယ်ရှိနေပါတယ်။ ထိုင်းနိုင်ငံလေဆိပ်တွေမှာ လူ့ခန္ဓာကိုယ်အပူချိန်ကို သိရှိထောက်လှမ်းနိုင်တဲ့ အထူးပုံရိပ်ကိရိယာတွေ တပ်ဆင်ထားပါတယ်။ တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ထူးဆန်းတဲ့တုပ်ကွေးရောဂါနဲ့ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေဟာ ဇန်နဝါရီ ၃ ရက်ကစပြီး ဝူဟန်မြို့ကပြန်လာတဲ့ ခရီးသွားတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်။ Ref : NHK Photo:…
Read More
ကယ်ဆယ်ရေးစခန်းတွေမရှိလို့ အမ်းက စစ်ဘေးရှောင်တွေ စားဝတ်နေရေးအခက်တွေ့နေ
ကယ်ဆယ်ရေးစခန်းတွေမရှိလို့ အမ်းက စစ်ဘေးရှောင်တွေ စားဝတ်နေရေးအခက်တွေ့နေ အမ်း၊ ဇန်နဝါရီ ၁၄- ၂၀၂၀ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ အစိုးရကဖွင့်ပေးထားတဲ့ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွေမရှိတာကြောင့် စစ်ဘေးဒုက္ခသည်တွေဟာ စားဝတ်နေရေး၊ ကျန်းမာရေးကအစ အခက်အခဲတွေနဲ့ ကြုံတွေ့နေကြောင်းသိရပါတယ်။ အဲ့ဒီ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ အမ်းမြို့နယ် ဒလက်နဲ့ မဲလက်မောင်းကျေးရွာဖက်က ပိုများပြီး ဒါးလက်ဟောင်း၊ ကဇုကိုင်းကျေရွာအုပ်စု အုန်းနီချောင်းကျေးရွာ၊ ဖရုံချောင်းကျေးရွာတို့မှ စစ်ဘေးရှောင်ဒုက္ခသည်စုစုပေါင်း ၃၈၄ ယောက်ရှိကြောင်းနဲ့ အမ်းမြို့ အမှတ် (၄) ရပ်ကွက်မှာ ၉၄ ဦး၊ အမ်းမြို့နယ် ဆင်ဦးတိုက်ကျေးရွာ၊ ကဇုကိုင်းကျေးရွာနဲ့ ဆင်တိုးချေ ကျေးရွာတို့မှာ ၁၁၁ ဦးရှိပြီး အခြားကျေးရွာများသို့ထွက်ပြေးတိမ်းရှောင်နေရကာ၊ မြေပုံမြို့နယ် ကမ်းထောင့်ကြီးမြို့ကိုလည်း ထွက်ပြေးသွားကြောင်းသိရပါတယ်။ အမ်းမြို့ရဲ့ မြို့မအားကကွင်းမှာ ဟိုအရင်တုန်းက အစိုးရကကယ်ဆယ်ရေးစခန်းတစ်ခုဖွင့်ခဲ့တာရှိပေမယ့် ယခုအချိန်မှာအဲ့ဒီကယ်ဆယ်ရေးစခန်းကို ပိတ်ထားကြောင်းသိရပါတယ်။ ” စခန်းတွေကတော့ အစိုးရကတရားဖွင့်ထားတဲ့ စခန်းတွေတော့မရှိဘူး။ အရင်တုန်းကတော့ တစ်ခုဖွင့်ခဲ့တာရှိတယ်။…
Read More
လေတပ်စခန်းမှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုအပြီး ဆော်ဒီတပ်ဖွဲ့ဝင် ၂၁ ဦးကိုအမေရိကန်နှင်ထုတ်
