ပျားမွေးမြူရေးပုံးတွေချလို့ ဇီးသီးအထွက်နည်းတယ်ဆိုပြီး မြို့နယ်သုံးမြို့နယ်က တောင်သူတွေဆန္ဒပြ

Unicode မုံရွာ၊အောက်တိုဘာ၄-၂၀၁၉ ရန်နိုင်စိုး (VOM) ပျားမွေးမြူရေးလုပ်ငန်းတွေရဲ့ ပျားပုံးတွေကို ဇီးစိုက်ခင်းအနီးနဲ့‌ စိုက်ခင်းအတွင်း လာရောက်ချထားတာတွေကြောင့် ဇီးသီးအထွက်နှုန်းလျော့ကျသွားတယ်ဆိုကာ ဘုတလင်မြို့နယ်၊ ကနီမြို့နယ်၊ ဒီပဲယင်းမြို့နယ်တွေမှာရှိတဲ့ ဇီးစိုက်တောင်သူတွေက အောက်တိုဘာလ ၄ ရက်နေ့က မုံရွာမြို့မှာ လာရောက်ဆန္ဒပြခဲ့ကြပါတယ်။   ပျားပုံးချထားတာတွေကြောင့် ဇီးပင်တွေအသီးသီးရာမှာ တနှစ်ထက်တနှစ်အထွက်နှုန်းလျော့နည်းသွားပြီး အသီးအရည်သွေးမှာလဲ ကျဆင်းတာတွေကြုံတွေ့နေရတာကြောင့် ပျားပုံးများဖယ်ရှား‌ပေးဖို့ သက်ဆိုင်ရာဌာနတွေကိုတင်ပြပေမယ့် ထိရောက်အောင်‌ဖြေရှင်းပေးတာတွေ မရှိတဲ့အတွက် အခုဆန္ဒထုတ်‌ဖော်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။   ” ကျနော်တို့တောင်သူတွေအနေနဲ့ ဒီဇီးကိုပဲ အားထားစိုက်ပျိုးနေကြရတာ။ ပျားပုံးတွေလာချလို့ ဇီးပျက်တယ်ဆိုတာက အသီးသီးချိန်မတန်ခင်ကတည်းက အုံလိုက်ကျင်းလိုက် စုပ်ယူတာတွေရှိတော့ ဇီးက အသီးညိုးသွားတယ်။ အသ‌ီးဖြစ်လဲ အရသာသိပ်မရှိတော့တာ။ ၂၀၁၅ ခုနှစ်ကတည်းက ဒါတွေဖယ်ရှားပေးဖို့ သက်ဆိုင်ရာဌာန‌ဖြစ်တဲ့ ပျားမွေးမြူရေးဌာနကို တောင်းဆိုခဲ့တယ်။ သူတို့က ရွေ့ဖို့လာတိုင်းပေးတာရှိပေမယ့် နောက်ကျတော့ ဒီနေရာအတိုင်းပဲ ပြန်လာချတယ်။ အဲ့ဒီတော့ တောင်သူတွေက ပျားစုပ်တာကတကြောင်း၊…

