ဂမ္ဘီယာ ႏွင့္ ျမန္မာ အမႈ

The Gambia v Myanmar
ဂမ္ဘီယာ ႏွင့္ ျမန္မာ အမႈ

၂၅ ႏိုဝင္ဘာ ၂၀၁၉

တင္ထားေဆြ

 

ျမန္မာႏိုင္ငံအေပၚ အျပည္ျပည္ဆိုင္ရာတရား႐ုံးမွာ ဂမ္ဘီယာႏိုင္ငံက တရားစြဲဆိုထားတဲ့အမႈ နဲ႔စပ္လ်ဥ္းၿပီး လိုက္နာရမယ့္ ဥပေဒ ကန႔္သတ္ခ်က္ေတြရွိပါတယ္။

ဒီဥပေဒကန႔္သတ္ခ်က္ေတြကဘာေတြလဲ၊ ဒီဥပေဒကန႔္သတ္ခ်က္ေတြကို ဂမ္ဘီယာက ရင္ဆိုင္ေျဖရွင္းဖို႔ဘာေတြလိုသလဲ၊
The European Journal of International Law ဘေလာ့ခ္မွာေဖာ္ျပထားတဲ့ဥပေဒဆိုင္ရာသုေတသီ Thomas Van Poecke, Marta Hermez နဲ႔ Jonas Vernimmen တို႔ရဲ႕ေဆာင္းပါးကို မွီျငမ္းၿပီးေဆြးေႏြး တင္ျပပါမယ္။

အျပည္ျပည္ဆိုင္ရာတရား႐ုံး International Court of Justice, ICJ ဆိုတာဘာလဲ

အျပည္ျပည္ဆိုင္ရာတရား႐ုံးက ကုလသမဂၢရဲ႕တရားစီရင္ေရးဆိုင္ရာအဖြဲ႕အစည္းျဖစ္ပါတယ္။ ကုလသမဂၢပဋိညာဥ္နဲ႔အညီ၁၉၄၅ ဇြန္လမွာ အျပည္ျပည္ဆိုင္ရာတရား႐ုံးကိုဖြဲ႕စည္းခဲ့ၿပီး၁၉၄၆ခုႏွစ္ မွာလုပ္ငန္းစတင္ပါတယ္။ အျပည္ျပည္ဆိုင္ရာတရား႐ုံးကနယ္သလန္ႏိုင္ငံ သဟိဂ္ၿမိဳ႕၊ ၿငိမ္းခ်မ္းေရးနန္းေတာ္ Peace Palace မွာ႐ုံးစိုက္ပါတယ္။ ICJ က ကုလသမဂၢရဲ႕ပင္မအဖြဲ႕အစည္း၆ခု ထဲက ဥေရာပမွာ ႐ုံးစိုက္တဲ့ တစ္ခုတည္းေသာ ကုလသမဂၢအဖြဲ႕ ျဖစ္ပါတယ္။ က်န္ငါးဖြဲ႕က အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕မွာ႐ုံးစိုက္ပါတယ္။

အျပည္ျပည္ဆိုင္ရာတရား႐ုံးတာဝန္ေတြကဘာလဲ

• ကုလသမဂၢ အဖြဲ႕ဝင္ ႏိုင္ငံေတြ တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံၾကား ဥပေဒေၾကာင္း ဆိုင္ရာ အျငင္းပြားမႈရွိလို႔ တင္ျပတင္လာရင္ အျပည္ျပည္ဆိုင္ရာတရားဥပ‌‌‌ေဒနဲ႔အညီ လက္ခံၾကားနာၿပီး ေျဖရွင္းေပးရန္
• ကုလသမဂၢအဖြဲ႕အစည္းေတြနဲ႔ ကုလသမဂၢအထူးအဖြဲ႕အစည္း ေတြကတင္ျပလာတဲ့ ဥပေဒေၾကာင္းဆိုင္ရာ ေမးျမန္းခ်က္ေတြအေပၚ အႀကံဉာဏ္ေပးရန္

အျပည္ျပည္ဆိုင္ရာတရား႐ုံးကို ကမာၻအဆင့္ျမင့္ဆုံး တရား႐ုံးလို႔လည္း တင္စား ေခၚေဝၚ တတ္ပါတယ္။

အျပည္ျပည္ဆိုင္ရာတရား႐ုံးICJမွာျမန္မာႏိုင္ငံကိုစြဲတဲ့အမႈ

ျမန္မာႏိုင္ငံက ‘’ကုလသမဂၢ လူမ်ိဳးသုဥ္း သတ္ျဖတ္မႈ တားဆီးေရးနဲ႔ အေရးယူအျပစ္ေပးေရး ဆိုင္ရာ သေဘာတူညီခ်က္’’ “The Convention on the Prevention and Punishment of the Crime of Genocide (Genocide Convention)” ကို လက္မွတ္ထိုးထားတဲ့ ႏိုင္ငံျဖစ္ေပမယ့္ ႐ိုဟင္ဂ်ာအေရးကိစၥမွာ ျမန္မာက “ဂ်ီႏိုဆိုက္သေဘာတူညီခ်က္”ကို လိုက္နာဖို႔ပ်က္ကြက္တယ္လို႔ ယူဆရတဲ့အတြက္ “အစၥလာမ္မစ္ ႏိုင္ငံမ်ား ပူးေပါင္းေဆာင္႐ြက္ေရး” ‘’Organisation of Islamic Corporation, OIC’’ အဖြဲ႕ရဲ႕ ကိုယ္စား ဂမ္ဘီယာသမၼတႏိုင္ငံက ျမန္မာကိုအေရးယူေပးဖို႔ အျပည္ျပည္ဆိုင္ရာတရား႐ုံးကို ၂၀၁၉ႏိုဝင္ဘာလ၁၁ရက္ေန႔ကဦးတိုက္ေလွ်ာက္ထားပါတယ္။

ျမန္မာအစိုးရအားေပးေထာက္ခံမႈနဲ႔ ႐ိုဟင္ဂ်ာ လူနည္းစုမြတ္စလင္ေတြ လူမ်ိဳးတုံးေအာင္ သတ္ျဖတ္မႈေတြမွာ ႏိုင္ငံတကာဥပေဒအရ ျမန္မာႏိုင္ငံကတာဝန္ရွိမရွိကို တရား႐ုံးက ၾကားနာ ေပးမွာျဖစ္ပါတယ္။