လေတပ်စခန်းမှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုအပြီး ဆော်ဒီတပ်ဖွဲ့ဝင် ၂၁ ဦးကိုအမေရိကန်နှင်ထုတ် ဝါရှင်တန်၊ ဇန်နဝါရီ-၁၄-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်လေတပ်စခန်းတစ်ခုမှာ ပြီးခဲ့တဲ့လကဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုပြီးနောက် ဆော်ဒီတပ်ဖွဲ့ဝင် ၂၁ ဦးကို အမေရိကန်ကနေ နှင်ထုတ်လိုက်ပါတယ်။ အဲဒီတပ်ဖွဲ့ဝင် ၂၁ ဦးဟာ ပစ်ခတ်တိုက်ခိုက်မှုကိုကျူးလွန်ခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ဆော်ဒီလေတပ်က ဒုဗိုလ်မှူးကို ကူညီပေးခဲ့တယ်လို့တော့ စွပ်စွဲခြင်းမခံရပါဘူး။ ဒါပေမယ့် သူတို့ရဲ့ပိုင်ဆိုင်မှုပစ္စည်းတွေထဲမှာ ဂျီဟတ်ဆိုင်ရာ ပစ္စည်းတွေနဲ့ ကလေးငယ်တွေရဲ့ မဖွယ်မရာဓါတ်ပုံတွေ တွေ့ရှိခဲ့တယ်လို့ အမေရိကန်ရှေ့နေချုပ် ဝီလီယံဘားလ်က ပြောပါတယ်။ ဒီဇင်ဘာ ၆ ရက်ကဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုမှာ သင်္ဘောသားသုံးဦးသေဆုံးပြီး ရှစ်ဦးဒါဏ်ရာရရှိခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအပြီးမှာတော့ အမေရိကန်မှာ ဆော်ဒီတပ်ဖွဲ့ဝင်တွေအတွက် လေ့ကျင့်သင်တန်းပေးတာတွေကို ဆိုင်းငံ့ထားခဲ့ပါတယ်။ နာဗယ်လေတပ်အခြေစိုက်စခန်းမှာဖြစ်ပွားခဲ့တဲ့ ဆော်ဒီတပ်ဖွဲ့ဝင်ရဲ့ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ ဇန်နဝါရီ ၁၃ ရက်ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ မစ္စတာဘားလ်က ပြောပါတယ်။ Ref : BBC…
Read More
ယင်းမာပင်မြို့နယ် နေထိုင်သည့်တောင်သူကျားကိုက်ခံရ
ယင်းမာပင်မြို့နယ် နေထိုင်သည့်တောင်သူကျားကိုက်ခံရ ယင်းမာပင် – ဇန်နဝါရီ ၁၄-၂၀၁၉ ရန်နိုင်စိုး စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ညောင်လှကျေးရ‌‌ွာအုပ်စု ကွင်းစိုက်ကျေးရွာ နေထိုင်သူ တောင်သူတစ်‌ဥ‌‌ီးဟာ ကျားအကိုက်ခံရတဲ့အတွက် မုံရွာပြည်သူ့ဆေးရုံကြ‌ီးမှာ ဆေးကုသမှုခံယူ‌နေရပါတယ်။ ကျားကိုက်ခံရတာဟာ ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ် အစပ်ရှိ ၎င်းပိုင်ဆိုင်သည့် လယ်ယာမြေအတွင်းဖြစ်ပြီး ကျားနှင့်တိုက်ခိုက်ခဲ့သည့်အတွက် အခုလို စုတ်ပြဲဒါဏ်ရာများစွာရရှိခဲ့ပါတယ်။ ” ကျနော်က ခွေးဟောင်လို့ သွားကြည့်တာ။ သားဖြစ်သူ ကလေးက ပြေးလာတယ်။အော်လာတာ။ ဝက်ဝ‌ံလား၊ တောဝက်လား ဘာလားလို့ ဓါးကိုင်သွားကြည့်တာ။ ကျားက ခွေးသုံးကောင်နဲ့ တိုက်ခိုက်နေတာ။ လူကိုမြင်တော့ ခုန်အုပ်တာ။ ဓါးကိုင်ရင်း နဘန်းလုံးပစ်တယ်။ သုံးချက်လောက် ထိုးထည့်မိတယ်။ နဘန်းလုံးရတာ ။ ဟိုက ကိုက်တော့ ကျနော်လဲ ခံရတာပဲ။ ကျားကတော့ ပြေးသွားတယ်။ ကျနော်က ဒါဏ်ရာနဲ့ ကျန်ခဲ့တာ” လို့ ကျားကိုက်ခံရသူ ဦးကျော်ဆန်းက ပြောပါတယ်။…
