ပြည်တွင်း ပုဂ္ဂလိက စက်သုံးဆီဆိုင်(၄၀)ကျော် လုပ်ကိုင်လိုခြင်းမရှိတော့တဲ့အတွက် ပိတ်သိမ်းခွင့်ပြုထား

ပြည်တွင်း ပုဂ္ဂလိက စက်သုံးဆီဆိုင်(၄၀)ကျော် လုပ်ကိုင်လိုခြင်းမရှိတော့တဲ့အတွက် ပိတ်သိမ်းခွင့်ပြုထား နေပြည်တော်၊ ဇူလိုင် ၉-၂၀၂၀ ကောင်းလက်ျာ (VOM) တိုင်းနဲ့ပြည်နယ်အသီးသီးက ပုဂ္ဂလိက စက်သုံးဆီဖြန့်ဖြူးရောင်းချတဲ့ ဆီဆိုင်ကြီး(၄၁)ဆိုင်ကို ယခုနှစ်ထဲမှာအပြီးပိတ်သိမ်းခွင့်ပေးလိုက်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနကနေ သိရပါတယ်။ “အဓိက ပိတ်သိမ်းခွင့်တင်လို့ပေးလိုက်ရတဲ့ဆိုင်တွေက ဆိုင်အလတ်စားနဲ့ အသေးတစ်ချို့ပါ။ တစ်ချို့ချောင်ကျတဲ့ဆိုင်တွေပါသလို ဆိုင်ကြီးတွေနဲ့မယှဉ်ပြိုင်နိုင်တဲ့ ဆိုင်အချို့လည်းပါပါတယ်။ ကိုဗစ်ကာလနဲ့ တိုက်ရိုက်တော့မသက်ဆိုင်ပါဘူး”လို့ တောင်ငူခရိုင် စက်သုံးဆီထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဌ ဦးဟန်ဝင်းအောင်ကပြောပါတယ်။ ပိတ်သိမ်းခွင့်တင်ခဲ့တဲ့ စက်သုံးဆီဆိုင်အရေအတွက်အနေနဲ့ နေပြည်တော်‌ကောင်စ်ီနယ်မြေမှာ ၁ ဆိုင်၊ ရန်ကုန်တိုင်းမှာ ၃ ဆိုင်၊ မန္တလေးတိုင်းမှာ ၇ ဆိုင်၊ မကွေးတိုင်းမှာ ၁ ဆိုင်၊ ပဲခူးတိုင်းမှာ ၉ ဆိုင်၊ ဧရာဝတီတိုင်းမှာ ၁၄ ဆိုင် ၊ မွန်ပြည်နယ်၂ ဆိုင်နဲ့ ရှမ်းပြည်နယ်မှာ ၄ ဆိုင် စုစုပေါင်း ၄၁ ဆိုင်ရှိတယ်လို့…

Read More

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၁၂ )သန်းကျော်ရှိလာ

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၁၂ )သန်းကျော်ရှိလာ ဝါရှင်တန်၊ ဇူလိုင်-၉-၂၀၂၀ မျိုးဆက် (VOM) ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခုနှစ်လအတွင်း လူသန်းတစ်ဝက်ကျော်သေဆုံးပြီး ဇူလိုင် ၈ ရက်အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူူ ၁၂ သန်းကျော်ထိရှိလာပါတယ်။ ဗိုင်းရပ်စ်ဟာ လေထဲကတစ်ဆင့် ကူးစက်နိုင်တဲ့ သက်သေအထောက်အထားတွေ တွေ့ရှိရပြီး ကူးစက်ခံရတဲ့ အရေအတွက်ဟာ နှစ်စဉ်နှစ်တိုင်းဖြစ်ပွားလေ့ရှိတဲ့ ပြင်းထန်တုပ်ကွေးရောဂါဖြစ်ပွားမှုထက် သုံးဆပိုမိုများပြားနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှု တစ်ကျော့ပြန်ခေါင်းထောင်လာတာကြောင့် တရုတ်နဲ့ သြစတြေးလျနိုင်ငံတို့မှာ နောက်တစ်ကြိမ်လော့ခ်ဒေါင်းချတာတွေလုပ်နေစဉ်မှာ ဗိုင်းရပ်စ်ကူးစက်မှုဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ နိုင်ငံအများအပြားဟာ လော့ခ်ဒေါင်းချထားတာတွေကို တစ်ဖြည်းဖြည်းချင်း ဖြေလျှော့ပေးနေကြပါတယ်။ လုပ်ငန်းခွင်နဲ့ လူမှုဘဝပုံစံ အပြောင်းအလဲတွေကတော့ ဗိုင်းရပ်စ်ကာကွယ်ဆေးမရရှိသေးသ၍ ကြာရှည်နေဦးမှာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ တရုတ်နိုင်ငံမှာ ဇန်နဝါရီအစောပိုင်းက ဗိုင်းရပ်စ်ကူးစက်မှုကို ပထမဆုံးအတည်ပြုပြီးနောက် ၁၄၉ ရက်အတွင်း လူခြောက်သန်း ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပေမယ့် နောက်ထပ် ၃၉ ရက်အတွင်း ကူးစက်မှုနှစ်ဆတိုးကာ…