ျမန္မာအစိုးရဟာ၂၀၁၆ ခုႏွစ္‌ ေအာက္တိုဘာလမွ ၂၀၁၇ ခုႏွစ္ဇႏၷဝါရီလအထိတစ္ႀကိမ္ ၂၀၁၇ခုႏွစ္ ဩဂုတ္လမွာ တေက်ာ့ျပန္စခဲ့တဲ့ ျမန္မာလုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြရဲ႕ “နယ္ေျမရွင္းလင္းမႈစစ္ဆင္ေရး” အတြင္း သတ္ျဖတ္မႈ၊ အဓမၶက်င့္မႈနဲ႔ ႐ြာေတြကို မီးရႈိ႕ဖ်က္ဆီးမႈ အစရွိတဲ့က်ဴးလြန္မႈမ်ားနဲ႔ ႐ိုဟင္ဂ်ာလူမ်ိဳးစုတစ္ခုလုံးျဖစ္ေစ တစိတ္တပိုင္းျဖစ္ေစ ဖ်က္ဆီးဖို႔ရည္႐ြယ္ခဲ့တယ္လို႔ ဂမ္ဘီယာႏိုင္ငံကစြပ္စြဲပါတယ္။ ဒီက်ဴးလြန္မႈေတြဟာ “ဂ်ီႏိုဆိုက္သေဘာတူညီခ်က္” ကိုခ်ိဳးေဖာက္ရာေရာက္တယ္လို႔လည္းေထာက္ျပပါတယ္။

ဂမ္ဘီယာႏိုင္ငံရဲ႕ေလွ်ာက္ထားခ်က္ထဲမွာျမန္မာကလူမ်ိဳးတုံးသတ္ျဖတ္မႈက်ဴးလြန္ျခင္းမ်ားအားလုံးရပ္တန႔္ၿပီးေနာက္ထပ္က်ဴးလြန္မႈေတြဆက္မလုပ္ေအာင္တရား႐ုံးကအမိန႔္ထုတ္ျပန္ေပးဖို႔၊ ထိပ္ပိုင္းအစိုးရနဲ႔စစ္တပ္ကအရာရွိေတြ အပါအဝင္ တာဝန္ရွိသူေတြကို ျပစ္ဒဏ္ေပးဖို႔နဲ႔ နစ္နာသူေတြကိုေလ်ာ္ေၾကးေပးဖို႔လည္းပါဝင္ပါတယ္။

ဒါ့အျပင္တရားခြင္မွာအခ်ိန္ကာလတစ္ခုအထိအမႈကိုၾကားနာစစ္ေဆးေနတဲ့အခ်ိန္အတြင္းျမန္မာႏိုင္ငံမွာ ေလာေလာဆယ္ ျဖစ္ေပၚေနတဲ့အေျခအေနကိုပိုဆိုးမလာေအာင္ “ ကာကြယ္ေပးဖို႔ “ၾကားျဖတ္စီမံေဆာက္႐ြက္ခ်က္မ်ား” “Provisional Measure of Protection” ကို ရက္တိုအတြင္း ခ်မွတ္ေပးဖို႔လည္းဂမ္ဘီယာႏိုင္ငံက ေလွ်ာက္ထားပါ တယ္။

“ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္မ်ား” ထုတ္ျပန္ေပးဖို႔ ေလွ်ာက္ထားခ်က္ထဲမွာ မတရား သတ္ျဖတ္မႈ၊ လယ္ယာေျမဖ်က္စီးမႈ၊ ရည္႐ြယ္ခ်က္ရွိရွိအစာေရစာ ေနအိမ္ဖ်က္စီးမႈ အျပင္ လူမ်ိဳးတုံးသတ္ျဖတ္မႈသက္ေသအေထာက္အထားေတြဖ်က္စီးပစ္တာေတြကိုရပ္တန႔္ေပးဖို႔ လည္းပါဝင္ ပါတယ္။

“ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္အမိန႔္” စထုတ္ျပန္တဲ့ေန႔ကစလို႔ ေလးလအတြင္းအေျခအေနေတြတိုးတက္မႈရွိမရွိတရား႐ုံးကိုျပန္အစီရင္ခံရမွာျဖစ္ပါတယ္။

တရား႐ုံးကၾကားျဖတ္စီမံေဆာက္႐ြက္ခ်က္မ်ား ခ်မွတ္ႏိုင္ေရးမွာ လိုအပ္ခ်က္ သုံးခ်က္ရွိပါတယ္

၁။တရားလိုဖက္ကတင္ျပတဲ့အေထာက္အထားေတြကတရား႐ုံးစီရင္ပိုင္ခြင့္အာဏာကိုအေထာက္အကူျပဳတယ္လို႔ယူဆရင္ ( prima facie evidence)
၂။(နစ္နာသူေတြကို)အကာအကြယ္ေပးရမယ့္အေျခအေနရွိႏိုင္တယ္လို႔တရား႐ုံးကလက္ခံရင္
၃။အကာအကြယ္လိုအပ္ေနသူေတြမွာလတ္တေလာ အႏၲရာယ္ရွိေနတယ္လို႔ယူဆရင္

၁။ Prima Facie Jurisdiction ပ႐ိုင္မာေဖစီ စီရင္ပိုင္ခြင့္

တရား႐ုံးက ဥပေဒေၾကာင္းအရ စီရင္ပိုင္ခြင့္ရွိမရွိကိုဆုံးျဖတ္ေပးဖို႔ လိုအပ္ခ်က္တစ္ခုက ဂမ္ဘီယာနဲ႔ ျမန္မာ ႏွစ္ႏိုင္ငံအၾကားမွာ အျငင္းပြားမႈရွိတယ္ဆိုတာကို ဂမ္ဘီယာဖက္က သက္ေသျပရမွာပါ။
ဂမ္ဘီယာႏိုင္ငံဖက္က တင္တဲ့သက္ေသအေထာက္အထား ေတြအထဲမွာ ျမန္မာႏိုင္ငံရဲ႕လုပ္ရပ္ေတြအေပၚစိုးရိမ္ေၾကာင္းေဖာ္ျပထားတဲ့အခ်က္ေတြပါဝင္တဲ့ ‘’ႏိုင္ငံတကာလြတ္လပ္ေသာအခ်က္အလက္ရွာေဖြေရးအဖြဲ႕ (FFM) ‘’ရဲ႕ စုံစမ္း‌တြ႕ရွိခ်က္၊ “အစၥလာမ္မစ္ ႏိုင္ငံမ်ား ပူးေပါင္းေဆာင္႐ြက္ေရး” Organisation of Islamic Corporation (OIC) ရဲ႕ ထုတ္ျပန္ခ်က္ အျပင္ကုလသမဂၢအေထြေထြညီလာခံမွာ ဂမ္ဘီယာႏိုင္ငံကျမန္မာရဲ႕ လူမ်ိဳးတုံး သတ္ျဖတ္မႈေတြကို ရႈတ္ခ်တဲ့အစီရင္ခံစာအပါအဝင္ ‘’လြတ္လပ္ေသာ အခ်က္အလက္ ရွာေဖြေရး အဖြဲ႕ FFM’’ ရဲ႕ အစီရင္ခံစာအေပၚ ျမန္မာအစိုးရကိုယ္စားလွယ္ရဲ႕ ျပန္လွန္ေခ်ပခ်က္ေတြ ပါဝင္ ပါတယ္။