Read More
ပုံနှိပ်မီဒီယာတွေ ရေရှည်ရပ်တည်ဖို့ မီဒီယာကောင်စီက အောင်မြင်အောင်ဆောင်ရွက်သွားမယ်
ပုံနှိပ်မီဒီယာတွေ ရေရှည်ရပ်တည်ဖို့ မီဒီယာကောင်စီက အောင်မြင်အောင်ဆောင်ရွက်သွားမယ် ရန်ကုန်၊ ဇန်နဝါရီ ၁၄ ၊ ၂၀၂၀ အောင်ထူးနိုင်(VOM) ပုဂ္ဂလိကပုံနှိပ်မီဒီယာတွေ ရေရှည်ရပ်တည်နိုင်ဖို့ အောင်မြင်အောင်ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီဦးအုန်းကြိုင်က VOM ကို ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၂ ရက်နေ့က ပုံနှိပ်မီဒီယာကဏ္ဍရေရှည်ရပ်တည်ရေးအတွက် ဆွေးနွေးပွဲကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ဦးဆောင်ပြုလုပ်ခဲ့ပြီး ရရှိလာတဲ့ဆွေးနွေးချက်တွေကို ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ပြန်ကြားရေးဝန်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်နဲ့ တွေ့ဆုံပွဲမှာ တင်ပြခဲ့တဲ့အပေါ် ဘယ်လိုရလဒ်တွေ ရရှိခဲ့သလဲဆိုတာကို VOM ရဲ့ မေးမြန်းမှုကို ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။ “နိုင်ငံတော်အစိုးရဘက်က ပူးပေါင်းဖြေရှင်းပေးမယ်ဆိုရင် ဘာမှအခက်အခဲရှိစရာမရှိဘူး။ ငွေကြေးဆိုလည်း တို့ မြင်သလောက် အကြံဉာဏ်ပေးရရင် အစိုးရက မထောက်ပံ့နိုင်ရင်တောင် ဘဏ်က ငွေချေးလို့ရတယ်။ ဒါတွေ စီစဉ်ပေးရင် ဖြစ်တယ်။ ဒါတွေက အားလုံးပူးပေါင်းဆောင်ရွက်သွားမယ်၊ အဓိကတော့ ဒီနေ့ကာလမှာ…
Read More
ကန်ကြီးထောင့်ဟွာမူန် အထည်ချုပ်သပိတ်ပြေလည်မူရ
ကန်ကြီးထောင့်ဟွာမူန် အထည်ချုပ်သပိတ်ပြေလည်မူရ ကန်ကြီးထောင့် ဇန်နဝါရီ-၁၄-၂၀၂၀ ကိုအောင် (VOM) ဧရာဝတီတိုင်း ကန်ကြီးထောင့် ဟွာမူန်အထည်ချုပ်စက်ရုံ သပိတ်မှောက်အလုပ်သမားတွေနဲ့ အလုပ်ရှင် ၊ အစိုးရအဖွဲ့၊ ဇန်နဝါရီ ၁၃ ရက်မနေက့တွေ့ဆုံဆွေးနွေးခဲ့ကြပြီး သဘောတူစာချုပ် ချုပ်ဆိုနိင်ခဲ့တယ်လို့သိရပါတယ်။ သပိတ်မှောက်အလုပ်သမားတွေဘက်က တောင်းဆိုချက်တွေရရင် သပိတ်မှောက်တာရပ်ဆိုင်းဖို့ဆုံးဖြတ်ခဲ့ပေမယ့် အလုပ်ရှင်တရုတ်နိင်ငံသားဘက်က စာချုပ်မှာ အချက်တချို့ထည့်သွင်းခဲ့တာကြောင့် ညပိုင်းအထိအကြိမ်ကြိမ်ညှိနိူင်းခဲ့ရပါတယ်။ နောက်ဆုံးမှာ ဧရာဝတီတိုင်းအစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမူ နည်းအရ အစိုးရအဖွဲ့က မလိုအပ်တဲ့စာတွေကို ဖြုတ်ပီး ဖြေရှင်းနိင်ခဲ့တယ်လို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ လူဝင်မူကြီးကြပ်ရေးနဲ့ လူစွမ်းအားအရင်းမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းကပြောပါတယ်။ “တစ်ဖက်နဲ့တစ်ဖက်ကညမိုးချုပ်တဲ့အထိပြေလည်မူမရသေးတာနဲ့မလိုအပ်တာတွေကို အစိုးရရဲ့စီမံခန့်ခွဲမူ လုပ်ပိုင်ခွင့်နည်းနဲ့ဖြေရှင်းခဲ့နိင်ခဲပြီနစ်ဘက်လုံးကျေနပ်ကြပါတယ်”လို့ပြောပါတယ်။ ခုလိုဖြေရှင်းပေးလိုက်နိင်တဲ့အပေါ် အလုပ်သမားကိုယ်စားလှယ်ဖြစ်သူ ဒေါ်ခခက ခုလိုပြောပါတယ်။ “ခုလို အလုပ်သမားတွေ တောင်းဆိုချက်တွေရအောင်မျှမျှတတ ဆုံးဖြတ်ပေးတဲ့အတွက် အလုပ်သမားတွေဘက်က ကျေကျေနပ်နပ်လက်ခံပါတယ်”လို့ပြောပါတယ်။ ကန်ကြီးထောင့်မြို့ဟွာမူန်အထည်ချူပ်စက်ရုံကအလုပ်သမား၅၀၀ခန့်ဟာ တိုင်းခုံသမာဓိအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကိုမကျေနပ်လို့ သပိတ်မှောက်နေကြတာဖြစ်ပြီး သပိတ်ဟာ (၃၆) ရက်ကြာမြင့်ခဲ့ပြီးနောက် ခုလိုပြေလည်သွားလို့ သပိတ်စခန်းပိတ်သိမ်းလိုက်ပြီဖြစ်ပါတယ်။ #Voiceofmyanmar #VOM…
Read More
ဟင်္သာတမြို့ ချစ်သူလမ်းကြားက လူသတ်အလောင်းဖျောက်ကျူးလွန်သူတွေကို အမိန့်ချမှတ်
ဟင်္သာတမြို့ ချစ်သူလမ်းကြားက လူသတ်အလောင်းဖျောက်ကျူးလွန်သူတွေကို အမိန့်ချမှတ် ဟသာၤတ ဇန်နဝါရီ ၁၃-၂၀၂၀ ကိုအောင်(VOM) ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ ဟင်္သာတတက္ကသိုလ်အနီးက ချစ်သူလမ်းကြားမှာ၂၀၁၆ခုနစ်က ဖြစ်ပွားခဲ့တဲ့ လူသတ်အလောင်းဖျောက်မှုက တရားခံတွေ ဖြစ်ကြတဲ့ကိုသန်းဇော်က ိုမသေမချင်းကြိုးကွင်းစွပ်သတ်ရန် နဲ့ အားပေးကူညီ ပူးပေါင်းသူ မနှင်းပွင့်ဖြူကို အလုပ်ကြမ်းနှင့် ထောင် ၇ နှစ် ကျခံစေရန် ဟင်္သာတခရိုင်တရားရုံး ဒုခရိုင်တရားသူကြီး မှ အမိန့်ခဲ့တာပါ။ “ဟင်္သာတခရိုင်တရားရုံးက ၂၀၁၆ ခုနှစ် ရာဇဝတ်ကြီး အမှုအမှတ် ၁၆ ၊ တရားလို ဒုရဲမှူး မောင်မောင်အေးနဲ့ တရားခံ သန်းဇော်ပါ ၂ ဦးကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၂၀၁ အရ စွဲဆိုမှုကို ၃၁ ရက် ၁ လ ၂၀၁၆ မှာ ဟင်္သာတခရိုင်တရားရုံးကို စွဲဆိုပြီးတဲ့နောက် ယနေ့ ၁၃ ရက်…
Read More