Read More

အသက် ၆ နှစ်ပြည့်ပြီးသူကို Grade-1စတက်ခွင့်ပေးထား

အသက် ၆ နှစ်ပြည့်ပြီးသူကို Grade-1စတက်ခွင့်ပေးထား နေပြည်‌တော်၊ ဇူလိုင် ၉-၂၀၂၀ ကောင်းလက်ျာ(VOM) အခြေခံပညာဦးစီးဌာနလက်အောက်ရှိ အခြေခံပညာကျောင်းတွေမှာ အသက် ၆ နှစ်ပြည့်ပြီးသူတွေကို KGတန်း တက်ရန်မလိုဘဲ Grade-1ကို တိုက်ရိုက်တက်ရောက်ခွင့်ပေးထားပြီးဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။ “အသက် ၅ နှစ်ပြည့်ကလေးဟာ KGတက်ရမယ်။ တစ်ကယ်လို့အကြောင်းအမျိုးမျိုးနဲ့KG တက်ခွင့်မရတဲ့သူက အသက် ၆ နှစ်ပြည့်ပြီးရင် Grade-1 စပေးတက်တာပါ “လို့ု ဒေါက်တာတင်မောင်ဝင်းက ပြောပြပါတယ်။ မူလတန်းပညာရေးကို အသက် ၅နှစ်ပြည့်သူတိုင်း တက်ရောက်ဖို့ ပညာရေးဝန်ကြီးဌာနက နိုးဆော်နေပြီး တကယ်လို့ အကြောင်းအမျိုးမျိုးနဲ့ အသက် ၅ နှစ်ပြည့်ပြီးချိန် KG တန်းကို တက်ရောက်ခွင့်မရဘဲ အသက်(၆)နှစ်ပြည်ဖို့နီးကပ်သူနဲ့ (၆) နှစ်ပြည့်ပြီးသူကို တစ်တန်းကျော်တက်ရောက်ခွင့်ပြုမယ့် အစီအစဉ်ဖြစ်တယ်လို့ သိရပါတယ်။ အခြေခံပညာဦးစီးဌာနက ကိုဗစ်ကာလအလွန်၂၀၂၀-၂၀၂၁ ပညာသင်နှစ်က မူလတန်းအဆင့်ကျောင်းအပ်လက်ခံရေးကို ဩဂုတ်လ…

Read More

မကွေးမြို့နယ်အတွင်းမှာရောက်နေတဲ့ ပိုးကောင်တွေဟာ ကျိုင်းကောင်မဟုတ်တဲ့အတွက် စိုးရိမ်စရာမရှိ