ႏွစ္ႏိုင္ငံအၾကားအျငင္းပြားမႈရွိတယ္ဆိုတာကိုသက္ေသျပဖို႔ သူတို႔အခ်င္းခ်င္းအၾကားမွာအျပန္အလွန္ အဆက္အသြယ္ ရွိတယ္ဆိုတဲ့ အေထာက္အထားလည္းလိုပါတယ္။ ဂမ္ဘီယာႏိုင္ငံကတင္သြင္းတဲ့စာ႐ြက္စာတမ္းေတြထဲမွာျမန္မာအစိုးရနဲ႔တိုက္႐ိုက္အဆက္အသြယ္ရွိတယ္လို႔ေထာက္ျပႏိုင္တဲ့အခ်က္တစ္ခ်က္ရွိပါတယ္။ အဲဒါက ၂၀၁၉ ေအာက္တိုဘာလ၁၁ရက္ေန႔မွာ ကုလသမဂၢဆိုင္ရာ ဂမ္ဘီယာအၿမဲတန္းကိုယ္စားလွယ္အဖြဲ႕က ကုလသမဂၢဆိုင္ရာ ျမန္မာ အၿမဲတန္းကိုယ္စားလွယ္အဖြဲ႕ဆီ စာတိုတစ္ေစာင္ေပးပို႔ခဲ့ပါတယ္။ စာထဲမွာ “ႏိုင္ငံတကာ လြတ္လပ္ေသာအခ်က္အလက္ရွာေဖြေရးအဖြဲ႕ (FFM)” အစီရင္ခံစာ ကို ျမန္မာက လက္မခံ ျငင္းပယ္တာကို ဂမ္ဘီယာအေနနဲ႔ စိုးရိမ္ေၾကာင္း ေဖာ္ျပထားပါတယ္။ ဒီစာနဲ႔ပတ္သက္ၿပီးျမန္မာဖက္ကတစုံတရာတုံ႔ျပန္ရွင္းလင္းျခင္းမရွိပါဘူး။ ဒီလိုျမန္မာဖက္ကတုံျပန္ျခင္းမရွိတဲ့အတြက္ ႏွစ္ႏိုင္ငံအၾကားအျငင္းပြားေနတယ္ေျပာႏိုင္သလို ျမန္မာဖက္ကမတုံ႔ျပန္တဲ့အတြက္ ဘာမွအျငင္းပြားစရာမရွိဘူးလို႔လည္းေျပာႏိုင္ပါတယ္။

တရား႐ုံးစီရင္ထုံးေတြကိုေအာက္ပါလင့္ခ္မွာေလ့လာႏိုင္ပါတယ္။

(South West Africa, Judgment of 21 December 1962, p 328).
(Georgia v Russian Federation, Judgment of 1 April 2011, para 30)
တကယ္လို႔အျငင္းပြားတယ္ဆိုတာကိုသက္ေသမျပႏိုင္ရင္ေတာင္ ဂမ္ဘီယာဖက္က တင္ထားတဲ့ သက္ေသခံစာ႐ြက္စာတမ္းေတြနဲ႔ပဲ တရား႐ုံးမွာစီရင္ပိုင္ခြင့္ရွိတယ္လို႔ ဆုံးျဖတ္မယ္ဆိုရင္လည္း ဆုံးျဖတ္ႏိုင္ပါတယ္။ ဘာျဖစ္လို႔လည္းဆိုရင္ ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္ေတြခ်မွတ္ႏိုင္ဖို႔ ဒုတိယလိုအပ္ခ်က္ကို ပထမလိုအပ္ခ်က္ နဲ႔တြဲၿပီး တဆက္တစပ္တည္း စဥ္းစားေကာင္း စဥ္းစားႏိုင္လို႔ပါ။

၂။(နစ္နာသူေတြကို)အကာအကြယ္ေပးရမယ့္အေျခအေနရွိႏိုင္တယ္လို႔တရား႐ုံးကလက္ခံရင္

ဂမ္ဘီယာဖက္ကေလွ်ာက္လဲခ်က္မွာ

• ျမန္မာႏိုင္ငံမွာေနထိုင္ေနၾကတဲ့႐ိုဟင္ဂ်ာေတြဟာ “ဂ်ီႏိုဆိုက္သေဘာတူညီခ်က္” မွာျပ႒ာန္းထားသလို သက္ဆိုင္ရာအစိုးရရဲ႕ ကာကြယ္ေစာင့္ေရွာက္မႈကို ခံစားခြင့္ရွိသူေတြ ျဖစ္ေၾကာင္း

• ဂမ္ဘီယာက သူတို႔မွာ “erga omnes rights” အယ္ဂါအြမ္စ္ အခြင့္အေရးရွိတယ္၊ ဆိုလိုတာကေတာ့ သူတို႔ဆီမွာ (ဂ်ီႏိုဆိုက္သေဘာတူညီခ်က္) နဲ႔အညီ အဖြဲ႕ဝင္ႏိုင္ငံေတြက ႏိုင္ငံတကာ လူ႔အသိုက္အဝန္းကိုေစာင့္ေရွာက္ရမယ့္တာဝန္ရွိေၾကာင္း

ေဖာ္ျပထားပါတယ္။

ဒီေနရာမွာ ဥပေဒသုေတသီေတြက ပထမအခ်က္က အခ်ဳပ္အျခာအာဏာနဲ႔ ဆိုင္တာေၾကာင့္ တရား႐ုံးက လက္ခံမယ္လို႔မထင္ပါဘူး။ ဒုတိယအခ်က္ကိုေတာ့ အေသအခ်ာေလ့လာသင့္တယ္လို႔ဆိုပါတယ္။

ပထမအခ်က္ကအခ်ဳပ္အျခာအာဏာနဲ႔ဆိုင္တဲ့ကိစၥျဖစ္ေနေတာ့ ဒီအခ်က္ကို အေျခခံၿပီး ႏွစ္ႏိုင္ငံအၾကားမွာ အျငင္းပြားတယ္ လို႔ယူဆဖို႔အေတာ္ခက္ပါတယ္။ ဒါေပမဲ့ဒုတိယအခ်က္ျဖစ္တဲ့ အဖြဲ႕ဝင္ႏိုင္ငံေတြမွာ ႏိုင္ငံတကာလူ႔အသိုက္အဝန္း ကို ေစာင့္ေရွာက္ဖို႔တာဝန္ရွိတယ္ ဆိုတဲ့ အခ်က္နဲ႔ပဲ ႏွစ္ႏိုင္ငံအၾကား အျငင္းပြားေနတယ္လို႔ ယူဆမယ္ဆိုရင္ယူဆလို႔ရႏိုင္တယ္လို႔ ဘယ္ဂ်ီယံ နဲ႔ ဆီနီေဂါ အမႈကိုကိုးကားထားပါတယ္။

Belguim v Senegal (https://www.icj-cij.org/files/case-related/144/144-20120720-JUD-01-00-EN.pdf)