Read More

ဟောင်ကောင်မှာ မျက်နှာဖုံးတပ် ဆန္ဒပြတာကို တားမြစ်တဲ့အမိန့်ထုတ်

Unicode ဟောင်ကောင်၊ အောက်တိုဘာ-၄-၂၀၁၉ မျိုးဆက် (VOM) ဟောင်ကောင်မှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေ လေးလနီးပါးကြာမြင့်ပြီးနောက် မျက်နှာဖုံးတပ်ဆင်တာတွေကို တားမြစ်ပိတ်ပင်ဖို့အတွက် ကိုလိုနီခေတ်ကတည်းကရှိခဲ့တဲ့ အရေးပေါ်ဥပဒေတစ်ရပ်ကို အသုံးပြုပြီး ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကာရီလန်းက အမိန့်ထုတ်လိုက်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ်ဖြစ်တဲ့ အောက်တိုဘာ ၁ ရက်နေ့မှာ ဟောင်ကောင်တစ်ဝန်း အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာ ၄ ရက် ဒီနေ့မှာ အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေဟာ မြို့တော်ကို ဖျက်ဆီးနေတာဖြစ်ပြီး ဆိုးရွားသထက်ဆိုးရွားလာတဲ့ အခြေအနေကို အာဏာပိုင်တွေက လက်ပိုက်ကြည့်နေမှာမဟုတ်ဘူးလို့ ကာရီလန်းကဆိုပါတယ်။ မျက်နှာဖုံးတွေ တပ်ဆင်တာကို တားမြစ်တဲ့အမိန့်ဟာ စနေနေ့မှာ စတင်သက်ဝင်မှာဖြစ်ပါတယ်။ အုပ်ချုပ်ရေးမှူးကာရီလန်း အသုံးပြုခဲ့တဲ့ ဥပဒေဟာ ၁၉၉၂ ခုနှစ် ကိုလိုနီခေတ်က အရေးပေါ် စည်းမျဉ်းလုပ်ထုံးဖြစ်ပြီး ၁၉၆၇ ခုနှစ်မှာ ဟောင်ကောင်မငြိမ်မသက်မှုဖြစ်ပွားပြီးနောက်ပိုင်းကတည်းက အသုံးပြုခဲ့ခြင်းမရှိပါဘူး။ သံသယရှိသူတရားခံကို တရုတ်ပြည်မကြီးဆီ…

Read More

ဘူးသီးတောင်မြို့နယ် စေတီတောင်စခန်းမှာ ကျည်ကျပြီး မိန်းကလေးတစ်ဦးဒဏ်ရာရ

Unicode ရသေ့တောင်၊ အောက်တိုဘာ ၄-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာမှာရှိတဲ့ ဒုက္ခသည်စခန်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့ ညနေပိုင်းက ကျည်တွေကျရောက်ခဲ့ပြီး အသက် ၁၄ နှစ်အရွယ် ကျောင်းသူမိန်းကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။   ဒဏ်ရာရရှိခဲ့သူ မမြသဇင်မှာ ဒုက္ခသည်စခန်းကနေပြီး စေတီတောင်အထကမှ ကျောင်းတက်နေတဲ့ ရှစ်တန်းကျောင်းသူ လေးတစ်ဦး ဖြစ်ပြီးတော့ ၂ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ကျေးရွာအနီးပစ်ခတ်မှုဖြစ်ပွားရာကနေ ဝမ်းဗိုက်ကို ကျည်ထိမှန်ခဲ့တာ ဖြစ်ပါတယ်။   “အဲ့ဒီနေ့က သမီးလေးဟာ စာဖတ်ဖို့အတွက် စာအုပ်တွေယူနေတဲ့အချိန် ပစ်သံတွေကြားရပြီးတာနဲ့ အိမ်ခေါင်မိုးတွေမှာ ကျည်တွေကျသံကြားရတယ်။ အောက်ကိုဆင်းပြေးတယ်။ သမီးလေးဝမ်းဗိုက်ကို ကျည်ထိသွားတယ်။”လို့ သူ့အမေ ဒေါ်လှသိန်းခင်ကပြောပါတယ်။   အဲ့ဒီပစ်ခတ်မှုဟာ စေတီတောင်ကျေးရွာနဲ့ မိုင်ဝက်လောက်ပဲဝေးတဲ့ ချောင်းတစ်ဖက်ကမ်းမှာရှိတဲ့ နွားရုံတောင် ကျေးရွာဘက်က ပစ်ခတ်လိုက်တာဖြစ်ပြီးတော့…

Read More

မြန်မာနိုင်ငံမှ ဝက်တုပ်ကွေးမကူးစက်ရေး ထိုင်းနယ်စပ်မှာစစ်ဆေးရေး စခန်း ၅၀ ဖွင့်ပြီးဆောင်ရွက်နေ