မကွေးမြို့နယ်အတွင်းမှာရောက်နေတဲ့ ပိုးကောင်တွေဟာ ကျိုင်းကောင်မဟုတ်တဲ့အတွက် စိုးရိမ်စရာမရှိ မကွေး ဇူလိုင်၉ -၂၀၂၀ ဂျန်ကိုးလ် (VOM) မကွေးတိုင်း၊ မကွေးမြို့နယ်၊ ကြူချောင်းကျေးရွာရှိ ပဲနဲ့နှမ်းခင်းတွေမှာကျရောက်နေတဲ့ ပိုးကောင်တွေဟာ ကျိုင်းကောင်မဟုတ်ဘဲ ဓါးခုတ်ကောင်(နှံကောင်)တမျိုးသာဖြစ်တယ်လို့ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးခိုင်မင်းကပြောပါတယ်။ ကြူချောင်းကျေးရွာက တောင်သူ၅ဦးရဲ့ ပဲနဲ့နှမ်းခင်းတွေမှာ လွန်ခဲ့တဲ့ရက်ပိုင်းက ကျရောက်နေတာဖြစ်ပြီး ကျိုင်းကောင်လို့သတင်းထွက်ပေါ်နေတဲ့အတွက် တောင်သူတချို့ကလည်း ထိတ်လန့်နေကြတာဖြစ်ပါတယ်။ “တကယ်တော့ ကျွန်းပင်ပေါက်တွေ၊ အပင်ကြီးတွေနဲ့ နီးတဲ့နေရာတွေမှာ ကျတာပါ၊ ကျွန်းရွက်စားတဲ့အကောင်မျိုးဖြစ်ပြီး ကျွန်းပင်နဲ့ဝေးတဲ့ စိုက်ခင်းတွေမှာမတွေ့ရပါဘူး။ ဒါကြောင့် တောင်သူတွေကိုမစိုးရိမ်ဖို့ ကန္တာရကျိုင်းကောင်မဟုတ်ဘူး”လို့ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးခိုင်မင်းကပြောပါတယ်။ စိုက်ခင်းတခင်းလုံးကို ထိခိုက်စေတာမရှိဘဲ ကျွန်းပင်တန်းအစပ်လောက်သာ အဲ့ဒီအကောင်တွေကျရောက်နေတဲ့အတွက် ပိုးသတ်ဆေးသုံးခဲ့ရင် ဥပါဒ်ဖြစ်မှာစိုးရိမ်ကြောင်းနဲ့ အားပျော့ဆေးကိုသာ စိုက်ခင်းအစပ်တလျောက် အနည်းငယ်သုံးရုံနဲ့ လုံလောက်စေတာတွေကို ပညာပေးတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အခုအခါမှာ အကောင်၅၀၀ခန့် တပြိုင်ထဲတွေ့ရှိခဲ့တဲ့စိုက်ခင်းကို မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးကိုယ်တိုင် ကွင်းဆင်းစစ်ဆေးပြီးတဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့လည်း သိရပါတယ်။…

Read More

ရသေ့တောင်က မိုင်းထိလူနာ စစ်တွေဆေးရုံမှာ သေဆုံး

ရသေ့တောင်က မိုင်းထိလူနာ စစ်တွေဆေးရုံမှာ သေဆုံး စစ်တွေ၊ ဇူလိုင် ၉- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရသေ့တောင်မြို့အနီး ငတောက်တူချေကျေးရွာမှာ မနေ့ ဇူလိုင်လ ၈ ရက်နေ့ ညနေပိုင်းက စစ်တွေဆေးရုံကို ရောက်ရှိနေတဲ့ မိုင်းထိလူနာဟာ ဒီကနေ့မနက်အစောပိုင်း ၄ နာရီကျော်အချိန် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ လူနာကို စစ်တွေဆေးရုံလိုက်ပါပို့ဆောင်ပေးတဲ့ ကိုဘက္ကာက” သေဆုံးသွားတာဟုတ်ပါတယ်။ ဒီကနေ့ မနက် ၄ နာရီ ၁၆ မိနစ်က သေသွားတာပါ။” လို့ ပြောပါတယ်။ ရသေ့တောင်မြို့နယ်၊ ငတောက်တူချေကျေးရွာအနီး အိမ်နောက်ဖက်က လယ်ကွင်းမှာ နွားကျောင်းနေစဉ် ကုက္ကိုပင်အောက်က နွားတွေကို သွားယူရာမှာ မိုင်းကိုနင်းမိတာဖြစ်တယ်လို့ မိသားစုဝင်တွေက VOM ကို ပြောပြထားတာ ဖြစ်ပါတယ်။ မိုင်းထိ သေဆုံးသွားသူ ဦးမောင်ကျော်သန်းရဲ့ သမက် ဦးလှစိန်ထွန်းပြောပြတာက” ဒဏ်ရာက မိုင်းနင်းမိလို့ရတာပါ။…