ဘယ္ဂ်ီယံနဲ႔ဆီနီေဂါ (၂၀၁၂) အမႈမွာအိုင္စီေဂ်တရား႐ုံးက ကုလသမဂၢသေဘာတူညီခ်က္ ကို လက္မွတ္ေရးထိုးထားတဲ့ အဖြဲ႕ဝင္ႏိုင္ငံတစ္ခုက သေဘာတူညီခ်က္ ကိုလိုက္နာဖို႔ ပ်က္ကြက္တယ္ဆိုရင္ အေရးယူေပးဖို႔ အဖြဲ႕ဝင္ႏိုင္ငံေတြမွာ ေတာင္းဆိုခြင့္ရွိတယ္လို႔ ဆုံးျဖတ္ထားပါတယ္။

အခုအမႈမွာ ဂမ္ဘီယာဖက္ကတင္ျပထားတဲ့အခ်က္ေတြက”ဂ်ီႏိုဆိုက္သ‌ေဘာတူညီခ်က္” ပါျပ႒ာန္းခ်က္နဲ႔အညီတင္ျပထားတာျဖစ္႐ုံသာမကေသးကဲ ဂ်ီႏိုဆိုက္သေဘာတူညီခ်က္ ရဲ႕ ႏွလုံးသားလို႔ဆိုႏိုင္တဲ့ “erga omnes rights” ‘’အယ္ဂါအြမ္စ္အခြင့္အေရး’’ သို႔မဟုတ္ ‘’အမ်ားအတြက္တာဝန္ခံမႈ’’ မူအရ သူတို႔မွာတာဝန္ရွိတယ္ဆိုတဲ့ အခ်က္ကိုပါ ေထာက္ျပထားပါတယ္။

အဲဒါေၾကာင့္ ဂမ္ဘီယာဖက္ကတင္သြင္းတဲ့ သက္ေသအေထာက္အထားေတြကခိုင္မာတာေၾကာင့္ တရား႐ုံးမွာ တရားစီရင္ပိုင္ခြင့္အာဏာ ရွိတယ္လို႔ဆုံးျဖတ္ႏိုင္ပါတယ္။ တကယ္လို႔ျမန္မာဖက္ကစီရင္ပိုင္ခြင့္နဲ႔ပတ္သက္ၿပီးကန႔္ကြက္ခဲ့မယ္ဆိုရင္လည္း ႏွစ္ဖက္ကတင္တဲ့ သက္ေသအေထာက္အထားေတြကို အေသအခ်ာစိစစ္ၿပီးဆုံးျဖတ္ရမွာျဖစ္ပါတယ္။

၃။အကာအကြယ္လိုအပ္ေနသူေတြမွာလတ္တေလာ အႏၲရာယ္ရွိေနတယ္လို႔ယူဆရင္

ျမန္မာလုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြရဲ႕ “နယ္ေျမရွင္းလင္းမႈစစ္ဆင္ေရး”ေတြမွာ လူမ်ိဳးတုံး သတ္ျဖတ္မႈ ေတြ က်ဴးလြန္ခဲ့တယ္ဆိုတဲ့စြပ္စြဲခ်က္အျပင္ ဒီက်ဴးလြန္မႈေတြဆက္လက္ျဖစ္ပြားေနတယ္လို႔ ၂၀၁၉ စက္တင္ဘာလက ‘’ႏိုင္ငံတကာလြတ္လပ္ေသာအခ်က္အလက္ရွာေဖြေရးအဖြဲ႕ (FFM)’’ ရဲ႕အၿပီးသတ္အစီရင္ခံစာကိုဂမ္ဘီယာကတင္ျပထားပါတယ္။ FFM ရဲ႕အစီရင္ခံစာမွာ ‘’႐ိုဟင္ဂ်ာေတြကို ပစ္မွတ္ထားၿပီး ႐ိုဟင္ဂ်ာဆိုတဲ့ လူမ်ိဳးစုအေထာက္အထားေတြပေပ်ာက္ေအာင္နဲ႔ ႐ိုဟင္ဂ်ာေတြကို ျမန္မာႏိုင္ငံကဖယ္ရွားဖို႔ အစိုးရကတိုက္ခိုက္ေနတယ္’’ လို႔ေဖာ္ျပထားပါတယ္။ အဲဒါေၾကာင့္ အကာအကြယ္ေပးဖို႔လိုေနတဲ့သူေတြဟာ အေရးေပၚအေျခအေန နဲ႔ ရင္ဆိုင္ေနရတယ္ ဆိုတဲ့တတိယ လိုအပ္ခ်က္ကို တရား႐ုံးကလက္ခံႏိုင္တဲ့အေနအထားရွိပါတယ္။
ဒါကေတာ့ တရား႐ုံးစီရင္ပိုင္ခြင့္နဲ႔ပတ္သက္တဲ့ လိုအပ္ခ်က္ သုံးခ်က္အေပၚ ေဆြး‌ေႏြးထားတာပါ။

လက္ေတြ႕မွာေတာ့ဂမ္ဘီယာႏိုင္ငံကေလွ်ာက္ထားတဲ့’’ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္မ်ား’’ကိုတရား႐ုံးကခြင့္ျပဳမလားမျပဳဘူးလား ဆုံးျဖတ္ဖို႔ ႐ုံးေတာ္က ဂမ္ဘီယာနဲ႔ျမန္မာကို ကိုယ္စားျပဳတဲ့ ႏွစ္ဖက္ေရွ႕ေနေတြ နဲ႔ ညႇိႏႈိင္းတိုင္ပင္ရမွာျဖစ္ပါတယ္။ ဒီလိုညႇိႏႈိင္းတိုင္ပင္တဲ့အခါမွာ ျမန္မာဖက္ကဘယ္ေလာက္ ပူးေပါင္း‌ေဆာင္႐ြက္မလဲ ဆိုတာ ကလည္း ေမးခြန္းထုတ္စရာပါ။

ႏွစ္ႏိုင္ငံစလုံးကကြၽမ္းက်င္တဲ့ေရွ႕ေနေတြငွါးထားတယ္ဆိုေတာ့ အမႈႏိုင္ဖို႔ကေရွ႕ေနေတြရဲ႕ အရည္အခ်င္းေပၚမွာအမ်ားႀကီးတည္ပါတယ္။ ျမန္မာဖက္က ႏိုဝင္ဘာလ၂၃ရက္ေန႔ သတင္းစာရွင္းလင္းပြဲမွာ‌ တင္ျပသြားသလို ‘’ကုလသမဂၢယႏၲရားမ်ားအရ ျမန္မာႏိုင္ငံကို အေရးယူႏိုင္မည့္ အေျခအေန မရွိေသးသည့္ အတြက္ OIC ႏိုင္ငံမ်ားသည္ အျပည္ျပည္ဆိုင္ရာတရားစီရင္မႈ လမ္းေၾကာင္းမွ ျမန္မာႏိုင္ငံ အား အေရးယူ ေဆာင္႐ြက္ႏိုင္ေရးနည္းလမ္းကို ႀကိဳးပမ္းလာၾကျခင္း’’ ျဖစ္တယ္လို႔ေစာဒကတက္ရင္ICJ မွာအမႈႏိုင္ဖို႔ခက္ပါလိမ့္မယ္။

