စစ်ကိုင်းတိုင်း အတွင်း လေပြင်းကြောင့် လူနေအိမ် ၁၅၀ နီးပါး ပျက်စီး

ဖေဖော်ဝါရီ ၁၉၊ ၂၀၁၉ မိုင်ချယ်ရီ (VOM)   စစ်ကိုင်းတိုင်းအတွင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ လေပြင်းတွေကြောင့် လူနေအိမ် အလုံး ၁၅၀ နီးပါး အမိုးလန်ပျက်စီးတာတွေ အိမ်အလုံးလိုက် ပြိုကျတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ စစ်ကိုင်းတိုင်း ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲ မှု ဦးစီးဌာန ကပြောပါတယ်။   ရေဦးမြို့နယ်မှာ အိမ်၂လုံး အမိုးလန်ပျက်စီးပြီး၊ ကနီမြို့နယ်မှာ ရှိတဲ့ စေတီတွေရဲ့ စိန်ဖူးတော်မြေခခဲ့ပါတယ်။ ဒါ့အပြင် ဘုတလင်းမြို့နယ်မှာ အိမ်၂လုံး၊ ၀က်လက်မြို့နယ်မှာ အိမ် ၂၈ လုံး၊ ကောလင်းမြို့နယ်မှာ လူနေအိမ် ၂၁လုံး၊ ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ စာသင်ကျောင်းဆောင် တစ်ဆောင်၊ ဒီပဲယင်းမြို့နယ်မှာ လူနေအိမ် ၉၃ လုံးနဲ့ စာသင်ကျောင်းဆောင် တဆောင်တို့ ပျက်စီးခဲ့တာ ဖြစ်ပါတယ်။   ဒီပျက်စီးခဲ့တဲ့ နေအိမ်…

Read More

ပြည်မြို့ မီးလောင်မှု ဆိုင်ခန်းများနှင့် ဆိုင်ကယ်အသစ်များ ဆုံးရှုံး

ပြည် – ဖေဖော်ဝါရီ ၁၉၊ ၂၀၁၉ လမင်း (VOM)   ပဲခူးတိုင်း၊ ပြည်မြို့ ပြည်သာယာရပ်ကွက် ၊ ပြည် – အောင်လံကားလမ်းဘေးရှိ ဆိုင်ကယ်ပြင်ဆိုင်တစ်ဆိုင်ကနေ စပြီးလောင်တဲ့မီးကြောင့် ဆိုင်ခန်း ၅ ခန်းအပါအဝင် ဆိုင်ကယ်အသစ်တွေ မီးလောင်ဆုံးရှုံးခဲ့ပါတယ်။   ပြည်-အောင်လံ ကားလမ်းဘေးရှိ မောင်သိန်းပိုင်ဆိုင်တဲ့ ဆိုင်ကယ်ပြင်ဆိုင်ထဲမှာ  ပြင်ထားသည့်ဆိုင်ကယ်တစ်စီးကို သော့ဖွင့်ပြီးထားခဲ့တာကြောင့် ဘထ္ကရီအပူလွန်ကဲပြီး မီးလောင်မှု့ဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ပြောပါတယ်။ မီးလောင်မှုကြောင့် ပြင်လက်စဆိုင်ကယ်တွေနဲ့ ဓါတ်ဆီ၊ အင်ဂျင်ဝိုင်ဘူးတွေကို ကူးဆက်လောင်ကျွမ်းရာကနေ ဘေးပတ်ဝန်းကျင်က ဆိုင်ခန်း ၄ ခန်းအပါအဝင် ဆိုင်ကယ်အရောင်းဆိုင် ၊ ဆိုင်ကယ်အသစ် ၃၇ စီးနှင့် ဖုန်းဆိုင် ၁ ဆိုင် တို့မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။   အဲ့ဒီ မီးလောင်မှုနဲ့ ပတ်သက်ပြီး မီးလောင်မှုဖြစ်စေတဲ့ ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင် မောင်သိန်းကို ပြည်မြို့နယ်၊ အမှတ်…

Read More