  ဗန်ကောက်၊ အောက်တိုဘာ-၄-၂၀၁၉ မျိုးဆက် (VOM)   တစ်နှစ်ကို ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံလောက်နဲ့ လည်ပတ်နေတဲ့ ထိုင်းနိုင်ငံရဲ့ ဝက်သားလုပ်ငန်းကို အိမ်နီးချင်းမြန်မာနိုင်ငံကနေ အာဖရိကဝက်တုပ်ကွေး ကူးစက်မှုကနေ ကာကွယ်ရေးလုပ်ငန်းအတွက် ထိုင်းတပ်ဖွဲ့ဝင်တွေနဲ့ အတူ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးအစားအသောက် ကုမ္ပဏီကြီးသုံးခုက ပူးပေါင်းလုပ်ဆောင်နေပါတယ်။   မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်တစ်လျှောက်က စစ်ဆေးရေးဂိတ် ၅၀ အတွက် ထိုင်းနိုင်ငံရဲ့ အကြီးဆုံးစိုက်ပျိုးမွေးမြူရေး ကုမ္ပဏီ Charoen Pokphand က ပြိုင်ဘက်ကုမ္ပဏီတွေဖြစ်တဲ့ Betagro နဲ့ Thai Food တို့နဲ့ ပူးပေါင်းပြီး ရန်ပုံငွေထူထောင်ပေးမှာဖြစ်ပါတယ်။   အဲဒီကုမ္ပဏီသုံးခုပေါင်းလိုက်ရင် ထိုင်းနိုင်ငံရဲ့ ဝက်သားထုတ်လုပ်မှု ၈၀ ရာခိုင်နှုန်းအထိရှိနေပြီး အာဖရိကဝက်တုပ်ကွေး မကူးစက်ရေးလုပ်ငန်းစဉ်မှာ နိုင်ငံရန်ပုံငွေနည်းပါးတာကြောင့် ပုဂ္ဂလိကအပိုင်းကနေ ပုံမှန်မဟုတ်တဲ့ ထည့်ဝင်ငွေနဲ့ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေ…

Read More

ပလက်ဝမြို့နယ်အတွင်း ပေါက်ကွဲမှုဖြစ်ပွား

ZAWGYI ပလက်ဝက်ဝ၊ အောက်တိုဘာ ၄-၂၀၁၉ ခိုင်လင်းစံ (VOM)   ချင်းပြည်နယ်တောင်ပိုင်းဒေသ ပလက်ဝမြို့အနီးမှာ ဒီကနေ့မနက်ပိုင်း ၉ နာရီလောက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ တယ်လို့ ပလက်ဝဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။ အဲ့ဒီပေါက်ကွဲမှုဟာ ပလက်ဝမြို့နဲ့ကပ်ရက်တည်ရှိနေတဲ့ ပလက်ချောင်းဝတစ်ဖက်ကမ်း မြို့ဦးစေတီအနီးက ၂၈၉ တပ်ရင်းနားမှာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။   “ကျွန်တော်တို့သိရတာက တပ်ကသွားလာနေတုန်း ပေါက်ကွဲမှုဖြစ်တယ်လို့ကြားတယ်။ အဲ့ဒီနားမှာ တပ်ရှိတယ်။ ၂၈၉ တပ်ရင်းနားမှာဖြစ်တာ။ အထိအခိုက်တော့မသိရသေးဘူး။”လို့ ပလက်ဝမြို့ခံတစ်ဦးက ပြောပါတယ်။   အဲ့ဒီပေါက်ကွဲမှုဖြစ်စဉ်နဲ့တ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မေးမြန်းခဲ့ရာမှာတော့ တပ်မတော်စစ်ကြောင်းတွေ သွားလာနေတုန်း AA ဘက်က ဖောက်ခွဲခြင်းခံလိုက်ရတာဖြစ်တယ်လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောဆိုပါတယ်။   “အဲ့ဒီပလက်ဝရဲ့မြောက်ဘက်မှာ ရွှေပြည်ရွာဆိုတာရှိတယ်။ အဲ့ဒီရွာရဲ့မြောက်ဘက်မှာ ကျွန်တော်တို့စစ်ကြောင်း တစ်ကြောင်းက နယ်မြေရှင်းလင်းရေးလုပ်နေတဲ့အချိန် အေအေးဘက်က ရီမုတ်မိုင်းနဲ့ခွဲတာဖြစ်တယ်။ ဘာမှတော့မဖြစ်ဘူး”လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးကပြောပါတယ်။   ချင်းပြည်နယ်ပလက်ဝမြို့နယ်ဟာ ရခိုင်ပြည်နယ်နဲ့ တစ်ဆက်တစ်စပ်တည်းတည်ရှိနေတဲ့မြို့နယ်တစ်ခုဖြစ်ပြီး…