ပုံမွန္ဆိုရင္ တရား႐ုံးက ဆုံးျဖတ္ခ်က္ခ်ဖို႔ သီတင္းပတ္ေလးပတ္ကေန၁၅ပတ္ အထိအခ်ိန္ယူႏိုင္ပါတယ္။ ဒါေပမဲ့’’ၾကားျဖတ္စီမံေဆာက္႐ြက္ခ်က္အမိန႔္ခ်ဖို႔အေရးတႀကီးလိုအပ္တယ္လို႔ထင္ရင္ ဥပမာ ေဘာ့စနီးယား၊ ဟဲဆီဂိုဗီနာ နဲ႔ ယူဂိုစလားဗီးယားအမႈမွာ ၁၉ရက္နဲ႔ အမိန႔္ခ်ခဲ့တဲ့သာဓက ရွိပါတယ္။ တကယ္လို႔ျမန္မာႏိုင္ငံရဲ႕ အေျခအေနဟာ အေရးေပၚကိုင္တြယ္ဖို႔လိုအပ္တယ္လို႔ ယူဆရင္ အလားတူအခ်ိန္တိုတိုအတြင္း အမိန႔္ခ်ေကာင္းခ်ႏိုင္ပါတယ္။
မွီျငမ္းေဆာင္းပါးအျပည့္အစုံကိုေအာက္ပါလင့္ခ္မွာဖတ္ႏိုင္ပါတယ္။

The Gambia’s gamble, and how jurisdictional limits may keep the ICJ from ruling on Myanmar’s alleged genocide against Rohingya

Photo Credit: ICJ website

တင္ထားေဆြ
၂၅ ႏိုဝင္ဘာ ၂၀၁၉

ေဆာင္းပါးပါ အျမင္နဲ႕အာေဘာ္သည္ ဗီအုုိအမ္ရဲ႕ အာေဘာ္မဟုုတ္ဘဲ ေဆာင္းပါးရွင္ရဲ႕ အေတြးအျမင္နဲ႕အာေဘာ္သာျဖစ္ပါသည္။

 

Unicode

The Gambia v Myanmar
ဂမ်ဘီယာ နှင့် မြန်မာ အမှု

မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့အမှု နဲ့စပ်လျဉ်းပြီး လိုက်နာရမယ့် ဥပဒေ ကန့်သတ်ချက်တွေရှိပါတယ်။
ဒီဥပဒေကန့်သတ်ချက်တွေကဘာတွေလဲ၊ ဒီဥပဒေကန့်သတ်ချက်တွေကို ဂမ်ဘီယာက ရင်ဆိုင်ဖြေရှင်းဖို့ဘာတွေလိုသလဲ၊
The European Journal of International Law ဘလော့ခ်မှာဖော်ပြထားတဲ့ဥပဒေဆိုင်ရာသုတေသီ Thomas Van Poecke, Marta Hermez နဲ့ Jonas Vernimmen တို့ရဲ့ဆောင်းပါးကို မှီငြမ်းပြီးဆွေးနွေး တင်ပြပါမယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး International Court of Justice, ICJ ဆိုတာဘာလဲ

အပြည်ပြည်ဆိုင်ရာတရားရုံးက ကုလသမဂ္ဂရဲ့တရားစီရင်ရေးဆိုင်ရာအဖွဲ့အစည်းဖြစ်ပါတယ်။ ကုလသမဂ္ဂပဋိညာဉ်နဲ့အညီ၁၉၄၅ ဇွန်လမှာ အပြည်ပြည်ဆိုင်ရာတရားရုံးကိုဖွဲ့စည်းခဲ့ပြီး၁၉၄၆ခုနှစ် မှာလုပ်ငန်းစတင်ပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံးကနယ်သလန်နိုင်ငံ သဟိဂ်မြို့၊ ငြိမ်းချမ်းရေးနန်းတော် Peace Palace မှာရုံးစိုက်ပါတယ်။ ICJ က ကုလသမဂ္ဂရဲ့ပင်မအဖွဲ့အစည်း၆ခု ထဲက ဥရောပမှာ ရုံးစိုက်တဲ့ တစ်ခုတည်းသော ကုလသမဂ္ဂအဖွဲ့ ဖြစ်ပါတယ်။ ကျန်ငါးဖွဲ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာရုံးစိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံးတာဝန်တွေကဘာလဲ

• ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား ဥပဒေကြောင်း ဆိုင်ရာ အငြင်းပွားမှုရှိလို့ တင်ပြတင်လာရင် အပြည်ပြည်ဆိုင်ရာတရားဥပ‌‌‌ဒေနဲ့အညီ လက်ခံကြားနာပြီး ဖြေရှင်းပေးရန်
• ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂအထူးအဖွဲ့အစည်း တွေကတင်ပြလာတဲ့ ဥပဒေကြောင်းဆိုင်ရာ မေးမြန်းချက်တွေအပေါ် အကြံဉာဏ်ပေးရန်

အပြည်ပြည်ဆိုင်ရာတရားရုံးကို ကမ္ဘာအဆင့်မြင့်ဆုံး တရားရုံးလို့လည်း တင်စား ခေါ်ဝေါ် တတ်ပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံးICJမှာမြန်မာနိုင်ငံကိုစွဲတဲ့အမှု

မြန်မာနိုင်ငံက ‘’ကုလသမဂ္ဂ လူမျိုးသုဉ်း သတ်ဖြတ်မှု တားဆီးရေးနဲ့ အရေးယူအပြစ်ပေးရေး ဆိုင်ရာ သဘောတူညီချက်’’ “The Convention on the Prevention and Punishment of the Crime of Genocide (Genocide Convention)” ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံဖြစ်ပေမယ့် ရိုဟင်ဂျာအရေးကိစ္စမှာ မြန်မာက “ဂျီနိုဆိုက်သဘောတူညီချက်”ကို လိုက်နာဖို့ပျက်ကွက်တယ်လို့ ယူဆရတဲ့အတွက် “အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး” ‘’Organisation of Islamic Corporation, OIC’’ အဖွဲ့ရဲ့ ကိုယ်စား ဂမ်ဘီယာသမ္မတနိုင်ငံက မြန်မာကိုအရေးယူပေးဖို့ အပြည်ပြည်ဆိုင်ရာတရားရုံးကို ၂၀၁၉နိုဝင်ဘာလ၁၁ရက်နေ့ကဦးတိုက်လျှောက်ထားပါတယ်။

မြန်မာအစိုးရအားပေးထောက်ခံမှုနဲ့ ရိုဟင်ဂျာ လူနည်းစုမွတ်စလင်တွေ လူမျိုးတုံးအောင် သတ်ဖြတ်မှုတွေမှာ နိုင်ငံတကာဥပဒေအရ မြန်မာနိုင်ငံကတာဝန်ရှိမရှိကို တရားရုံးက ကြားနာ ပေးမှာဖြစ်ပါတယ်။

