ဆီးမီးခုံ ၂ မြစ်ရေတင်လုပ်ငန်းက အောင်ရေမလွှတ်ပေးနိုင်လို့ စပါးစိုက်တောင်သူတွေ အခက်ကြုံ

ဆီမီးခုံ-အောက်တိုဘာ၃-၂၀၁၉ ရန်အောင်ထွန်း(VOM) မြင်းခြံမြို့နယ်အတွင်းက ဆီမီးခုံ (စမိတ်ခုံ) ၂ လျှပ်စစ်မြစ်ရေတင်လုပ်ငန်း ရေသောက်စိုက်ပျိုးမြေက စပါးစိုက်တောင်သူတွေ စိုက်ပျိုးရေ အပြည့်အဝ မရလို့ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။ ငါ့နန်းကျေးရွာ၊ ကွေ့ကြီးကျေးရွာနဲ့ ဆုံရွာကျေးရွာက လယ်တွေဟာ မြစ်ရေတင်လုပ်ငန်းက လွှတ်ပေးတဲ့ ‌ရေနဲ့ စပါးစိုက်ပျိုးနေရတာပါ။ စိုက်ပျိုးရေအခက်အခဲ ဖြစ်နေတဲ့ တောင်သူတွေကတော့ စတင်စိုက်ပျိုးကတည်းက တစ်ကြိမ်သာရေရခဲ့ပြီး သီးနှံအောင်ရေအတွက် နှစ်လလောက် ကြာတဲ့အထိ ရေမရကြဘူးလို့ ဆိုပါတယ်။   အရင်နှစ်က ကွေ့ကြီးကျေးရွာ တောင်သူတွေရဲ့ စပါးစိုက်ဧက ၇၀ လောက် ထဲက ၁၁ ဧကလောက် အောင်ရေမရလို့ ပျက်ဆီးသွားခဲ့တယ်လို့ စပါးစိုက်တောင်သူ ဦးအောင်ခိုင်ဝင်းကပြောပါတယ်။   ဆီမီးခုံ ၂ လျှပ်စစ်မြစ်ရေတင်လုပ်ငန်း တာဝန်ရှိသူဆီ သွားရောက်မေးမြန်းရာမှာ ရေအလုံအလောက် မပေးနိုင်တဲ့ အခက်အခဲကို တာဝန်ရှိသူအဆင့်ဆင့်ဆီ တင်ပြထားပြီးဖြစ်လို့ ၊ မြင်းခြံခရိုင်…

Read More

အမေရိကန် ဗုံးကြဲလေယာဉ်တစ်စင်းပျက်ကျ လူ ၇ ဦးထက်မနည်းသေဆုံး

နယူးယောက်၊ အောက်တိုဘာ-၃-၂၀၁၉ မျိုးဆက် (VOM) ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၁၃ ဦးကို တင်ဆောင်လာတဲ့ ဒုတိယကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့တဲ့ အမေရိကန် ဗုံးကြဲလေယာဉ်တစ်စင်းဟာ အမေရိကန်အရှေ့မြောက်ပိုင်း ကွန်နက်တီကပ်မှာ အောက်တိုဘာ ၂ ရက်နေ့က ပျက်ကျသွားတာကြောင့် လူခုနှစ်ဦးထက်မနည်းသေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းဌာနတွေ က ဖော်ပြပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီနဲ့ ဂျပန်တို့မှာ တိုက်ခိုက်ဖို့ဖြန့်ကြက်ခဲ့တဲ့ ဘိုးအင်း ဘီ-၁၇ လေယာဉ်ဟာ ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှာ ဘရက်ဒလေနိုင်ငံတကာလေဆိပ်မှာ ဆင်းသက်ဖို့ကြိုးစားစဉ် ပျက်ကျခဲ့တာဖြစ်ပါတယ်။ လေယာဉ်တွေနဲ့ ပတ်သက်ပြီး လေကြောင်းရိုက်ကူးရေးလုပ်ဆောင်မယ့် ကော်လင်းဖောင်ဒေးရှင်းမှ အဖွဲ့တစ်ဖွဲ့ကို ကူညီတဲ့ ခရီးစဉ်အတွင်း လေယာဉ်ပေါ်မှာ ခရီးသည် ဆယ်ဦးနဲ့ လေယာဉ်အမှုထမ်း သုံးဦးတို့လိုက်ပါခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဉ်ပျက်ကျမှုကြောင့် အသက်သေဆုံးမှုတွေရှိနေပြီး သေဆုံးသူအရေအတွက်ကို အတိအကျပြောဖို့ စောလွန်းသေးတယ်လို့ ကွန်နက်တီကပ်ပြည်နယ် အရေးပေါ်စီမံခန့်ခွဲရေးအရာရှိ ဂျိန်းရိုဗီလာက ပြောပါတယ်။…

Read More

သရေခေတ္တရာပျူမြို့ဟောင်းထဲက ပြိုကျသွားတဲ့အရှေ့ဘက်နန်းမြို့ရိုးကို ရှေးလက်ရာမပျက်ပြန်လည်ပြုပြင်နေ