Read More

စစ်ကိုင်းက မူးယစ်ဆေးဝါးတရားခံလေးဦးကို နှစ်အကန့်အသတ်မရှိထောင်ဒဏ်ချမှတ်

စစ်ကိုင်းက မူးယစ်ဆေးဝါးတရားခံလေးဦးကို နှစ်အကန့်အသတ်မရှိထောင်ဒဏ်ချမှတ် စစ်ကိုင်း ဇူလိုင် ၈ -၂၀၂၀ မောင်တာရာ(VOM) စစ်ကိုင်းမြို့၊ အင်းဝတံတား လုံခြုံရေးရဲကင်းရှေ့မှာ သေနတ်နဲ့ ကျပ်သိန်းသုံးထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိတဲ့ဖြစ်စဉ်က တရားခံလေးဦးကို နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်အပါအဝင် ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့တယ်လို့ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ ”ဒီအမှုကို တစ်လတိတိ ရမန်ယူပြီးတော့ စစ်ဆေးဆောင်ရွက်ခဲ့ပါတယ်၊ ၂၀၁၉ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ အမှုခိုင်မာစွာတည်ဆောက်ပြီးတော့တရားရုံးကို တရားစွဲတင်ပို့ခဲ့ပါတယ်။ ခရိုင်တရားသူကြီးက ဒီအမှုကို စစ်ဆေးစီရင်ပြီး မနေ့ကပဲ အမိန့်ချမှတ်ခဲ့တယ်၊ စောခွန်းချိုက ဦးဆောင်ပြီး သယ်ဆောင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် တရားခံစောခွန်းချိုကိုတော့ နှစ်အကန့်အသတ်မရှိ အမိန့်ချမှတ်ခဲ့ပါတယ်။ တရားခံစောခွန်းချိုနဲ့ပါတဲ့ ကျော်သူ၊ အောင်ဖြိုးမင်း၊ ဝေမင်းဦးတို့သုံးဦးကို တစ်ဦးကို ထောင်ဒဏ် ၁၈ နှစ်စီကျခံဖို့ အမိန့်ချမှတ်ခဲ့တယ်။ စစ်ကိုင်းခရိုင် တရားရုံးအနေနဲ့လည်း ဒီပြစ်ဒဏ်ချမှတ်တာဟာ ဒီနှစ်ထဲမှာတော့ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခြင်းဖြစ်ပါတယ်၊ ဒီမူးယစ်ဆေးဝါးအမှုဆိုတာလည်း တမျိုးသားလုံး လူညွှန့်တုံးစေပြီး အန္တရာယ်ပေးနေတာ…

Read More

ရသေ့တောင်မှာ ငတောက်တူချေရွာသားတစ်ဦး မိုင်းထိပြီး ပြင်းထန်ဒဏ်ရာရ

ရသေ့တောင်မှာ ငတောက်တူချေရွာသားတစ်ဦး မိုင်းထိပြီး ပြင်းထန်ဒဏ်ရာရ စစ်တွေ၊ ဇူလိုင် ၈- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက ငတောက်တူချေကျေးရွာအနီး လယ်ကွင်းထဲမှာ နွားကျောင်းနေသူ ရွာသားတစ်ဦး မိုင်းနင်းမိရာကနေ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိသူဟာ ရသေ့တောင်မြို့နယ် ငတောက်တူချေကျေးရွာသား အသက် (၆၆) နှစ်အရွယ် ဦးမောင်ကျော်သန်းဖြစ်ပြီး နေအိမ်အနီးကလယ်ကွင်းမှာ နွားကျောင်းနေစဉ် မိုင်ပေါက်ကွဲပြီး ဘယ်ဘက် ဒူးဆိတ်ထိ ပြတ်ပွန်းဒဏ်ရာ၊ ညာဘက်ခြေဖျား ပွန်းပြတ်ဒဏ်ရာနဲ့ မျက်လုံးတွေကို မိုင်းစတွေဝင်သွားတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ ကိုဘက္ကာ ပြောပြတာကတော့” ဒဏ်ရာက တစ်ကိုယ်လုံးပါပဲ။ မျက်လုံးကိုလည်း မိုင်စတွေဝင်သွားတွေ။ ခြေဖျားတွေပြတ်သွားတယ်။ ဒူးဆိတ်ထိ ပိုင်းသွားတယ်။ သူ့အိမ်နောက်ဖက် ကလယ်ကွင်းမှာ နွားကျောင်းနေတုန်းဖြစ်တာလို့သိရတယ်။ ဒဏ်ရာက စိုးရိမ်ရတယ်။” လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရသေ့တောင်မြို့နယ်…