မြန်မာအစိုးရဟာ၂၀၁၆ ခုနှစ်‌ အောက်တိုဘာလမှ ၂၀၁၇ ခုနှစ်ဇန္နဝါရီလအထိတစ်ကြိမ် ၂၀၁၇ခုနှစ် ဩဂုတ်လမှာ တကျော့ပြန်စခဲ့တဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ “နယ်မြေရှင်းလင်းမှုစစ်ဆင်ရေး” အတွင်း သတ်ဖြတ်မှု၊ အဓမ္ဓကျင့်မှုနဲ့ ရွာတွေကို မီးရှို့ဖျက်ဆီးမှု အစရှိတဲ့ကျူးလွန်မှုများနဲ့ ရိုဟင်ဂျာလူမျိုးစုတစ်ခုလုံးဖြစ်စေ တစိတ်တပိုင်းဖြစ်စေ ဖျက်ဆီးဖို့ရည်ရွယ်ခဲ့တယ်လို့ ဂမ်ဘီယာနိုင်ငံကစွပ်စွဲပါတယ်။ ဒီကျူးလွန်မှုတွေဟာ “ဂျီနိုဆိုက်သဘောတူညီချက်” ကိုချိုးဖောက်ရာရောက်တယ်လို့လည်းထောက်ပြပါတယ်။

ဂမ်ဘီယာနိုင်ငံရဲ့လျှောက်ထားချက်ထဲမှာမြန်မာကလူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခြင်းများအားလုံးရပ်တန့်ပြီးနောက်ထပ်ကျူးလွန်မှုတွေဆက်မလုပ်အောင်တရားရုံးကအမိန့်ထုတ်ပြန်ပေးဖို့၊ ထိပ်ပိုင်းအစိုးရနဲ့စစ်တပ်ကအရာရှိတွေ အပါအဝင် တာဝန်ရှိသူတွေကို ပြစ်ဒဏ်ပေးဖို့နဲ့ နစ်နာသူတွေကိုလျော်ကြေးပေးဖို့လည်းပါဝင်ပါတယ်။

ဒါ့အပြင်တရားခွင်မှာအချိန်ကာလတစ်ခုအထိအမှုကိုကြားနာစစ်ဆေးနေတဲ့အချိန်အတွင်းမြန်မာနိုင်ငံမှာ လောလောဆယ် ဖြစ်ပေါ်နေတဲ့အခြေအနေကိုပိုဆိုးမလာအောင် “ ကာကွယ်ပေးဖို့ “ကြားဖြတ်စီမံဆောက်ရွက်ချက်များ” “Provisional Measure of Protection” ကို ရက်တိုအတွင်း ချမှတ်ပေးဖို့လည်းဂမ်ဘီယာနိုင်ငံက လျှောက်ထားပါ တယ်။

“ကြားဖြတ်စီမံဆောင်ရွက်ချက်များ” ထုတ်ပြန်ပေးဖို့ လျှောက်ထားချက်ထဲမှာ မတရား သတ်ဖြတ်မှု၊ လယ်ယာမြေဖျက်စီးမှု၊ ရည်ရွယ်ချက်ရှိရှိအစာရေစာ နေအိမ်ဖျက်စီးမှု အပြင် လူမျိုးတုံးသတ်ဖြတ်မှုသက်သေအထောက်အထားတွေဖျက်စီးပစ်တာတွေကိုရပ်တန့်ပေးဖို့ လည်းပါဝင် ပါတယ်။

“ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့်” စထုတ်ပြန်တဲ့နေ့ကစလို့ လေးလအတွင်းအခြေအနေတွေတိုးတက်မှုရှိမရှိတရားရုံးကိုပြန်အစီရင်ခံရမှာဖြစ်ပါတယ်။

တရားရုံးကကြားဖြတ်စီမံဆောက်ရွက်ချက်များ ချမှတ်နိုင်ရေးမှာ လိုအပ်ချက် သုံးချက်ရှိပါတယ်

၁။တရားလိုဖက်ကတင်ပြတဲ့အထောက်အထားတွေကတရားရုံးစီရင်ပိုင်ခွင့်အာဏာကိုအထောက်အကူပြုတယ်လို့ယူဆရင် ( prima facie evidence)
၂။(နစ်နာသူတွေကို)အကာအကွယ်ပေးရမယ့်အခြေအနေရှိနိုင်တယ်လို့တရားရုံးကလက်ခံရင်
၃။အကာအကွယ်လိုအပ်နေသူတွေမှာလတ်တလော အန္တရာယ်ရှိနေတယ်လို့ယူဆရင်

၁။ Prima Facie Jurisdiction ပရိုင်မာဖေစီ စီရင်ပိုင်ခွင့်

တရားရုံးက ဥပဒေကြောင်းအရ စီရင်ပိုင်ခွင့်ရှိမရှိကိုဆုံးဖြတ်ပေးဖို့ လိုအပ်ချက်တစ်ခုက ဂမ်ဘီယာနဲ့ မြန်မာ နှစ်နိုင်ငံအကြားမှာ အငြင်းပွားမှုရှိတယ်ဆိုတာကို ဂမ်ဘီယာဖက်က သက်သေပြရမှာပါ။
ဂမ်ဘီယာနိုင်ငံဖက်က တင်တဲ့သက်သေအထောက်အထား တွေအထဲမှာ မြန်မာနိုင်ငံရဲ့လုပ်ရပ်တွေအပေါ်စိုးရိမ်ကြောင်းဖော်ပြထားတဲ့အချက်တွေပါဝင်တဲ့ ‘’နိုင်ငံတကာလွတ်လပ်သောအချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ‘’ရဲ့ စုံစမ်း‌တွ့ရှိချက်၊ “အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး” Organisation of Islamic Corporation (OIC) ရဲ့ ထုတ်ပြန်ချက် အပြင်ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဂမ်ဘီယာနိုင်ငံကမြန်မာရဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေကို ရှုတ်ချတဲ့အစီရင်ခံစာအပါအဝင် ‘’လွတ်လပ်သော အချက်အလက် ရှာဖွေရေး အဖွဲ့ FFM’’ ရဲ့ အစီရင်ခံစာအပေါ် မြန်မာအစိုးရကိုယ်စားလှယ်ရဲ့ ပြန်လှန်ချေပချက်တွေ ပါဝင် ပါတယ်။