Read More

စာမေးပွဲဖြေပြီးပြန်လာတဲ့ ဆယ်တန်းကျောင်းသူသုံးဦး ခြောက်ဘီးကားတိုက်မိပြီး အခင်းဖြစ်နေရာမှာ ကျောင်းသူနှစ်ဦးသေဆုံး

မင်းလှ၊ အောက်တိုဘာ ၄-၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ရန်ကုန်-ပြည်ကားလမ်း သရော်အမ်အုပ်စု၊ သစ်တူးအိုင်ကျေးရွာအနီး မှာ မနေ့ နေ့လည် တစ်နာရီဝန်းကျင်က စာစာမေးပွဲဖြေအပြီး စက်ဘီးကိုယ်စီနဲ့ပြန်လာသော သရက်တပင် အ.ထ.က ကျောင်းက ဆယ်တန်းကျောင်းသူသုံးဦးကို နောက်ကနေ ခြောက်ဘီးယာဉ်နဲ့တိုက်မိတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ မင်းလှမြို့မရဲစခန်းကသိရပါတယ်။ ယဉ်တိုက်မှုကြောင့် လတ်ဆတ်ကျေးရွာနေ ဦးကျော်လင်းထွန်းရဲ့သမီး အသက် 16နှစ်အရွယ်ရှိ မအင်ကြင်းမောင်နဲ့ သစ်တူးအိုင်ကျေးရွာနေ ဦးသက်နိုင်ဝင်းရဲ့သမီးအသက်16နှစ်အရွယ်ရှိ မရွှန်းလဲ့ဖြူတို့မှာ အခင်းဖြစ်နေရာတွင်သေဆုံးသွားပြီး ရွှေစံပြည့်ရွာနေ ဦးဝင်းကြိုင်ရဲ့သမီး အသက်17နှစ်အရွယ်ရှိမငုဝါခိုင် မှာအတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရတယ်လို့ ရဲမှတ်တမ်းအရသိရပါတယ်။ အနီးပတ်ဝန်းကျင်ရဲ့ပြောကြားချက်အရ အသက် (၂၄)နှစ်အရွယ်ရှိ ဟန်ဝင်းထွန်း မောင်းနှင်လာတဲ့ 8A-8417 Fuso ခြောက်ဘီးကားဟာ မိုင်တိုင်အမှတ်103/5နဲ့103/6ကြားမှာ အ-ထ-က ကျောင်းမှ စာမေးပွဲဖြေပြီးပြန်လာတဲ့ကျောင်းသူသုံးဦးကိုနောက်ကနေဝင်တ်ုက်မိတယ်လို့ ပြောပါတယ်။ ဆယ်တန်းကျောင်းသူသုံးဦးကို နောက်ကနေ ခြောက်ဘီးယာဉ်နဲ့တိုက်မိလို့ နှစ်ဦးမှာ အခင်းဖြစ်နေရာတင်သေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့တဲ့အတွက် ယာဉ်မောင်းဟန်ဝင်းထွန်းကို…

Read More