Read More

လမ်းဘေးမှာလုပ်ငန်းလုပ်နေတဲ့ ဘက်ဟိုးကားကို ကုန်တင်ယာဉ်တစ်စီး အရှိန်လွန်ပြီးဝင်တိုက်၊ ဘက်ဟိုးကားမောင်းသူသေဆုံး

လမ်းဘေးမှာလုပ်ငန်းလုပ်နေတဲ့ ဘက်ဟိုးကားကို ကုန်တင်ယာဉ်တစ်စီး အရှိန်လွန်ပြီးဝင်တိုက်၊ ဘက်ဟိုးကားမောင်းသူသေဆုံး စစ်ကိုင်း၊ ဇူလိုင် ၈ -၂၀၂၀ ရှိုင်းအောင် (VOM) စစ်ကိုင်းမြို့အဝင် မုံရွာ-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ မောင်းနှင်လာတဲ့ ကုန်တင်ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းလုပ်ငန်းဆောင်ရွက်နေတဲ့ ဘက်ဟိုးယာဉ်အသေးကို ဝင်တိုက်မိပြီး ဘက်ဟိုးမောင်းသူ နေရာမှာပဲ သေဆုံးမှုဒီကနေ့နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ “လုပ်ငန်းလုပ်နေတဲ့အချိန် ကားကဝင်လာတာ ငါတို့က ဟိုဘက်မှာထိုင်နေတာ၊ အဲ့တော့ အော်လို့လဲမရဘူး၊ ဘက်ဟိုးမောင်းတဲ့သူက ရှေ့ကိုပစ်ကျပြီး နာထင်တွေရော ကျောတွေရော စုပ်ပြတ်သပ်သွားတာ၊ နေရာတင်ဘဲ တစ်ခါတည်းဆုံးသွားတာ”လို့ ဘက်ဟိုး အကူမောင်းတဲ့ ကိုကျော်ဦးက ပြောပါတယ်။ အခုလိုဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကိုင်းမြို့ ယာဉ်ထိန်းတပ်ဖွဲ့အမှတ် (၁၀၆)၊ ဒုရဲအုပ် ကိုမိုးဇော်ဦးကို မေးမြန်းရာမှာတော့ “ကုန်တင်ယာဉ်ကိုမောင်းနှင်လာတဲ့ ယာဉ်မောင်း Aprilသိန်းကို ၃၀၄(က)၃၃၇၊၃၃၈ နဲ့အရေးယူသွားဖို့ စီစဉ်နေတယ်”လို့ ပြောပါတယ်။ အဲ့ဒီဖြစ်စဉ်မှာ ဘက်ဟိုးယာဉ်ငယ်နဲ့ လမ်းလုပ်ငန်းဆောင်ရွက်နေတဲ့ အသက် ၄၀…