နှစ်နိုင်ငံအကြားအငြင်းပွားမှုရှိတယ်ဆိုတာကိုသက်သေပြဖို့ သူတို့အချင်းချင်းအကြားမှာအပြန်အလှန် အဆက်အသွယ် ရှိတယ်ဆိုတဲ့ အထောက်အထားလည်းလိုပါတယ်။ ဂမ်ဘီယာနိုင်ငံကတင်သွင်းတဲ့စာရွက်စာတမ်းတွေထဲမှာမြန်မာအစိုးရနဲ့တိုက်ရိုက်အဆက်အသွယ်ရှိတယ်လို့ထောက်ပြနိုင်တဲ့အချက်တစ်ချက်ရှိပါတယ်။ အဲဒါက ၂၀၁၉ အောက်တိုဘာလ၁၁ရက်နေ့မှာ ကုလသမဂ္ဂဆိုင်ရာ ဂမ်ဘီယာအမြဲတန်းကိုယ်စားလှယ်အဖွဲ့က ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတန်းကိုယ်စားလှယ်အဖွဲ့ဆီ စာတိုတစ်စောင်ပေးပို့ခဲ့ပါတယ်။ စာထဲမှာ “နိုင်ငံတကာ လွတ်လပ်သောအချက်အလက်ရှာဖွေရေးအဖွဲ့ (FFM)” အစီရင်ခံစာ ကို မြန်မာက လက်မခံ ငြင်းပယ်တာကို ဂမ်ဘီယာအနေနဲ့ စိုးရိမ်ကြောင်း ဖော်ပြထားပါတယ်။ ဒီစာနဲ့ပတ်သက်ပြီးမြန်မာဖက်ကတစုံတရာတုံ့ပြန်ရှင်းလင်းခြင်းမရှိပါဘူး။ ဒီလိုမြန်မာဖက်ကတုံပြန်ခြင်းမရှိတဲ့အတွက် နှစ်နိုင်ငံအကြားအငြင်းပွားနေတယ်ပြောနိုင်သလို မြန်မာဖက်ကမတုံ့ပြန်တဲ့အတွက် ဘာမှအငြင်းပွားစရာမရှိဘူးလို့လည်းပြောနိုင်ပါတယ်။

တရားရုံးစီရင်ထုံးတွေကိုအောက်ပါလင့်ခ်မှာလေ့လာနိုင်ပါတယ်။

(South West Africa, Judgment of 21 December 1962, p 328).
(Georgia v Russian Federation, Judgment of 1 April 2011, para 30)
တကယ်လို့အငြင်းပွားတယ်ဆိုတာကိုသက်သေမပြနိုင်ရင်တောင် ဂမ်ဘီယာဖက်က တင်ထားတဲ့ သက်သေခံစာရွက်စာတမ်းတွေနဲ့ပဲ တရားရုံးမှာစီရင်ပိုင်ခွင့်ရှိတယ်လို့ ဆုံးဖြတ်မယ်ဆိုရင်လည်း ဆုံးဖြတ်နိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် ကြားဖြတ်စီမံဆောင်ရွက်ချက်တွေချမှတ်နိုင်ဖို့ ဒုတိယလိုအပ်ချက်ကို ပထမလိုအပ်ချက် နဲ့တွဲပြီး တဆက်တစပ်တည်း စဉ်းစားကောင်း စဉ်းစားနိုင်လို့ပါ။

၂။(နစ်နာသူတွေကို)အကာအကွယ်ပေးရမယ့်အခြေအနေရှိနိုင်တယ်လို့တရားရုံးကလက်ခံရင်

ဂမ်ဘီယာဖက်ကလျှောက်လဲချက်မှာ

• မြန်မာနိုင်ငံမှာနေထိုင်နေကြတဲ့ရိုဟင်ဂျာတွေဟာ “ဂျီနိုဆိုက်သဘောတူညီချက်” မှာပြဋ္ဌာန်းထားသလို သက်ဆိုင်ရာအစိုးရရဲ့ ကာကွယ်စောင့်ရှောက်မှုကို ခံစားခွင့်ရှိသူတွေ ဖြစ်ကြောင်း

• ဂမ်ဘီယာက သူတို့မှာ “erga omnes rights” အယ်ဂါအွမ်စ် အခွင့်အရေးရှိတယ်၊ ဆိုလိုတာကတော့ သူတို့ဆီမှာ (ဂျီနိုဆိုက်သဘောတူညီချက်) နဲ့အညီ အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံတကာ လူ့အသိုက်အဝန်းကိုစောင့်ရှောက်ရမယ့်တာဝန်ရှိကြောင်း

ဖော်ပြထားပါတယ်။

ဒီနေရာမှာ ဥပဒေသုတေသီတွေက ပထမအချက်က အချုပ်အခြာအာဏာနဲ့ ဆိုင်တာကြောင့် တရားရုံးက လက်ခံမယ်လို့မထင်ပါဘူး။ ဒုတိယအချက်ကိုတော့ အသေအချာလေ့လာသင့်တယ်လို့ဆိုပါတယ်။

ပထမအချက်ကအချုပ်အခြာအာဏာနဲ့ဆိုင်တဲ့ကိစ္စဖြစ်နေတော့ ဒီအချက်ကို အခြေခံပြီး နှစ်နိုင်ငံအကြားမှာ အငြင်းပွားတယ် လို့ယူဆဖို့အတော်ခက်ပါတယ်။ ဒါပေမဲ့ဒုတိယအချက်ဖြစ်တဲ့ အဖွဲ့ဝင်နိုင်ငံတွေမှာ နိုင်ငံတကာလူ့အသိုက်အဝန်း ကို စောင့်ရှောက်ဖို့တာဝန်ရှိတယ် ဆိုတဲ့ အချက်နဲ့ပဲ နှစ်နိုင်ငံအကြား အငြင်းပွားနေတယ်လို့ ယူဆမယ်ဆိုရင်ယူဆလို့ရနိုင်တယ်လို့ ဘယ်ဂျီယံ နဲ့ ဆီနီဂေါ အမှုကိုကိုးကားထားပါတယ်။

Belguim v Senegal (https://www.icj-cij.org/files/case-related/144/144-20120720-JUD-01-00-EN.pdf)

ဘယ်ဂျီယံနဲ့ဆီနီဂေါ (၂၀၁၂) အမှုမှာအိုင်စီဂျေတရားရုံးက ကုလသမဂ္ဂသဘောတူညီချက် ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံတစ်ခုက သဘောတူညီချက် ကိုလိုက်နာဖို့ ပျက်ကွက်တယ်ဆိုရင် အရေးယူပေးဖို့ အဖွဲ့ဝင်နိုင်ငံတွေမှာ တောင်းဆိုခွင့်ရှိတယ်လို့ ဆုံးဖြတ်ထားပါတယ်။