ပြည် ၊ အောက်တိုဘာလ ၃-၂၀၁၉ လမင်း (VOM) ပြည်မြို့အရှေ့ဘက် ၅ မိုင်ခန့်မှာရှိတဲ့ သရေခေတ္တရာပျူမြို့ဟောင်းထဲက အရှေ့ဘက်နန်းမြို့ရိုးဟာ ဇူလိုင်လ ၂၉ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ကားကြီးတွေဖြတ်သန်းသွားလာမှုကြောင့် ပြိုကျမှုဖြစ်ပွားခဲ့ကာ ပြိုကျပျက်စီးသွားတဲ့ နန်းမြို့ရိုးကို စက်တင်ဘာ ၉ ရက်နေ့ကစပြီး ရှေးလက်ရာမပျက် အကြီးစားပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။ ” ယူနက်စကိုက သတ်မှတ်ထားတဲ့ဟာရယ် သုတေသနလုပ်ထားတဲ့ အုတ်နီမှုန့်ရယ်၊ ပဲရယ်၊ ထုံးရယ်ကို အချိုးကျထည့်ပြီးတော့ ဥသျှစ်ရည်၊ တင်လဲရည၊် သျှားစီးတို့ကိုအချိုးကျထည့်ပြီးတော့မှ မဆလာဖျော်ရတယ် မဆလာဖျော်တော့ ရှေးခေတ်သရုပ်ပုံစံလိုပေါ့ ရှေးခေတ်ကလည်း အဲ့ဒီသရုပ်ကိုသုံးခဲ့တယ်ဆိုတာကို စမ်းသပ်ခဲ့ကြတယ်ပေါ့နော် အဲ့ဒါကြောင့်မလို့ရှေးမူမပျက်ပြန်ပြုပြင်ခဲ့တာပါ ” လို့ ကမ္ဘာ့အမွေအနှစ်ဌာနခွဲ သရေခေတ္တရာဌာနစုမှ အင်ဂျင်နီယာဒေါ်သိန်းသိန်းစိုးကပြောပါတယ်။ အခုလိုပြိုကျသွားခဲ့တဲ့နန်းမြို့ရိုးနေရာဟာ လွန်ခဲ့တဲ့နှစ်သုံးဆယ်တုန်းက ပြိုကျမှုဖြစ်ပေါ်ခဲ့ပြီး ပြန်လည်ပြုပြင်တဲ့အုတ်တွေက ရှေးဟောင်းအုတ်တွေမဟုတ်ဘဲ ခေတ်အုပ်တွေနဲ့ ပြန်လည်ပြုပြင်ခဲ့တာတွေကြောင့် အခုလိုထပ်မံပြိုကျခဲ့တာဖြစ်ပြီး ယခုပြန်လည်ပြုပြင်ရာတွင် ယခင်ပျူခေတ်က ပြုလုပ်လာခဲ့တဲ့ အုတ်ဖုတ်နည်းတွေကို အသုံးပြုပြီး…

Read More

ဟောင်ကောင်မှာ ညမထွက်ရအမိန့်ထုတ်ဖို့ အစိုးရကို ရဲတပ်ဖွဲ့တိုက်တွန်း

ဟောင်ကောင်၊ အောက်တိုဘာ-၃-၂၀၁၉ မျိုးဆက် (VOM) ဟောင်ကောင်မှာ ယခုသီတင်းပတ်အစောပိုင်းက ဆန္ဒပြလူငယ်တစ်ဦးသေနတ်နဲ့ ပတ်ခတ်ခံရတဲ့အပေါ် အမျက်ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေဟာ အောက်တိုဘာ ၃ ရက်အစောပိုင်းမှာတော့ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားနေပြီး လအတန်ကြာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ အဆုံးသတ်ဖို့ အရိပ်လက္ခဏာမရှိေသေးပါဘူး။ ဆန္ဒပြသူတွေကို အလွန်အကျွံအင်အားသုံးစွဲတယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်းထွက်ပေါ်နေတဲ့ကြားမှာ ရဲတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြသူတွေရဲ့ ပစ်မှတ်တွေဖြစ်နေတဲ့အတွက် မြင့်တက်လာတဲ့ အကြမ်းဖက်မှုတွေကို ထိန်းချုပ်ရေး အထောက်အကူပြုရန် ညမထွက်ရအမိန့်ထုတ်ပြန်ဖို့ ရဲတပ်ဖွဲ့က ဟောင်ကောင်မှာ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ တက်ကြွလှုပ်ရှားသူတွေဟာ မီးရှို့ခြင်း၊ လမ်းများပိတ်ဆို့ခြင်း၊ ဈေးဆိုင်တွေနဲ့ ဘူတာရုံတွေကို ဖျက်စီးခြင်းအပါအဝင် အာရှရဲ့ဘဏ္ဍာရေအချက်အချာကျရာ ခရိုင်တွေတစ်လျှောက်မှာ သောင်းကျန်းမှုတွေ လုပ်ဆောင်ခဲ့ပြီး သူတို့တို့ကိုလူစုခွဲဖို့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေအသုံးပြုခဲ့ကြပါတယ်။ အသက် ၁၈ နှစ်အရွယ်ရှိ အလယ်တန်းကျောင်းသားတစ်ဦးကို ရဲတပ်ဖွဲ့က သေနတ်နဲ့ ပတ်ခတ်ခဲ့တာကို ပြစ်တင်ရှုတ်ချဖို့အတွက် အောက်တိုဘာ ၂ ရက်မှာ လူထောင်ပေါင်းများစွာ…

Read More