Read More

ဘရာဇီးသမ္မတ ဘိုဆိုနာရို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ

ဘရာဇီးသမ္မတ ဘိုဆိုနာရို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ ဘရာဇီးလီးယား၊ ဇူလိုင်-၈-၂၀၂၀ မျိုးဆက် (VOM) ဘရာဇီးသမ္မတဘိုဆိုနာရိုဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သူဟာ ကိုယ်အပူချိန်မြင့်တက်လာခြင်းအပါအဝင် ရောဂါလက္ခဏာတွေ ပြသလာတာကြောင့် ဇူလိုင်၆ရက်မှာ စတုတ္ထအကြိမ် ဆေးစစ်မှုခံယူခဲ့တာဖြစ်ပါတယ်။ သမ္မတ ဘိုဆိုနာရိုဟာ အဖျားအနည်းငယ်သာရှိတာဖြစ်ပြီး အန္တရာယ်မရှိကြောင်း အကြိမ်ကြိမ်ပြောဆိုကာ သူ့မှာ ပြင်းပြင်းထန်ထန် ကျန်းမာရေးထိခိုက်မှုရှိမှာမဟုတ်ဘူးလို့ မစ္စတာဘိုဆိုနာရိုက ပြောပါတယ်။ မစ္စတာဘိုဆိုနာရိုဟာ ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် စီးပွားရေးထိခိုက်မှာစိုးတဲ့အတွက် လော့ခ်ဒေါင်း စည်းကမ်းများကို ဆန့်ကျင်သူဖြစ်ပါတယ်။ သူ့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတယ်လို့ ဇူလိုင်၇ရက်က ရုပ်သံတွေ့ဆုံမေးမြန်းတစ်ခုမှာ ကြေညာခဲ့ပြီး အဖျားကျနေပြီဖြစ်ကာ အတော်လေးသက်သာနေပြီလို့လည်း မစ္စတာဘိုဆိုနာရိုက ပြောခဲ့ပါတယ်။ ဘရာဇီးနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရသူအရေအတွက် ဒုတိယအများဆုံးဖြစ်ပြီး ကမ္ဘာပေါ်မှာ အမေရိကန်ပြီးရင် သေဆုံးသူအများဆုံးနိုင်ငံဖြစ်ပါတယ်။ Ref : BBC Photo: Reuters #voiceofmyanmar #VOM #ဘရာဇီးလီးယား Zawgyi…

Read More

ရေးမြို့ဒေသခံ ပရဟိတလူငယ်တစ်ဦး အသတ်ခံရ

ရေးမြို့ဒေသခံ ပရဟိတလူငယ်တစ်ဦး အသတ်ခံရ နေပြည်တော်၊ ဇူလိုင် ၈-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်းပြည်နယ်၊ ရေးမြို့နယ်၊ သီရိခေမာရပ်ကွက် ဘောလုံးကွင်းအနီးမှာ မနေ့ဇူလိုင် ၇ ရက် ည ၉ နာရီခွဲခန့်က ဒေသတွင်းလူသိများတဲ့ ပရဟိတလုပ်ကိုင်တဲ့လူငယ်တစ်ဦး ထိုးသွင်းဒဏ်ရာတွေနဲ့ အသတ်ခံခဲ့ရတယ်လို့ ရေမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းမြင့်ကပြောပါတယ်။ “ချွန်ထက်တဲ့အရာနဲ့ ထိုးသွင်းဒဏ်ရာတွေနဲ့ လဲကျနေတာ‌တွေ့လို့ ဆေးရုံကိုပို့နေတုန်း ဆုံးပါးသွားပြီး ပြစ်မှုကျုးလွန်သူကို စုံစမ်းနေဆဲဖြစ်ပါတယ်”လို့ ဒုရဲမှူးဝင်းမြင့်ကပြောပါတယ်။ သေဆုံးသူမှာ ဦးကျော်ဇင်မိုး(ခ)ချစ်မိုး(၂၆ နှစ်)ဖြစ်ပြီး အခင်းဖြစ်တဲ့ညက ရေးမြို့နယ် သီရိခေမာရပ်ကွက် ကျန်စစ်သားလမ်းနဲ့ ၂ လမ်းအနီးမှာ လည်ပင်း‌နောက် ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ဝဲဘက်လည်ပင်း ထိုးသွင်းဒဏ်ရာ(၁)ချက်နဲ့ သတိလစ်လဲကျပြီး ပတ်ဝတ်ကျင်ကတွေ့ရှရတဲ့အတွက် ဆေးရုံပို့ဆောင်တဲ့လမ်းမှာပဲ သေဆုံးခဲ့တာဖြစ်တယ်လို့ ရေးမြို့မရဲစခန်းကနေ သိရပါတယ်။ အသတ်ခံရတဲ့လူငယ်ဟာ ရေးမြို့ပေါ်မှာ ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်မှုများကြောင့် လူသိများသူတစ်ဦးဖြစ်ပြီး အခင်းဖြစ်နေရာမှာ သေဆုံးသူရဲ့ဆိုင်ကယ်ကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။…

Read More