အခုအမှုမှာ ဂမ်ဘီယာဖက်ကတင်ပြထားတဲ့အချက်တွေက”ဂျီနိုဆိုက်သ‌ဘောတူညီချက်” ပါပြဋ္ဌာန်းချက်နဲ့အညီတင်ပြထားတာဖြစ်ရုံသာမကသေးကဲ ဂျီနိုဆိုက်သဘောတူညီချက် ရဲ့ နှလုံးသားလို့ဆိုနိုင်တဲ့ “erga omnes rights” ‘’အယ်ဂါအွမ်စ်အခွင့်အရေး’’ သို့မဟုတ် ‘’အများအတွက်တာဝန်ခံမှု’’ မူအရ သူတို့မှာတာဝန်ရှိတယ်ဆိုတဲ့ အချက်ကိုပါ ထောက်ပြထားပါတယ်။
အဲဒါကြောင့် ဂမ်ဘီယာဖက်ကတင်သွင်းတဲ့ သက်သေအထောက်အထားတွေကခိုင်မာတာကြောင့် တရားရုံးမှာ တရားစီရင်ပိုင်ခွင့်အာဏာ ရှိတယ်လို့ဆုံးဖြတ်နိုင်ပါတယ်။
တကယ်လို့မြန်မာဖက်ကစီရင်ပိုင်ခွင့်နဲ့ပတ်သက်ပြီးကန့်ကွက်ခဲ့မယ်ဆိုရင်လည်း နှစ်ဖက်ကတင်တဲ့ သက်သေအထောက်အထားတွေကို အသေအချာစိစစ်ပြီးဆုံးဖြတ်ရမှာဖြစ်ပါတယ်။

၃။အကာအကွယ်လိုအပ်နေသူတွေမှာလတ်တလော အန္တရာယ်ရှိနေတယ်လို့ယူဆရင်

မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ “နယ်မြေရှင်းလင်းမှုစစ်ဆင်ရေး”တွေမှာ လူမျိုးတုံး သတ်ဖြတ်မှု တွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်အပြင် ဒီကျူးလွန်မှုတွေဆက်လက်ဖြစ်ပွားနေတယ်လို့ ၂၀၁၉ စက်တင်ဘာလက ‘’နိုင်ငံတကာလွတ်လပ်သောအချက်အလက်ရှာဖွေရေးအဖွဲ့ (FFM)’’ ရဲ့အပြီးသတ်အစီရင်ခံစာကိုဂမ်ဘီယာကတင်ပြထားပါတယ်။ FFM ရဲ့အစီရင်ခံစာမှာ ‘’ရိုဟင်ဂျာတွေကို ပစ်မှတ်ထားပြီး ရိုဟင်ဂျာဆိုတဲ့ လူမျိုးစုအထောက်အထားတွေပပျောက်အောင်နဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကဖယ်ရှားဖို့ အစိုးရကတိုက်ခိုက်နေတယ်’’ လို့ဖော်ပြထားပါတယ်။ အဲဒါကြောင့် အကာအကွယ်ပေးဖို့လိုနေတဲ့သူတွေဟာ အရေးပေါ်အခြေအနေ နဲ့ ရင်ဆိုင်နေရတယ် ဆိုတဲ့တတိယ လိုအပ်ချက်ကို တရားရုံးကလက်ခံနိုင်တဲ့အနေအထားရှိပါတယ်။
ဒါကတော့ တရားရုံးစီရင်ပိုင်ခွင့်နဲ့ပတ်သက်တဲ့ လိုအပ်ချက် သုံးချက်အပေါ် ဆွေး‌နွေးထားတာပါ။

လက်တွေ့မှာတော့ဂမ်ဘီယာနိုင်ငံကလျှောက်ထားတဲ့’’ကြားဖြတ်စီမံဆောင်ရွက်ချက်များ’’ကိုတရားရုံးကခွင့်ပြုမလားမပြုဘူးလား ဆုံးဖြတ်ဖို့ ရုံးတော်က ဂမ်ဘီယာနဲ့မြန်မာကို ကိုယ်စားပြုတဲ့ နှစ်ဖက်ရှေ့နေတွေ နဲ့ ညှိနှိုင်းတိုင်ပင်ရမှာဖြစ်ပါတယ်။ ဒီလိုညှိနှိုင်းတိုင်ပင်တဲ့အခါမှာ မြန်မာဖက်ကဘယ်လောက် ပူးပေါင်း‌ဆောင်ရွက်မလဲ ဆိုတာ ကလည်း မေးခွန်းထုတ်စရာပါ။
နှစ်နိုင်ငံစလုံးကကျွမ်းကျင်တဲ့ရှေ့နေတွေငှါးထားတယ်ဆိုတော့ အမှုနိုင်ဖို့ကရှေ့နေတွေရဲ့ အရည်အချင်းပေါ်မှာအများကြီးတည်ပါတယ်။ မြန်မာဖက်က နိုဝင်ဘာလ၂၃ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ‌ တင်ပြသွားသလို ‘’ကုလသမဂ္ဂယန္တရားများအရ မြန်မာနိုင်ငံကို အရေးယူနိုင်မည့် အခြေအနေ မရှိသေးသည့် အတွက် OIC နိုင်ငံများသည် အပြည်ပြည်ဆိုင်ရာတရားစီရင်မှု လမ်းကြောင်းမှ မြန်မာနိုင်ငံ အား အရေးယူ ဆောင်ရွက်နိုင်ရေးနည်းလမ်းကို ကြိုးပမ်းလာကြခြင်း’’ ဖြစ်တယ်လို့စောဒကတက်ရင်ICJ မှာအမှုနိုင်ဖို့ခက်ပါလိမ့်မယ်။

ပုံမှန်ဆိုရင် တရားရုံးက ဆုံးဖြတ်ချက်ချဖို့ သီတင်းပတ်လေးပတ်ကနေ၁၅ပတ် အထိအချိန်ယူနိုင်ပါတယ်။ ဒါပေမဲ့’’ကြားဖြတ်စီမံဆောက်ရွက်ချက်အမိန့်ချဖို့အရေးတကြီးလိုအပ်တယ်လို့ထင်ရင် ဥပမာ ဘော့စနီးယား၊ ဟဲဆီဂိုဗီနာ နဲ့ ယူဂိုစလားဗီးယားအမှုမှာ ၁၉ရက်နဲ့ အမိန့်ချခဲ့တဲ့သာဓက ရှိပါတယ်။ တကယ်လို့မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အရေးပေါ်ကိုင်တွယ်ဖို့လိုအပ်တယ်လို့ ယူဆရင် အလားတူအချိန်တိုတိုအတွင်း အမိန့်ချကောင်းချနိုင်ပါတယ်။
မှီငြမ်းဆောင်းပါးအပြည့်အစုံကိုအောက်ပါလင့်ခ်မှာဖတ်နိုင်ပါတယ်။

The Gambia’s gamble, and how jurisdictional limits may keep the ICJ from ruling on Myanmar’s alleged genocide against Rohingya

Photo Credit: ICJ website

တင်ထားဆွေ
၂၅ နိုဝင်ဘာ ၂၀၁၉

ဆောင်းပါးပါ အမြင်နဲ့အာဘော်သည် ဗီအိုအမ်ရဲ့ အာဘော်မဟုတ်ဘဲ ဆောင်းပါးရှင်ရဲ့ အတွေးအမြင်နဲ့အာဘော်သာဖြစ်ပါသည်။

Related posts

Leave a Comment